တိုက်ခန်းဝယ်တော့မယ်ဆိုရင် ကြိုတင်သိသင့်တဲ့ အချက်တွေ……..

တိုက်ခန်းဝယ်တော့မယ်ဆိုရင် ကြိုတင်သိသင့်တဲ့ အချက်တွေ…….. - Property Knowledge in Myanmar from iMyanmarHouse.com
22 Oct 2023 3:28 pm တွင် တင်ခဲ့သည်
1376 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

လွန်ခဲ့သောနှစ်က တောင်ဒဂုံ ၊ ပုဂံလမ်းမှ (20 x 60 ) မြေနှင့်အိမ်ကို ဝယ်သူ “ဈာန်ထွန်း” မှာ သင်္ဘောသားတစ်ယောက်ပေါ့ နိုင်ငံခြားမှယခုပြန်ရောက်နေပြီးတိုက်ခန်းတစ်ခန်းဝယ်လို၍ မောင်ကောင်းဖေနှင့် လာရောက်တွေ့ဆုံလိုကြောင်းပြောသဖြင့် မောင်ကောင်းဖေလည်းရုံးခန်းရှိရာ ၈၃/-ပန်းဆိုးတန်းလမ်းတွင် တွေ့ဆုံရန်ချိန်းဆိုလိုက်ပါတယ်။ မကြာမီ ဈာန်ထွန်းလာရောက်၍ ခေတ္တအပန်းဖြေနားနေစေပြီးမှ “ညီလေးဈာန်ထွန်းက ဘယ်လိုတိုက်ခန်းမျိုး ဘယ်လိုနေရာမျိုးကို ကြိုက်တာလဲ”

“မရမ်းကုန်မြို့နယ်တွင်းမှာ ဝယ်ထားချင်တယ်ဆရာ”

“မရမ်းကုန်းမြို့နယ်ကလည်း အရင်ကလို မဟုတ်တော့ဘူး။ ဈေးတော်တော်မြောက်လာတယ်။ အနည်းဆုံး သိန်း( )လောက်ရင်းမှ တိုက်ခန်းဝယ်နိုင်မယ်ထင်တယ်။

“ဒီလိုလေ ………… ဆရာကောင်းလွန်ခဲ့တဲ့နှစ်နှစ်က ဆရာကောင်းဖေစာချုပ်ပေးခဲ့တဲ့ တောင်ဒဂုံ၊ ပုဂံလမ်းက မြေနဲ့အိမ်ကို အခုပြန်ရောင်းတာ ဈေးကောင်းရလိုက်တယ်ဆရာ။ အဲဒါ သင်္ဘောပြန်မတက်ခင် တိုက်ခန်းကောင်းကောင်းလေးတစ်ခန်းလောက် ပြန်ဝယ်ထားချင်လို့လေ”

ဟုပြောရာ “မောင်ကောင်ဖေ”က

“ဪ…ကောင်းသားပဲ၊ တိုက်ခန်းဝယ်တော့မယ်ဆိုရင် ပွဲစားကတစ်ဆင့် ဝယ်ရမှာဆိုတော့ ကြိုတင် လေ့လာထားဖို့တော့ လိုတယ်နော်” ဟု သတိပေးလိုက်ရော…………

“ဘာဖြစ်လို့လဲ ဆရာကောင်းရဲ့ဟု” ဈာန်းထွန်းက ထူးဆန်းသလို မေးလာပါတယ်။ “တိုက်ခန်းကလည်း အမျိူးမျိူးရှိတယ်။ ပုဂ္ဂလိကတိုက်ခန်း၊ ပြည်သူပိုင်မှ ပြန်ပေးသောတိုက်ခန်း၊ ဘာသာရေးတိုက်ခန်း၊ ပြည်သူပိုင် (သို့မဟုတ်)အစိုးရပိုင်အခန်းများဆိုပြီး ခွဲခြားသိနိုင်ဖို့ ကြိုးစားရမယ်လေ”

“ရှင်းပြပေးပါဦး”ဆရာကောင်းရယ်

“အကုန်ပြောပြပါ့မယ်။ အကျယ်ကို သိချင်ရင်တော့ “ဦးမြင့်လွင်ရဲ့ စာချုပ်စာတမ်းအမျိုးမျိုး ချုပ်ဆိုနည်း လမ်းညွှန်မှာ” ရှာပြီဖတ်ကြည့်ပါ။

 

ပုဂ္ဂလိကပိုင်တိုက်ခန်း

“ပုဂ္ဂလိကပိုင် တိုက်ခန်းဆိုတာကတော့ ဂရန်အမည်ပေါက် ဒါမှမဟုတ် ဘိုးဘွားပိုင်မြေကွက်ပေါ်မှာ မြေပိုင်ရှင်က သူ့ပိုင်ငွေနဲ့သူ ဆောက်လုပ်တာရှိတယ်။ ဒါမဟုတ် ကန်ထရိုက်တာနဲ့ အခန်းပေး၊ အခန်းယူ ဆောက်လုပ်သည့်တိုက်ခန်းဆိုပြီး နှစ်မျိုးရှိတယ်။ အဲဒီလိုမျိုး ပုဂ္ဂလိကပိုင်တိုက်ခန်းကို ဝယ်ရင်တော့ ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ဌားရမ်းခကြီးကြပ်ရေး အပ်ဥပဒေအရ မြေပိုင်ရှင်ကို အိမ်လခပေးရတယ်။ အိမ်က အခန်းဝယ်တယ်ဆိုပေမယ့် နေထိုင်ခွင့်နှင့် ထပ်ဆင့်လွှဲပြောင်းရောင်းချ၊ ငှါးရမ်းပိုင်ခွင့်ရှိသော အိမ်ငှါး (Tanant) ဖြစ်တယ်လေ။ ပုဂ္ဂလိကပိုင်တိုက်ခန်းဆိုပေမယ့် အိုးအိမ်ဦးစီးဌာနမှ ပုဂ္ဂလိကသို့အပြီးအပြတ်ရောင်းသော အခန်းများလည်းရှိတယ်။ ဥပမာ- ယုဇနဥယျာဉ် မြို့တော်က တိုက်ခန်းတွေဟာ ပုဂ္ဂလိကပိုင်ဆိုပေမယ့် အိုးအိမ်ဦးစီးဌာနတိုက်ခန်းတွေနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကပိုင်တဲ့ တိုက်ခန်းတွေလည်းပါရှိနေတယ်လို့ သိရတယ်။အဲဒီလိုအိုးအိမ်နဲ့စည်ပင်ကတစ်ဆင့်ပြန်ဝယ်တဲ့ တိုက်ခန်းတွေဆိုရင်အိမ်လခပေးစရာမလိုဘူး။ မိမိနာမည်ပေါက်ပြောင်းချင်ရင်လည်းအဲဒီဌာနမှာ သွားပြီး‌လျှောက်လို့ရတယ်လို့ သိရတယ်”

 

ပြန်ပေးသောတိုက်ခန်းများ

“ အစိုးရက ပြည်သူပိုင်သိမ်းယူထားသော အခန်းဆိုတာလည်း ရှိသေးတယ်။ ဒါကလည်း နိုင်ငံတော်က အသုံးပြုဖို့ မလိုတော့ဘူးဆိုရင် ပြန်လည်စိစစ်ပြီး မူလပိုင်ရှင်တွေကို ပြန်လည်လွှဲပြောင်းပေးတယ်လေ။ ဒီအခန်းတွေက ပုဂ္ဂလိကပိုင်အခန်းတွေပဲပေါ့ ”

 

ယာယီထိန်းသိမ်းထားတဲ့တိုက်ခန်း

 

“တိုက်ခန်းဝယ်ယူနေထိုင်သူကို ကြွေးမဆပ်နိုင်တဲ့အတွက် မြို့တော်စည်ပင်က ယာယီထိန်းသိမ်းထား တဲ့ အခန်းမျိုးလည်း ရှိသေးတယ်။ အဲဒီအခန်းမျိုးကို ဝယ်မိရင် နောက်ထပ်ဝယ်သူက စည်ပင်ကြွေးကျန်တွေ ကို တာဝန်ယူပေးဆပ်ရတာမျိုးလည်း ရှိတယ်”

 

ဘာသာရေးပိုင်တိုက်ခန်းများ

“နောက်တစ်ခုက ဘာသာရေးပိုင်အခန်းများဖြစ်တဲ့ တရုတ်ဘုံကျောင်းပိုင်အခန်းများ ဟိန္ဒူဘုရားကျောင်း ပိုင်အခန်းများ၊ မွတ်ဆလင်ဗလီအခန်းများလည်း ရှိတယ်။ ထို့အတူ မြန်မာဗုဒ္ဓဘာသာ ဘုန်တော်ကြီးကျောင်း ပိုင်အခန်းများလည်း ရှိတယ်။ (ဥပမာ -ပန်းဘဲတန်းမြို့နယ်က ရန်ကုန်မြို့လယ် မဟာသိမ်တော်ကြီး ကျောင်းတိုက်ပိုင် အခန်းများ) အဲဒီလိုအခန်းတွေကိုလည်း အပျောက်စနစ်နဲ့ ရောင်းချတတ်ကြတယ်။ ရရှိတဲ့ငွေ၊ အခန်းငှါးခတွေကို တော့ ဘာသာရေးရန်ပုံငွေအဖြစ်အသုံးပြုဖို့ဖြစ်တယ်လို့ သိရတယ်။ ဘာသာရေးပိုင်အခန်းများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ပိုင်ဆိုင်မှုအမည်ပြောင်းလဲခြင်းများကိုတော့ သက်ဆိုင်ရာဂေါပကလူကြီးများက စီမံခန့်ခွဲကြ တယ်လို့ သိရတယ်”

အစိုးရပိုင်အခန်းများ

“အစိုးရပိုင် အခန်းဆိုတာကတော့ နိုင်ငံတော်ပိုင် မြေပေါ်တွင်နိုင်ငံတော်ပိုင်ငွေဖြင့် ဆောက်လုပ်ပြီး နေထိုင်ခွင့်ပြု၍ အငှားချထားသော အခန်းများလည်းရှိတယ်။(ဥပမာ- ရန်ကင်းအိမ်ရာ၊ ဦးဝိစာရအိမ်ရာ၊ ဖဆပလအိမ်ရာတို့ပေါ့)”

 

နိုင်ငံခြားပိုင်အခန်းများ

 

“နိုင်ငံခြားပြန်အခန်းဆိုတာကတော့ နိုင်ငံခြားသားပိုင်တဲ့ အခန်းပေါ့။ မြန်မာနိုင်ငံမှ အပြီးအပိုင်ပြန် ကြသူတွေက ယင်းအခန်းတွေကို နိုင်ငံတော်သို့ အပ်နှံခဲ့ရတာရှိသလို နိုင်ငံတော်မှ သိမ်းယူထားတဲ့အခန်း‌တွေကို ပြောတာပေါ့။ နောက်သတိထားရမှာက စည်ပင်သာယာမှ ယာယီထိန်းသိမ်းထားတဲ့ အခန်းတွေဆိုတာကလည်း ရှိသေးတယ်။ စည်ပင်သာယာရေးကော်မတီရဲ့စည်းကမ်းချက်တွေ၊ ဥပဒေပြဠာန်းချက်တွေနဲ့ မကိုက်ညီလို့၊ ညွှန်ကြားချက်တွေကို မလိုက်နာလိုဆိုပြီး စည်ပင်သာယာက ယာယီထိန်းသိမ်းထားတဲ့ အခန်းတွေတဲ့။ အဲဒါတွေကြည့်ပြီး စုံစမ်းထားသင့်တယ်” “အဲ…ထူးထူးခြားခြားသိဖို့က ပြစ်မှုဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ အရေးယူခံရပြီး နိုင်ငံဘဏ္ဍအဖြစ် သိမ်းယူခြင်းခံထားရတဲ့ တိုက်ခန်းတွေလည်းရှိသေးတယ်။အခုပြောပြတဲ့အချက်တွေကတော့ တိုက်ခန်းအရောင်းအဝယ် စရန်မချခင် ပွဲစားကတစ်ဆင့် ကြိုတင်လေ့လာထားဖို့ပြောပြထားတာပါ”

“အစကောင်းတော့ အနှောင်းသေချာဆိုသလို အစကသေချာရင် ဝယ်ပြီးတဲ့နောက်မှာလည်း စိတ်ချမ်းသာရတာပေါ့”

“ကျေးဇူးတင်ပါတယ်…ဆရာကောင်းဖေရယ် ဝယ်ဖို့တိုက်ခန်းတွေ့ရင် ဆရာဆီ အချိန်မီ ဖုန်းဆက်လိုက် မယ်။ ဆရာစာချုပ် ချုပ်ပေးဖို့သာ အသင့်ပြင်ထားပေတော့။ ကျွန်တော်ကို ပြန်ခွင့်ပြုပါဦး” “ကောင်းပါပြီး”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်မောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

 [Zawgyi]

 

တိုက္ခန္းဝယ္ေတာ့မယ္ဆိုရင္ ႀကိဳတင္သိသင့္တဲ့ အခ်က္ေတြ……..

လြန္ခဲ့ေသာႏွစ္က ေတာင္ဒဂုံ ၊ ပုဂံလမ္းမွ (20 x 60 ) ေျမႏွင့္အိမ္ကို ဝယ္သူ “ဈာန္ထြန္း” မွာ သေဘၤာသားတစ္ေယာက္ေပါ့ ႏိုင္ငံျခားမွယခုျပန္ေရာက္ေနၿပီးတိုက္ခန္းတစ္ခန္းဝယ္လို၍ ေမာင္ေကာင္းေဖႏွင့္ လာေရာက္ေတြ႕ဆုံလိုေၾကာင္းေျပာသျဖင့္ ေမာင္ေကာင္းေဖလည္း႐ုံးခန္း႐ွိရာ ၈၃/-ပန္းဆိုးတန္းလမ္းတြင္ ေတြ႕ဆုံရန္ခ်ိန္းဆိုလိုက္ပါတယ္။ မၾကာမီ ဈာန္ထြန္းလာေရာက္၍ ေခတၱအပန္းေျဖနားေနေစၿပီးမွ “ညီေလးဈာန္ထြန္းက ဘယ္လိုတိုက္ခန္းမ်ိဳး ဘယ္လိုေနရာမ်ိဳးကို ႀကိဳက္တာလဲ”

“မရမ္းကုန္ၿမိဳ႕နယ္တြင္းမွာ ဝယ္ထားခ်င္တယ္ဆရာ”

“မရမ္းကုန္းၿမိဳ႕နယ္ကလည္း အရင္ကလို မဟုတ္ေတာ့ဘူး။ ေဈးေတာ္ေတာ္ေျမာက္လာတယ္။ အနည္းဆုံး သိန္း( )ေလာက္ရင္းမွ တိုက္ခန္းဝယ္ႏိုင္မယ္ထင္တယ္။

“ဒီလိုေလ ………… ဆရာေကာင္းလြန္ခဲ့တဲ့ႏွစ္ႏွစ္က ဆရာေကာင္းေဖစာခ်ဳပ္ေပးခဲ့တဲ့ ေတာင္ဒဂုံ၊ ပုဂံလမ္းက ေျမနဲ႔အိမ္ကို အခုျပန္ေရာင္းတာ ေဈးေကာင္းရလိုက္တယ္ဆရာ။ အဲဒါ သေဘၤာျပန္မတက္ခင္ တိုက္ခန္းေကာင္းေကာင္းေလးတစ္ခန္းေလာက္ ျပန္ဝယ္ထားခ်င္လို႔ေလ”

ဟုေျပာရာ “ေမာင္ေကာင္ေဖ”က

“ဪ…ေကာင္းသားပဲ၊ တိုက္ခန္းဝယ္ေတာ့မယ္ဆိုရင္ ပြဲစားကတစ္ဆင့္ ဝယ္ရမွာဆိုေတာ့ ႀကိဳတင္ ေလ့လာထားဖို႔ေတာ့ လိုတယ္ေနာ္” ဟု သတိေပးလိုက္ေရာ…………

“ဘာျဖစ္လို႔လဲ ဆရာေကာင္းရဲ႕ဟု” ဈာန္းထြန္းက ထူးဆန္းသလို ေမးလာပါတယ္။ “တိုက္ခန္းကလည္း အမ်ိဴးမ်ိဴး႐ွိတယ္။ ပုဂၢလိကတိုက္ခန္း၊ ျပည္သူပိုင္မွ ျပန္ေပးေသာတိုက္ခန္း၊ ဘာသာေရးတိုက္ခန္း၊ ျပည္သူပိုင္ (သို႔မဟုတ္)အစိုးရပိုင္အခန္းမ်ားဆိုၿပီး ခြဲျခားသိႏိုင္ဖို႔ ႀကိဳးစားရမယ္ေလ”

“႐ွင္းျပေပးပါဦး”ဆရာေကာင္းရယ္

“အကုန္ေျပာျပပါ့မယ္။ အက်ယ္ကို သိခ်င္ရင္ေတာ့ “ဦးျမင့္လြင္ရဲ႕ စာခ်ဳပ္စာတမ္းအမ်ိဳးမ်ိဳး ခ်ဳပ္ဆိုနည္း လမ္းၫႊန္မွာ” ႐ွာၿပီဖတ္ၾကည့္ပါ။

 

ပုဂၢလိကပိုင္တိုက္ခန္း “ပုဂၢလိကပိုင္ တိုက္ခန္းဆိုတာကေတာ့ ဂရန္အမည္ေပါက္ ဒါမွမဟုတ္ ဘိုးဘြားပိုင္ေျမကြက္ေပၚမွာ ေျမပိုင္႐ွင္က သူ႕ပိုင္ေငြနဲ႔သူ ေဆာက္လုပ္တာ႐ွိတယ္။ ဒါမဟုတ္ ကန္ထ႐ိုက္တာနဲ႔ အခန္းေပး၊ အခန္းယူ ေဆာက္လုပ္သည့္တိုက္ခန္းဆိုၿပီး ႏွစ္မ်ိဳး႐ွိတယ္။ အဲဒီလိုမ်ိဳး ပုဂၢလိကပိုင္တိုက္ခန္းကို ဝယ္ရင္ေတာ့ ၁၉၆၀ ျပည့္ႏွစ္၊ ၿမိဳ႕ျပဆိုင္ရာ ဌားရမ္းခႀကီးၾကပ္ေရး အပ္ဥပေဒအရ ေျမပိုင္႐ွင္ကို အိမ္လခေပးရတယ္။ အိမ္က အခန္းဝယ္တယ္ဆိုေပမယ့္ ေနထိုင္ခြင့္ႏွင့္ ထပ္ဆင့္လႊဲေျပာင္းေရာင္းခ်၊ ငွါးရမ္းပိုင္ခြင့္႐ွိေသာ အိမ္ငွါး (Tanant) ျဖစ္တယ္ေလ။ ပုဂၢလိကပိုင္တိုက္ခန္းဆိုေပမယ့္ အိုးအိမ္ဦးစီးဌာနမွ ပုဂၢလိကသို႔အၿပီးအျပတ္ေရာင္းေသာ အခန္းမ်ားလည္း႐ွိတယ္။ ဥပမာ- ယုဇနဥယ်ာဥ္ ၿမိဳ႕ေတာ္က တိုက္ခန္းေတြဟာ ပုဂၢလိကပိုင္ဆိုေပမယ့္ အိုးအိမ္ဦးစီးဌာနတိုက္ခန္းေတြနဲ႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကပိုင္တဲ့ တိုက္ခန္းေတြလည္းပါ႐ွိေနတယ္လို႔ သိရတယ္။အဲဒီလိုအိုးအိမ္နဲ႔စည္ပင္ကတစ္ဆင့္ျပန္ဝယ္တဲ့ တိုက္ခန္းေတြဆိုရင္အိမ္လခေပးစရာမလိုဘူး။ မိမိနာမည္ေပါက္ေျပာင္းခ်င္ရင္လည္းအဲဒီဌာနမွာ သြားၿပီး‌ေလွ်ာက္လို႔ရတယ္လို႔ သိရတယ္”

 

 

ျပန္ေပးေသာတိုက္ခန္းမ်ား “ အစိုးရက ျပည္သူပိုင္သိမ္းယူထားေသာ အခန္းဆိုတာလည္း ႐ွိေသးတယ္။ ဒါကလည္း ႏိုင္ငံေတာ္က အသုံးျပဳဖို႔ မလိုေတာ့ဘူးဆိုရင္ ျပန္လည္စိစစ္ၿပီး မူလပိုင္႐ွင္ေတြကို ျပန္လည္လႊဲေျပာင္းေပးတယ္ေလ။ ဒီအခန္းေတြက ပုဂၢလိကပိုင္အခန္းေတြပဲေပါ့ ”

 

ယာယီထိန္းသိမ္းထားတဲ့တိုက္ခန္း

“တိုက္ခန္းဝယ္ယူေနထိုင္သူကို ေႂကြးမဆပ္ႏိုင္တဲ့အတြက္ ၿမိဳ႕ေတာ္စည္ပင္က ယာယီထိန္းသိမ္းထား တဲ့ အခန္းမ်ိဳးလည္း ႐ွိေသးတယ္။ အဲဒီအခန္းမ်ိဳးကို ဝယ္မိရင္ ေနာက္ထပ္ဝယ္သူက စည္ပင္ေႂကြးက်န္ေတြ ကို တာဝန္ယူေပးဆပ္ရတာမ်ိဳးလည္း ႐ွိတယ္”

 

ဘာသာေရးပိုင္တိုက္ခန္းမ်ား

“ေနာက္တစ္ခုက ဘာသာေရးပိုင္အခန္းမ်ားျဖစ္တဲ့ တ႐ုတ္ဘုံေက်ာင္းပိုင္အခန္းမ်ား ဟိႏၵဴဘုရားေက်ာင္း ပိုင္အခန္းမ်ား၊ မြတ္ဆလင္ဗလီအခန္းမ်ားလည္း ႐ွိတယ္။ ထို႔အတူ ျမန္မာဗုဒၶဘာသာ ဘုန္ေတာ္ႀကီးေက်ာင္း ပိုင္အခန္းမ်ားလည္း ႐ွိတယ္။ (ဥပမာ -ပန္းဘဲတန္းၿမိဳ႕နယ္က ရန္ကုန္ၿမိဳ႕လယ္ မဟာသိမ္ေတာ္ႀကီး ေက်ာင္းတိုက္ပိုင္ အခန္းမ်ား) အဲဒီလိုအခန္းေတြကိုလည္း အေပ်ာက္စနစ္နဲ႔ ေရာင္းခ်တတ္ၾကတယ္။ ရ႐ွိတဲ့ေငြ၊ အခန္းငွါးခေတြကို ေတာ့ ဘာသာေရးရန္ပုံေငြအျဖစ္အသုံးျပဳဖို႔ျဖစ္တယ္လို႔ သိရတယ္။ ဘာသာေရးပိုင္အခန္းမ်ား ေရာင္းခ်ျခင္း၊ ဝယ္ယူျခင္း၊ ပိုင္ဆိုင္မႈအမည္ေျပာင္းလဲျခင္းမ်ားကိုေတာ့ သက္ဆိုင္ရာေဂါပကလူႀကီးမ်ားက စီမံခန္႔ခြဲၾက တယ္လို႔ သိရတယ္”

အစိုးရပိုင္အခန္းမ်ား “အစိုးရပိုင္ အခန္းဆိုတာကေတာ့ ႏိုင္ငံေတာ္ပိုင္ ေျမေပၚတြင္ႏိုင္ငံေတာ္ပိုင္ေငြျဖင့္ ေဆာက္လုပ္ၿပီး ေနထိုင္ခြင့္ျပဳ၍ အငွားခ်ထားေသာ အခန္းမ်ားလည္း႐ွိတယ္။(ဥပမာ- ရန္ကင္းအိမ္ရာ၊ ဦးဝိစာရအိမ္ရာ၊ ဖဆပလအိမ္ရာတို႔ေပါ့)”

 

ႏိုင္ငံျခားပိုင္အခန္းမ်ား

“ႏိုင္ငံျခားျပန္အခန္းဆိုတာကေတာ့ ႏိုင္ငံျခားသားပိုင္တဲ့ အခန္းေပါ့။ ျမန္မာႏိုင္ငံမွ အၿပီးအပိုင္ျပန္ ၾကသူေတြက ယင္းအခန္းေတြကို ႏိုင္ငံေတာ္သို႔ အပ္ႏွံခဲ့ရတာ႐ွိသလို ႏိုင္ငံေတာ္မွ သိမ္းယူထားတဲ့အခန္း‌ေတြကို ေျပာတာေပါ့။ ေနာက္သတိထားရမွာက စည္ပင္သာယာမွ ယာယီထိန္းသိမ္းထားတဲ့ အခန္းေတြဆိုတာကလည္း ႐ွိေသးတယ္။ စည္ပင္သာယာေရးေကာ္မတီရဲ႕စည္းကမ္းခ်က္ေတြ၊ ဥပေဒျပဠာန္းခ်က္ေတြနဲ႔ မကိုက္ညီလို႔၊ ၫႊန္ၾကားခ်က္ေတြကို မလိုက္နာလိုဆိုၿပီး စည္ပင္သာယာက ယာယီထိန္းသိမ္းထားတဲ့ အခန္းေတြတဲ့။ အဲဒါေတြၾကည့္ၿပီး စုံစမ္းထားသင့္တယ္” “အဲ…ထူးထူးျခားျခားသိဖို႔က ျပစ္မႈဆိုင္ရာဥပေဒတစ္ရပ္ရပ္အရ အေရးယူခံရၿပီး ႏိုင္ငံဘ႑အျဖစ္ သိမ္းယူျခင္းခံထားရတဲ့ တိုက္ခန္းေတြလည္း႐ွိေသးတယ္။အခုေျပာျပတဲ့အခ်က္ေတြကေတာ့ တိုက္ခန္းအေရာင္းအဝယ္ စရန္မခ်ခင္ ပြဲစားကတစ္ဆင့္ ႀကိဳတင္ေလ့လာထားဖို႔ေျပာျပထားတာပါ”

“အစေကာင္းေတာ့ အေႏွာင္းေသခ်ာဆိုသလို အစကေသခ်ာရင္ ဝယ္ၿပီးတဲ့ေနာက္မွာလည္း စိတ္ခ်မ္းသာရတာေပါ့”

“ေက်းဇူးတင္ပါတယ္…ဆရာေကာင္းေဖရယ္ ဝယ္ဖို႔တိုက္ခန္းေတြ႕ရင္ ဆရာဆီ အခ်ိန္မီ ဖုန္းဆက္လိုက္ မယ္။ ဆရာစာခ်ဳပ္ ခ်ဳပ္ေပးဖို႔သာ အသင့္ျပင္ထားေပေတာ့။ ကြၽန္ေတာ္ကို ျပန္ခြင့္ျပဳပါဦး” “ေကာင္းပါၿပီး”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service