မြေပုံမြေရာဇဝင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

မြေပုံမြေရာဇဝင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
8 Oct 2023 12:52 pm တွင် တင်ခဲ့သည်
600 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

အောက်ပါလုပ်ငန်းစဉ်များ လုပ်ဆောင်ရန်အတွက် သက်သေခံမြေပုံနှင့်မြေရာဇဝင် လျှောက်ထားလာပါက ဌာနမှစီစစ်၍ ခွင့်ပြုပေးနိုင်ပါသည်။

အဆောက်အဦး ဆောက်လုပ်ရန်၊ အကြီးစား ပြင်ဆင်ခွင့်ပြုရန်၊ ဘဏ်ငွေချေးရန်၊ အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်၊ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြော်ငြာစာချုပ်ချုပ်ဆိုရန်၊ ပစ္စည်းခွဲဝေခြင်း စာချုပ်ချုပ်ဆိုရန်၊ စွန့်လွှတ်စာချုပ်ချုပ်ဆိုရန်၊ အပိုင်ပေးစာချုပ်ချုပ်ဆိုရန်၊ ခြံစည်းရိုးကာရံခွင့် လျှောက်ထားရန်၊ မြေကွက်ခွဲ လျှောက်ထားရန်၊ အဝီစိတွင်း တူးဖော်ခွင့် လျှောက်ထားရန်၊ လှူဒါန်းခြင်း စာချုပ်ချုပ်ဆိုရန်၊ မှတ်တမ်းအဖြစ်ထားရှိရန်၊ ကျူးလွန်ခြင်းပြမြေပုံ၊ ဌာနဆိုင်ရာတင်ပြရန်၊ အမှားပြင်စာချုပ်ချုပ်ဆိုရန်၊ ငှားရမ်းစာချုပ်ချုပ်ဆိုရန်၊ ခွဲစိတ်မြေပုံလျှောက်ထားရန်၊ အပေါင်စာချုပ်ချုပ်ဆိုရန်၊ မြေကွက်လဲလှယ်စာချုပ်ချုပ်ဆိုရန်၊ မိသားစု စီမံခန့်ခွဲရေး စာချုပ်ချုပ်ဆိုရန်၊ အခွန်လွတ်သာသနာ့ဂရန် လျှောက်ထားရန်၊ ဗုဒ္ဓသိမ် ဂရန်လျှောက်ထားရန် မြေပုံလျှောက်ထား ထုတ်ယူနိုင်ပါသည်။

ပါမစ်မြေများတွင် အဆောက်အဦး ဆောက်လုပ်ရန်၊ ခြံကာရန်၊ အဝီစိတွင်းတူးရန်၊ မြေတိုင်းတာရန်အတွက်သာ သက်သေခံမြေပုံထုတ်ပေးနိုင်ပြီး အမည်ပေါက်ပိုင်ရှင်၊ အထူးကိုယ်စားလှယ်လွှဲစာ၊ အထွေထွေကိုယ်စားလှယ်လွှဲစာ ရရှိသူတို့မှသာ လျှောက်ထားနိုင်ပါသည်။

စွန့်လွတ်စာချုပ်များချုပ်ဆိုရန် မြေပုံကူးလျှောက်ထားခြင်းအား အမည်ပေါက်ပိုင်ရှင်၊ ပူးတွဲပိုင်ဆိုင်သူ၊ မှတ်ပုံတင်စာချုပ် အဆက်အစပ်ဖြင့် ပိုင်ဆိုင်သူကသာ လျှောက်ထားနိုင်ပြီး လျှောက်ထားသည့်မြေသည် မြေပိုင် မြေ၊ ဘိုးဘပိုင် မြေ၊ ဂရန်ရှိမြေပိုင် မြေ၊ မြေငှားစာချုပ်(ဂရန်)မြေ၊ လယ်ယာမြေနှင့် အကျုံးမဝင်ကြောင်း ဝန်ခံချက် လက်မှတ် ၃(ခ)(သို့)၃(က)ရရှိပြီးမြေများ ဖြစ်ရပါမည်။

မြေပိုင်မြေ၊ ဘိုးဘပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေ၊ မြေငှားစာချုပ်(ဂရန်)မြေ၊ စကွာတာမြေ၊ ဂရန်သက်တမ်း ကုန်မြေနှင့် လယ်ယာမြေနှင့်အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ် ၃(ခ)(သို့)၃(က)ရရှိပြီး မြေများအား အမည်ပေါက်ပိုင်ရှင် ကွယ်လွန်ပြီး အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြေပုံထုတ်ယူလိုသူသည် အမွေဆက်ခံခွင့်ရှိသူဖြစ်ရမည် (သို့) မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် ပိုင်ဆိုင်ခွင့်ရှိလာသူ ဖြစ်ရပါမည်။

ထို့ပြင် မြေငှားစာချုပ်(ဂရန်)၊ စကွာတာမြေနှင့် သက်တမ်းကုန်မြေတို့အား အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြေပုံကူးရာတွင် မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက်(သို့) မြေငှားခနောက်ဆုံး ပေးဆောင်ပြီး ကြောင်းပြေစာ၊ ကွယ်လွန်သူ၏ သေစာရင်း၊ တရားရုံးတွင် ပြုလုပ်သော ကျမ်းကျိန်လွှာ၊ ပိုင်ဆိုင်မှုနှင့် ပတ်သတ်သည့် တရားရုံးအမိန့် အမိန့်ဒီဂရီတို့ လိုအပ်ပါသည်။ ဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေကွက်အား မှတ်ပုံတင်စာချုပ်ဖြင့် ပိုင်ဆိုင်လာသူသည် မြေပြင်တွင် လက်ရောက်ပိုင်ဆိုင်မှုရှိရန်လဲ လိုအပ်ပါကြောင်း ဖော်ပြရေးသားပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

ေျမပုံေျမရာဇဝင္ေလွ်ာက္ထားျခင္းႏွင့္ စပ္လ်ဥ္း၍ ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပေပးလိုက္ပါတယ္။

 

ေအာက္ပါလုပ္ငန္းစဥ္မ်ား လုပ္ေဆာင္ရန္အတြက္ သက္ေသခံေျမပုံႏွင့္ေျမရာဇဝင္ ေလွ်ာက္ထားလာပါက ဌာနမွစီစစ္၍ ခြင့္ျပဳေပးႏိုင္ပါသည္။

အေဆာက္အဦး ေဆာက္လုပ္ရန္၊ အႀကီးစား ျပင္ဆင္ခြင့္ျပဳရန္၊ ဘဏ္ေငြေခ်းရန္၊ အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုရန္၊ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ေၾကာ္ျငာစာခ်ဳပ္ခ်ဳပ္ဆိုရန္၊ ပစၥည္းခြဲေဝျခင္း စာခ်ဳပ္ခ်ဳပ္ဆိုရန္၊ စြန္႔လႊတ္စာခ်ဳပ္ခ်ဳပ္ဆိုရန္၊ အပိုင္ေပးစာခ်ဳပ္ခ်ဳပ္ဆိုရန္၊ ျခံစည္း႐ိုးကာရံခြင့္ ေလွ်ာက္ထားရန္၊ ေျမကြက္ခြဲ ေလွ်ာက္ထားရန္၊ အဝီစိတြင္း တူးေဖာ္ခြင့္ ေလွ်ာက္ထားရန္၊ လႉဒါန္းျခင္း စာခ်ဳပ္ခ်ဳပ္ဆိုရန္၊ မွတ္တမ္းအျဖစ္ ထား႐ွိရန္၊ က်ဴးလြန္ျခင္းျပေျမပုံ၊ ဌာနဆိုင္ရာတင္ျပရန္၊ အမွားျပင္စာခ်ဳပ္ခ်ဳပ္ဆိုရန္၊ ငွားရမ္းစာခ်ဳပ္ခ်ဳပ္ဆိုရန္၊ ခြဲစိတ္ေျမပုံေလွ်ာက္ထားရန္၊ အေပါင္စာခ်ဳပ္ခ်ဳပ္ဆိုရန္၊ ေျမကြက္လဲလွယ္စာခ်ဳပ္ခ်ဳပ္ဆိုရန္၊ မိသားစု စီမံခန္႔ခြဲေရး စာခ်ဳပ္ခ်ဳပ္ဆိုရန္၊ အခြန္လြတ္သာသနာ့ဂရန္ ေလွ်ာက္ထားရန္၊ ဗုဒၶသိမ္ဂရန္ ေလွ်ာက္ထားရန္ ေျမပုံေလွ်ာက္ ထား ထုတ္ယူႏိုင္ပါသည္။

ပါမစ္ေျမမ်ားတြင္ အေဆာက္အဦး ေဆာက္လုပ္ရန္၊ ျခံကာရန္၊ အဝီစိတြင္းတူးရန္၊ ေျမတိုင္းတာရန္အတြက္သာ သက္ေသခံေျမပုံထုတ္ေပးႏိုင္ၿပီး အမည္ေပါက္ပိုင္႐ွင္၊ အထူးကိုယ္စားလွယ္လႊဲစာ၊ အေထြေထြ ကိုယ္စားလွယ္လႊဲစာ ရ႐ွိသူတို႔မွသာ ေလွ်ာက္ထားႏိုင္ပါသည္။

စြန္႔လြတ္စာခ်ဳပ္မ်ားခ်ဳပ္ဆိုရန္ ေျမပုံကူးေလွ်ာက္ထားျခင္းအား အမည္ေပါက္ပိုင္႐ွင္၊ ပူးတြဲပိုင္ဆိုင္သူ၊ မွတ္ပုံတင္စာခ်ဳပ္ အဆက္အစပ္ျဖင့္ ပိုင္ဆိုင္သူကသာ ေလွ်ာက္ထားႏိုင္ၿပီး ေလွ်ာက္ထားသည့္ေျမသည္ ေျမပိုင္ ေျမ၊ ဘိုးဘပိုင္ ေျမ၊ ဂရန္႐ွိေျမပိုင္ ေျမ၊ ေျမငွားစာခ်ဳပ္(ဂရန္)ေျမ၊ လယ္ယာေျမႏွင့္ အက်ံဳးမဝင္ေၾကာင္း ဝန္ခံခ်က္ လက္မွတ္ ၃(ခ)(သို႔)၃(က)ရ႐ွိၿပီးေျမမ်ား ျဖစ္ရပါမည္။

ေျမပိုင္ေျမ၊ ဘိုးဘပိုင္ေျမ၊ ဂရန္႐ွိေျမပိုင္ေျမ၊ ေျမငွားစာခ်ဳပ္(ဂရန္)ေျမ၊ စကြာတာေျမ၊ ဂရန္သက္တမ္း ကုန္ေျမႏွင့္ လယ္ယာေျမႏွင့္အက်ံဳးမဝင္ေၾကာင္း ဝန္ခံခ်က္လက္မွတ္ ၃(ခ)(သို႔)၃(က)ရ႐ွိၿပီး ေျမမ်ားအား အမည္ေပါက္ပိုင္႐ွင္ ကြယ္လြန္ၿပီး အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ေျမပုံထုတ္ယူလိုသူသည္ အေမြဆက္ခံခြင့္႐ွိသူျဖစ္ရမည္ (သို႔) မွတ္ပုံတင္စာခ်ဳပ္စာတမ္းျဖင့္ ပိုင္ဆိုင္ခြင့္႐ွိလာသူ ျဖစ္ရပါမည္။

ထို႔ျပင္ ေျမငွားစာခ်ဳပ္(ဂရန္)၊ စကြာတာေျမႏွင့္ သက္တမ္းကုန္ေျမတို႔အား အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ေျမပုံကူးရာတြင္ ေျမငွားခေႂကြးက်န္ ကင္း႐ွင္းေၾကာင္း ေထာက္ခံခ်က္(သို႔) ေျမငွားခေနာက္ဆုံး ေပးေဆာင္ၿပီး ေၾကာင္းေျပစာ၊ ကြယ္လြန္သူ၏ ေသစာရင္း၊ တရား႐ုံးတြင္ ျပဳလုပ္ေသာ က်မ္းက်ိန္လႊာ၊ ပိုင္ဆိုင္မႈႏွင့္ ပတ္သတ္သည့္ တရား႐ုံးအမိန္႔ အမိန္႔ဒီဂရီတို႔ လိုအပ္ပါသည္။ ဌာနမွ ေျမျပင္ကြင္းဆင္းစစ္ေဆးရာတြင္ ေျမကြက္အား မွတ္ပုံတင္စာခ်ဳပ္ျဖင့္ ပိုင္ဆိုင္လာသူသည္ ေျမျပင္တြင္ လက္ေရာက္ပိုင္ဆိုင္မႈ႐ွိရန္လဲ လိုအပ္ပါေၾကာင္း ေဖာ္ျပေရးသားေပးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service