ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့ စုံတွဲ ငှားရမ်းနေထိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့ စုံတွဲ ငှားရမ်းနေထိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
10 Oct 2023 10:41 am တွင် တင်ခဲ့သည်
508 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့ စုံတွဲသည် ယခင်က လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ် အရပ်ရှိ ၁ ဒသမ ၂ ဧက ကျယ်ဝန်းသော ခြံဝန်းနှင့် စံအိမ်ကို ငှားရမ်းနေထိုင်ခဲ့ဖူးပြီး နောက်ပိုင်းတွင် နေအိမ်တစ်လုံး အပိုင်ဝယ်ယူခဲ့ကြသည်။

ယခုအခါ ၎င်းတို့စုံတွဲ ငှားရမ်းနေထိုင်ခဲ့သော စံအိမ် ကန်ဒေါ်လာ ၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

“ဒီစံအိမ်ဟာ ဘီဗာလီဟေးလ်က တစ်ဖက်ပိတ် လမ်းကလေးတစ်ခုရဲ့ အဆုံးမှာ တည်ရှိပြီး အကောင်းဆုံးနေရာ တွေထဲက တစ်ခုဖြစ်ပါတယ်”ဟု The Agency အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Santiago Arana က ပြောသည်။

အိပ်ခန်း ၁၂ ခန်းပါ နေအိမ်ဖြစ်ပြီး Santiago နှင့်အတူ Coldwell Banker အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Jade Mills တို့ ပူးတွဲကာ အရောင်းဈေးကွက်တင်ထားခြင်း ဖြစ်သည်။

အဆိုပါစံအိမ်ကို မီဒီယာလုပ်ငန်းရှင်သူဌေးကြီး Kerry Packer ၏ သားဖြစ်သူ James Packer က ပိုင်ဆိုင်ခဲ့သည်။

James Packer သည် ယခင်က ကမ္ဘာကျော်အဆိုတော် Mariah Carrey နှင့် ချစ်ကြိုက်ခဲ့ဖူးသူ ဖြစ်သည်။

James Packer သည် ဤစံအိမ်ကို ၂၀၁၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၆၅ သန်းခန့်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဝေါစထရိဂျာနယ်က ဖော်ပြသည်။

James Packer မတိုင်မီက ဤစံအိမ်ကို အမေရိကန်ရုပ်ရှင်မင်းသား Danny DeVito နှင့် Rhea Perlman တို့စုံတွဲ နှစ်ပေါင်း ၂၀ ပိုင်ဆိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ရောင်းထုတ်ခဲ့ခြင်း ဖြစ်သည်။

(အိမ်ရှေ့မျက်နှာစာ။ ဓာတ်ပုံ-Adrian van Anz)

(ရေကူးကန်။ ဓာတ်ပုံ-Adrian van Anz)

(ခြံအကျယ်အဝန်း ၁ ဒသမ ၂ ဧက ရှိသည်။ ဓာတ်ပုံ-Adrian van Anz)

(ရေချိုးခန်း ၁၇ ခန်း ရှိသည်။ ဓာတ်ပုံ-Adrian van Anz)

(ခြံဝန်းအတွင်း အဆောက်အအုံ ၅ ခု ပါဝင်သည်။ ဓာတ်ပုံ-Adrian van Anz)

အမှတ် ၁၀၂၈၊ Ridgedale လမ်းတွင် တည်ရှိပြီး ခြံဝန်းအတွင်း အဆောက်အအုံ ၅ ခု ပါဝင်သည်။

ခြံဝန်းအတွင်း ပင်မစံအိမ်၊ ရေကူးကန်ဘေးအိမ်၊ ရုပ်ရှင်ရုံနှင့် ပန်းဥယျာဉ်တို့ ရှိသည်။

ပင်မစံအိမ်မှာ စတုရန်းပေ ၂၅၀၀၀ ခန့်ရှိပြီး ခမ်းနားစွာ မွမ်းမံထားကာ လေဝင်လေထွက်ကောင်းမွန်ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

စံအိမ်အတွင်း ဧည့်ခန်း၊ ညစာစားခန်း၊ အရက်ဘားပါဝင်သော မိသားစုနားနေခန်း၊ ဝန်ထမ်းများအတွက် အခန်း ၂ ခန်း၊ ဓာတ်လှေကား ၁ ခု၊ ရေချိုးခန်း ၂ ခန်းပါဝင်သော ပင်မအိပ်ခန်းတို့ ပါဝင်သည်။

(အမေရိကန်ရုပ်ရှင်မင်းသား Danny DeVito လည်း ပိုင်ဆိုင်ခဲ့ဖူးသည်။ ဓာတ်ပုံ-Adrian van Anz)

(ပင်မစံအိမ်မှာ စတုရန်းပေ ၂၅၀၀၀ ခန့်ရှိသည်။ ဓာတ်ပုံ-Adrian van Anz)

(ကန်ဒေါ်လာ ၈၅ သန်း ဈေးခေါ်ထားသည်။ ဓာတ်ပုံ-Adrian van Anz)

(ရောင်းချသူမှာ သြစတေးလျ ဘီလျံနာ James Packer ဖြစ်သည်။ ဓာတ်ပုံ-Adrian van Anz)

(အိပ်ခန်း ၁၂ ခန်းပါဝင်သည်။ ဓာတ်ပုံ-Adrian van Anz)

(ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်။ ဓာတ်ပုံ-Adrian van Anz)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jennifer Lopez and Ben Affleck’s former LA rental lists for $85M (nypost)

[Zawgyi]

ဂ်နီဖာလိုပက္ဇ္ႏွင့္ ဘင္အက္ဖလက္တို႔ စံုတြဲ ငွားရမ္းေနထိုင္ခဲ့ေသာ ေလာ့စ္အိန္ဂ်လိစံအိမ္ ကန္ေဒၚလာ ၈၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

ဂ်နီဖာလိုပက္ဇ္ႏွင့္ ဘင္အက္ဖလက္တို႔ စံုတြဲသည္ ယခင္က ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးလ္ အရပ္ရွိ ၁ ဒသမ ၂ ဧက က်ယ္ဝန္းေသာ ျခံဝန္းႏွင့္ စံအိမ္ကို ငွားရမ္းေနထုိင္ခဲ့ဖူးျပီး ေနာက္ပိုင္းတြင္ ေနအိမ္တစ္လံုး အပိုင္ဝယ္ယူခဲ့ၾကသည္။

ယခုအခါ ၎တို႔စံုတြဲ ငွားရမ္းေနထိုင္ခဲ့ေသာ စံအိမ္ ကန္ေဒၚလာ ၈၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

“ဒီစံအိမ္ဟာ ဘီဗာလီေဟးလ္က တစ္ဖက္ပိတ္ လမ္းကေလးတစ္ခုရဲ႕ အဆံုးမွာ တည္ရွိျပီး အေကာင္းဆံုးေနရာ ေတြထဲက တစ္ခုျဖစ္ပါတယ္”ဟု The Agency အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Santiago Arana က ေျပာသည္။

အိပ္ခန္း ၁၂ ခန္းပါ ေနအိမ္ျဖစ္ျပီး Santiago ႏွင့္အတူ Coldwell Banker အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Jade Mills တို႔ ပူးတြဲကာ အေရာင္းေစ်းကြက္တင္ထားျခင္း ျဖစ္သည္။

အဆိုပါစံအိမ္ကို မီဒီယာလုပ္ငန္းရွင္သူေဌးၾကီး Kerry Packer ၏ သားျဖစ္သူ James Packer က ပိုင္ဆိုင္ခဲ့သည္။

James Packer သည္ ယခင္က ကမၻာေက်ာ္အဆိုေတာ္ Mariah Carrey ႏွင့္ ခ်စ္ၾကိဳက္ခဲ့ဖူးသူ ျဖစ္သည္။

James Packer သည္ ဤစံအိမ္ကို ၂၀၁၈ ခုႏွစ္အတြင္း ကန္ေဒၚလာ ၆၅ သန္းခန္႔ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ေဝါစထရိဂ်ာနယ္က ေဖာ္ျပသည္။

James Packer မတိုင္မီက ဤစံအိမ္ကို အေမရိကန္ရုပ္ရွင္မင္းသား Danny DeVito ႏွင့္ Rhea Perlman တို႔စံုတြဲ ႏွစ္ေပါင္း ၂၀ ပိုင္ဆိုင္ခဲ့ျပီး ၂၀၁၅ ခုႏွစ္တြင္ ေရာင္းထုတ္ခဲ့ျခင္း ျဖစ္သည္။

(အိမ္ေရွ႕မ်က္ႏွာစာ။ ဓာတ္ပံု-Adrian van Anz)

(ေရကူးကန္။ ဓာတ္ပံု-Adrian van Anz)

(ျခံအက်ယ္အဝန္း ၁ ဒသမ ၂ ဧက ရွိသည္။ ဓာတ္ပံု-Adrian van Anz)

(ေရခ်ဳိးခန္း ၁၇ ခန္း ရွိသည္။ ဓာတ္ပံု-Adrian van Anz)

(ျခံဝန္းအတြင္း အေဆာက္အအံု ၅ ခု ပါဝင္သည္။ ဓာတ္ပံု-Adrian van Anz)

အမွတ္ ၁၀၂၈၊ Ridgedale လမ္းတြင္ တည္ရွိျပီး ျခံဝန္းအတြင္း အေဆာက္အအံု ၅ ခု ပါဝင္သည္။

ျခံဝန္းအတြင္း ပင္မစံအိမ္၊ ေရကူးကန္ေဘးအိမ္၊ ရုပ္ရွင္ရံုႏွင့္ ပန္းဥယ်ာဥ္တို႔ ရွိသည္။

ပင္မစံအိမ္မွာ စတုရန္းေပ ၂၅၀၀၀ ခန္႔ရွိျပီး ခမ္းနားစြာ မြမ္းမံထားကာ ေလဝင္ေလထြက္ေကာင္းမြန္ေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

စံအိမ္အတြင္း ဧည့္ခန္း၊ ညစာစားခန္း၊ အရက္ဘားပါဝင္ေသာ မိသားစုနားေနခန္း၊ ဝန္ထမ္းမ်ားအတြက္ အခန္း ၂ ခန္း၊ ဓာတ္ေလွကား ၁ ခု၊ ေရခ်ဳိးခန္း ၂ ခန္းပါဝင္ေသာ ပင္မအိပ္ခန္းတို႔ ပါဝင္သည္။

(အေမရိကန္ရုပ္ရွင္မင္းသား Danny DeVito လည္း ပိုင္ဆိုင္ခဲ့ဖူးသည္။ ဓာတ္ပံု-Adrian van Anz)

(ပင္မစံအိမ္မွာ စတုရန္းေပ ၂၅၀၀၀ ခန႔္ရွိသည္။ ဓာတ္ပံု-Adrian van Anz)

(ကန္ေဒၚလာ ၈၅ သန္း ေစ်းေခၚထားသည္။ ဓာတ္ပံု-Adrian van Anz)

(ေရာင္းခ်သူမွာ ၾသစေတးလ် ဘီလ်ံနာ James Packer ျဖစ္သည္။ ဓာတ္ပံု-Adrian van Anz)

(အိပ္ခန္း ၁၂ ခန္းပါဝင္သည္။ ဓာတ္ပံု-Adrian van Anz)

(ဂ်နီဖာလိုပက္ဇ္ႏွင့္ ဘင္အက္ဖလက္။ ဓာတ္ပံု-Adrian van Anz)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jennifer Lopez and Ben Affleck’s former LA rental lists for $85M (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service