ကမ္ဘာကျော် ရော့ခ်ကြယ်ပွင့်တဦးထံမှ အိမ်ငှားလိုပါသလား (သို့မဟုတ်) ရော့ခ်ဂီတအဖွဲ့ Red Hot Chili Peppers ၏ ဒရမ်သမား မာလီဘူးကမ်းခြေ စံအိမ်ကို တလလျှင် ဒေါ်လာ ၉၅၀၀၀ ဖြင့် အငှားဈေးကွက်တင်
ကမ္ဘာကျော် ရော့ခ်ကြယ်ပွင့်တဦးထံမှ အိမ်ငှားလိုပါသလား (သို့မဟုတ်) ရော့ခ်ဂီတအဖွဲ့ Red Hot Chili Peppers ၏ ဒရမ်သမား မာလီဘူးကမ်းခြေ စံအိမ်ကို တလလျှင် ဒေါ်လာ ၉၅၀၀၀ ဖြင့် အငှားဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
20 Oct 2023 11:24 am တွင် တင်ခဲ့သည်
970 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Red Hot Chilli Peppers ရော့ခ်ဂီတဝိုင်းကြီး၏ သီချင်းများသည် မြန်မာပရိသတ်နှင့် မစိမ်းလှချေ။
မြန်မာနိုင်ငံတွင် Red Hot Chilli Peppers ၏ သီချင်းများကို ပြန်လည်သီဆိုကြမှုများ ရှိသည်။
Red Hot Chilli Peppers ၏ The zephyr song ကို ဇော်ပိုင်က စိတ်နာတယ်၊ Otherside ကို ဇော်ပိုင်ကပင် လောကသစ်၊ On mercury ကို အာဇာနည်က အားလပ်ရက်၊ Coffee Shop ကို ရင်ဂိုက ကန္တာရကဖေး၊ Californication ကို ချမ့်ခိုင်က အနာဂတ်ခရီးရှည် အစရှိသဖြင့် ပြန်လည်သီဆိုထားကြသည်။
ယခုအခါ Red Hot Chilli Peppers ၏ ဒရမ်မာ ချက်ဒ် စမစ် (Chad Smith) က ကယ်လီဖိုးနီးယားပြည်နယ် မာလီဘူးကမ်းခြေဒေသရှိ ခမ်းနားလှသော စံအိမ်ကြီးကို အငှားဈေးကွက်ဝင်လာသည်။
အိပ်ခန်း ၆ ခန်း ၊ ရေချိုးခန်း ၅ ခန်းပါသော ကမ်းခြေစံအိမ်ကြီးဖြစ်ပြီး စမစ်က တလလျှင် ကန်ဒေါ်လာ ၉၅၀၀၀ ဖြင့် အငှားဈေးကွက်တင်လာသည်။
စမစ်က အဆိုပါစံအိမ်ကို ၂၀၀၆ ခုနှစ်တွင် ကန်ဒေါ်လာ ၈ ဒသမ ၆ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ချက်ဒ် စမစ်သည်၂၀၁၇ ခုနှစ်အတွင်းက လော့စ်အိန်ဂျလိမှ နေအိမ်တလုံးကို ကန်ဒေါ်လာ ၉၇၅၀၀၀ ဖြင့် ရောင်းချခဲ့ဖူးပြီး ၂၀၂၀ ပြည့်နှစ်အတွင်းကလည်း နယူးယောက်မြို့ ဟမ့်ပ်တန်အရပ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၁၅ သန်းဖြင့် အရောင်းဈေးကွက် တင်ခဲ့ဖူးသည်။
စံအိမ်ကို မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ၁၉၄၉ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
လက်ရာမြောက်စွာ ဆောက်လုပ်ထားသော မီးဖိုဆောင်တွင် စကျင်ကျောက်ပြားခင်း မီးဖိုခုံ၊ စတီးအသုံးအဆောင်ပစ္စည်းများ ၊ နံရံကပ်စင်များစွာနှင့် ပြတင်းဘေး လက်ဆေးကန်တို့ ပါဝင်သည်။
(ထိုင်ခုံများ ထားရှိပေးထားသော မီးဖိုဆောင် ချက်ပြုတ်ခုံကို တွေ့ရပုံ။ ဓာတ်ပုံ-Realtor)
ညစာစားခန်းမှာ ကျယ်ကျယ်ဝန်းဝန်းရှိပြီး ရှည်လျားသည့် စားပွဲတခု ထားရှိနိုင်ကာ အလွန်ကြီးမားသော ပြတင်း များ ပါဝင်သည်။
သစ်သားမျက်နှာကြက်ဆီတွင် ခေတ်မီ ဖန်မီးဆိုင်းကြီးတခု ချိတ်ဆွဲထားသည်။
မိသားစု နားနေခန်းမှာ ကိုယ်စိတ်နှစ်ပါး ဖြေလျော့ရန်နှင့် တွေ့ဆုံပွဲများ ပြုလုပ်ရန် နေရာကောင်းဖြစ်ပြီး ဧည့်ခန်းအတွင်း ချမ်းအေးသော ညခင်းများအတွက် မီးလင်းဖိုတစ်ခု ပါရှိသည်။
ပင်မအိပ်ခန်းတွင် ရေတွင်း ၊ ရွှေရောင်လွှမ်းသော ရေစိမ်ကန်နှင့် လှပသောကြွေပြားကြမ်းခင်းတို့ ပါဝင်သည့် ရေချိုးခန်းတစ်ခု ပါဝင်သည်။
ထူးကဲသောအချက်မှာ ပြင်ပရှုမျှော်ခင်းများကို ရှုမြင်နိုင်မည့် လျှောထိုးမှန်တံခါးများ ရှိနေခြင်း ဖြစ်သည်။
(လျှောထိုးမှန်တံခါးများရှိသော ရေချိုးခန်း။ ဓာတ်ပုံ-Realtor)
ခြံနောက်ဘက်တွင် ရေကူးကန်တစ်ခုရှိပြီး ရေကူးကန်ဘေးတွင် ကမ်းခြေနှင့် ပင်လယ်ရှုမျှော်ခင်းတို့ကို ကြည့်ရှုခံစားနိုင်မည့် နားနေ နေရာတစ်ခု ရှိသည်။
ခြံဝန်းအတွင်း ဧည့်ဂေဟာအိမ် ၂ လုံး ၊ ရေကူးကန်ဘေးအိမ်နှင့် Outdoor မီးဖိုဆောင်တို့ ရှိသည်။
(ခြံနောက်ဘက် မြင်ကွင်း။ ဓာတ်ပုံ-Realtor)
(သာယာလှပသော ရှုမျှော်ခင်းများကို မျက်စိတဆုံး ခံစားနိုင်သည်။ ဓာတ်ပုံ-Realtor)
စမစ်သည် အသက် ၆၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး Red Hot Chili Peppers ၏ ဒရမ်သမားအဖြစ် ၁၉၈၈ ခုနှစ် ကတည်းက ပါဝင်ခဲ့သည်။
(ဆက်စပ်သတင်း)
ရော့ခ်ဂီတအဖွဲ့ Red Hot Chili Peppers ၏ ဘေ့စ်ဂစ်တာသမား လော့စ်အိန်ဂျလိစံအိမ်ရောင်းချ
https://www.imyanmarhouse.com/news/read/1003320
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Rent From a Rock Star: Red Hot Chili Peppers Drummer Is Asking for $95K a Month for His Malibu Mansion (realtor)
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရ...
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်မ်ကာရေးက နှစ်ပေါင်း ၃၀ ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို အကြိမ်ကြိမ် ဈေးလျှော့ရောင်းချရာ ဝယ်လက်ရှာတွေ့...
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Neighbourhood
royal-hill
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service