စတားလုံးက လော့စ်အိန်ဂျလိစံအိမ်ကို C.C.R ၏ ရှေ့ထွက်အဆိုတော် John Fogerty အား ဒေါ်လာ ၁သန်းအရှုံးခံကာ ရောင်းချ

စတားလုံးက လော့စ်အိန်ဂျလိစံအိမ်ကို C.C.R ၏ ရှေ့ထွက်အဆိုတော် John Fogerty အား ဒေါ်လာ ၁သန်းအရှုံးခံကာ ရောင်းချ - Property News in Myanmar from iMyanmarHouse.com
24 Oct 2023 10:45 am တွင် တင်ခဲ့သည်
1144 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျွန်ဖိုဂါတီ (John Fogerty) (မွေး ၁၉၄၅) သည် အမေရိကန်အဆိုတော် တေးရေးဖြစ်ပြီး Creedence Clearwater Revival (CCR) ကို တည်ထောင်ခဲ့သူ ဖြစ်သည်။

သူသည် CCR ၏ ရှေ့ထွက်အဆိုတော် ၊ လိဒ်ဂစ်တာသမား တေးရေးတစ်ဦးဖြစ်သည်။

ဂျွန်ဖိုဂါတီသည် ရိုးလင်းစတုန်းမဂ္ဂဇင်းကြီး၏ သမိုင်းတလျှောက် အကြီးမြတ်ဆုံးတေးရေး ၁၀၀ စာရင်းတွင် လည်းကောင်း ၊ သမိုင်းတလျှောက် အကြီးမြတ်ဆုံး အဆိုတော် ၁၀၀ စာရင်းတွင်လည်းကောင်း ဖော်ပြခံရသည်။

မြန်မာနိုင်ငံမှ ပြန်လည်သီဆိုမှု များပြားသော နိုင်ငံခြားဂီတအဖွဲ့များတွင် CCR လည်း အပါအဝင်ဖြစ်သည်။

 

(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)

Pagaan Baby -ဧည့်ခန်းဆောင်မှအသံများ- ကျော်ဟိန်း

Cotton Field မီးပြတိုက် -ကျော်ဟိန်း

Suzi Q ဆိုးမိဆိုး- ကျော်ဟိန်း

It came out of the sky -ဧည့်သည်တစ်ယောက်အကြောင်း- ဇော်ဝင်းထွဋ်

Bad Moon Rising နှင်းခဲမီးရဲ မိုးမဲစေ - မေဆွိ

Hideaway - ရွှေတောင်ကြား- ရင်ဂို

Have you ever seen the rain-သမ္မတရုံက ချစ်ပုံပြင်- ဘိုဘိုဟန် (ဇော်ဝင်းထွဋ်-ဖက်ရှင်မလေး)

(CCR ၏ သီချင်းများကို မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှု အလွန်များပြားပါသည်။ အခြားသီချင်းများ များစွာ ကျန်ရှိပါသေးသည်။)

ယခုအခါ ကယ်လီဖိုးနီးယားပြည်နယ်မှ စံအိမ်တစ်လုံးမှာ ကြယ်ပွင့်တစ်ဦးထံမှ တစ်ခြားတစ်ဦးထံသို့ ရောက်ရှိ သွားပြီ ဖြစ်သည်။

လော့စ်အိန်ဂျလိမြို့ Hidden Hills အရပ်မှ တစ်ဖက်ပိတ်လမ်းကလေးတစ်ခု၏ အဆုံးတွင် တည်ရှိသော စံအိမ်ကို အက်ရှင်ဂန္ထဝင်ကြယ်ပွင့် ဆီဗက်စတာ စတားလုံးက CCR ၏ အဆိုတော် ဂျွန်ဖိုဂါတီထံ ရောင်းချလိုက် သည်။

အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်သော ဂျွန်ဖိုဂါတီက ယခုစံအိမ်ကို ကန်ဒေါ်လာ ၁၇ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့ ခြင်း ဖြစ်သည်။

အဆိုပါ စံအိမ်ကို အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်သော စတားလုံးဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၁၈ ဒသမ ၁၅ သန်း ပေးခဲ့ရရာ ယခုအရောင်းအဝယ်မှာ ဒေါ်လာ ၁ သန်းနီးပါး အရှုံးပေါ်နေသည်။

စတားလုံးက ဤစံအိမ်ကို ဈေးကွက်တင်ခဲ့စဉ်က ကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်း ဈေးခေါ်ခဲ့ခြင်း ဖြစ်ကြောင်း Robb Report က ဖော်ပြသည်။

စတားလုံး ပိုင်ဆိုင်ခဲ့စဉ် ကာလအတွင်း ပြန်လည်မွမ်းမံမှုများ မပြုလုပ်ခဲ့ချေ။ ယခုအရောင်းအဝယ်မှာ ဈေးကွက်ပြင်ပအရောင်းအဝယ် ဖြစ်ခဲ့သည်။

(မှတ်ချက်။ ဈေးကွက်ပြင်ပ အရောင်းအဝယ်ဟူသည်မှာ အိမ်ခြံမြေရောင်းချမည်ဟု အိမ်ခြံမြေဝက်ဘ်ဆိုက် များတွင် တရားဝင် အရောင်းမတင်ဘဲ နီးစပ်ရာ အဆက်အသွယ်ဖြင့် ရောင်းချခြင်းမျိုးဖြစ်သည်။)

၂၀၁၄ ခုနှစ်က ဆောက်လုပ်ခဲ့သော စံအိမ်ဖြစ်ပြီး ပင်မစံအိမ် ၊ ဧည့်ဂေဟာ ၊ ရေကူးကန်ဘေးအိမ်နှင့် မြင်းဇောင်း ၅ ခုတို့ ပါဝင်ကြောင်း ယခင်က အရောင်းဈေးကွက် တင်ခဲ့ဖူးသော Zillow အိမ်ခြံမြေဝက်ဘ်ဆိုက်မှ အရောင်းကြော်ငြာဟောင်းတစ်ခုတွင် ဖော်ပြသည်။

 

 

(စံအိမ်၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ-Google Earth)

 

 

(ခြံဝန်းအကျယ် ၂ ဧကကျော် ရှိသည်။ ဓာတ်ပုံ-Google Earth)

 

 

(ဆီဗက်စတာ စတားလုံး။ ဓာတ်ပုံ-Netflix)

 

ခြံဝန်းအကျယ်မှာ ၂ ဧကကျော်ရှိပြီး ပင်မစံအိမ်တွင် Masterbedroom ၅ ခန်း ၊ မီးဖိုဆောင် ၁ ခု ၊ စာကြည့်တိုက် ၊ မီဒီယာခန်းမ ၊ ကျောက်တုံးကြမ်းပြင်နှင့် မှန်နံရံများ ကာရံထားသော ပန်းဥယျာဉ် ခန်းမ ၊ ညစာစားခန်း ၊ အရသာမြည်းစမ်းခန်းပါသော ဝိုင်သိုလှောင်ခန်းတို့ ပါသည်။

ပင်မအိပ်ခန်းတွင် လမ်းလျှောက်ဝင်နိုင်သော အဝတ်အစား ထားသိုခန်း ၊ အရက်ဘား ၊ အဝတ်လျှော်နေရာ ၊ လသာဆောင်နှင့် ရေပန်းရေစိမ်ကန်တို့ပါသော ရေချိုးခန်းတစ်ခု ရှိသည်။

 

 

ခြံဝန်းအတွင်း ကောင်းစွာမြေယာအလှ ပြုပြင်ထားပြီး ရေကူးကန်တစ်ခု ၊ မီးလင်းဖိုတစ်ခုပါသော Outdoor လေသာဆောင် ၊ အကင်နေရာ ၊ ရေခဲသေတ္တာ ၁ လုံး၊ ကား ၄ စင်းဆန့် ကားဂိုဒေါင်နှင့် ကစားကွင်းတစ်ခုတို့ ရှိသည်။

ထို့အပြင် အော်ဂဲနစ် ဟင်းသီးဟင်းရွက်စိုက်ခင်းများ ၊ သစ်သီးဝလံများ ဝေဆာလျက်ရှိသော အပင် ၁၀၀ ကျော် ၊ မှန်လုံအိမ် ၁ ခုနှင့် Koi Pond ၁ ခုတို့လည်း ပါဝင်သည်။

 

(ဆက်စပ်သတင်း)

ကမ္ဘာကျော် တေးဂီတအဖွဲ့ကြီး CCR ၏ ရှေ့ထွက်အဆိုတော် John Fogerty ကယ်လီဖိုးနီးယားပြည်နယ်မှ စံအိမ်ကို ဒေါ်လာ သန်း ၂၀ နီးပါးဖြင့် ရောင်းမည်

https://www.imyanmarhouse.com/news/read/1076365

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Sylvester Stallone sells LA mansion to John Fogerty at $1M loss (nypost)

 

 

 

 

[Zawgyi]

စတားလံုးက ေလာ့စ္အိန္ဂ်လိစံအိမ္ကို C.C.R ၏ ေရွ႕ထြက္အဆုိေတာ္ John Fogerty အား ေဒၚလာ ၁သန္းအရံႈးခံကာ ေရာင္းခ်

 

ဂၽြန္ဖိုဂါတီ (John Fogerty) (ေမြး ၁၉၄၅) သည္ အေမရိကန္အဆိုေတာ္ ေတးေရးျဖစ္ျပီး Creedence Clearwater Revival (CCR) ကို တည္ေထာင္ခဲ့သူ ျဖစ္သည္။

သူသည္ CCR ၏ ေရွ႕ထြက္အဆုိေတာ္ ၊ လိဒ္ဂစ္တာသမား ေတးေရးတစ္ဦးျဖစ္သည္။

ဂၽြန္ဖိုဂါတီသည္ ရိုးလင္းစတုန္းမဂၢဇင္းၾကီး၏ သမိုင္းတေလွ်ာက္ အၾကီးျမတ္ဆံုးေတးေရး ၁၀၀ စာရင္းတြင္ လည္းေကာင္း ၊ သမိုင္းတေလွ်ာက္ အၾကီးျမတ္ဆံုး အဆုိေတာ္ ၁၀၀ စာရင္းတြင္လည္းေကာင္း ေဖာ္ျပခံရသည္။

ျမန္မာႏုိင္ငံမွ ျပန္လည္သီဆိုမႈ မ်ားျပားေသာ ႏိုင္ငံျခားဂီတအဖြဲ႔မ်ားတြင္ CCR လည္း အပါအဝင္ျဖစ္သည္။

(ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈမ်ား)

Pagaan Baby -ဧည့္ခန္းေဆာင္မွအသံမ်ား- ေက်ာ္ဟိန္း

Cotton Field မီးျပတိုက္ -ေက်ာ္ဟိန္း

Suzi Q ဆိုးမိဆိုး- ေက်ာ္ဟိန္း

It came out of the sky -ဧည့္သည္တစ္ေယာက္အေၾကာင္း- ေဇာ္ဝင္းထြဋ္

Bad Moon Rising ႏွင္းခဲမီးရဲ မိုးမဲေစ - ေမဆြိ

Hideaway - ေရႊေတာင္ၾကား- ရင္ဂို

Have you ever seen the rain-သမၼတရံုက ခ်စ္ပံုျပင္- ဘိုဘိုဟန္ (ေဇာ္ဝင္းထြဋ္-ဖက္ရွင္မေလး)

(CCR ၏ သီခ်င္းမ်ားကို ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈ အလြန္မ်ားျပားပါသည္။ အျခားသီခ်င္းမ်ား မ်ားစြာ က်န္ရွိပါေသးသည္။)

ယခုအခါ ကယ္လီဖိုးနီးယားျပည္နယ္မွ စံအိမ္တစ္လံုးမွာ ၾကယ္ပြင့္တစ္ဦးထံမွ တစ္ျခားတစ္ဦးထံသုိ႔ ေရာက္ရွိ သြားျပီ ျဖစ္သည္။

ေလာ့စ္အိန္ဂ်လိျမဳိ႕ Hidden Hills အရပ္မွ တစ္ဖက္ပိတ္လမ္းကေလးတစ္ခု၏ အဆံုးတြင္ တည္ရွိေသာ စံအိမ္ကို အက္ရွင္ဂႏၳဝင္ၾကယ္ပြင့္ ဆီဗက္စတာ စတားလံုးက CCR ၏ အဆိုေတာ္ ဂၽြန္ဖုိဂါတီထံ ေရာင္းခ်လိုက္ သည္။

အသက္ ၇၈ ႏွစ္အရြယ္ရွိျပီျဖစ္ေသာ ဂၽြန္ဖုိဂါတီက ယခုစံအိမ္ကို ကန္ေဒၚလာ ၁၇ ဒသမ ၂ သန္းျဖင့္ ဝယ္ယူခဲ့ ျခင္း ျဖစ္သည္။

အဆုိပါ စံအိမ္ကို အသက္ ၇၇ ႏွစ္အရြယ္ရွိျပီျဖစ္ေသာ စတားလံုးဝယ္ယူခဲ့စဥ္က ကန္ေဒၚလာ ၁၈ ဒသမ ၁၅ သန္း ေပးခဲ့ရရာ ယခုအေရာင္းအဝယ္မွာ ေဒၚလာ ၁ သန္းနီးပါး အရံႈးေပၚေနသည္။

စတားလံုးက ဤစံအိမ္ကုိ ေစ်းကြက္တင္ခဲ့စဥ္က ကန္ေဒၚလာ ၂၂ ဒသမ ၅ သန္း ေစ်းေခၚခဲ့ျခင္း ျဖစ္ေၾကာင္း Robb Report က ေဖာ္ျပသည္။ စတားလုံး ပိုင္ဆိုင္ခဲ့စဥ္ ကာလအတြင္း ျပန္လည္မြမ္းမံမႈမ်ား မျပဳလုပ္ခဲ့ေခ်။ ယခုအေရာင္းအဝယ္မွာ ေစ်းကြက္ျပင္ပအေရာင္းအဝယ္ ျဖစ္ခဲ့သည္။

(မွတ္ခ်က္။ ေစ်းကြက္ျပင္ပ အေရာင္းအဝယ္ဟူသည္မွာ အိမ္ျခံေျမေရာင္းခ်မည္ဟု အိမ္ျခံေျမဝက္ဘ္ဆုိက္ မ်ားတြင္ တရားဝင္ အေရာင္းမတင္ဘဲ နီးစပ္ရာ အဆက္အသြယ္ျဖင့္ ေရာင္းခ်ျခင္းမ်ဳိးျဖစ္သည္။)

၂၀၁၄ ခုႏွစ္က ေဆာက္လုပ္ခဲ့ေသာ စံအိမ္ျဖစ္ျပီး ပင္မစံအိမ္ ၊ ဧည့္ေဂဟာ ၊ ေရကူးကန္ေဘးအိမ္ႏွင့္ ျမင္းေဇာင္း ၅ ခုတို႔ ပါဝင္ေၾကာင္း ယခင္က အေရာင္းေစ်းကြက္ တင္ခဲ့ဖူးေသာ Zillow အိမ္ျခံေျမဝက္ဘ္ဆုိက္မွ အေရာင္းေၾကာ္ျငာေဟာင္းတစ္ခုတြင္ ေဖာ္ျပသည္။

(စံအိမ္၏ ေကာင္းကင္ျမင္ကြင္း။ ဓာတ္ပံု-Google Earth)

(ျခံဝန္းအက်ယ္ ၂ ဧကေက်ာ္ ရွိသည္။ ဓာတ္ပံု-Google Earth)

(ဆီဗက္စတာ စတားလံုး။ ဓာတ္ပံု-Netflix)

ျခံဝန္းအက်ယ္မွာ ၂ ဧကေက်ာ္ရွိျပီး ပင္မစံအိမ္တြင္ Masterbedroom ၅ ခန္း ၊ မီးဖိုေဆာင္ ၁ ခု ၊ စာၾကည့္တုိက္ ၊ မီဒီယာခန္းမ ၊ ေက်ာက္တံုးၾကမ္းျပင္ႏွင့္ မွန္နံရံမ်ား ကာရံထားေသာ ပန္းဥယ်ာဥ္ ခန္းမ ၊ ညစာစားခန္း ၊ အရသာျမည္းစမ္းခန္းပါေသာ ဝိုင္သိုေလွာင္ခန္းတုိ႔ ပါသည္။

ပင္မအိပ္ခန္းတြင္ လမ္းေလွ်ာက္ဝင္ႏိုင္ေသာ အဝတ္အစား ထားသိုခန္း ၊ အရက္ဘား ၊ အဝတ္ေလွ်ာ္ေနရာ ၊ လသာေဆာင္ႏွင့္ ေရပန္းေရစိမ္ကန္တုိ႔ပါေသာ ေရခ်ဳိးခန္းတစ္ခု ရွိသည္။

ျခံဝန္းအတြင္း ေကာင္းစြာေျမယာအလွ ျပဳျပင္ထားျပီး ေရကူးကန္တစ္ခု ၊ မီးလင္းဖိုတစ္ခုပါေသာ Outdoor ေလသာေဆာင္ ၊ အကင္ေနရာ ၊ ေရခဲေသတၱာ ၁ လံုး၊ ကား ၄ စင္းဆန္႔ ကားဂိုေဒါင္ႏွင့္ ကစားကြင္းတစ္ခုတို႔ ရွိသည္။

ထို႔အျပင္ ေအာ္ဂဲနစ္ ဟင္းသီးဟင္းရြက္စိုက္ခင္းမ်ား ၊ သစ္သီးဝလံမ်ား ေဝဆာလ်က္ရွိေသာ အပင္ ၁၀၀ ေက်ာ္ ၊ မွန္လံုအိမ္ ၁ ခုႏွင့္ Koi Pond ၁ ခုတို႔လည္း ပါဝင္သည္။

(ဆက္စပ္သတင္း)

ကမၻာေက်ာ္ ေတးဂီတအဖြဲ႔ၾကီး CCR ၏ ေရွ႕ထြက္အဆိုေတာ္ John Fogerty ကယ္လီဖုိးနီးယားျပည္နယ္မွ စံအိမ္ကို ေဒၚလာ သန္း ၂၀ နီးပါးျဖင့္ ေရာင္းမည္

https://www.imyanmarhouse.com/news/read/1076365

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Sylvester Stallone sells LA mansion to John Fogerty at $1M loss (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျိန်စာသင့်အရုပ်များ၊ ခေါင်းတလားများနှင့် ခြောက်ခြားဖွယ်ပစ္စည်းများ စုဆောင်းထားသော အမေရိကန်မှ မိန်းကလေးတစ်ဦး၏ ကျောချမ်းဖွယ် နေအိမ်...
ကျိန်စာသင့်အရုပ်များ၊ ခေါင်းတလားများနှင့် ခြောက်ခြားဖွယ်ပစ္စည်းများ စုဆောင်းထားသော အမေရိကန်မှ မိန်းကလေးတစ်ဦး၏ ကျောချမ်းဖွယ် နေအိမ်...
ဆောက်လုပ်ရေးလုပ်သား ရှားပါးနေသော အမေရိကန်ဆောက်လုပ်ရေးလောကအကြောင်း ရင်ဖွင့်လာသည့် နယူးဂျာစီပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်...
ဆောက်လုပ်ရေးလုပ်သား ရှားပါးနေသော အမေရိကန်ဆောက်လုပ်ရေးလောကအကြောင်း ရင်ဖွင့်လာသည့် နယူးဂျာစီပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်...
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက်ရှ် အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ ဒူဘိုင်းသို့ ပြောင်းရွှေ့ နေထိုင်ဖွယ်ရှိ...
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက်ရှ် အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ ဒူဘိုင်းသို့ ပြောင်းရွှေ့ နေထိုင်ဖွယ်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

platinum-garden
maha

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service