အောင်မြင်သူတွေရက်ကြာကြာနားရင် ဒီလိုအနားယူကြသတဲ့ ...

အောင်မြင်သူတွေရက်ကြာကြာနားရင် ဒီလိုအနားယူကြသတဲ့ ... - Property Knowledge in Myanmar from iMyanmarHouse.com
30 Oct 2023 3:14 pm တွင် တင်ခဲ့သည်
1150 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

ကိုယ်ပိုင်အလုပ်ဖြစ်ဖြစ် ၀န်ထမ်းဖြစ်ဖြစ် အလုပ်လုပ်နေကြသူတွေအဖို့ အချိန်အတိုင်းအတာတစ်ခု ရလာတဲ့အခါ အချိန်တစ်ခုကြာ သေချာအနားယူဖို့ အရေးကြီးပါတယ်၊ ဒါကြောင့် အောင်မြင်နေတဲ့သူတွေ ယေဘုယျအားဖြင့် ဘယ်လိုအနားယူကြသလဲ၊ အဲဒီအတွက် ဘယ်လိုအစပျိုးကြသလဲဆိုတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

အားလပ်ရက်ရှည်မယူမီမှာ -

၁။ ကြိုတင်စီစဥ်ကြတယ်

 

အောင်မြင်သူများစွာဟာ အားလပ်ရက်မှာ လုပ်ဆောင်ရမယ့် သူတို့ရဲ့လှုပ်ရှားမှုတွေကို အားလပ်ရက်မတိုင်ခင်ကတည်းက ကြိုတင်အစီအစဥ်ဆွဲထားကြပါတယ်။

 

၂။ လုပ်ငန်းခွင်မှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြတယ်

အားလပ်ရက်တွေအတွင်း အလုပ်မှာ သူတို့မရှိပေမဲ့လည်း အလုပ်ထိခိုက်မှုမရှိအောင် တာဝန်တွေ ခေတ္တလွှဲပြောင်းပေးခြင်း၊ အလုပ်ရက်ပြန်စတဲ့အခါ လုပ်ဆောင်စရာ အကြမ်းဖျင်းအစီအစဥ်ရေးဆွဲခြင်း စသဖြင့် လုပ်ဆောင်ကြပါတယ်။

 

အားလပ်ရက်ရှည်အတွင်း -

 

၁။ ဆိုရှယ်မီဒီယာ၊ အီးမေးလ်နဲ့ လက်ပ်တော့ လိုမျိုး နည်းပညာတွေနဲ့ ဝေးဝေးနေကြတယ်

 

 

အောင်မြင်သူတွေဟာ အနားယူခိုက်မှာ ဆိုရှယ်မီဒီယာကို လုံးဝနီးပါးကို မသုံးကြပါဘူး။ အီးမေးလ် စစ်ခြင်း၊ လက်ပ်တော့ကွန်ပျူတာသုံးခြင်းတွေဆိုရင်လည်း မဖြစ်မနေလိုအပ်မှသာ လုပ်တတ်ကြပါတယ်။ ဆိုလိုတာကတော့ အနားယူမှုအပေါ် အပြည့်အဝခံစားသက်ဝင်တာပါ။

၂။ ဘာဆိုဘာမှ မလုပ်ကြဘူး

အောင်မြင်သူတွေ အနားယူတဲ့အစီအစဥ်ထဲမှာ ဘာဆိုဘာမှ မလုပ်ခြင်းလည်း ပါပါတယ်။

 

၃။ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ အချိန်ကုန်တယ်

 

 

အောင်မြင်သူတွေအတွက် အလုပ်လုပ်ရက်တွေမှာဆို မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူတူ ကုန်ဆုံးဖို့အချိန်ဆိုတာ မရှိနိုင်သလောက်မို့ အားလပ်ရက်ရှည်ယူတုန်း သူတို့နဲ့ အချိန်တချို့ကို ဖြတ်သန်းကြပါတယ်။

၄။ ခန္ဓာကိုယ်လေ့ကျင့်ခန်း လုပ်ကြတယ်

 

အောင်မြင်သူတွေဟာ ကိုယ်ရော စိတ်ပါ ကျန်းမာဖို့အတွက် ကိုယ်လက်လေ့ကျင့်ခန်းက အရေးပါတယ်ဆိုတာကို ကောင်းကောင်းကြီး နားလည်သဘောပေါက်ကြပါတယ်။ ဒါ ကြောင့် သူတို့က အားလပ်ရက်မှာ လေ့ကျင့်ခန်းလုပ်ကြဖို့ မပျင်းကြသလို မလုပ်ဘဲလည်း မနေကြပါဘူး။

 

၅။ ပရဟိတအလုပ်တွေ လုပ်ကြတယ်

အောင်မြင်သူအများအပြားဟာ သူတို့ရဲ့ အားလပ်ချိန်တွေကို ပရဟိတအလုပ်တွေအတွက်လည်း အသုံးပြုတတ်ကြပါတယ်။

 

၆။ ဝါသနာပါရာတွေကို လုပ်ကြတယ်

 

 

သက်မွေးဝမ်းကျောင်းမဟုတ်တဲ့ တခြားဝါသနာပါရာတွေအတွက် အချိန်ကို သုံးတယ်။ ပန်းချီဆွဲ၊ လျှောက်လည်၊ စာဖတ်၊ ရေကူး၊ တောင်တက် စသဖြင့် အလုပ်လုပ်ရက်တွေမှာ အချိန်မပေးနိုင်ခဲ့တဲ့ ဝါသနာတွေကို အကောင်အထည်ဖော်ကြပါတယ်။

၇။ အလုပ်အကြောင်း မစဥ်းစားဘူး

လုပ်ပြီးတာ၊ မလုပ်ရသေးတာ၊ လုပ်ဖို့ရှိတာ စသဖြင့် အလုပ်နဲ့ပတ်သက်လို့ အတွေးထဲကိုအဝင်မခံကြပါဘူး။ ခက်ခဲပေမဲ့ အောင်မြင်သူတွေကတော့ အလုပ်ချိန်နဲ့ အနားယူချိန်ကို သေချာပိုင်းကန့်နိုင်ကြပါတယ်။ အလုပ်ချိန်မှာ အားရပါးရ လုပ်သလို နားချိန်မှာလည်း အားရပါးရ နားတတ်ကြပါတယ်။

၈။ အပြင်များများထွက်ပေးပြီး သဘာဝနဲ့ထိတွေ့ကြတယ်

 

အားလပ်ရက်ရှည်မှာ အခန်းထဲနားသင့်သလောက်နားသလို အပြင်လည်း ထွက်ပေးကာ သဘာဝတရားကြီးနဲ့ ကျယ်ကျယ်ပြန်ပြန့်ထိတွေ့ကြပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: 17 things successful people do over long weekends

 

 

 

 

[Zawgyi]

 

ေအာင္ျမင္သူေတြရက္ၾကာၾကာနားရင္ ဒီလိုအနားယူၾကသတဲ့ ...

ကိုယ္ပိုင္အလုပ္ျဖစ္ျဖစ္ ၀န္ထမ္းျဖစ္ျဖစ္ အလုပ္လုပ္ေနၾကသူေတြအဖို႔ အခ်ိန္အတိုင္းအတာတစ္ခု ရလာတဲ့အခါ အခ်ိန္တစ္ခုၾကာ ေသခ်ာအနားယူဖို႔ အေရးႀကီးပါတယ္၊ ဒါေၾကာင့္ ေအာင္ျမင္ေနတဲ့သူေတြ ေယဘုယ်အားျဖင့္ ဘယ္လိုအနားယူၾကသလဲ၊ အဲဒီအတြက္ ဘယ္လိုအစပ်ိဳးၾကသလဲဆိုတာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

 

အားလပ္ရက္႐ွည္မယူမီမွာ -

၁။ ႀကိဳတင္စီစဥ္ၾကတယ္

ေအာင္ျမင္သူမ်ားစြာဟာ အားလပ္ရက္မွာ လုပ္ေဆာင္ရမယ့္ သူတို႔ရဲ႕လႈပ္႐ွားမႈေတြကို အားလပ္ရက္မတိုင္ခင္ကတည္းက ႀကိဳတင္အစီအစဥ္ဆြဲထားၾကပါတယ္။

 

၂။ လုပ္ငန္းခြင္မွာ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ၾကတယ္

အားလပ္ရက္ေတြအတြင္း အလုပ္မွာ သူတို႔မ႐ွိေပမဲ့လည္း အလုပ္ထိခိုက္မႈမ႐ွိေအာင္ တာဝန္ေတြ ေခတၱလႊဲေျပာင္းေပးျခင္း၊ အလုပ္ရက္ျပန္စတဲ့အခါ လုပ္ေဆာင္စရာ အၾကမ္းဖ်င္းအစီအစဥ္ေရးဆြဲျခင္း စသျဖင့္ လုပ္ေဆာင္ၾကပါတယ္။

အားလပ္ရက္႐ွည္အတြင္း -

၁။ ဆို႐ွယ္မီဒီယာ၊ အီးေမးလ္နဲ႔ လက္ပ္ေတာ့ လိုမ်ိဳး နည္းပညာေတြနဲ႔ ေဝးေဝးေနၾကတယ္

ေအာင္ျမင္သူေတြဟာ အနားယူခိုက္မွာ ဆို႐ွယ္မီဒီယာကို လုံးဝနီးပါးကို မသုံးၾကပါဘူး။ အီးေမးလ္ စစ္ျခင္း၊ လက္ပ္ေတာ့ကြန္ပ်ဴတာသုံးျခင္းေတြဆိုရင္လည္း မျဖစ္မေနလိုအပ္မွသာ လုပ္တတ္ၾကပါတယ္။ ဆိုလိုတာကေတာ့ အနားယူမႈအေပၚ အျပည့္အဝခံစားသက္ဝင္တာပါ။

၂။ ဘာဆိုဘာမွ မလုပ္ၾကဘူး

ေအာင္ျမင္သူေတြ အနားယူတဲ့အစီအစဥ္ထဲမွာ ဘာဆိုဘာမွ မလုပ္ျခင္းလည္း ပါပါတယ္။

၃။ မိသားစု၊ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔အတူ အခ်ိန္ကုန္တယ္

ေအာင္ျမင္သူေတြအတြက္ အလုပ္လုပ္ရက္ေတြမွာဆို မိသားစု၊ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔အတူတူ ကုန္ဆုံးဖို႔အခ်ိန္ဆိုတာ မ႐ွိႏိုင္သေလာက္မို႔ အားလပ္ရက္႐ွည္ယူတုန္း သူတို႔နဲ႔ အခ်ိန္တခ်ိဳ႕ကို ျဖတ္သန္းၾကပါတယ္။

၄။ ခႏၶာကိုယ္ေလ့က်င့္ခန္း လုပ္ၾကတယ္

ေအာင္ျမင္သူေတြဟာ ကိုယ္ေရာ စိတ္ပါ က်န္းမာဖို႔အတြက္ ကိုယ္လက္ေလ့က်င့္ခန္းက အေရးပါတယ္ဆိုတာကို ေကာင္းေကာင္းႀကီး နားလည္သေဘာေပါက္ၾကပါတယ္။ ဒါ ေၾကာင့္ သူတို႔က အားလပ္ရက္မွာ ေလ့က်င့္ခန္းလုပ္ၾကဖို႔ မပ်င္းၾကသလို မလုပ္ဘဲလည္း မေနၾကပါဘူး။

၅။ ပရဟိတအလုပ္ေတြ လုပ္ၾကတယ္

ေအာင္ျမင္သူအမ်ားအျပားဟာ သူတို႔ရဲ႕ အားလပ္ခ်ိန္ေတြကို ပရဟိတအလုပ္ေတြအတြက္လည္း အသုံးျပဳတတ္ၾကပါတယ္။

၆။ ဝါသနာပါရာေတြကို လုပ္ၾကတယ္

သက္ေမြးဝမ္းေက်ာင္းမဟုတ္တဲ့ တျခားဝါသနာပါရာေတြအတြက္ အခ်ိန္ကို သုံးတယ္။ ပန္းခ်ီဆြဲ၊ ေလွ်ာက္လည္၊ စာဖတ္၊ ေရကူး၊ ေတာင္တက္ စသျဖင့္ အလုပ္လုပ္ရက္ေတြမွာ အခ်ိန္မေပးႏိုင္ခဲ့တဲ့ ဝါသနာေတြကို အေကာင္အထည္ေဖာ္ၾကပါတယ္။

၇။ အလုပ္အေၾကာင္း မစဥ္းစားဘူး

လုပ္ၿပီးတာ၊ မလုပ္ရေသးတာ၊ လုပ္ဖို႔႐ွိတာ စသျဖင့္ အလုပ္နဲ႔ပတ္သက္လို႔ အေတြးထဲကိုအဝင္မခံၾကပါဘူး။ ခက္ခဲေပမဲ့ ေအာင္ျမင္သူေတြကေတာ့ အလုပ္ခ်ိန္နဲ႔ အနားယူခ်ိန္ကို ေသခ်ာပိုင္းကန္႔ႏိုင္ၾကပါတယ္။ အလုပ္ခ်ိန္မွာ အားရပါးရ လုပ္သလို နားခ်ိန္မွာလည္း အားရပါးရ နားတတ္ၾကပါတယ္။

၈။ အျပင္မ်ားမ်ားထြက္ေပးၿပီး သဘာဝနဲ႔ထိေတြ႕ၾကတယ္

အားလပ္ရက္႐ွည္မွာ အခန္းထဲနားသင့္သေလာက္နားသလို အျပင္လည္း ထြက္ေပးကာ သဘာဝတရားႀကီးနဲ႔ က်ယ္က်ယ္ျပန္ျပန္႔ထိေတြ႕ၾကပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 17 things successful people do over long weekends

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service