အမေရိကန်ရှိ တောင်ပေါ်ဒေသ တောအုပ်ထဲတွင် မှတ်ပုံတင်မရှိ ၊ ရေမီးမရှိသော ဘဝဖြင့် နေထိုင်လျက်ရှိသော အမျိုးသားက သူနှင့်အတူ မျှဝေခံစားမည့် ချစ်သူမိန်းကလေးလိုချင်ကြောင်းပြောရာ ကမ္ဘာတစ်ဝန်းမှ ဆက်သွယ်သည့် မိန်းကလေး အလွန်များပြား

အမေရိကန်ရှိ တောင်ပေါ်ဒေသ တောအုပ်ထဲတွင် မှတ်ပုံတင်မရှိ ၊ ရေမီးမရှိသော ဘဝဖြင့် နေထိုင်လျက်ရှိသော အမျိုးသားက သူနှင့်အတူ မျှဝေခံစားမည့် ချစ်သူမိန်းကလေးလိုချင်ကြောင်းပြောရာ ကမ္ဘာတစ်ဝန်းမှ ဆက်သွယ်သည့် မိန်းကလေး အလွန်များပြား - Property News in Myanmar from iMyanmarHouse.com
4 Oct 2023 10:37 am တွင် တင်ခဲ့သည်
577 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ရှိ တောင်ပေါ်ဒေသ တောအုပ်ထဲတွင် မှတ်ပုံတင်မရှိ ၊ ရေမီးမရှိသော ဘဝဖြင့် နေထိုင်လျက်ရှိသော အမျိုးသားတစ်ဦးက သူနှင့်အတူ တောတွင်းဘဝကို မျှဝေခံစားမည့် ချစ်သူမိန်းကလေးလိုချင်ကြောင်းပြောရာ ကမ္ဘာတစ်ဝန်းမှ ဆက်သွယ်သည့် မိန်းကလေး အလွန်များပြားခဲ့သည်ဟု ဆိုသည်။

တီတပ်စ်မောရစ် အမည်ရှိ အမျိုးသားက ခေတ်သစ်လူနေမှုဘဝကို ကျောခိုင်းရန် ဘုရားသခင်ထံမှ လမ်းညွှန်ချက် ရသည်ဟု ခံစားခဲ့ရပြီးနောက် Appalachia တောင်တန်းဒေသတွင် ကိုယ်ပိုင်ယာတောတစ်ခု ဖော်ထုတ်နေထိုင်ခဲ့သည်။

တီတပ်စ်မောရစ်သည် လျှပ်စစ်မီး၊ ရေ၊ လက်ကိုင်ဖုန်း၊ ကား၊ ရှူးဖိနပ်ပင် မရှိသော အခြေအနေဖြင့် နေထိုင်ခြင်း လည်း ဖြစ်သည်။

သို့သော် ၈ နှစ်ခန့် နေထိုင်ခဲ့ပြီးနောက် သူနှင့်အတူ ဘဝဖြတ်သန်းမည့်သူတစ်ဦး လိုအပ်လာသည်။

တီတပ်စ်မောရစ်၏ တောင်ပေါ်ယာတောမှာ ကင်တပ်ကီပြည်နယ်တွင် တည်ရှိပြီး YouTuber တစ်ဦးက သူ့အကြောင်း ရိုက်ကူးကာ YouTube တွင် လွှင့်တင်ခဲ့ပြီးနောက် တီတပ်စ်မောရစ်မှာ သူနှင့် လက်တွဲမည့် မိန်းကလေးတစ်ဦး ရှာဖွေတွေ့ရှိသွားခဲ့သည်။

မှတ်တမ်းရုပ်ရှင်များရိုက်ကူးသူ ပီတာ ဆန်တီနယ်လို (Peter Santenello) က တီတပ်စ်မောရစ်အကြောင်း ရိုက်ကူးကာ YouTube တွင် လွန်ခဲ့သော ၂ လက ဗွီဒီယိုလွှင့်တင်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်း Appalachia တောင်တန်းဒေသတွင် နေထိုင်ရသောဘဝကို ရောင့်ရဲကျေနပ်သော်လည်း မိမိနှင့်အတူ မျှဝေခံစားမည့် လက်တွဲဖော်တစ်ဦး လိုအပ်နေကြောင်း တီတပ်စ် မောရစ်က ထိုဗွီဒီယိုဖိုင်တွင် ပြောခဲ့သည်။

ယင်းနောက်ပိုင်း ထပ်မံထွက်ပေါ်လာသော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် တီတပ်စ်မောရစ်က ပြောသည်မှာ ဘုရားသခင်က မိမိထံ မိန်းကလေးတစ်ဦး ဆောင်ကြဉ်းပေးအပ်ခဲ့ကြောင်း၊ လက်ရှိအားဖြင့် မိမိ၏ မိဘများ နှင့်အတူ နေထိုင်လျက်ရှိကြောင်း ပြောသည်။

(တီတပ်စ်မောရစ်သည် ကင်တပ်ကီပြည်နယ်ရှိ ဝေးလံခေါင်သီလှသောအရပ်တွင် နေထိုင်ခဲ့သည်မှာ ၈ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်)

(တီတပ်စ်မောရစ်နှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ပီတာ ဆန်တီနယ်လို)

(YouTube ဗွီဒီယိုတွင် တီတပ်စ်မောရစ်က ချစ်သူရှာဖွေနိုင်ရန် သူ၏ ဖုန်းနံပါတ်ပေးခဲ့ရာ ယင်းနောက်ပိုင်း ကတည်းက မရပ်မနား ဖုန်းခေါ်သူများ ရှိလာခဲ့သည်)

(ဖုန်းခေါ်မှုနှင့်အတူ ကမ္ဘာတစ်ဝန်းမှ အားပေးသူများထံမှ စာပို့မှုပေါင်းများစွာ ဝင်လာခဲ့ရာ အိုင်ယာလန်၊ အိန္ဒိယနှင့် ဂျာမနီနိုင်ငံများလည်း ပါဝင်သည်)

(ဆန်တီနယ်လိုက DailyMail သတင်းဌာနသို့ ပြောသည်မှာ တီတပ်စ်မောရစ်၏ ချစ်သူမိန်းကလေးသည် လက်ရှိတွင် ဗွီဒီယို အရိုက်မခံသေးသော်လည်း ဆွဲဆောင်မှုရှိသူတစ်ဦးဖြစ်ကြောင်း ပြောသည်)

တီတပ်စ်မောရစ်တွင် ကြိုးဖုန်းလိုင်းတစ်ခုရှိပြီး တဲငယ်ကလေးတစ်ခုတွင် တည်ရှိကာ အိမ်နီးချင်းတစ်ဦးနှင့်အတူ မျှဝေသုံးစွဲသည်။

“ဖုန်းလာတာ အဆက်မပြတ်ပါဘဲ။ ၁ မိနစ် ဒါမှမဟုတ် ၂ မိနစ်ကြာတိုင်း ဖုန်းတစ်ခါလာနေပါတယ်”

(တီတပ်စ်မောရစ်၏ ချစ်သူမိန်းကလေးမည်သူဖြစ်သည်ကိုမူ မသိရသေးချေ)

(ချစ်သူမိန်းကလေးမှာ အလွန်ရှက်တတ်ကြောင်း တီတပ်စ်မောရစ်က ပြောသည်)

(တီတပ်စ်မောရစ်သည် ဧက ၅၀ ကျယ်ဝန်းသော မြေနေရာတွင် နေထိုင်ပြီး ဧက ၂၀ ခန့်ကို စားကျက်အဖြစ် အသုံးပြုကာ ကျန် ဧက ၃၀ ခန့်မှာ တောအုပ်ဖြစ်သည်)

(တီတပ်စ်မောရစ်သည် ကျန်းမာကြံ့ခိုင်စေရန် နည်းလမ်းများအနက် သစ်ပင်တက်ရခြင်းကို နှစ်သက်သည်)

(တီတပ်စ်တွင် မြင်းလှည်းတစ်ခုရှိပြီး မြင်းအတွက် စပါးကျီတစ်ခုရှိကာ နွေလများတွင် အအေးဓာတ်ရသော ကောက်ရိုးများထဲတွင် ဝင်အိပ်လေ့ရှိသည်)

တီတပ်စ်မောရစ်၏ မြေနေရာမှာ မိဘများ၏ အကူအညီ၊ သူ၏ စုဆောင်းငွေများ စုပေါင်းကာ ဒေါ်လာ ၆၀၀၀၀ ဖြင့် ဝယ်ယူထားခြင်း ဖြစ်သည်။

သူ၏အိမ်တွင် မီးဖိုဆောင်၊ ညစာစားရန်နေရာနှင့် အိပ်စက်ရန်နေရာတို့ ပါဝင်သည်။

ဆန်တီနယ်လိုက GoFundMe ဝက်ဘ်ဆိုက်တွင် တီတပ်စ်မောရစ်အတွက် Titus’s Church အမည်ဖြင့် အလှူငွေကောက်ခံခဲ့ရာ ဒေါ်လာ ၁၂၅၀၀၀ ရရှိရန် လျာထားခဲ့ပြီး ဒေါ်လာ ၁၃၇၀၀၀ ကျော် ရရှိခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Farmer with NO government ID who lives off-grid in remote Appalachia reveals he's FINALLY found a girlfriend who loves his isolated lifestyle - after spending years living alone in the woods without internet, running water or electricity (dailymail)

[Zawgyi]

အေမရိကန္ရိွ ေတာင္ေပၚေဒသ ေတာအုပ္ထဲတြင္ မွတ္ပံုတင္မရွိ ၊ ေရမီးမရွိေသာ ဘဝျဖင့္ ေနထုိင္လ်က္ရွိေသာ အမ်ဳိးသားက သူႏွင့္အတူ မွ်ေဝခံစားမည့္ ခ်စ္သူမိန္းကေလးလိုခ်င္ေၾကာင္းေျပာရာ ကမၻာတစ္ဝန္းမွ ဆက္သြယ္သည့္ မိန္းကေလး အလြန္မ်ားျပား

အေမရိကန္ရိွ ေတာင္ေပၚေဒသ ေတာအုပ္ထဲတြင္ မွတ္ပံုတင္မရွိ ၊ ေရမီးမရွိေသာ ဘဝျဖင့္ ေနထုိင္လ်က္ရွိေသာ အမ်ဳိးသားတစ္ဦးက သူႏွင့္အတူ ေတာတြင္းဘဝကို မွ်ေဝခံစားမည့္ ခ်စ္သူမိန္းကေလးလိုခ်င္ေၾကာင္းေျပာရာ ကမၻာတစ္ဝန္းမွ ဆက္သြယ္သည့္ မိန္းကေလး အလြန္မ်ားျပားခဲ့သည္ဟု ဆိုသည္။

တီတပ္စ္ေမာရစ္ အမည္ရွိ အမ်ဳိးသားက ေခတ္သစ္လူေနမႈဘဝကို ေက်ာခိုင္းရန္ ဘုရားသခင္ထံမွ လမ္းညႊန္ခ်က္ ရသည္ဟု ခံစားခဲ့ရျပီးေနာက္ Appalachia ေတာင္တန္းေဒသတြင္ ကိုယ္ပိုင္ယာေတာတစ္ခု ေဖာ္ထုတ္ေနထိုင္ခဲ့သည္။

တီတပ္စ္ေမာရစ္သည္ လွ်ပ္စစ္မီး၊ ေရ၊ လက္ကိုင္ဖုန္း၊ ကား၊ ရွဴးဖိနပ္ပင္ မရွိေသာ အေျခအေနျဖင့္ ေနထိုင္ျခင္း လည္း ျဖစ္သည္။

သို႔ေသာ္ ၈ ႏွစ္ခန္႔ ေနထိုင္ခဲ့ျပီးေနာက္ သူႏွင့္အတူ ဘဝျဖတ္သန္းမည့္သူတစ္ဦး လိုအပ္လာသည္။

တီတပ္စ္ေမာရစ္၏ ေတာင္ေပၚယာေတာမွာ ကင္တပ္ကီျပည္နယ္တြင္ တည္ရွိျပီး YouTuber တစ္ဦးက သူ႔အေၾကာင္း ရိုက္ကူးကာ YouTube တြင္ လႊင့္တင္ခဲ့ျပီးေနာက္ တီတပ္စ္ေမာရစ္မွာ သူႏွင့္ လက္တြဲမည့္ မိန္းကေလးတစ္ဦး ရွာေဖြေတြ႔ရွိသြားခဲ့သည္။

မွတ္တမ္းရုပ္ရွင္မ်ားရိုက္ကူးသူ ပီတာ ဆန္တီနယ္လို (Peter Santenello) က တီတပ္စ္ေမာရစ္အေၾကာင္း ရိုက္ကူးကာ YouTube တြင္ လြန္ခဲ့ေသာ ၂ လက ဗြီဒီယိုလႊင့္တင္ခဲ့သည္။

အေမရိကန္ျပည္ေထာင္စု အေရွ႕ပိုင္း Appalachia ေတာင္တန္းေဒသတြင္ ေနထိုင္ရေသာဘဝကို ေရာင့္ရဲေက်နပ္ေသာ္လည္း မိမိႏွင့္အတူ မွ်ေဝခံစားမည့္ လက္တြဲေဖာ္တစ္ဦး လိုအပ္ေနေၾကာင္း တီတပ္စ္ ေမာရစ္က ထိုဗြီဒီယိုဖိုင္တြင္ ေျပာခဲ့သည္။

ယင္းေနာက္ပိုင္း ထပ္မံထြက္ေပၚလာေသာ ေတြ႔ဆံုေမးျမန္းခန္းတစ္ခုတြင္ တီတပ္စ္ေမာရစ္က ေျပာသည္မွာ ဘုရားသခင္က မိမိထံ မိန္းကေလးတစ္ဦး ေဆာင္ၾကဥ္းေပးအပ္ခဲ့ေၾကာင္း၊ လက္ရွိအားျဖင့္ မိမိ၏ မိဘမ်ား ႏွင့္အတူ ေနထိုင္လ်က္ရွိေၾကာင္း ေျပာသည္။

(တီတပ္စ္ေမာရစ္သည္ ကင္တပ္ကီျပည္နယ္ရွိ ေဝးလံေခါင္သီလွေသာအရပ္တြင္ ေနထိုင္ခဲ့သည္မွာ ၈ ႏွစ္ ၾကာျမင့္ခဲ့ျပီ ျဖစ္သည္)

(တီတပ္စ္ေမာရစ္ႏွင့္ မွတ္တမ္းရုပ္ရွင္ရိုက္ကူးသူ ပီတာ ဆန္တီနယ္လို)

(YouTube ဗြီဒီယိုတြင္ တီတပ္စ္ေမာရစ္က ခ်စ္သူရွာေဖြႏိုင္ရန္ သူ၏ ဖုန္းနံပါတ္ေပးခဲ့ရာ ယင္းေနာက္ပိုင္း ကတည္းက မရပ္မနား ဖုန္းေခၚသူမ်ား ရွိလာခဲ့သည္)

(ဖုန္းေခၚမႈႏွင့္အတူ ကမၻာတစ္ဝန္းမွ အားေပးသူမ်ားထံမွ စာပို႔မႈေပါင္းမ်ားစြာ ဝင္လာခဲ့ရာ အိုင္ယာလန္၊ အိႏိၵယႏွင့္ ဂ်ာမနီႏိုင္ငံမ်ားလည္း ပါဝင္သည္)

(ဆန္တီနယ္လိုက DailyMail သတင္းဌာနသို႔ ေျပာသည္မွာ တီတပ္စ္ေမာရစ္၏ ခ်စ္သူမိန္းကေလးသည္ လက္ရွိတြင္ ဗြီဒီယို အရိုက္မခံေသးေသာ္လည္း ဆြဲေဆာင္မႈရွိသူတစ္ဦးျဖစ္ေၾကာင္း ေျပာသည္)

တီတပ္စ္ေမာရစ္တြင္ ၾကိဳးဖုန္းလိုင္းတစ္ခုရွိျပီး တဲငယ္ကေလးတစ္ခုတြင္ တည္ရွိကာ အိမ္နီးခ်င္းတစ္ဦးႏွင့္အတူ မွ်ေဝသံုးစြဲသည္။

“ဖုန္းလာတာ အဆက္မျပတ္ပါဘဲ။ ၁ မိနစ္ ဒါမွမဟုတ္ ၂ မိနစ္ၾကာတိုင္း ဖုန္းတစ္ခါလာေနပါတယ္”

(တီတပ္စ္ေမာရစ္၏ ခ်စ္သူမိန္းကေလးမည္သူျဖစ္သည္ကိုမူ မသိရေသးေခ်)

(ခ်စ္သူမိန္းကေလးမွာ အလြန္ရွက္တတ္ေၾကာင္း တီတပ္စ္ေမာရစ္က ေျပာသည္)

(တီတပ္စ္ေမာရစ္သည္ ဧက ၅၀ က်ယ္ဝန္းေသာ ေျမေနရာတြင္ ေနထိုင္ျပီး ဧက ၂၀ ခန္႔ကို စားက်က္အျဖစ္ အသံုးျပဳကာ က်န္ ဧက ၃၀ ခန္႔မွာ ေတာအုပ္ျဖစ္သည္)

(တီတပ္စ္ေမာရစ္သည္ က်န္းမာၾကံ႕ခိုင္ေစရန္ နည္းလမ္းမ်ားအနက္ သစ္ပင္တက္ရျခင္းကို ႏွစ္သက္သည္)

(တီတပ္စ္တြင္ ျမင္းလွည္းတစ္ခုရွိျပီး ျမင္းအတြက္ စပါးက်ီတစ္ခုရွိကာ ေႏြလမ်ားတြင္ အေအးဓာတ္ရေသာ ေကာက္ရိုးမ်ားထဲတြင္ ဝင္အိပ္ေလ့ရွိသည္)

တီတပ္စ္ေမာရစ္၏ ေျမေနရာမွာ မိဘမ်ား၏ အကူအညီ၊ သူ၏ စုေဆာင္းေငြမ်ား စုေပါင္းကာ ေဒၚလာ ၆၀၀၀၀ ျဖင့္ ဝယ္ယူထားျခင္း ျဖစ္သည္။

သူ၏အိမ္တြင္ မီးဖိုေဆာင္၊ ညစာစားရန္ေနရာႏွင့္ အိပ္စက္ရန္ေနရာတို႔ ပါဝင္သည္။

ဆန္တီနယ္လိုက GoFundMe ဝက္ဘ္ဆိုက္တြင္ တီတပ္စ္ေမာရစ္အတြက္ Titus’s Church အမည္ျဖင့္ အလွဴေငြေကာက္ခံခဲ့ရာ ေဒၚလာ ၁၂၅၀၀၀ ရရွိရန္ လ်ာထားခဲ့ျပီး ေဒၚလာ ၁၃၇၀၀၀ ေက်ာ္ ရရွိခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Farmer with NO government ID who lives off-grid in remote Appalachia reveals he's FINALLY found a girlfriend who loves his isolated lifestyle - after spending years living alone in the woods without internet, running water or electricity (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service