ကမ္ဘာ့မဟာစီးပွားပျက်ကာလကြီးအတွင်း ဘဏ်လုပ်ငန်းရှင်တစ်ဦးက စီးပွားရေးကျပ်တည်းနေသော မိသားစုများကို ကိုကာကိုလာ၏ ရှယ်ယာများ ဝယ်ယူရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်းခဲ့၊ ယခုအခါ ထိုသူများ သန်းကြွယ်သူဌေးများ ဖြစ်လာကြ၊ ဒေါ်လာ ၄၀ တန် ရှယ်ယာမှာ ယနေ့အခါ ဒေါ်လာ ၁၀ သန်းကျော် တန်ကြေးရှိနေ

ကမ္ဘာ့မဟာစီးပွားပျက်ကာလကြီးအတွင်း ဘဏ်လုပ်ငန်းရှင်တစ်ဦးက စီးပွားရေးကျပ်တည်းနေသော မိသားစုများကို ကိုကာကိုလာ၏ ရှယ်ယာများ ဝယ်ယူရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်းခဲ့၊ ယခုအခါ ထိုသူများ သန်းကြွယ်သူဌေးများ ဖြစ်လာကြ၊ ဒေါ်လာ ၄၀ တန် ရှယ်ယာမှာ ယနေ့အခါ ဒေါ်လာ ၁၀ သန်းကျော် တန်ကြေးရှိနေ - Property News in Myanmar from iMyanmarHouse.com
12 Oct 2023 9:46 am တွင် တင်ခဲ့သည်
511 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

[ကိုယ်အိပ်နေချိန်မှာလည်း ငွေတွေဝင်နေနိုင်မယ့်နည်းလမ်း ရှာမတွေ့ဘူးဆိုရင် ခင်ဗျားဟာ သေတဲ့အထိ အလုပ်တွေ လုပ်နေရလိမ့်မယ်- Warren Buffett]

(Warren Buffett once said, "If you don't find a way to make money while you sleep, you will work until you die.")

အမေရိကန်နိုင်ငံသားတို့သည် အချိုရည်နှင့် စပ်လျဉ်းပြီး တစ်ဦးနှင့်တစ်ဦး အကြိုက်မတူကြသော်လည်း ဖလော်ရီဒါပြည်နယ်မှ ဆိတ်ငြိမ်သော မြို့ကလေးတစ်ခုဖြစ်သည့် ကွင်စီ (Quincy) မြို့သားတို့ကမူ ကိုကာ ကိုလာ (Coca-Cola) အပေါ် အကြိုက်ချင်းတူခဲ့ကြသည်။

ထိုသို့ အကြိုက်တူခြင်းတွင် အရသာအပေါ်မျှသာမဟုတ်ဘဲ ထိုမြို့ကလေးတွင် ကိုကာ ကိုလာနှင့် ပတ်သက် သည့် သမိုင်းဇာစ်မြစ်ရှိနေပြီး တနည်းအားဖြင့် ကိုကာကိုလာ သန်းကြွယ်သူဌေးများ မွေးဖွားလာသည့် သမိုင်းကြောင်းဟုလည်း ဆိုနိုင်သည်။

ကိုကာ ကိုလာကို ၁၉၁၉ ခုနှစ်တွင် ဈေးကွက်၌ စတင်ဖြန့်ချိခဲ့သည်။ ကိုကာကိုလာ၏ ရှယ်ယာတစ်စုလျှင် ကနဦးဈေး ဒေါ်လာ ၄၀ ဖြင့် ဝယ်ယူခွင့်ရခဲ့ကြပြီး အကျိုးအမြတ်များ ကိုလည်း စဉ်ဆက်မပြတ် ပြန်လည်ရင်းနှီးမြှုပ်နှံခဲ့ကြရာ ယနေ့အခါတွင် ဒေါ်လာ ၁၀ သန်းကျော် ကြွယ်ဝလျက်ရှိနေကြပြီ ဖြစ်သည်။

ယခုဖြစ်ရပ်က ပြသသည်မှာ အနာဂတ်ကို တွက်ဆနိုင်မှု၏ အရေးပါပုံနှင့် ရှယ်ယာများကို စိတ်ရှည်သည်းခံကာ ရေရှည်ကိုင်ထားမှု၏ အရေးကြီးပုံတို့ကို ပြသနေသည်။

ထိုခေတ်ထိုကာလက ထွန်းသစ်စ လုပ်ငန်းဖြစ်သော ကိုကာ ကိုလာကဲ့သို့ ကုမ္ပဏီမျိုးတွင် ရင်းနှီးမြှုပ်နှံမှုမှာ ကြီးမားသည့် အလားအလာကို ဆောင်ကြဉ်းပေးနိုင်ရာ ယနေ့ခေတ် ထွန်းသစ်စ ကုမ္ပဏီများတွင်လည်း အမြင်ရှိသော ရင်းနှီးမြှုပ်နှံသူများအတွက် အလားတူ အခွင့်အလမ်းများ ရှိနေသည်။

ဂျပန်နိုင်ငံ၏ ထိပ်သီး ဆော့ဖ်ဝဲဖြန့်ချိရေးကုမ္ပဏီကြီး တည်ထောင်သူ ဘီလျံနာကြီး မဆယို့ရှိ ဆွန်းသည် တရုတ်ပြည်မှ လူမသိသူမသိ Alibaba ဝက်ဘ်ဆိုက်တွင် အနာဂတ်အလားအလာကို သိမြင်သောကြောင့် ပုံအောရင်းနှီးမြှုပ်နှံခဲ့ရာ နောင်အခါ ဘီလျံပေါင်းများစွာ မြတ်စွန်းသွားခဲ့သည်။

(မှတ်ချက်။ မဆယို့ရှိ ဆွန်းအကြောင်း iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်)

၂၀ ရာစုအစောပိုင်းတွင် ကွင်စီမြို့ကလေးမှ မာ့ခ် ပက်ထ် မွန်ရိုး (Mark Pat Munroe) အမည်ရှိ ဘဏ်လုပ်ငန်းရှင်တစ်ဦးက အရေးပါသည့် လေ့လာချက်တစ်ခုပြုလုပ်ခဲ့ရာ ထိုမြို့ကလေး၏ ဘဏ္ဍာရေး အခင်းအကျင်းကို အပြီးတိုင်ပြောင်းလဲပေးနိုင်ခဲ့သည်။

ထိုကာလက ကွင်စီမြို့လေးတွင် စီးပွားရေးခက်ခဲနေသည့် ကာလဖြစ်စေကာမူ ကိုကာကိုလာ၏ ရှယ်ယာများမှာ မြို့သားများ ဝယ်နိုင်သည့် ပမာဏဖြစ်ကြောင်း မွန်ရိုးက သတိပြုမိခဲ့သည်။

မွန်ရိုးက ထိုအခွင့်အလမ်းကို အရအမိဆုပ်ကိုင်ကာ ကိုကာကိုလာ ရှယ်ယာများစတင်ဝယ်ယူခဲ့ရာ ထိုမြို့လေးတွင် ကိုကာကိုလာရှယ်ယာများအတွက် ရှေ့ဆောင်ရှေ့ရွက်ပြုသူသဖွယ် ဖြစ်လာသည်။

မြို့သူမြို့သားများကိုလည်း ကိုကာကိုလာရှယ်ယာများ ဝယ်ယူကာ ရင်းနှီးမြှုပ်နှံကြရန် မွန်ရိုးက ပြင်းပြစွာ ဆော်သြတိုက်တွန်းခဲ့သည်။

သကြားလုပ်ငန်းနယ်ပယ်နှင့် အငြင်းပွားမှုများဖြစ်ပေါ်ချိန်တွင် ကိုကာကိုလာ၏ ရှယ်ယာများ ၅၀ ရာခိုင်နှုန်း ကျဆင်းသွားချိန်တွင်ပင် မွန်ရိုးက ကိုကာကိုလာ ရှယ်ယာများအပေါ် ယုံကြည်မှု ပျက်ယွင်းမသွားခဲ့။

သူ၏ စိတ်ရှည်သည်းခံနိုင်စွမ်းကို မဟာစီးပွားပျက်ကပ်ကြီး (Great Depression) က ထပ်မံ စမ်းသပ်ခဲ့ပြန်သည်။

(မှတ်ချက်။ မဟာစီးပွားပျက်ကပ်ကြီးသည် ဝေါစထရိရှယ်ယာဈေးကွက် ပြိုလဲမှုမှ စတင်ခဲ့ပြီး ၁၉၂၉ မှ ၁၉၃၉ ခုနှစ်အထိ ဆယ်စုနှစ်တစ်ခု ကြာမြင့်ခဲ့သည်)

၁၉၂၉ မှ ၁၉၃၂ ခုနှစ်အကြား Dow Jones Industrial Average (အတိုကောက်အားဖြင့် Dow ဟုခေါ်) စက်မှု ရှယ်ယာဈေးကွက် ၈၉ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့သည့် ကာလအတွင်းတွင်ပင် ကိုကာကိုလာမှာ အဆိုးဆုံး အခြေအနေနှင့် ရင်မဆိုင်ခဲ့ရ။

(မှတ်ချက်။ Dow ရှယ်ယာဈေးကွက်မှာ အမေရိက၏ ထိပ်သီး စက်မှုကုမ္ပဏီ ၃၀ ဖြင့်သာ ဖွဲ့စည်းထားသော ရှယ်ယာဈေးကွက် ဖြစ်သည်)

အလုပ်လက်မဲ့ ၂၀ ရာခိုင်နှုန်းနီးပါး ရှိခဲ့သော ၁၉၃၁ ခုနှစ်အတွင်း ကိုကာကိုလာ၏ ရှယ်ယာမှာ ၂ ဒသမ ၃ ရာခိုင်နှုန်းခန့်သာ ကျဆင်းခဲ့သည်။ မွန်ရိုး၏ တွက်ဆခန့်မှန်းခဲ့မှုများ မှန်ကန်နေသည်။

မြို့သူမြို့သားတို့မှာ ၎င်းတို့၏ လက်ထဲ ဆုပ်ကိုင်ထားသော နောက်ဆုံးလက်ကျန်ငွေများကို ကိုကာကိုလာ၏ ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။

ထိုကာလက ကိုကာကိုလာ၏ ဘဏ္ဍာရေးမှာလည်း တောင့်တင်းနေပြီး ငွေသား ၆ ဒသမ ၅ သန်းရှိခဲ့ကာ ကြွေးမြီမရှိဘဲ ရပ်တည်နိုင်သည့်အခြေအနေဖြစ်ရာ အမြတ်ဝေစုများ ခွဲဝေပေးနိုင်ခဲ့သည်။

စီးပွားပျက်ကပ်အလွန်တွင်လည်း ကိုကာကိုလာအပေါ် မွန်ရိုး၏ ယုံကြည်မှု ယိမ်းယိုင်မသွားခဲ့။

မွန်ရိုးနှင့် ကွင်စီမြို့သားတို့သည် ကိုကာကိုလာတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ကိုကာကိုလာတွင် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာခဲ့မှုမှာ ကွင်စီမြို့သူမြို့သားများအား ချမ်းသာကြွယ်ဝမှု ဆောင်ကြဉ်းပေးခဲ့လေသည်။

၁၉၄၀ ပြည့်လွန်နှောင်းပိုင်းကာလများတွင် ကွင်စီမြို့ငယ်လေးသည် အမေရိက၏ တစ်ဦးချင်းအချမ်းသာဆုံး မြို့ကလေးဖြစ်လာခဲ့သည်။

မွန်ရိုး၏ အကြံပေးချက်အတိုင်း လိုက်နာခဲ့သော ကွင်စီမြို့လေးသည် ကိုကာကိုလာ သန်းကြွယ်သူဌေးမြို့ ကလေး ဖြစ်လာခဲ့ပြီး ထိုရှယ်ယာရှင်များ၏ သားမြေးများသည်လည်း ကိုကာကိုလာ ရှယ်ယာများကို ယနေ့တိုင် ပိုင်ဆိုင်ထားကြဆဲ ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A Banker Urged Struggling Families To Invest In Coca-Cola Stock During The Great Depression And They Became Millionaires – A Single $40 Share Pre-IPO Is Worth Over $10 Million Today (Yahoo Finance)

[Zawgyi]

ကမၻာ့မဟာစီးပြားပ်က္ကာလၾကီးအတြင္း ဘဏ္လုပ္ငန္းရွင္တစ္ဦးက စီးပြားေရးက်ပ္တည္းေနေသာ မိသားစုမ်ားကို ကိုကာကိုလာ၏ ရွယ္ယာမ်ား ဝယ္ယူရင္းႏွီးျမွဳပ္ႏွံၾကရန္ တိုက္တြန္းခဲ့၊ ယခုအခါ ထိုသူမ်ား သန္းၾကြယ္သူေဌးမ်ား ျဖစ္လာၾက၊ ေဒၚလာ ၄၀ တန္ ရွယ္ယာမွာ ယေန႔အခါ ေဒၚလာ ၁၀ သန္းေက်ာ္ တန္ေၾကးရွိေန

[ကိုယ္အိပ္ေနခ်ိန္မွာလည္း ေငြေတြဝင္ေနႏိုင္မယ့္နည္းလမ္း ရွာမေတြ႔ဘူးဆိုရင္ ခင္ဗ်ားဟာ ေသတဲ့အထိ အလုပ္ေတြ လုပ္ေနရလိမ့္မယ္- Warren Buffett]

(Warren Buffett once said, "If you don't find a way to make money while you sleep, you will work until you die.")

အေမရိကန္ႏိုင္ငံသားတို႔သည္ အခ်ဳိရည္ႏွင့္ စပ္လ်ဥ္းျပီး တစ္ဦးႏွင့္တစ္ဦး အၾကိဳက္မတူၾကေသာ္လည္း ဖေလာ္ရီဒါျပည္နယ္မွ ဆိတ္ျငိမ္ေသာ ျမိဳ႕ကေလးတစ္ခုျဖစ္သည့္ ကြင္စီ (Quincy) ျမိဳ႕သားတို႔ကမူ ကိုကာ ကိုလာ (Coca-Cola) အေပၚ အၾကိဳက္ခ်င္းတူခဲ့ၾကသည္။

ထိုသို႔ အၾကိဳက္တူျခင္းတြင္ အရသာအေပၚမွ်သာမဟုတ္ဘဲ ထိုျမိဳ႕ကေလးတြင္ ကိုကာ ကိုလာႏွင့္ ပတ္သက္ သည့္ သမိုင္းဇာစ္ျမစ္ရွိေနျပီး တနည္းအားျဖင့္ ကိုကာကိုလာ သန္းၾကြယ္သူေဌးမ်ား ေမြးဖြားလာသည့္ သမိုင္းေၾကာင္းဟုလည္း ဆိုႏိုင္သည္။

ကိုကာ ကိုလာကို ၁၉၁၉ ခုႏွစ္တြင္ ေစ်းကြက္၌ စတင္ျဖန္႔ခ်ိခဲ့သည္။ ကိုကာကိုလာ၏ ရွယ္ယာတစ္စုလွ်င္ ကနဦးေစ်း ေဒၚလာ ၄၀ ျဖင့္ ဝယ္ယူခြင့္ရခဲ့ၾကျပီး အက်ဳိးအျမတ္မ်ား ကိုလည္း စဥ္ဆက္မျပတ္ ျပန္လည္ရင္းႏွီးျမွဳပ္ႏွံခဲ့ၾကရာ ယေန႔အခါတြင္ ေဒၚလာ ၁၀ သန္းေက်ာ္ ၾကြယ္ဝလ်က္ရွိေနၾကျပီ ျဖစ္သည္။

ယခုျဖစ္ရပ္က ျပသသည္မွာ အနာဂတ္ကို တြက္ဆႏိုင္မႈ၏ အေရးပါပံုႏွင့္ ရွယ္ယာမ်ားကို စိတ္ရွည္သည္းခံကာ ေရရွည္ကိုင္ထားမႈ၏ အေရးၾကီးပံုတို႔ကို ျပသေနသည္။

ထိုေခတ္ထိုကာလက ထြန္းသစ္စ လုပ္ငန္းျဖစ္ေသာ ကိုကာ ကိုလာကဲ့သို႔ ကုမၸဏီမ်ဳိးတြင္ ရင္းႏွီးျမွဳပ္ႏွံမႈမွာ ၾကီးမားသည့္ အလားအလာကို ေဆာင္ၾကဥ္းေပးႏိုင္ရာ ယေန႔ေခတ္ ထြန္းသစ္စ ကုမၸဏီမ်ားတြင္လည္း အျမင္ရွိေသာ ရင္းႏွီးျမွဳပ္ႏွံသူမ်ားအတြက္ အလားတူ အခြင့္အလမ္းမ်ား ရွိေနသည္။

ဂ်ပန္ႏိုင္ငံ၏ ထိပ္သီး ေဆာ့ဖ္ဝဲျဖန္႔ခ်ိေရးကုမၸဏီၾကီး တည္ေထာင္သူ ဘီလ်ံနာၾကီး မဆယို႔ရွိ ဆြန္းသည္ တရုတ္ျပည္မွ လူမသိသူမသိ Alibaba ဝက္ဘ္ဆိုက္တြင္ အနာဂတ္အလားအလာကို သိျမင္ေသာေၾကာင့္ ပံုေအာရင္းႏွီးျမွဳပ္ႏွံခဲ့ရာ ေနာင္အခါ ဘီလ်ံေပါင္းမ်ားစြာ ျမတ္စြန္းသြားခဲ့သည္။

(မွတ္ခ်က္။ မဆယို႔ရွိ ဆြန္းအေၾကာင္း iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေရးသားတင္ျပခဲ့ျပီး ျဖစ္ပါသည္)

၂၀ ရာစုအေစာပိုင္းတြင္ ကြင္စီျမိဳ႕ကေလးမွ မာ့ခ္ ပက္ထ္ မြန္ရိုး (Mark Pat Munroe) အမည္ရွိ ဘဏ္လုပ္ငန္းရွင္တစ္ဦးက အေရးပါသည့္ ေလ့လာခ်က္တစ္ခုျပဳလုပ္ခဲ့ရာ ထိုျမိဳ႕ကေလး၏ ဘ႑ာေရး အခင္းအက်င္းကို အျပီးတိုင္ေျပာင္းလဲေပးႏိုင္ခဲ့သည္။

ထိုကာလက ကြင္စီျမိဳ႕ေလးတြင္ စီးပြားေရးခက္ခဲေနသည့္ ကာလျဖစ္ေစကာမူ ကိုကာကိုလာ၏ ရွယ္ယာမ်ားမွာ ျမိဳ႕သားမ်ား ဝယ္ႏိုင္သည့္ ပမာဏျဖစ္ေၾကာင္း မြန္ရိုးက သတိျပဳမိခဲ့သည္။

မြန္ရိုးက ထိုအခြင့္အလမ္းကို အရအမိဆုပ္ကိုင္ကာ ကိုကာကိုလာ ရွယ္ယာမ်ားစတင္ဝယ္ယူခဲ့ရာ ထိုျမိဳ႕ေလးတြင္ ကိုကာကိုလာရွယ္ယာမ်ားအတြက္ ေရွ႕ေဆာင္ေရွ႕ရြက္ျပဳသူသဖြယ္ ျဖစ္လာသည္။

ျမိဳ႕သူျမိဳ႕သားမ်ားကိုလည္း ကိုကာကိုလာရွယ္ယာမ်ား ဝယ္ယူကာ ရင္းႏွီးျမွဳပ္ႏွံၾကရန္ မြန္ရိုးက ျပင္းျပစြာ ေဆာ္ၾသတိုက္တြန္းခဲ့သည္။

သၾကားလုပ္ငန္းနယ္ပယ္ႏွင့္ အျငင္းပြားမႈမ်ားျဖစ္ေပၚခ်ိန္တြင္ ကိုကာကိုလာ၏ ရွယ္ယာမ်ား ၅၀ ရာခိုင္ႏႈန္း က်ဆင္းသြားခ်ိန္တြင္ပင္ မြန္ရိုးက ကိုကာကိုလာ ရွယ္ယာမ်ားအေပၚ ယံုၾကည္မႈ ပ်က္ယြင္းမသြားခဲ့။

သူ၏ စိတ္ရွည္သည္းခံႏိုင္စြမ္းကို မဟာစီးပြားပ်က္ကပ္ၾကီး (Great Depression) က ထပ္မံ စမ္းသပ္ခဲ့ျပန္သည္။

(မွတ္ခ်က္။ မဟာစီးပြားပ်က္ကပ္ၾကီးသည္ ေဝါစထရိရွယ္ယာေစ်းကြက္ ျပိဳလဲမႈမွ စတင္ခဲ့ျပီး ၁၉၂၉ မွ ၁၉၃၉ ခုႏွစ္အထိ ဆယ္စုႏွစ္တစ္ခု ၾကာျမင့္ခဲ့သည္)

၁၉၂၉ မွ ၁၉၃၂ ခုႏွစ္အၾကား Dow Jones Industrial Average (အတိုေကာက္အားျဖင့္ Dow ဟုေခၚ) စက္မႈ ရွယ္ယာေစ်းကြက္ ၈၉ ရာခိုင္ႏႈန္းအထိ ထုိးက်သြားခဲ့သည့္ ကာလအတြင္းတြင္ပင္ ကိုကာကိုလာမွာ အဆိုးဆံုး အေျခအေနႏွင့္ ရင္မဆိုင္ခဲ့ရ။

(မွတ္ခ်က္။ Dow ရွယ္ယာေစ်းကြက္မွာ အေမရိက၏ ထိပ္သီး စက္မႈကုမၸဏီ ၃၀ ျဖင့္သာ ဖြဲ႔စည္းထားေသာ ရွယ္ယာေစ်းကြက္ ျဖစ္သည္)

အလုပ္လက္မဲ့ ၂၀ ရာခိုင္ႏႈန္းနီးပါး ရွိခဲ့ေသာ ၁၉၃၁ ခုႏွစ္အတြင္း ကိုကာကိုလာ၏ ရွယ္ယာမွာ ၂ ဒသမ ၃ ရာခိုင္ႏႈန္းခန္႔သာ က်ဆင္းခဲ့သည္။ မြန္ရိုး၏ တြက္ဆခန္႔မွန္းခဲ့မႈမ်ား မွန္ကန္ေနသည္။

ျမိဳ႕သူျမိဳ႕သားတို႔မွာ ၎တို႔၏ လက္ထဲ ဆုပ္ကိုင္ထားေသာ ေနာက္ဆံုးလက္က်န္ေငြမ်ားကို ကိုကာကိုလာ၏ ရွယ္ယာမ်ားတြင္ ရင္းႏွီးျမွဳပ္ႏွံခဲ့ၾကသည္။

ထိုကာလက ကိုကာကိုလာ၏ ဘ႑ာေရးမွာလည္း ေတာင့္တင္းေနျပီး ေငြသား ၆ ဒသမ ၅ သန္းရွိခဲ့ကာ ေၾကြးျမီမရွိဘဲ ရပ္တည္ႏိုင္သည့္အေျခအေနျဖစ္ရာ အျမတ္ေဝစုမ်ား ခြဲေဝေပးႏိုင္ခဲ့သည္။

စီးပြားပ်က္ကပ္အလြန္တြင္လည္း ကိုကာကိုလာအေပၚ မြန္ရိုး၏ ယံုၾကည္မႈ ယိမ္းယိုင္မသြားခဲ့။

မြန္ရိုးႏွင့္ ကြင္စီျမိဳ႕သားတို႔သည္ ကိုကာကိုလာတြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ဆက္လက္ျပဳလုပ္ခဲ့ၾကသည္။

ထိုသို႔ ကိုကာကိုလာတြင္ စဥ္ဆက္မျပတ္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္လာခဲ့မႈမွာ ကြင္စီျမိဳ႕သူျမိဳ႕သားမ်ားအား ခ်မ္းသာၾကြယ္ဝမႈ ေဆာင္ၾကဥ္းေပးခဲ့ေလသည္။

၁၉၄၀ ျပည့္လြန္ေႏွာင္းပိုင္းကာလမ်ားတြင္ ကြင္စီျမိဳ႕ငယ္ေလးသည္ အေမရိက၏ တစ္ဦးခ်င္းအခ်မ္းသာဆံုး ျမိဳ႕ကေလးျဖစ္လာခဲ့သည္။

မြန္ရိုး၏ အၾကံေပးခ်က္အတိုင္း လိုက္နာခဲ့ေသာ ကြင္စီျမိဳ႕ေလးသည္ ကိုကာကိုလာ သန္းၾကြယ္သူေဌးျမိဳ႕ ကေလး ျဖစ္လာခဲ့ျပီး ထိုရွယ္ယာရွင္မ်ား၏ သားေျမးမ်ားသည္လည္း ကိုကာကိုလာ ရွယ္ယာမ်ားကို ယေန႔တုိင္ ပိုင္ဆိုင္ထားၾကဆဲ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A Banker Urged Struggling Families To Invest In Coca-Cola Stock During The Great Depression And They Became Millionaires – A Single $40 Share Pre-IPO Is Worth Over $10 Million Today (Yahoo Finance)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service