အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မယ်ဒလင်း အောဘရိုက်၏ ဝါရှင်တန်ဒီစီမှ စံအိမ် ကန်ဒေါ်လာ ၄ သန်းဖြင့် ရောင်းမည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မယ်ဒလင်း အောဘရိုက်၏ ဝါရှင်တန်ဒီစီမှ စံအိမ် ကန်ဒေါ်လာ ၄ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
23 Oct 2023 3:41 pm တွင် တင်ခဲ့သည်
449 ကြိမ် ကြည့်ရှု့ပြီး

 [Unicode]

မယ်ဒလင်း အောဘရိုက် (၁၉၃၇-၂၀၂၂) ၏ အမည်အပြည့်အစုံမှာ မယ်ဒလင်း ဂျန်နာ ကော်ဘဲလ် အောဘရိုက် (Madeleine Jana Korbel Albright) ဖြစ်သည်။

သမ္မတ ဘီလ်ကလင်တန်လက်ထက်တွင် အမေရိကန်ပြည်ထောင်စု၏ ၆၄ ဆက်မြောက် နိုင်ငံခြားရေးဝန်ကြီး အဖြစ် ၁၉၉၇ မှ ၂၀၀၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

မယ်ဒလင်း အောဘရိုက်သည် အမေရိကန်တွင် နိုင်ငံခြားရေးဝန်ကြီးတာဝန်ထမ်းဆောင်ခွင့်ရသည့် ပထမဆုံး သော အမျိုးသမီးတစ်ဦးလည်း ဖြစ်သည်။

ယခုအခါ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်တွင် မယ်ဒလင်း အောဘရိုက်ပိုင်ဆိုင်ခဲ့သော စံအိမ် အရောင်းဈေးကွက်ဝင်လာပြီး ကန်ဒေါ်လာ ၄ သန်း ဈေးခေါ်ထားသည်။

မယ်ဒလင်း အောဘရိုက်သည် ဝါရှင်တန်ဒီစီမြို့၊ Georgetown အရပ်ရှိ စံအိမ်တွင် နှစ်ပေါင်း ၅၀ ကျော် နေထိုင်သွားခဲ့သည်။

မယ်ဒလင်းအောဘရိုက်သည် နိုင်ငံရေးနယ်မှ အထင်ကရပုဂ္ဂိုလ်များ၊ ဝါရှင်တန်မြို့မှ သြဇာတိက္ကမ ကြီးသူများ၊ ပြည်ပတိုင်းပြည်များမှ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များကို ဤစံအိမ်တွင် ဧည့်ခံခြင်းများ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် မယ်ဒလင်း အောဘရိုက် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၄ နှစ် ရှိပြီ ဖြစ်သည်။

မယ်ဒလင်းအောဘရိုက်၏ စံအိမ်မှာ ၄ ထပ်အဆောက်အအုံဖြစ်ပြီး စတုရန်းပေ ၄၈၀၀ ရှိကာ ရှေ့မျက်နှာစာ နေရာအချို့ကို တိုက်ကပ်နွယ်တို့ဖြင့် ဖုံးလွှမ်းထားပုံမှာ တမျိုးတဖုံ ခန့်ညားထည်ဝါနေသည်။

၁၈၅၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တင့်တယ်သော မူရင်းဗိသုကာလက်ရာများစွာ ယနေ့တိုင် ထိန်းသိမ်း ထားဆဲ ဖြစ်ရာ ပန်းဦးရစ် သရဖူမို၊ ပြင်သစ်တံခါးများနှင့် ထင်းသုံးမီးလင်းဖိုများ အပါအဝင် ဖြစ်သည်။

စံအိမ်အတွင်း အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်း၊ ညစာစားခန်း၊ ဒုတိယထပ် စာကြည့်တိုက်၊ စကျင်ကျောက် ပြားတို့ဖြင့် အသစ်မွမ်းမံထားသော ရေချိုးခန်း ပါဝင်သည့် ပင်မအိပ်ခန်းတို့ ပါဝင်သည်။

(မယ်ဒလင်း အောဘရိုက်၏ ဧည့်ခန်း။ ဓာတ်ပုံ-Realtor)

(ညစာစားခန်း။ ဓာတ်ပုံ-Realtor)

(ပန်းခြံဆီသို့ ပေါက်သည့် ပြင်သစ်တံခါးများ။ ဓာတ်ပုံ-Realtor)

(ပင်မအိပ်ခန်း။ ဓာတ်ပုံ-Realtor)

(Master bedroom မှ ရေချိုးခန်း။ ဓာတ်ပုံ-Realtor)

စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သော မီးဖိုဆောင်ကို ဝါရှင်တန်ဒီစီမှ ဗိသုကာပညာရှင် Anne Decker က အလုံးစုံ ပြန်လည်မွမ်းမံမှုများ ပြုလုပ်ပေးထားသည်။

မီးဖိုဆောင်တွင် စကျင်ကျောက်ပြား စားပွဲမျက်နှာပြင်များ၊ ဗဟိုချက်ပြုတ်ခုံ၊ နောက်ဆုံးပေါ် စတီးအသုံးအဆောင် ပစ္စည်းများ၊ မှန်ဗီရိုစင်များနှင့် စားစရာထားသိုရာ စတိုခန်းတစ်ခုတို့ ရှိသည်။

(မီးဖိုဆောင်။ ဓာတ်ပုံ-Realtor)

(မီးဖိုဆောင်တွင် စကျင်ကျောက်ပြား စားပွဲမျက်နှာပြင်များနှင့် စတိုခန်းတို့ ပါဝင်သည်။ ဓာတ်ပုံ-Realtor)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Madeleine Albright’s Longtime Georgetown Home for Sale for $4M (realtor)

[Zawgyi]

အေမရိကန္ႏိုင္ငံျခားေရးဝန္ၾကီးေဟာင္း မယ္ဒလင္း ေအာဘရိုက္၏ ဝါရွင္တန္ဒီစီမွ စံအိမ္ ကန္ေဒၚလာ ၄ သန္းျဖင့္ ေရာင္းမည္

မယ္ဒလင္း ေအာဘရိုက္ (၁၉၃၇-၂၀၂၂) ၏ အမည္အျပည့္အစံုမွာ မယ္ဒလင္း ဂ်န္နာ ေကာ္ဘဲလ္ ေအာဘရိုက္ (Madeleine Jana Korbel Albright) ျဖစ္သည္။

သမၼတ ဘီလ္ကလင္တန္လက္ထက္တြင္ အေမရိကန္ျပည္ေထာင္စု၏ ၆၄ ဆက္ေျမာက္ ႏိုင္ငံျခားေရးဝန္ၾကီး အျဖစ္ ၁၉၉၇ မွ ၂၀၀၁ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့သည္။

မယ္ဒလင္း ေအာဘရိုက္သည္ အေမရိကန္တြင္ ႏိုင္ငံျခားေရးဝန္ၾကီးတာဝန္ထမ္းေဆာင္ခြင့္ရသည့္ ပထမဆံုး ေသာ အမ်ဳိးသမီးတစ္ဦးလည္း ျဖစ္သည္။

ယခုအခါ အေမရိကန္ျပည္ေထာင္စု၊ ဝါရွင္တန္ဒီစီျမိဳ႕ေတာ္တြင္ မယ္ဒလင္း ေအာဘရိုက္ပိုင္ဆိုင္ခဲ့ေသာ စံအိမ္ အေရာင္းေစ်းကြက္ဝင္လာျပီး ကန္ေဒၚလာ ၄ သန္း ေစ်းေခၚထားသည္။

မယ္ဒလင္း ေအာဘရိုက္သည္ ဝါရွင္တန္ဒီစီျမိဳ႕၊ Georgetown အရပ္ရွိ စံအိမ္တြင္ ႏွစ္ေပါင္း ၅၀ ေက်ာ္ ေနထိုင္သြားခဲ့သည္။

မယ္ဒလင္းေအာဘရိုက္သည္ ႏိုင္ငံေရးနယ္မွ အထင္ကရပုဂၢိဳလ္မ်ား၊ ဝါရွင္တန္ျမိဳ႕မွ ၾသဇာတိကၠမ ၾကီးသူမ်ား၊ ျပည္ပတိုင္းျပည္မ်ားမွ ဂုဏ္သေရရွိ ပုဂၢိဳလ္မ်ားကို ဤစံအိမ္တြင္ ဧည့္ခံျခင္းမ်ား ျပဳလုပ္ခဲ့သည္။

ျပီးခဲ့ေသာ ၂၀၂၂ ခုႏွစ္၊ မတ္လ ၂၃ ရက္တြင္ မယ္ဒလင္း ေအာဘရိုက္ ကြယ္လြန္သြားခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၈၄ ႏွစ္ ရွိျပီ ျဖစ္သည္။

မယ္ဒလင္းေအာဘရိုက္၏ စံအိမ္မွာ ၄ ထပ္အေဆာက္အအံုျဖစ္ျပီး စတုရန္းေပ ၄၈၀၀ ရွိကာ ေရွ႕မ်က္ႏွာစာ ေနရာအခ်ဳိ႕ကို တိုက္ကပ္ႏြယ္တို႔ျဖင့္ ဖံုးလႊမ္းထားပံုမွာ တမ်ဳိးတဖံု ခန္႔ညားထည္ဝါေနသည္။

၁၈၅၃ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး တင့္တယ္ေသာ မူရင္းဗိသုကာလက္ရာမ်ားစြာ ယေန႔တိုင္ ထိန္းသိမ္း ထားဆဲ ျဖစ္ရာ ပန္းဦးရစ္ သရဖူမို၊ ျပင္သစ္တံခါးမ်ားႏွင့္ ထင္းသံုးမီးလင္းဖိုမ်ား အပါအဝင္ ျဖစ္သည္။

စံအိမ္အတြင္း အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၄ ခန္း၊ ညစာစားခန္း၊ ဒုတိယထပ္ စာၾကည့္တိုက္၊ စက်င္ေက်ာက္ ျပားတို႔ျဖင့္ အသစ္မြမ္းမံထားေသာ ေရခ်ဳိးခန္း ပါဝင္သည့္ ပင္မအိပ္ခန္းတို႔ ပါဝင္သည္။

(မယ္ဒလင္း ေအာဘရိုက္၏ ဧည့္ခန္း။ ဓာတ္ပံု-Realtor)

(ညစာစားခန္း။ ဓာတ္ပံု-Realtor)

(ပန္းျခံဆီသို႔ ေပါက္သည့္ ျပင္သစ္တံခါးမ်ား။ ဓာတ္ပံု-Realtor)

(ပင္မအိပ္ခန္း။ ဓာတ္ပံု-Realtor)

(Master bedroom မွ ေရခ်ဳိးခန္း။ ဓာတ္ပံု-Realtor)

စားဖိုမွဴးအဆင့္ ကိုင္တြယ္ႏိုင္ေသာ မီးဖိုေဆာင္ကို ဝါရွင္တန္ဒီစီမွ ဗိသုကာပညာရွင္ Anne Decker က အလံုးစံု ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ေပးထားသည္။

မီးဖိုေဆာင္တြင္ စက်င္ေက်ာက္ျပား စားပြဲမ်က္ႏွာျပင္မ်ား၊ ဗဟိုခ်က္ျပဳတ္ခံု၊ ေနာက္ဆံုးေပၚ စတီးအသံုးအေဆာင္ ပစၥည္းမ်ား၊ မွန္ဗီရိုစင္မ်ားႏွင့္ စားစရာထားသိုရာ စတိုခန္းတစ္ခုတို႔ ရွိသည္။

(မီးဖိုေဆာင္။ ဓာတ္ပံု-Realtor)

(မီးဖိုေဆာင္တြင္ စက်င္ေက်ာက္ျပား စားပြဲမ်က္ႏွာျပင္မ်ားႏွင့္ စတိုခန္းတို႔ ပါဝင္သည္။ ဓာတ္ပံု-Realtor)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Madeleine Albright’s Longtime Georgetown Home for Sale for $4M (realtor)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service