မြေအမျိုးအစားပေါ်မူတည်၍ မြေပုံရေးဆွဲခြင်းအကြောင်းနှင့် မြေတိုင်းတာခြင်း

မြေအမျိုးအစားပေါ်မူတည်၍ မြေပုံရေးဆွဲခြင်းအကြောင်းနှင့် မြေတိုင်းတာခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
15 Oct 2023 1:32 pm တွင် တင်ခဲ့သည်
640 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

မြို့မြေများတိုင်းတာရာတွင်

(၁)။ ပဏာမနယ်နိမိတ် သတ်မှတ်ခြင်းနှင့် မြေတိုင်းတာခြင်း။

(၂)။ ပိုင်ဆိုင်မှုစုံစမ်းခြင်းနှင့် နယ်နမိတ် သတ်မှတ်ရေးအရာရှိ၏ နောက်ဆုံးသတ်မှတ်ခြင်း။

(၃)။ နယ်နမိတ်သတ်မှတ်ရေးအရာရှိ၏ အမိန့်အရ မြောက်ပြင်တိုင်းတာခြင်း။

(၄)။ မြို့မြေပိုင်ဆိုင်မှု စာရင်းများပြုစုခြင်း၊ ၎င်းမှာ မြို့အပြင်ဘက်ရှိ မြေများအတွက် ဦးပိုင်ခြား မှတ်သား ခြင်း၊ ဦးပိုင်မှတ်ပုံစာရင်းများ ရေးသားခြင်းတို့ အဆင့်ဆင့် ဆောင်ရွက်ပါသည်။

ပဏာမနယ်နိမိတ် သတ်မှတ်ခြင်းဆိုသည်မှာ နယ်နိမိတ်များကို ယာယီမှတ်တိုင်များဖြင့် စိုက်ထူခြင်း ပင်ဖြစ်ပါသည်။ အစိုးရပိုင်မြေများ၊ အများပြည်သူအကျိုးအတွက်ထားရှိသော မြေများနှင့် ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ရ သော မြေများအား သေချာစွာ သိရှိမှတ်သားရန် လိုအပ်ပါက အမြဲကျောက်တိုင်များ စိုက်ထူထားရှိရမည်။

ရှေးဦးစွာ နယ်နမိတ်တိုင်းတာ သတ်မှတ်ပြီးပါက တာဝန်ခံအရာရှိမှ အမြဲမှတ်တိုင်၊ကျောက်တိုင်များ စိုက်ထူခြင်း၊ ပြင်တိုင်ခြင်း ပြုလုပ်နိုင်သည်။

အစိုးရမြေကို ကျူးလွန်ခြင်းရှိမရှိ၊ အစိုးရနှင့် မြေလက်ရှိဖြစ်သူများ အငြင်းပွားမှုဖြစ်ရာတွင် တိကျစွာ ဆုံးဖြတ်နိုင်ရန် ပိုင်ဆိုင်မှုအတွက် စနစ်တကျ မြေတိုင်းတာရပါသည်။

မြို့မြေတိုင်းတာခြင်းများ၊ မြေငှားခွန်၊မြေပုံစည်းကြပ်ပုံနှင့် အစိုးရမြေပေါ်သို့ အခွင့်မရှိဘဲ ကျူးကျော်ခြင်း နှင်လိုမှုတို့တွင် အောက်မြန်မာနိုင်ငံ မြို့ရွာရှိမြေရာအက်ဥပဒေနှင့် နည်းဥပဒေတို့တွင် ဖော်ပြထားပါသည်။

မြို့မြေပိုင်ဆိုင်ခွင့်မြေပုံများအား မြေအမျိုးအစားပေါ်မူတည်၍ အောက်ဖော်ပြပါဆေးရောင်များအတိုင်း အနားသတ် မြေပုံရေးဆွဲကြပါသည်။

 

(၁) အပိုင်ဂရန်၊ နှစ်ကာလအကန့်အသတ်ဖြင့် ရရှိသောမြေများ၊ မြေပိုင်ဆိုင်ခွင့်ရရှိထားသောမြေ၊ အရာတော်မြေများအား အပြာရင့်ရောင် အနားသတ်ရေးခြယ်ပါသည်။

(၂) သာသနာရေးအတွက် မြေများအား မြစိမ်းရောင် အနားသတ်ရေးခြယ်သည်။

(၃) အငှားဂရန်မြေများအား ကြက်သွေးရောင် အနားသတ်ရေးခြယ်သည်။

(၄) လိုင်စင်မြေများအား ခရမ်းရောင်နု အနားသတ်ရေးခြယ်သည်။

(၅) သာသနာအတွက်(သို့)ပြည်သူလူထုအတွက် အသုံးပြုရန်အခွန်လွတ်မြေအား ရေညှိရောင်အနား သတ်ရေးခြယ်သည်။

(၆) ပိုင်ဆိုင်ခွင့်မရှိ လက်ရှိထားသောမြေများအား ပြာလဲ့ရောင် အနားသတ်ရေးခြယ်သည်။

(၇) မီးရထားဌာန၊ မြူနီစီပါယ်အဖွဲ့ (သို့) မြို့မြေကော်မတီသို့ ပေးထားသောမြေအား အမဲရောင် အနားသတ်ရေးခြယ်သည်။

(၈) အစိုးရအတွက်သီးသန့်ထားသော မြေဆိုလျှင် ဇော်ဂျီရောင် အနားသတ်ရေးခြယ်သည်။

(၉) သီးသန့်မထားသောမြေလွတ်များအား ခရမ်းရောင်အရင့် အနားသတ်ရေးခြယ်သည်။

(၁၀) ပိုင်ဆိုင်ခွင့်မဆုံးဖြတ်ရသေးသောမြေများအား ပြာလဲ့ရောင် မျဉ်းပြတ်(သို့)တုံးများ အနားသတ် ရေးခြယ်သည်။

(၁၁) အစိုးရစိုက်ပျိုးမြေများအား ပြဒါးရောင် အနားသတ်ရေးခြယ်ပါကြောင်း ဥပဒေဗဟုသုတအနေဖြင့် ဖော်ပြရေးသားပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 

ေျမအမ်ိဳးအစားေပၚမူတည္၍ ေျမပုံေရးဆြဲျခင္းအေၾကာင္းႏွင့္ ေျမတိုင္းတာျခင္း

 

ၿမိဳ႕ေျမမ်ားတိုင္းတာရာတြင္

 

(၁)။ ပဏာမနယ္နိမိတ္ သတ္မွတ္ျခင္းႏွင့္ ေျမတိုင္းတာျခင္း။

(၂)။ ပိုင္ဆိုင္မႈစုံစမ္းျခင္းႏွင့္ နယ္နမိတ္ သတ္မွတ္ေရးအရာ႐ွိ၏ ေနာက္ဆုံးသတ္မွတ္ျခင္း။

(၃)။ နယ္နမိတ္သတ္မွတ္ေရးအရာ႐ွိ၏ အမိန္႔အရ ေျမာက္ျပင္တိုင္းတာျခင္း။

(၄)။ ၿမိဳ႕ေျမပိုင္ဆိုင္မႈ စာရင္းမ်ားျပဳစုျခင္း၊ ၎မွာ ၿမိဳ႕အျပင္ဘက္႐ွိ ေျမမ်ားအတြက္ ဦးပိုင္ျခား မွတ္သား ျခင္း၊ ဦးပိုင္မွတ္ပုံစာရင္းမ်ား ေရးသားျခင္းတို႔ အဆင့္ဆင့္ ေဆာင္႐ြက္ပါသည္။

ပဏာမနယ္နိမိတ္ သတ္မွတ္ျခင္းဆိုသည္မွာ နယ္နိမိတ္မ်ားကို ယာယီမွတ္တိုင္မ်ားျဖင့္ စိုက္ထူျခင္း ပင္ျဖစ္ပါသည္။ အစိုးရပိုင္ေျမမ်ား၊ အမ်ားျပည္သူအက်ိဳးအတြက္ထား႐ွိေသာ ေျမမ်ားႏွင့္ ပုဂၢလိက ပိုင္ဆိုင္ခြင့္ရ ေသာ ေျမမ်ားအား ေသခ်ာစြာ သိ႐ွိမွတ္သားရန္ လိုအပ္ပါက အၿမဲေက်ာက္တိုင္မ်ား စိုက္ထူထား႐ွိရမည္။

ေ႐ွးဦးစြာ နယ္နမိတ္တိုင္းတာ သတ္မွတ္ၿပီးပါက တာဝန္ခံအရာ႐ွိမွ အၿမဲမွတ္တိုင္၊ေက်ာက္တိုင္မ်ား စိုက္ထူျခင္း၊ ျပင္တိုင္ျခင္း ျပဳလုပ္ႏိုင္သည္။

အစိုးရေျမကို က်ဴးလြန္ျခင္း႐ွိမ႐ွိ၊ အစိုးရႏွင့္ ေျမလက္႐ွိျဖစ္သူမ်ား အျငင္းပြားမႈျဖစ္ရာတြင္ တိက်စြာ ဆုံးျဖတ္ႏိုင္ရန္ ပိုင္ဆိုင္မႈအတြက္ စနစ္တက် ေျမတိုင္းတာရပါသည္။

ၿမိဳ႕ေျမတိုင္းတာျခင္းမ်ား၊ ေျမငွားခြန္၊ေျမပုံစည္းၾကပ္ပုံႏွင့္ အစိုးရေျမေပၚသို႔ အခြင့္မ႐ွိဘဲ က်ဴးေက်ာ္ျခင္း ႏွင္လိုမႈတို႔တြင္ ေအာက္ျမန္မာႏိုင္ငံ ၿမိဳ႕႐ြာ႐ွိေျမရာအက္ဥပေဒႏွင့္ နည္းဥပေဒတို႔တြင္ ေဖာ္ျပထားပါသည္။

ၿမိဳ႕ေျမပိုင္ဆိုင္ခြင့္ေျမပုံမ်ားအား ေျမအမ်ိဳးအစားေပၚမူတည္၍ ေအာက္ေဖာ္ျပပါေဆးေရာင္မ်ားအတိုင္း အနားသတ္ ေျမပုံေရးဆြဲၾကပါသည္။

(၁) အပိုင္ဂရန္၊ ႏွစ္ကာလအကန္႔အသတ္ျဖင့္ ရ႐ွိေသာေျမမ်ား၊ ေျမပိုင္ဆိုင္ခြင့္ရ႐ွိထားေသာေျမ၊ အရာေတာ္ေျမမ်ားအား အျပာရင့္ေရာင္ အနားသတ္ေရးျခယ္ပါသည္။

(၂) သာသနာေရးအတြက္ ေျမမ်ားအား ျမစိမ္းေရာင္ အနားသတ္ေရးျခယ္သည္။

(၃) အငွားဂရန္ေျမမ်ားအား ၾကက္ေသြးေရာင္ အနားသတ္ေရးျခယ္သည္။

(၄) လိုင္စင္ေျမမ်ားအား ခရမ္းေရာင္ႏု အနားသတ္ေရးျခယ္သည္။

(၅) သာသနာအတြက္(သို႔)ျပည္သူလူထုအတြက္ အသုံးျပဳရန္အခြန္လြတ္ေျမအား ေရညႇိေရာင္အနား သတ္ေရးျခယ္သည္။

(၆) ပိုင္ဆိုင္ခြင့္မ႐ွိ လက္႐ွိထားေသာေျမမ်ားအား ျပာလဲ့ေရာင္ အနားသတ္ေရးျခယ္သည္။

(၇) မီးရထားဌာန၊ ျမဴနီစီပါယ္အဖြဲ႕ (သို႔) ၿမိဳ႕ေျမေကာ္မတီသို႔ ေပးထားေသာေျမအား အမဲေရာင္ အနားသတ္ေရးျခယ္သည္။

(၈) အစိုးရအတြက္သီးသန္႔ထားေသာ ေျမဆိုလွ်င္ ေဇာ္ဂ်ီေရာင္ အနားသတ္ေရးျခယ္သည္။

(၉) သီးသန္႔မထားေသာေျမလြတ္မ်ားအား ခရမ္းေရာင္အရင့္ အနားသတ္ေရးျခယ္သည္။

(၁၀) ပိုင္ဆိုင္ခြင့္မဆုံးျဖတ္ရေသးေသာေျမမ်ားအား ျပာလဲ့ေရာင္ မ်ဥ္းျပတ္(သို႔)တုံးမ်ား အနားသတ္ ေရးျခယ္သည္။

(၁၁) အစိုးရစိုက္ပ်ိဳးေျမမ်ားအား ျပဒါးေရာင္ အနားသတ္ေရးျခယ္ပါေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေဖာ္ျပေရးသားေပးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service