အမေရိကန်ပြည် ဒင်ဗာမြို့တွင် ဆင်းရဲနွမ်းပါးသူများအား တစ်လလျှင် ဒေါ်လာ ၁၀၀၀ ပေးကာ စမ်းသပ်မှုတစ်ခု ပြုလုပ်ရာ အိမ်ရာမဲ့များ လျှော့ချနိုင်ပြီး အလုပ်အကိုင်ရရှိသူ မြင့်တက်စေကြောင်း လေ့လာတွေ့ရှိ
အမေရိကန်ပြည် ဒင်ဗာမြို့တွင် ဆင်းရဲနွမ်းပါးသူများအား တစ်လလျှင် ဒေါ်လာ ၁၀၀၀ ပေးကာ စမ်းသပ်မှုတစ်ခု ပြုလုပ်ရာ အိမ်ရာမဲ့များ လျှော့ချနိုင်ပြီး အလုပ်အကိုင်ရရှိသူ မြင့်တက်စေကြောင်း လေ့လာတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
17 Oct 2023 10:21 am တွင် တင်ခဲ့သည်
738 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ပျော်ရွှင်မှုကို ငွေကြေးဖြင့် ဝယ်ယူ၍ မရချေ။
သို့သော် ပညာရှင်တို့၏ သုတေသနများအရ လူတို့တွင် ငွေကြေးဥစ္စာ ပြည့်စုံပါက သာယာချမ်းမြေ့သော ဘဝရရှိရန် ပိုမိုဖြစ်နိုင်ချေရှိကြောင်း တွေ့ရှိခဲ့ကြသည်။
ထိုအချက်ကို အမေရိကန်ပြည်ထောင်စု ၊ ကော်လိုရာဒိုပြည်နယ်၏ မြို့တော် ဒင်ဗာမြို့တွင် လက်တွေ့စမ်းသပ်မှု တခု ပြုလုပ်ခဲ့သည်။
ပြီးခဲ့သော လအနည်းငယ်အတွင်း ဒင်ဗာမြို့ရှိ ဆင်းရဲနွမ်းပါးသူ ရာပေါင်းများစွာကို မည်သည့် နှောင်ဖွဲ့မှုမျိုးမှ မပါသော ငွေကြေးပေးကမ်းမှုများ ပြုလုပ်ခဲ့သည်။
စမ်းသပ်မှု အစပိုင်းတွင် လမ်းပေါ်အိပ်ရသူများကို စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အိမ်ရာမဲ့များထက် အနည်းငယ်ပိုမို အဆင်ပြေသူများကို စမ်းသပ်ခဲ့သည်။
ထိုသူတို့က ယခုအခါ ပြောကြားလာကြသည်မှာ ၎င်းတို့အနေဖြင့် ဘဝလုံခြုံမှု ပိုမိုခံစားရပြီး စိတ်ဓာတ်တက်ကြွ မှုများလည်း ခံစားရကာ ပိုမိုကောင်းမွန်တည်ငြိမ်သည့် ဘဝနေထိုင်မှုမျိုး ရရှိနေကြောင်း ပြောကြားကြသည်။ ယခုစမ်းသပ်မှုကို “ဒင်ဗာမြို့ အခြေခံဝင်ငွေ စီမံကိန်း” (Denver Basic Income Project) မှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
Denver Basic Income Project ၏ တည်ထောင်သူ ၊ အမှုဆောင် ဒါရိုက်တာ မာ့ခ် ဒိုနိဗန်က Business Insider သတင်းဌာနသို့ ပြောသည်မှာ ယခုတွေ့ရှိချက်များအပေါ် မိမိအနေဖြင့် လွန်စွာ အားတက်ရကြောင်း ပြောသည်။
“ဒီစမ်းသပ်မှုမှာ ပါဝင်တဲ့သူတွေ ပြောကြတာက သူတို့ကို ပေးခဲ့တဲ့ငွေတွေနဲ့ အကြွေးဆပ် ၊ ကားပြင် ၊ အိမ်ခြံမြေ ရရှိဖို့ ကြိုးစား ၊ သင်တန်းတက်တာတွေ လုပ်ခဲ့တယ်လို့ ပြောကြပါတယ်။”
“ဒါတွေဟာ စမ်းသပ်မှုမှာ ပါဝင်တဲ့လူတွေကို ဆင်းရဲတွင်းက ရုန်းထွက်နိုင်စေပြီး လူမှုထောက်ပံ့မှုတွေအပေါ် မှီခို နေရမှု နည်းပါးစေမဲ့ လမ်းကြောင်းတွေ ဖြစ်ပါတယ်။”
ဒိုနိုဗန်သည် Denver Basic Income Project ကို ၂၀၂၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။
သူသည် အမျိုးသမီးဝတ် ဆွယ်တာများ အထူးပြုထုတ်လုပ်သည့် အဝတ်အထည် ကုမ္ပဏီဖြစ်သော Wooden Ships ဖြင့် အဓိက ချမ်းသာလာသူဖြစ်သည့်အပြင် Tesla တွင်လည်း ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ထားသည်။
ဒိုနိုဗန်က သူ၏ ငွေများနှင့် ဒင်ဗာမြို့ထံမှ ဝိုင်းဝန်းကူညီငွေ ဒေါ်လာ ၂ သန်းဖြင့် ပြီးခဲ့သောနှစ်မှ စတင်ကာ ဆင်းရဲနွမ်းပါးသူများအား ငွေကြေးပေးဝေစမ်းသပ်မှု စတင်ပြုလုပ်ခဲ့သည်။
၆ လကြာသောအခါ သူ၏ စမ်းသပ်မှုမှ ငွေကြေးရရှိခဲ့သူ အများစုမှာ ဘဝအခြေအနေ သိသိသာသာ တိုးတက် ကောင်းမွန်လာကြောင်း ဒင်ဗာတက္ကသိုလ် အိုးအိမ်နှင့် အိမ်ရာမဲ့ရေးရာ သုတေသနဌာနမှ သုတေသီများက တွေ့ရှိခဲ့သည်။
(ဘယ်လိုစမ်းသပ်ခဲ့လဲ)
ပြီးခဲ့သောနှစ် အောက်တိုဘာလတွင် လူပေါင်း ၈၀၀ ကျော်ဖြင့် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုသူအားလုံး ကို တူညီသော ငွေပမာဏပေးကာ စမ်းသပ်ခြင်း မဟုတ်။
အုပ်စု ၃ ခုခွဲခြား စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ပထမအုပ်စုကို တလလျှင် ဒေါ်လာ ၁၀၀၀ နှုန်း ၁ နှစ်တာ ပေးကာ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယအုပ်စုမှာ ကနဦးထောက်ပံ့ငွေ ဒေါ်လာ ၆၅၀၀ နှင့် နောက်ပိုင်းတွင် တလလျှင် ဒေါ်လာ ၅၀၀ ပေးခဲ့သည်။
တတိယအုပ်စုကိုမူ တလလျှင် ဒေါ်လာ ၅၀ သာ ထောက်ပံ့ပေးခဲ့သည်။ အဆိုပါစမ်းသပ်ချက်ကို တနှစ်တာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုတွေ့ရှိချက်များမှာ ပထမ ၆ လတာကာလ တွေ့ရှိချက်များသာ ဖြစ်သည်။
ပထမ ၆ လတာတွေ့ရှိချက်တွင်ပင်လျှင် စမ်းသပ်မှု ပြုလုပ်ခဲ့သူများတွင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုများ သိသာထင်ရှားစွာ တွေ့ခဲ့ရသည်။ တလလျှင် ဒေါ်လာ ၅၀၀ နှင့်အထက်ရရှိသူတို့တွင် တိုးတက်မှုများ ပိုမိုကြီးမားစွာ တွေ့ရသည်ဟု ဆိုသည်။
ဝင်ငွေအာမခံချက်ရှိခြင်းသည် အိမ်ရာမဲ့ဖြစ်မှုကို ကာလတခုအထိ ကြီးမားစွာ လျှော့ချပေးနိုင်ခဲ့သည်။
စမ်းသပ်မှု စတင်ချိန်တွင် တလလျှင် ဒေါ်လာ ၁၀၀၀ ရရှိသူများ၏ ၆ ရာခိုင်နှုန်းမှာ လမ်းဘေးတွင် အိပ်စက်ရ သူများဖြစ်ပြီး ၆ လကြာသောအခါ သုညရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။
တလုံးတခဲငွေ ရရှိသူအုပ်စုတွင်လည်း လမ်းဘေးအိပ်စက်ရသူပမာဏမှာ ၁၀ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။
အမေရိကန်ပြည်ထောင်စုအပြင် အခြားနိုင်ငံများတွင်လည်း နှောင်ကြိုးများဖြင့် ပေးအပ်သော အကူအညီများ အစား ငွေသားတိုက်ရိုက်ပေးကမ်းကူညီမှုမှာ ပိုမိုထိရောက်ကြောင်း သိရှိလာခဲ့ကြသည်။
ကနေဒါနိုင်ငံ၊ British Columbia ပြည်နယ်၊ Vancouver မြို့တွင် ရာနှင့်ချီသော ဆင်းရဲမွဲတေသူများအား မကြာသေးမီက ဒေါ်လာ ၅၆၀၀ ထောက်ပံ့ကူညီမှု ပြုလုပ်ခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Denver experimented with giving people $1,000 a month. It reduced homelessness and increased full-time employment, a study found. (businessinsider)
[Zawgyi]
(ဘယ်လိုစမ်းသပ်ခဲ့လဲ)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service