လန်ဒန်မြို့သူတစ်ဦး အိမ်ထဲတွင် မှိုစွဲနေမှုကို နဂါးစက်ဂမုန်း စိုက်ပျိုးကာ နှိမ်နင်းခဲ့ပုံ

လန်ဒန်မြို့သူတစ်ဦး အိမ်ထဲတွင် မှိုစွဲနေမှုကို နဂါးစက်ဂမုန်း စိုက်ပျိုးကာ နှိမ်နင်းခဲ့ပုံ - Property News in Myanmar from iMyanmarHouse.com
10 Oct 2023 10:08 am တွင် တင်ခဲ့သည်
3632 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သင်၏ နေအိမ်အတွင်း မှိုများစွဲနေသည်ကို တွေ့ပါက အထူးသတိထားရန် လိုအပ်သည်။

မှိုများသည် နေအိမ်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်စေရုံသာမက ကျန်းမာရေးအတွက်လည်း အန္တရာယ်ရှိကာ ဓာတ်မတည့်ခြင်းများနှင့် ပန်းနာရင်ကျပ်တို့ ဖြစ်စေနိုင်သည်။

(အက်စတာ ရှော အမည်ရှိ မိန်းကလေးတစ်ဦးသည် သူ၏ နေအိမ်အတွင်း Snake Plant ပန်းအိုးတစ်ခု စမ်းသပ်ထားရှိခဲ့သည်။ ထိုအပင်သည် အိမ်တွင်းမှိုစွဲခြင်းကို ကာကွယ်ပေးနိုင်သည်ဟု ဆိုသည်။)

သင့်အိမ်နံရံများ (သို့မဟုတ်) မျက်နှာကြက်များတွင် အစိမ်းရောင် ၊ အမဲရောင်အကွက်များ တွေ့လာသည် ဆိုပါက သင့်အိမ်မှာ မှိုစွဲနေသည့် လက္ခဏာ ဖြစ်သည်။

လန်ဒန်အနောက်တောင်ပိုင်းတွင် နေထိုင်သူ အက်စတာ ရှောသည် လွန်ခဲ့သောလအနည်းငယ်က နေအိမ်အတွင်း မှိုစွဲမှုများတွေ့ခဲ့ရာ အဆိပ်ရှိသော မှိုများအား တိုက်ထုတ်ရန် စီစဉ်ခဲ့သည်။

မူလက မှိုစွဲသည့်နေရာမှာ အနည်းငယ်သာဖြစ်သော်လည်း ကလေးငယ် ၂ ဦးရှိခြင်းကြောင့် မှိုဖယ်ရှားရေး အဆောတလျင် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

မှိုစွဲရခြင်း၏ အကြောင်းရင်းမှာ နေအိမ်အတွင်း စိုထိုင်းဆ မြင့်မားသောကြောင့် ဖြစ်သည်။

မိသားစုဝင် ၄ ဦး ရှိသောကြောင့် အက်စတာတို့ နေအိမ်၏ ရေချိုးခန်းတွင် အမြဲတစေနီးပါး အသုံးပြုနေရသဖြင့် ထိုနေရာဝန်းကျင်တွင် စိုထိုင်းဆ မြင့်မားသည်။

အက်စတာသည် နေအိမ်ပြတင်းပေါက်များ ဖွင့်ထားခြင်း ၊ အဝတ်စိုများကို အပြင်ဘက်တွင်သာ လှမ်းခြင်း ၊ ရေချိုးနေစဉ်အတွင်း လေစုပ်ပန်ကာများ ဖွင့်ထားခြင်း အစရှိသည်တို့ လုပ်ဆောင်ကာ စိုထိုင်းဆ မြင့်မားမှုကို ကုစားခဲ့သည်။

ထိုသို့လုပ်ဆောင်သည့်ကြားမှ နေအိမ်မှိုစွဲခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် သူငယ်ချင်းအချို့ထံမှ Snake Plant (နဂါးစက်ဂမုန်း) အကြောင်း သိလာခဲ့သည်။

နဂါးစက်ဂမုန်းသည် မှိုစွဲမှုများကို တိုက်ထုတ်နိုင်သည့် လက်နက်ကောင်းဖြစ်ကြောင်း သိလာပြီးနောက် စမ်းသပ်ကြည့်ရန် အက်စတာက ဆုံးဖြတ်ခဲ့သည်။

ယင်းနောက် Amazon တွင် နဂါးစက်ဂမုန်း ရှာဖွေခဲ့ရာ တစ်ပင်လျှင် ၁၄ ဒသမ ၉၉ ပေါင် (မြန်မာကျပ်ငွေ ၃၈၀၀၀ ကျော်) မျှသာရှိသည်ကို တွေ့ခဲ့ရသည်။

ထိုနည်းလမ်းမှာ dehumidifier စက်တစ်လုံးဝယ်သည်ထက် များစွာ ကုန်ကျစရိတ်သက်သာသည်။

အက်စတာက နဂါးစက်ဂမုန်းကို မှာယူလိုက်ပြီး ရက်အနည်းငယ်အကြာတွင် ရောက်ရှိလာရာ ရေချိုးခန်းအနီးမှ ပြတင်းပေါက်ဘေးတွင် ထားရှိခဲ့သည်။

နဂါးစက်ဂမုန်းကို အင်္ဂလန်တွင် ယောက္ခမလျှာ ဟု ခေါ်ဆိုကြသည်။

နဂါးစက်ဂမုန်းသည် ရေထုအတွင်းမှ ရေငွေ့များကို စုပ်ယူသော အပင်ဖြစ်ရာ ရေချိုးခန်းဝန်းကျင်ကဲ့သို့ စိုထိုင်းဆ များသော နေရာများတွင် ထားရှိရန် အထူးသင့်လျော်သည်။

မှိုများကို လုံးဝကွယ်ပျောက်သွားစေခြင်းမျိုး မဖြစ်နိုင်လျှင်သော်မှ များစွာ အထောက်အကူရှိသည်ကား သေချာသည်။

အက်စတာ၏ သူငယ်ချင်းများသည် နဂါးစက်ဂမုန်းကို စိုက်ပျိုးထားကြသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ၎င်းတို့ထံမှလည်း သတင်းကောင်းများ ကြားရသည်။

နဂါးစက်ဂမုန်းစိုက်ပျိုးထားခြင်းသည် စိုထိုင်းဆမြင့်မားမှုကို ထိန်းချုပ်ရန် သဘာဝကျကျနှင့် လက်တွေ့အဆန်ဆုံး နည်းလမ်းဖြစ်သည်။

စိမ်းလန်းသော နဂါးစက်ဂမုန်းတို့သည် သင်၏ နေအိမ်အတွင်း အလှတရားကိုလည်း တမျိုးတဖုံ ဆောင်ကြဉ်းပေးမည် ဖြစ်သည်။

အက်စတာ၏ သူငယ်ချင်းတစ်ဦးကမူ အိပ်ခန်းထဲတွင်လည်း နဂါးစက်ဂမုန်းများ စိုက်ပျိုးထားသည်။

နဂါးစက်ဂမုန်းတို့ရှိခြင်းကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေသည်ဟု ဆိုသည်။

နေအိမ်အတွင်းမှ စိုထိုင်းဆမြင့်မားမှုကို နဂါးစက်ဂမုန်းအပြင် အခြားသော အပင်အချို့ကလည်း ကာကွယ်ပေး ရာ ရှင်သီဝလိဂမုန်း (peace lilies) ၊ အုန်းမျိုးစိတ်ဝင် အပင်များနှင့် တိုက်ကပ်နွယ်တို့ အပါအဝင် ဖြစ်သည်။

ရှင်သီဝလိဂမုန်းများသည် စိုထိုင်းသော ပတ်ဝန်းကျင်ကို နှစ်သက်ပြီး တိုက်ရိုက်နေရောင်ခြည်ရရန်လည်း မလိုအပ်ချေ။

သို့သော် အိမ်မွေးတိရ စ္ဆာန်ရှိသူများအနေဖြင့် သတိပြုရမည် ဖြစ်ပြီး ရှင်သီဝလိဂမုန်းတို့မှာ အိမ်မွေး တိရ စ္ဆာန်များစားမိလျှင် အဆိပ်သင့်နိုင်သည်။

(မှတ်ချက်။ မြန်မာနိုင်ငံရှိ ပန်းပင်ဆိုင်များတွင် နဂါးစက် ဂမုန်းမှာ ၅၀၀၀ ကျပ်ဝန်းကျင်ခန့် ရှိသည်။

(ရှင်သီဝလိဂမုန်းမှာ အရွက်သေးမျိုးနှင့် အရွက်ကြီးမျိုး ၂ မျိုးရှိပြီး ဈေးနှုန်းမှာ ၃၅၀၀ ကျပ်မှ ၁၀၀၀၀ ကျော်အထိ ဈေးနှုန်းအမျိုးမျိုးရှိသည်။)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: BREAK THE MOULD I tested £15 plant that’s said to prevent mould and was surprised by the results (thesun)

[Zawgyi]

လန္ဒန္ျမဳိ႕သူတစ္ဦး အိမ္ထဲတြင္ မိႈစြဲေနမႈကို နဂါးစက္ဂမုန္း စိုက္ပ်ဳိးကာ ႏွိမ္နင္းခဲ့ပံု

သင္၏ ေနအိမ္အတြင္း မိႈမ်ားစြဲေနသည္ကို ေတြ႔ပါက အထူးသတိထားရန္ လိုအပ္သည္။

မိႈမ်ားသည္ ေနအိမ္ကို ရုပ္ပ်က္ဆင္းပ်က္ ျဖစ္ေစရံုသာမက က်န္းမာေရးအတြက္လည္း အႏၱရာယ္ရွိကာ ဓာတ္မတည့္ျခင္းမ်ားႏွင့္ ပန္းနာရင္က်ပ္တို႔ ျဖစ္ေစႏိုင္သည္။

(အက္စတာ ေရွာ အမည္ရွိ မိန္းကေလးတစ္ဦးသည္ သူ၏ ေနအိမ္အတြင္း Snake Plant ပန္းအိုးတစ္ခု စမ္းသပ္ထားရွိခဲ့သည္။ ထိုအပင္သည္ အိမ္တြင္းမိႈစြဲျခင္းကို ကာကြယ္ေပးႏိုင္သည္ဟု ဆိုသည္။)

သင့္အိမ္နံရံမ်ား (သို႔မဟုတ္) မ်က္ႏွာၾကက္မ်ားတြင္ အစိမ္းေရာင္ ၊ အမဲေရာင္အကြက္မ်ား ေတြ႔လာသည္ ဆိုပါက သင့္အိမ္မွာ မိႈစြဲေနသည့္ လကၡဏာ ျဖစ္သည္။

လန္ဒန္အေနာက္ေတာင္ပိုင္းတြင္ ေနထိုင္သူ အက္စတာ ေရွာသည္ လြန္ခဲ့ေသာလအနည္းငယ္က ေနအိမ္အတြင္း မိႈစြဲမႈမ်ားေတြ႔ခဲ့ရာ အဆိပ္ရွိေသာ မိႈမ်ားအား တိုက္ထုတ္ရန္ စီစဥ္ခဲ့သည္။

မူလက မိႈစြဲသည့္ေနရာမွာ အနည္းငယ္သာျဖစ္ေသာ္လည္း ကေလးငယ္ ၂ ဦးရွိျခင္းေၾကာင့္ မိႈဖယ္ရွားေရး အေဆာတလ်င္ လုပ္ေဆာင္ရန္ ဆံုးျဖတ္ခဲ့သည္။

မိႈစြဲရျခင္း၏ အေၾကာင္းရင္းမွာ ေနအိမ္အတြင္း စိုထုိင္းဆ ျမင့္မားေသာေၾကာင့္ ျဖစ္သည္။

မိသားစုဝင္ ၄ ဦး ရွိေသာေၾကာင့္ အက္စတာတို႔ ေနအိမ္၏ ေရခ်ဳိးခန္းတြင္ အျမဲတေစနီးပါး အသံုးျပဳေနရသျဖင့္ ထိုေနရာဝန္းက်င္တြင္ စိုထုိင္းဆ ျမင့္မားသည္။

အက္စတာသည္ ေနအိမ္ျပတင္းေပါက္မ်ား ဖြင့္ထားျခင္း ၊ အဝတ္စိုမ်ားကို အျပင္ဘက္တြင္သာ လွမ္းျခင္း ၊ ေရခ်ဳိးေနစဥ္အတြင္း ေလစုပ္ပန္ကာမ်ား ဖြင့္ထားျခင္း အစရွိသည္တုိ႔ လုပ္ေဆာင္ကာ စိုထုိင္းဆ ျမင့္မားမႈကို ကုစားခဲ့သည္။

ထိုသုိ႔လုပ္ေဆာင္သည့္ၾကားမွ ေနအိမ္မိႈစြဲခဲ့ျခင္းျဖစ္ျပီး ေနာက္ပိုင္းတြင္ သူငယ္ခ်င္းအခ်ဳိ႕ထံမွ Snake Plant (နဂါးစက္ဂမုန္း) အေၾကာင္း သိလာခဲ့သည္။

နဂါးစက္ဂမုန္းသည္ မိႈစြဲမႈမ်ားကို တုိက္ထုတ္ႏိုင္သည့္ လက္နက္ေကာင္းျဖစ္ေၾကာင္း သိလာျပီးေနာက္ စမ္းသပ္ၾကည့္ရန္ အက္စတာက ဆံုးျဖတ္ခဲ့သည္။

ယင္းေနာက္ Amazon တြင္ နဂါးစက္ဂမုန္း ရွာေဖြခဲ့ရာ တစ္ပင္လွ်င္ ၁၄ ဒသမ ၉၉ ေပါင္ (ျမန္မာက်ပ္ေငြ ၃၈၀၀၀ ေက်ာ္) မွ်သာရွိသည္ကို ေတြ႔ခဲ့ရသည္။

ထုိနည္းလမ္းမွာ dehumidifier စက္တစ္လံုးဝယ္သည္ထက္ မ်ားစြာ ကုန္က်စရိတ္သက္သာသည္။

အက္စတာက နဂါးစက္ဂမုန္းကို မွာယူလိုက္ျပီး ရက္အနည္းငယ္အၾကာတြင္ ေရာက္ရွိလာရာ ေရခ်ဳိးခန္းအနီးမွ ျပတင္းေပါက္ေဘးတြင္ ထားရွိခဲ့သည္။

နဂါးစက္ဂမုန္းကို အဂၤလန္တြင္ ေယာကၡမလွ်ာ ဟု ေခၚဆိုၾကသည္။ နဂါးစက္ဂမုန္းသည္ ေရထုအတြင္းမွ ေရေငြ႔မ်ားကို စုပ္ယူေသာ အပင္ျဖစ္ရာ ေရခ်ဳိးခန္းဝန္းက်င္ကဲ့သို႔ စိုထိုင္းဆ မ်ားေသာ ေနရာမ်ားတြင္ ထားရွိရန္ အထူးသင့္ေလ်ာ္သည္။

မိႈမ်ားကို လံုးဝကြယ္ေပ်ာက္သြားေစျခင္းမ်ဳိး မျဖစ္ႏိုင္လွ်င္ေသာ္မွ မ်ားစြာ အေထာက္အကူရွိသည္ကား ေသခ်ာသည္။

အက္စတာ၏ သူငယ္ခ်င္းမ်ားသည္ နဂါးစက္ဂမုန္းကို စိုက္ပ်ဳိးထားၾကသည္မွာ ၾကာျမင့္ခဲ့ျပီျဖစ္ျပီး ၎တို႔ထံမွလည္း သတင္းေကာင္းမ်ား ၾကားရသည္။

နဂါးစက္ဂမုန္းစိုက္ပ်ဳိးထားျခင္းသည္ စိုထိုင္းဆျမင့္မားမႈကို ထိန္းခ်ဳပ္ရန္ သဘာဝက်က်ႏွင့္ လက္ေတြ႔အဆန္ဆံုး နည္းလမ္းျဖစ္သည္။

စိမ္းလန္းေသာ နဂါးစက္ဂမုန္းတုိ႔သည္ သင္၏ ေနအိမ္အတြင္း အလွတရားကိုလည္း တမ်ဳိးတဖံု ေဆာင္ၾကဥ္းေပးမည္ ျဖစ္သည္။

အက္စတာ၏ သူငယ္ခ်င္းတစ္ဦးကမူ အိပ္ခန္းထဲတြင္လည္း နဂါးစက္ဂမုန္းမ်ား စိုက္ပ်ဳိးထားသည္။

နဂါးစက္ဂမုန္းတုိ႔ရွိျခင္းေၾကာင့္ ႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္ေပ်ာ္ေစသည္ဟု ဆိုသည္။

ေနအိမ္အတြင္းမွ စိုထုိင္းဆျမင့္မားမႈကို နဂါးစက္ဂမုန္းအျပင္ အျခားေသာ အပင္အခ်ဳိ႕ကလည္း ကာကြယ္ေပး ရာ ရွင္သီဝလိဂမုန္း (peace lilies) ၊ အုန္းမ်ဳိးစိတ္ဝင္ အပင္မ်ားႏွင့္ တုိက္ကပ္ႏြယ္တို႔ အပါအဝင္ ျဖစ္သည္။

ရွင္သီဝလိဂမုန္းမ်ားသည္ စိုထိုင္းေသာ ပတ္ဝန္းက်င္ကို ႏွစ္သက္ျပီး တုိက္ရိုက္ေနေရာင္ျခည္ရရန္လည္း မလိုအပ္ေခ်။

သို႔ေသာ္ အိမ္ေမြးတိရ စၦာန္ရွိသူမ်ားအေနျဖင့္ သတိျပဳရမည္ ျဖစ္ျပီး ရွင္သီဝလိဂမုန္းတုိ႔မွာ အိမ္ေမြး တိရစာၦန္ မ်ားစားမိလွ်င္ အဆိပ္သင့္ႏိုင္သည္။

(မွတ္ခ်က္။ ျမန္မာႏိုင္ငံရွိ ပန္းပင္ဆိုင္မ်ားတြင္ နဂါးစက္ ဂမုန္းမွာ ၅၀၀၀ က်ပ္ဝန္းက်င္ခန္႔ ရွိသည္။

ရွင္သီဝလိဂမုန္းမွာ အရြက္ေသးမ်ဳိးႏွင့္ အရြက္ၾကီးမ်ဳိး ၂ မ်ဳိးရွိျပီး ေစ်းႏႈန္းမွာ ၃၅၀၀ က်ပ္မွ ၁၀၀၀၀ ေက်ာ္အထိ ေစ်းႏႈန္းအမ်ဳိးမ်ဳိးရွိသည္။)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: BREAK THE MOULD I tested £15 plant that’s said to prevent mould and was surprised by the results (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service