ရေဒီယို တင်ဆက်သူဟောင်း ၊ အသက် ၈၄ နှစ်အရွယ်အဘိုးအို နှစ်ပေါင်း ၃၀ ကျော် အိမ်ငှားခမပေးရဘဲ နေထိုင်ရလျက်ရှိသော နယူးယောက်မြို့က သမိုင်းဝင် အဆောက်အအုံကြီး
ရေဒီယို တင်ဆက်သူဟောင်း ၊ အသက် ၈၄ နှစ်အရွယ်အဘိုးအို နှစ်ပေါင်း ၃၀ ကျော် အိမ်ငှားခမပေးရဘဲ နေထိုင်ရလျက်ရှိသော နယူးယောက်မြို့က သမိုင်းဝင် အဆောက်အအုံကြီး - Property News in Myanmar from iMyanmarHouse.com
18 Oct 2023 10:29 am တွင် တင်ခဲ့သည်
557 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့၊ Queens အရပ်မှ အထင်ကရ အဆောက်အအုံကြီးတစ်ခုတွင် ရွိုင်ဖောက်စ် (Roy Fox) အမည်ရှိ အဘိုးအို နေထိုင်လျက်ရှိသည်မှာ ဆယ်စုနှစ် ၃ ခုကျော် ရှိပြီဖြစ်ပြီး အိမ်ငှားခ တပြားတချပ်မျှ မပေးခဲ့ရ။
Jamaica’s King Manor House အမည်ရှိ သမိုင်းဝင် အဆောက်အအုံကြီးတွင် အိမ်ငှားခမပေးရဘဲ နေထိုင်ရ လျက် ရှိသူ အဘိုးအိုမှာ ယခင်က ရေဒီယို အစီအစဉ်တင်ဆက်သူတဦးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။
ငှားရမ်းခမပေးရခြင်း၏ အကြောင်းကား ၁၁ ဧကကျယ်သော ထိုခြံဝန်းကြီး၏ ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် နေထိုင်သောကြောင့် ဖြစ်သည်။ ရွိုင်ဖောက်စ်က ပြောသည်မှာ သူ၏ အလုပ်တာဝန်မှာ များများစားစားမရှိကြောင်း ပြောသည်။
“ကျွန်တော့်အလုပ်က တံခါးဖွင့်ပေးဖို့နဲ့ ပိတ်ပေးဖို့ပဲ ရှိပါတယ်”ဟု ရွိုင်ဖောက်စ်က နယူးယောက်တိုင်းမ် သတင်းစာသို့ ပြောသည်။
၎င်းက ရှင်းပြသည်မှာ ၁၇၀၀ ပြည့်လွန်ခန့်က ဆောက်လုပ်ခဲ့သောစံအိမ်ကို ပြတိုက်အဖြစ် ပြောင်းလဲထားခြင်း ဖြစ်ကြောင်း ပြောသည်။
YouTuber တဦးဖြစ်သူ Cash Jordan ၏ ချန်နယ်တခုတွင် အဘိုးအိုရွိုင်ဖောက်စ် အိမ်ငှားခမပေးရဘဲ နေထိုင်ရပုံအကြောင်း ရိုက်ကူးဖော်ပြခဲ့ရာ အင်တာနက်တွင် သူ့အကြောင်း လူသိများလာသည်။
ရွိုင်ဖောက်စ် နေထိုင်သောအခန်းကို ရိုက်ကူးပြသထားသည့် ၁၄ မိနစ်ကြာ ဗွီဒီယိုဖိုင်ကို ယခုလအစောပိုင်းက တင်ခဲ့ခြင်းဖြစ်ပြီး ကြည့်ရှုမှုအကြိမ်ရေ ၃၄၁၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။
(ရွိုင်ဖောက်စ်ကို သူ၏ အခန်းအတွင်း တွေ့ရပုံ။ ဓာတ်ပုံ-Tamara Beckwith)
(ရွိုင်ဖောက်စ် အခမဲ့ နေထိုင်ရလျက်ရှိသော အဆောက်အအုံကြီး၏ အပြင်ဘက်မြင်ကွင်း။ ဓာတ်ပုံ-Tamara Beckwith)
ဗွီဒီယိုဖိုင်တွင် အခန်းပေါင်း ၂၉ ခန်းပါဝင်ပြီး စတုရန်းပေ ၂၂၀၀၀ ကျယ်ဝန်းသည့် အဆောက်အအုံကြီးအတွင်း ပိုင်းကို ရိုက်ကူးပြသထားကာ ခြံဝန်းအတွင်း ၂ ထပ်အဆောက်အအုံတလုံးလည်း ပါဝင်သည်။
ဧည့်ခန်း ၊ မီးဖိုဆောင်နှင့် ညစာစားခန်းတို့ကို လမ်းတခုဖြင့် ဆက်သွယ်ထားပြီး ညစာစားခန်းတွင် မကြာသေးမီ ကမှ နံရံကပ်စက္ကူများဖြင့် အလှဆင်ထားသည်။
ရွိုင်ဖောက်စ်၏ အခန်းတွင် ညစာစားခန်း ၊ မီးဖိုဆောင် ၊ ရုံးခန်း ၁ ခု ၊ ရေချိုးခန်းတို့အပြင် စာအုပ်စာတမ်း များစွာရှိသော စာကြည့်တိုက်တခုလည်း ပါဝင်သည်။
သူ၏ စာကြည့်တိုက်မှာ ထိုစံအိမ်ကြီးမှ စာအုပ် ၃၂၀၀ ရှိသော စာကြည့်တိုက်ထက်ပင် ပိုမိုကြီးမားသည်။
ရွိုင်ဖောက်စ်သည် ဤအဆောက်အအုံကြီးတွင် ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် နေထိုင်ခဲ့သည်မှာ ၁၉၈၀ ပြည့်လွန်ကာလများကတည်းက ဖြစ်ပြီး လစာရရှိခြင်းကားမရှိ။
ထိုကာလက သူ၏ ဇနီးဖြစ်သူနှင့်အတူ နေထိုင်ခဲ့ခြင်းဖြစ်ပြီး ဤစံအိမ်ကြီးအတွက် ထိန်းသိမ်းစောင့်ရှောက်သူ တဦး ရှာဖွေနေကြောင်း ဇနီးဖြစ်သူက သတင်းရခဲ့ခြင်းဖြစ်သည်။
(အဆောက်အအုံကြီး၏ အကျယ်အဝန်းမှာ စတုရန်းပေ ၂၂၀၀၀ ရှိသည်။ ဓာတ်ပုံ-Cash Jordan/YouTube)
(အဆောက်အအုံကြီးရှိ အိပ်ခန်းတခန်း။ ဓာတ်ပုံ-Tamara Beckwith)
(ဤအဆောက်အအုံသည် ပြတိုက်တခုဖြစ်သကဲ့သို့ ရွိုင်ဖောက်စ်၏ နေအိမ်လည်းဖြစ်သည်။ ဓာတ်ပုံ-Tamara Beckwith)
(YouTube ဗွီဒီယိုတခုကြောင့် ရွိုင်ဖောက်စ်အကြောင်း လူသိများလာခဲ့သည်။ ဓာတ်ပုံ-Cash Jordan/ YouTube)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: See inside the historic NYC mansion where this man lives rent-free (nypost)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရ...
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်မ်ကာရေးက နှစ်ပေါင်း ၃၀ ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို အကြိမ်ကြိမ် ဈေးလျှော့ရောင်းချရာ ဝယ်လက်ရှာတွေ့...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
magical-world
Neighbourhood
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service