ဖက်ရှင်ဒီဇိုင်နာ Tommy Hilfiger ၏ ကွန်နက်တီကပ်ပြည်နယ်၊ ဂရင်းဝစ်ချ်မြို့စံအိမ် အရောင်းဈေးကွက်ဝင်လာ
ဖက်ရှင်ဒီဇိုင်နာ Tommy Hilfiger ၏ ကွန်နက်တီကပ်ပြည်နယ်၊ ဂရင်းဝစ်ချ်မြို့စံအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
25 Oct 2023 10:19 am တွင် တင်ခဲ့သည်
631 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကပ်ပြည်နယ်၊ ဂရင်းဝစ်ချ်မြို့တွင် ဖက်ရှင်ဒီဇိုင်နာ တွမ်မီ ဟေးလ်ဖစ်ဂါ (Tommy Hilfiger ) ပိုင်ဆိုင်ခဲ့ဖူးသော စံအိမ် ကန်ဒေါ်လာ ၉ ဒသမ ၆၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
ဂရင်းဝစ်ချ်မြို့၊ Mayfair Lane လမ်း ၊ အမှတ် ၃၆ တွင် တည်ရှိပြီး ၁၉၃၂ ခုနှစ်တွင် English Manor ဗိသုကာ ဟန်ဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
စံအိမ်အကျယ်မှာ စတုရန်းပေ ၇၄၃၈ ရှိပြီး အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၈ ခန်း၊ အမျိုးသမီး ကိုယ်လက်သန့်စင် ခန်း ၂ ခန်းတို့ ပါဝင်ကာ ခြံဝန်းအကျယ်မှာ ၅ ဒသမ ၃၈ ဧက ရှိသည်။
တွမ်မီနှင့် ထိုအချိန်က သူ၏ ဇနီးဆူဇီတို့သည် ယခုစံအိမ်ကို ၁၉၉၃ ခုနှစ်တွင် ဝယ်ယူခဲ့ပြီး ၂ နှစ်အကြာတွင် ကန်ဒေါ်လာ ၅ ဒသမ ၅ သန်းဖြင့် ရောင်းထုတ်ခဲ့သည်။
လက်ရှိပိုင်ရှင်တို့က ၂၀၀၆ ခုနှစ်တွင် ဒေါ်လာ ၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
မီးဖိုဆောင်မှာ စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သော မီးဖိုဆောင်ဖြစ်ပြီး ကပ်လျက်တွင် မနက်စာစားခန်း တည်ရှိသည်။
ပြင်သစ်တံခါးများရှိသော မိသားစုနားနေခန်းမှာ ခရမ်းနုရောင် ပဲနွယ်ပန်းများ အုပ်ဆိုင်းထားသည့် လေသာ ဆောင်သို့ ပေါက်သည်။
စံအိမ်အတွင်း ညစာစားခန်း ၊ မီးလင်းဖို ၄ ခု ၊ မြင့်မားသော မျက်နှာကြက်များ ၊ အနုစိတ်ပုံဖော်ထားသော ဖောင်းရစ်များ ပါဝင်သည်။
ဒုတိယထပ်တွင် နားနေခန်းပါသော ပင်မအိပ်ခန်း ၊ မီးလင်းဖို ၁ ခု ၊ ရေချိုးခန်း ၂ ခုနှင့် အဝတ်လဲခန်းများ ရှိသည်။
(ဖက်ရှင်နယ်၏ အထင်ကရ ပုဂ္ဂိုလ် တွမ်မီ ဟေးလ်ဖစ်ဂါ။ ဓာတ်ပုံ-Getty Images)
(အိပ်ခန်း ၇ ခန်းအနက်မှ တစ်ခန်း။ ဓာတ်ပုံ-Maven Agency)
(ခြံဝန်းအတွင်း မြေယာအလှပြုပြင်ထားသော ပန်းဥယျာဉ်များ ၊ ရေကူးကန်ဘေးတွင် နားနေဆောင်များ ရှိသည်။ဓာတ်ပုံ-Maven Agency )
(မီးပန်းဆိုင်း ချိတ်ဆွဲထားသော ညစာစားခန်း။ ဓာတ်ပုံ-Maven Agency)
(စံအိမ်အကျယ်မှာ ၇၄၃၈ စတုရန်းပေ ရှိသည်။ ဓာတ်ပုံ-Maven Agency)
ခြံဝန်းအတွင်း မြေယာအလှပြုပြင်ထားသော ပန်းဥယျာဉ်များ ၊ ရေကူးကန်ဘေး နားနေဆောင်များ ရှိသည်။
ရေကူးကန်ဘေးအိမ်တွင် ရေချိုးခန်း ၂ ခန်း၊ မီးဖိုဆောင်ငယ်တစ်ခုနှင့် နားနေနေရာတို့ ပါဝင်သည်။
ထို့အပြင် စတုရန်းပေ ၈၃၀ ကျယ်ဝန်းသော အိပ်ခန်း ၁ ခန်းပါ ဧည့်ဂေဟာဆောင်ကို ဂိုဒေါင်အပေါ်ဘက်တွင် ဆောက်လုပ်ထားသည်။
ချက်လူမျိုး အမေရိကန်နိုင်ငံသား ဂန္ထဝင်တင်းနစ်ကြယ်ပွင့် Ivan Lendl သည် တခါက ယခုစံအိမ်၏ ပိုင်ရှင်ဖြစ်ခဲ့သူ Wojciech Fibak နှင့် ဤခြံဝန်းအတွင်းရှိ တင်းနစ်ကွင်းတွင် ကစားခဲ့ဖူးသည်။
Wojciech Fibak သည် ၁၉၈၀ ပြည့်လွန်ကာလများက ထင်ရှားသော တင်းနစ်သမားတစ်ဦး ဖြစ်သည်။
အရောင်းဈေးကွက်တင်ပေးသည်မှာ Houlihan Lawrence အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော Ellen Mosher နှင့် Julie Church တို့ ဖြစ်ကြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Tommy Hilfiger’s former Greenwich, Conn., estate hits the market (nypost)
[Zawgyi]
ဖက်ရှင်ဒီဇိုင်နာ Tommy Hilfiger ၏ ကွန်နက်တီကပ်ပြည်နယ်၊ ဂရင်းဝစ်ခ်ျမြို့စံအိမ် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကပ်ပြည်နယ်၊ ဂရင်းဝစ်ခ်ျမြို့တွင် ဖက်ရှင်ဒီဇိုင်နာ တွမ်မီ ဟေးလ်ဖစ်ဂါ (Tommy Hilfiger ) ပိုင်ဆိုင်ခဲ့ဖူးသော စံအိမ် ကန်ဒေါ်လာ ၉ ဒသမ ၆၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
ဂရင်းဝစ်ခ်ျမြို့၊ Mayfair Lane လမ်း ၊ အမှတ် ၃၆ တွင် တည်ရှိပြီး ၁၉၃၂ ခုနှစ်တွင် English Manor ဗိသုကာ ဟန်ဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရ...
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်မ်ကာရေးက နှစ်ပေါင်း ၃၀ ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို အကြိမ်ကြိမ် ဈေးလျှော့ရောင်းချရာ ဝယ်လက်ရှာတွေ့...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Neighbourhood
magical-world
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service