သန်လျင်မြို့ “အေးသာယာရပ်ကွက်”က”စလစ်မြေ” …အမည်ပေါက်ရဖို့မျှော်လင့်နေ ...

သန်လျင်မြို့ “အေးသာယာရပ်ကွက်”က”စလစ်မြေ” …အမည်ပေါက်ရဖို့မျှော်လင့်နေ ... - Property Knowledge in Myanmar from iMyanmarHouse.com
27 Oct 2023 9:54 am တွင် တင်ခဲ့သည်
929 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

တစ်ခါတရံ နေရာကွက်၍ မိုးကြီးနိုင်ပါသည်ဆိုသော တီဗွီ၊ ရေဒီယိုတို့ ကြေငြာသံ ကို လူတိုင်းကြားဖူးကြသည်။ ထိုမိုးလေဝသ သတင်းလိုပါပဲ။ အိမ်၊ခြံ၊ မြေ အရောင်း အဝယ်များမှာ အများအားဖြင့်တော့ သာယာနေပါသည်။ တစ်ခါတရံ မိုးကြီးသလို အချို့နေရာများတွင် နေရာကွက်၍ အရောင်းအဝယ် ဖြစ်နေသည်မှာ အမှန်ပင်။

 

အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ငှါးစာအုပ်ကြောင့် အသိမိတ်ဆွေ တွေတိုးလာတဲ့ မောင်ကောင်းဖေ

ယနေ့ အားလပ်သည်မို့ iMyanmarHouse.com မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှါး ဝဘ်ဆိုက် အမေးအဖြေ ကဏ္ဍတွင် မြန်မာနိုင်ငံ အနယ် နယ်အရပ်ရပ်မှ မေးမြန်းလာကြသော မေးခွန်းများကို ဖြေကြားပေးရန် အဖြေများကို ရေးသားနေစဉ် ဖုန်းခေါ်သံကြား၍ 09251015089 ဖုန်းဖွင့် နားထောင်ကြည့်လိုက်သည်။

''ဆရာ...ကျွန်မက တက္ကသိုလ်ပါမောက္ခ (အငြိမ်းစား) ဆရာမ တစ်ယောက်ပါ။ ဆရာရဲ့ စာဖတ် ပရိသတ် တစ်ဦးလည်း ဖြစ်ပါတယ်''

''ဟုတ်ကဲ့ အခုလို သိရတာ ဝမ်းသာတယ်ခင်ဗျာ။ ကျွန်တော့်ထံက အိမ်၊ ခြံ၊ မြေ တိုက်ခန်းကိစ္စများနဲ့ပတ်သက် လို့ အကူအညီလိုရင် ပြောပါဗျာ''

''အကူအညီလိုလို့ ဆက်လိုက်တာပါပဲ ဆရာ။ ကျွန်မရဲ့ တူမလေးက သန်လျင်ဖက်မှာ မြေကွက်တစ်ကွက်လောက် ဝယ်ချင်လို့ပါ အဲတာ.. ဆရာလိုက်ပါပြီး စာရွက်စာတမ်းစစ်ပေးပါ ရှင်။ အဆင်ပြေရင် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် စရန်ပေးစာချုပ် ချုပ်ချင်တယ်ဆရာ။ ဆရာ ဘယ်နေ့လောက် အားမလဲလို့ သိချင်လို့ပါရှင်''

''မနက်ဖြန် နံနက် (၁ဝးဝဝ) နာရီလောက် ကျွန်တော့်ရုံးခန်းကို လာခေါ်လိုက်လေ''

''ဟုတ်ကဲ့.. လာခေါ်ပါ့မယ်ရှင်''

ဝယ်မည့်မြေကွက်က သန်လျင်က အေးသာယာ

ဤသို့ဖြင့် နံနက် (၁ဝးဝဝ) နာရီတွင် ပါမောက္ခ (အငြိမ်းစား) ဆရာမကြီးနှင့်အတူ ''မပြုံးဇာဏီပိုင်''၊ ၎င်း၏ ဖခင်ဦးအေးပိုင် တို့သည် ''မောင်ကောင်းဖေ''အား လာကြိုကြပြီ သန်လျင် သို့ ခရီးဆက်ကြသည်။

သန်လျင်သို့ရောက်သည့်အခါ iMyanmarHouse.com ဝက်ဘ်ဆိုက်မှ ကြော်ငြာတင်ထား သော အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ''ကိုဇော်မိုးအောင်''က ကြိုဆိုနေသည်။ လူစုံသည်နှင့် ရောင်းမည့်မြေကွက်ရှိရာ သန်လျင် အောင်ချမ်းသာ တိုးချဲ့(၄)ဟု ခေါ်သော အေးသာယာရပ်ကွက်သို့ သွားကြည့်ကြသည်။

ရောက်မည့်မြေကွက်မှာ ကျိုက်ခေါက်ဘုရားလမ်းမကြီးမှ အတွင်းဘက်သို့ အနည်းငယ် ဝင်သွားရသည်။သွားရာလမ်း တစ်လျှောက်မှာ အိမ်များဆောက်လုပ်နေ ထိုင်လျက်ရှိသည်ကို တွေ့ရသည်။ နွေ၊ မိုး၊ ဆောင်း ဝင်ထွက်သွားလာမှု အဆင်ပြေစေရန် ကွန်ကရစ်လမ်းခင်းပေးထားသည့်အတွက် သွားရေးလာရေး အဆင်ပြေသည်။ (၄ဝ ပေ x ၆ဝ ပေ) မြေကွက်မို့ သိန်း (၁၀၀၀) ဖြင့် အရောင်းအဝယ် ဈေးတည့်သွားသည်။

သန်လျင် အိမ်၊ ခြံ၊ မြေ ဈေးကလည်း အခုတော့ ပုံပြင်တစ်ပုဒ် နားထောင်ရသလိုပါပဲ

ဤဈေးဖြင့် ရဖို့ရန် အကြိမ်ကြိမ် ညှိနှိုင်းယူရသည်။ ရောင်းသူက မြေကွက်မှာ ပြီးခဲတဲ့လက သိန်း (၁၅၀၀) အထိ လာပေးခဲ့ကြောင်း၊ သို့သော် တက်ဈေးမျှော်ပြီး မရောင်းခဲ့ကြောင်း အခုမှ စီးပွားရေးလုပ်ငန်း တစ်ခုပြောင်းလုပ်နေစဉ် ငွေလိုအပ်လာသဖြင့် အရင်းနှင့် ပြန်ရောင်းခြင်းဖြစ်ကြောင်း ပုံပြောပြနေ၍ နားထောင်ပေးရသေးသည်။ အရောင်းအဝယ် ဈေးတည့်သော်လည်း စရန်ငွေချပေးလို့ မဖြစ်သေး။ မှန်ကန်မှု ရှိ၊ မရှိ မှတ်ကျောက်တင်နိုင်ဖို့ သန်လျင်မြို့၊ မြို့ နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန (ယခု လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန)ရုံးသို့ စာရွက်စာတမ်း စစ်ဆေးရန်သွားကြရပြန်သည်။

 

ပွဲစားပြောတိုင်း ယုံလို့မဖြစ်၊ မြေစာရင်းဌာနကမှ စစ်မစစ် သိနိုင်မည်

မှန်ကန်မှု ရှိ/မရှိမှာ ထိုမြေစာရင်းဌာန မှသာ အသိဆုံးဖြစ်သည်။ စာရွက်စာတမ်း စစ်ဆေးရန် ဆိုသော်လည်း ရန်ကုန်မြို့မှာကဲ့သို့ မြေချပါမစ်မဟုတ်ဘဲ စလစ်စာရွက်တစ်ရွက်နှင့် ငွေသွင်းပြေစာတစ်ခုသာရှိသည်။ ကျန်စာရွက်များမှာ (၃)ခါလောက် လက်ပြောင်းဝယ်ထားသည်။ အရပ်ကတိ စာချုပ်များသာ ပြနိုင်သည်။ ''တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း'' ဟု ဆိုရမည်။

စလစ်စာရွက်က (၃) လက်မပတ်လည်၊ ကျကျန်လို့တောင် ကောက်ယူမည့်သူ မရှိနိုင်

စလစ်စာရွက်ဟု ဆိုသော်လည်း အထင်မကြီးလိုက်ပါနှင့်။ (၁၉၉၇) ခုနှစ်က ထုတ် ပေးထားသော (၃)လက်မပတ်လည်ခန့်ရှိ စစ်တောင်းစက္ကူ အဝါရောင်စာရွက်ပါ။ သန်လျင်မြို့ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ရုံးစည်းတံဆိပ် (အဝိုင်း) ရိုက်နှိပ်ထားပြီး မြေကွက်ရသူ၏ အမည်၊ မှတ်ပုံတင်နံပါတ် နှင့် ဗိုလ်ချုပ်ရွာ ကျူးပြောင်းဟုရေးထားသည့် လက်ရေးမူကို တွေ့ရသည်။ ကျောဘက်တွင် ထိုစဉ်က ရဝတ ဥက္ကဌ ၏ နာမည်စည်း တံဆိပ်လက်မှတ်နှင့် ရဝတရုံးစည်းတံဆိပ် တို့ကို တွေ့ရသည်။

ယခုအခေါ်က အေးသာယာ ရုံးလက်ခံမှာက ကျောင်းကုန်းဆိပ်ကြီး ကွက်သစ် ဆိုပါလား

ငွေသွင်းပြေစာတွင်လည်း ကျောင်းကုန်းဆိပ်ကြီးကွက်သစ် မြေကွက်ရသူ၏ အမည်၊ မှတ်ပုံတင်နှင့် ငွေကျန်ငါးရာပေး သွင်းထားသည်ကို လက်ခံရရှိကြောင်းဖော် ပြထားသည်ကို တွေ့ရသည်။ ယင်းစာရွက် နှစ်ရွက် မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးပေးရန် မြေတိုင်းတာဝန်ခံတွင် ပြသကြည့်သည့်အခါ ယင်းတာဝန်ခံက လက်ခံစာအုပ်တွင်ပါရှိသည့် မြေကွက်ရသူ၏ အမည်၊ မှတ်ပုံတင်၊ ရရှိသည့်မြေကွက်၊ ငွေပေးသွင်းသည့်ပြေစာ နံပါတ်တို့ကို မူရင်းနှင့် စာရွက်နှစ်ရွက်နှင့် တိုက်ဆိုင်စစ်ဆေးကြည့်ရာ တစ်ထပ်တည်း မှန်ကန်ကြောင်း တွေ့ရသည်။ ထို့ကြောင့် ယခုပြသသော စာရွက်များမှာ မှန်ကန်ကြောင်းထောက်ခံသည်။

အလှူရှင်မှန်းသိရန် မဏ္ဍပ်တိုင် တက်ပြသလို မြေကွက်ပိုင်ရှင်ဖြစ်ကြောင်း သတင်းစာတွင် ကြော်ငြာသင့်

ဤသို့ တာဝန်ခံထံမှ မှန်ကန်ကြောင်း အဖြေသိရသည့်အခါမှ စိတ်ဒုံးဒုံးချ၍ စရန်ပေး စာချုပ်ချုပ်ကြသည်။ ဝယ်ယူပြီး အမည်ပေါက်ဂရန်သစ် လျှောက်ထားလိုကြောင်း မေးကြည့်သည့်အခါ တစ်ရပ်ကွက်လုံး စီမံချက်ဖြင့် ပြုလုပ်ပေးသည့်အခါမှသာ ရနိုင်မည်ဖြစ်ကြောင်း သိရသည်။ သို့သော် ဘယ်နေ့မှန်းမသိ မကြာမီလာမည်မျှော်ရ ပေတော့မည်။

လက်ရှိ အခြေအနေတွင်မူ သူတို့အဆို သိန်း (၁၅၀၀) ကျော်တန် မြေကွက်ကို သိန်း (၁၀၀၀) နှင့် ရလိုက်တာ တန်တယ်ဟု မိမိကိုယ်မိမိ အားပေးရင်း ပီတိကိုယ်စီဖြင့် ရန်ကုန်သို့ပြန်ခဲ့ကြပါတော့သည်။ အပြီးအပိုင် စာမချုပ်မီ အရှုပ်အရှင်းကင်းအောင် ကန့်ကွက်သူ ရှိ၊ မရှိ သတင်းစာတွင် ကြော်ငြာဖို့တော့ လိုသေးသည် မဟုတ်ပါလား။

''အချိန်ယူ ကြိုးစားလေ၊ လက်ရာမြောက်ပေ'' လီယိုနာဒိုဒါဗင်ချီ၏ အဆိုအမိန့်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်မောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 

သန္လ်င္ၿမိဳ႕ “ေအးသာယာရပ္ကြက္”က”စလစ္ေျမ” …အမည္ေပါက္ရဖို႔ေမွ်ာ္လင့္ေန ...

 

တစ္ခါတရံ ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္ဆိုေသာ တီဗြီ၊ ေရဒီယိုတို႔ ေၾကျငာသံ ကို လူတိုင္းၾကားဖူးၾကသည္။ ထိုမိုးေလဝသ သတင္းလိုပါပဲ။ အိမ္၊ျခံ၊ ေျမ အေရာင္း အဝယ္မ်ားမွာ အမ်ားအားျဖင့္ေတာ့ သာယာေနပါသည္။ တစ္ခါတရံ မိုးႀကီးသလို အခ်ိဳ႕ေနရာမ်ားတြင္ ေနရာကြက္၍ အေရာင္းအဝယ္ ျဖစ္ေနသည္မွာ အမွန္ပင္။

 

အိမ္၊ ျခံ၊ ေျမ ေရာင္းဝယ္ငွါးစာအုပ္ေၾကာင့္ အသိမိတ္ေဆြ ေတြတိုးလာတဲ့ ေမာင္ေကာင္းေဖ

ယေန႔ အားလပ္သည္မို႔ iMyanmarHouse.com ျမန္မာႏိုင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္းဝယ္ငွါး ဝဘ္ဆိုက္ အေမးအေျဖ က႑တြင္ ျမန္မာႏိုင္ငံ အနယ္ နယ္အရပ္ရပ္မွ ေမးျမန္းလာၾကေသာ ေမးခြန္းမ်ားကို ေျဖၾကားေပးရန္ အေျဖမ်ားကို ေရးသားေနစဥ္ ဖုန္းေခၚသံၾကား၍ 09251015089 ဖုန္းဖြင့္ နားေထာင္ၾကည့္လိုက္သည္။

''ဆရာ...ကြၽန္မက တကၠသိုလ္ပါေမာကၡ (အၿငိမ္းစား) ဆရာမ တစ္ေယာက္ပါ။ ဆရာရဲ႕ စာဖတ္ ပရိသတ္ တစ္ဦးလည္း ျဖစ္ပါတယ္''

''ဟုတ္ကဲ့ အခုလို သိရတာ ဝမ္းသာတယ္ခင္ဗ်ာ။ ကြၽန္ေတာ္႕ထံက အိမ္၊ ျခံ၊ ေျမ တိုက္ခန္းကိစၥမ်ားနဲ႔ပတ္သက္ လို႔ အကူအညီလိုရင္ ေျပာပါဗ်ာ''

''အကူအညီလိုလို႔ ဆက္လိုက္တာပါပဲ ဆရာ။ ကြၽန္မရဲ႕ တူမေလးက သန္လ်င္ဖက္မွာ ေျမကြက္တစ္ကြက္ေလာက္ ဝယ္ခ်င္လို႔ပါ အဲတာ.. ဆရာလိုက္ပါၿပီး စာ႐ြက္စာတမ္းစစ္ေပးပါ ႐ွင္။ အဆင္ေျပရင္ အိမ္၊ ျခံ၊ ေျမ အေရာင္းအဝယ္ စရန္ေပးစာခ်ဳပ္ ခ်ဳပ္ခ်င္တယ္ဆရာ။ ဆရာ ဘယ္ေန႔ေလာက္ အားမလဲလို႔ သိခ်င္လို႔ပါ႐ွင္''

''မနက္ျဖန္ နံနက္ (၁ဝးဝဝ) နာရီေလာက္ ကြၽန္ေတာ္႕႐ုံးခန္းကို လာေခၚလိုက္ေလ''

''ဟုတ္ကဲ့.. လာေခၚပါ့မယ္႐ွင္''

ဝယ္မည့္ေျမကြက္က သန္လ်င္က ေအးသာယာ

ဤသို႔ျဖင့္ နံနက္ (၁ဝးဝဝ) နာရီတြင္ ပါေမာကၡ (အၿငိမ္းစား) ဆရာမႀကီးႏွင့္အတူ ''မျပဳံးဇာဏီပိုင္''၊ ၎၏ ဖခင္ဦးေအးပိုင္ တို႔သည္ ''ေမာင္ေကာင္းေဖ''အား လာႀကိဳၾကၿပီ သန္လ်င္ သို႔ ခရီးဆက္ၾကသည္။

သန္လ်င္သို႔ေရာက္သည့္အခါ iMyanmarHouse.com ဝက္ဘ္ဆိုက္မွ ေၾကာ္ျငာတင္ထား ေသာ အိမ္၊ ျခံ၊ ေျမ အက်ိဳးေဆာင္ ''ကိုေဇာ္မိုးေအာင္''က ႀကိဳဆိုေနသည္။ လူစုံသည္ႏွင့္ ေရာင္းမည့္ေျမကြက္႐ွိရာ သန္လ်င္ ေအာင္ခ်မ္းသာ တိုးခ်ဲ႕(၄)ဟု ေခၚေသာ ေအးသာယာရပ္ကြက္သို႔ သြားၾကည့္ၾကသည္။

ေရာက္မည့္ေျမကြက္မွာ က်ိဳက္ေခါက္ဘုရားလမ္းမႀကီးမွ အတြင္းဘက္သို႔ အနည္းငယ္ ဝင္သြားရသည္။သြားရာလမ္း တစ္ေလွ်ာက္မွာ အိမ္မ်ားေဆာက္လုပ္ေန ထိုင္လ်က္႐ွိသည္ကို ေတြ႕ရသည္။ ေႏြ၊ မိုး၊ ေဆာင္း ဝင္ထြက္သြားလာမႈ အဆင္ေျပေစရန္ ကြန္ကရစ္လမ္းခင္းေပးထားသည့္အတြက္ သြားေရးလာေရး အဆင္ေျပသည္။ (၄ဝ ေပ x ၆ဝ ေပ) ေျမကြက္မို႔ သိန္း (၁၀၀၀) ျဖင့္ အေရာင္းအဝယ္ ေဈးတည့္သြားသည္။

သန္လ်င္ အိမ္၊ ျခံ၊ ေျမ ေဈးကလည္း အခုေတာ့ ပုံျပင္တစ္ပုဒ္ နားေထာင္ရသလိုပါပဲ

ဤေဈးျဖင့္ ရဖို႔ရန္ အႀကိမ္ႀကိမ္ ညႇိႏိႈင္းယူရသည္။ ေရာင္းသူက ေျမကြက္မွာ ၿပီးခဲတဲ့လက သိန္း (၁၅၀၀) အထိ လာေပးခဲ့ေၾကာင္း၊ သို႔ေသာ္ တက္ေဈးေမွ်ာ္ၿပီး မေရာင္းခဲ့ေၾကာင္း အခုမွ စီးပြားေရးလုပ္ငန္း တစ္ခုေျပာင္းလုပ္ေနစဥ္ ေငြလိုအပ္လာသျဖင့္ အရင္းႏွင့္ ျပန္ေရာင္းျခင္းျဖစ္ေၾကာင္း ပုံေျပာျပေန၍ နားေထာင္ေပးရေသးသည္။ အေရာင္းအဝယ္ ေဈးတည့္ေသာ္လည္း စရန္ေငြခ်ေပးလို႔ မျဖစ္ေသး။ မွန္ကန္မႈ ႐ွိ၊ မ႐ွိ မွတ္ေက်ာက္တင္ႏိုင္ဖို႔ သန္လ်င္ၿမိဳ႕၊ ၿမိဳ႕ နယ္ေၾကးတိုင္ႏွင့္ ေျမစာရင္းဦးစီးဌာန (ယခု လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာန)႐ုံးသို႔ စာ႐ြက္စာတမ္း စစ္ေဆးရန္သြားၾကရျပန္သည္။

 

ပြဲစားေျပာတိုင္း ယုံလို႔မျဖစ္၊ ေျမစာရင္းဌာနကမွ စစ္မစစ္ သိႏိုင္မည္

မွန္ကန္မႈ ႐ွိ/မ႐ွိမွာ ထိုေျမစာရင္းဌာန မွသာ အသိဆုံးျဖစ္သည္။ စာ႐ြက္စာတမ္း စစ္ေဆးရန္ ဆိုေသာ္လည္း ရန္ကုန္ၿမိဳ႕မွာကဲ့သို႔ ေျမခ်ပါမစ္မဟုတ္ဘဲ စလစ္စာ႐ြက္တစ္႐ြက္ႏွင့္ ေငြသြင္းေျပစာတစ္ခုသာ႐ွိသည္။ က်န္စာ႐ြက္မ်ားမွာ (၃)ခါေလာက္ လက္ေျပာင္းဝယ္ထားသည္။ အရပ္ကတိ စာခ်ဳပ္မ်ားသာ ျပႏိုင္သည္။ ''တစ္ေက်ာင္း တစ္ဂါထာ၊ တစ္႐ြာတစ္ပုဒ္ဆန္း'' ဟု ဆိုရမည္။

စလစ္စာ႐ြက္က (၃) လက္မပတ္လည္၊ က်က်န္လို႔ေတာင္ ေကာက္ယူမည့္သူ မ႐ွိႏိုင္

စလစ္စာ႐ြက္ဟု ဆိုေသာ္လည္း အထင္မႀကီးလိုက္ပါႏွင့္။ (၁၉၉၇) ခုႏွစ္က ထုတ္ ေပးထားေသာ (၃)လက္မပတ္လည္ခန္႔႐ွိ စစ္ေတာင္းစကၠဴ အဝါေရာင္စာ႐ြက္ပါ။ သန္လ်င္ၿမိဳ႕ေၾကးတိုင္ႏွင့္ ေျမစာရင္းဦးစီးဌာန ႐ုံးစည္းတံဆိပ္ (အဝိုင္း) ႐ိုက္ႏွိပ္ထားၿပီး ေျမကြက္ရသူ၏ အမည္၊ မွတ္ပုံတင္နံပါတ္ ႏွင့္ ဗိုလ္ခ်ဳပ္႐ြာ က်ဴးေျပာင္းဟုေရးထားသည့္ လက္ေရးမူကို ေတြ႕ရသည္။ ေက်ာဘက္တြင္ ထိုစဥ္က ရဝတ ဥကၠဌ ၏ နာမည္စည္း တံဆိပ္လက္မွတ္ႏွင့္ ရဝတ႐ုံးစည္းတံဆိပ္ တို႔ကို ေတြ႕ရသည္။

ယခုအေခၚက ေအးသာယာ ႐ုံးလက္ခံမွာက ေက်ာင္းကုန္းဆိပ္ႀကီး ကြက္သစ္ ဆိုပါလား

ေငြသြင္းေျပစာတြင္လည္း ေက်ာင္းကုန္းဆိပ္ႀကီးကြက္သစ္ ေျမကြက္ရသူ၏ အမည္၊ မွတ္ပုံတင္ႏွင့္ ေငြက်န္ငါးရာေပး သြင္းထားသည္ကို လက္ခံရ႐ွိေၾကာင္းေဖာ္ ျပထားသည္ကို ေတြ႕ရသည္။ ယင္းစာ႐ြက္ ႏွစ္႐ြက္ မွန္ကန္မႈ ႐ွိ၊ မ႐ွိ စစ္ေဆးေပးရန္ ေျမတိုင္းတာဝန္ခံတြင္ ျပသၾကည့္သည့္အခါ ယင္းတာဝန္ခံက လက္ခံစာအုပ္တြင္ပါ႐ွိသည့္ ေျမကြက္ရသူ၏ အမည္၊ မွတ္ပုံတင္၊ ရ႐ွိသည့္ေျမကြက္၊ ေငြေပးသြင္းသည့္ေျပစာ နံပါတ္တို႔ကို မူရင္းႏွင့္ စာ႐ြက္ႏွစ္႐ြက္ႏွင့္ တိုက္ဆိုင္စစ္ေဆးၾကည့္ရာ တစ္ထပ္တည္း မွန္ကန္ေၾကာင္း ေတြ႕ရသည္။ ထို႔ေၾကာင့္ ယခုျပသေသာ စာ႐ြက္မ်ားမွာ မွန္ကန္ေၾကာင္းေထာက္ခံသည္။

အလႉ႐ွင္မွန္းသိရန္ မ႑ပ္တိုင္ တက္ျပသလို ေျမကြက္ပိုင္႐ွင္ျဖစ္ေၾကာင္း သတင္းစာတြင္ ေၾကာ္ျငာသင့္

ဤသို႔ တာဝန္ခံထံမွ မွန္ကန္ေၾကာင္း အေျဖသိရသည့္အခါမွ စိတ္ဒုံးဒုံးခ်၍ စရန္ေပး စာခ်ဳပ္ခ်ဳပ္ၾကသည္။ ဝယ္ယူၿပီး အမည္ေပါက္ဂရန္သစ္ ေလွ်ာက္ထားလိုေၾကာင္း ေမးၾကည့္သည့္အခါ တစ္ရပ္ကြက္လုံး စီမံခ်က္ျဖင့္ ျပဳလုပ္ေပးသည့္အခါမွသာ ရႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္ ဘယ္ေန႔မွန္းမသိ မၾကာမီလာမည္ေမွ်ာ္ရ ေပေတာ့မည္။

လက္႐ွိ အေျခအေနတြင္မူ သူတို႔အဆို သိန္း (၁၅၀၀) ေက်ာ္တန္ ေျမကြက္ကို သိန္း (၁၀၀၀) ႏွင့္ ရလိုက္တာ တန္တယ္ဟု မိမိကိုယ္မိမိ အားေပးရင္း ပီတိကိုယ္စီျဖင့္ ရန္ကုန္သို႔ျပန္ခဲ့ၾကပါေတာ့သည္။ အၿပီးအပိုင္ စာမခ်ဳပ္မီ အ႐ႈပ္အ႐ွင္းကင္းေအာင္ ကန္႔ကြက္သူ ႐ွိ၊ မ႐ွိ သတင္းစာတြင္ ေၾကာ္ျငာဖို႔ေတာ့ လိုေသးသည္ မဟုတ္ပါလား။

''အခ်ိန္ယူ ႀကိဳးစားေလ၊ လက္ရာေျမာက္ေပ'' လီယိုနာဒိုဒါဗင္ခ်ီ၏ အဆိုအမိန္႔။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service