ဆော်ဒီအာရေးဘီးယားမှ ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆယ်စုနှစ် တစ်ဝက်ခန့် ရပ်ဆိုင်းထား ခဲ့ပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်

ဆော်ဒီအာရေးဘီးယားမှ ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆယ်စုနှစ် တစ်ဝက်ခန့် ရပ်ဆိုင်းထား ခဲ့ပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင် - Property News in Myanmar from iMyanmarHouse.com
4 Oct 2023 9:59 am တွင် တင်ခဲ့သည်
987 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဆော်ဒီအာရေးဘီးယားမှ ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီးကို ဆယ်စုနှစ် တစ်ဝက်ခန့် ဆောက်လုပ်မှု ရပ်ဆိုင်းထားခဲ့ပြီးနောက် ယခုအခါ ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်လျက်ရှိသည်။

ဆော်ဒီအာရေးဘီးယားတွင် တည်ရှိသော Jeddah Tower အမည်ရှိ မိုးမျှော်တိုက်ကြီးကို အမေရိကန် ပြည်ထောင်စု ချီကာဂိုမြို့အခြေစိုက် ဗိသုကာအဖွဲ့ဖြစ်သော Adrian Smith+ Gill Gordon Architecture (AS+ GG ) အဖွဲ့က ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်ပြီး အပြီးသတ်ပြီးစီးပါက ကမ္ဘာ့အမြင့်မားဆုံး အဆောက်အဦးကြီး ဖြစ်လာမည် ဖြစ်သည်။

အဆိုပါ မိုးမျှော်တိုက်ကြီးကို ဆယ်စုနှစ် ၁ ခုနီးပါး ဆောက်လုပ်မှု ဆိုင်းငံ့ထားခဲ့ပြီးနောက် ယခုအခါ ပြန်လည် စတင်မည်ဖြစ်ကြောင်း ဒူဘိုင်းအခြေစိုက် Middle East Economic Digest (MEED) မဂ္ဂဇင်းက ရေးသား ဖော်ပြသည်။

AS+ GG က ဒီဇိုင်းရေးဆွဲခဲ့သော မိုးမျှော်တိုက်ကြီးကို အမြင့် မီတာ ၁၀၀၀ ခန့်အထိ ဆောက်လုပ်သွားရန် စီစဉ်ထားသည်။

ဆောက်လုပ်ပြီးစီးပါက လက်ရှိ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီးဖြစ်သော ဒူဘိုင်းမှ ၈၂၈ မီတာမြင့်မားသည့် Burj Khalifa ကို ဖြတ်ကျော်သွားမည် ဖြစ်သည်။

ယခင်က Kingdom Tower ဟု ခေါ်ခဲ့သော Jeddah Tower မိုးမျှော်တိုက်ကြီးသည် မှန်သားတို့ဖြင့် အတိပြီးသော အဆောက်အအုံကြီးဖြစ်ပြီး အောက်ခြေမှာ တြိဂံပုံသဏ္ဍာန်ရှိကာ ဘေးဖက်တွင် ငါးဆူးတောင်အသွင် အထစ်အဟိုက်များ ရှိပြီး အမိုးချွန်အထွတ်ဆီသို့ သွယ်ရှူးသွားသည်။

(Jeddah Tower ကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရပုံ။ ဓာတ်ပုံ-Wikipedia Commons)

Jeddah Tower မိုးမျှော်တိုက်ကြီးတွင် Four Seasons ဟိုတယ် ၊ လူနေခန်းများ ၊ ရုံးခန်းများအပြင် ကမ္ဘာ့အမြင့်မားဆုံး ရှုမျှော်ခင်းကြည့်နေရာတို့ ပါဝင်မည် ဖြစ်သည်။

Jeddah Tower ဆောက်လုပ်မည့် ဓာတ်ပုံများကို ၂၀၁၁ ခုနှစ်တွင် စတင်ထုတ်ပြန်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့သည်။

သို့သော် ဆောက်လုပ်ရေးစီမံကိန်းမှာ အမြဲလိုလို ရပ်ချည်သွားချည် ဖြစ်နေခဲ့ရာ ပြီးစီးရန် များစွာ နှောင့်နှေးနေခဲ့သည်။

ထိုသို့ နှောင့်နှေးရသည့် အကြောင်းများအနက် ဆောက်လုပ်သည့် ကန်ထရိုက်တာ Binladin Group ၏ ပိုင်ရှင်ဖြစ်သူ Bakr Bin Laden သည် ၂၀၁၇ ခုနှစ်အတွင်း အကျင့်ပျက်ခြစားမှုဖြင့် အဖမ်းခံခဲ့ရခြင်းမှာလည်း အကြောင်းရင်းတစ်ခု ဖြစ်သည်။

MEED မဂ္ဂဇင်း၏ ရေးသားဖော်ပြချက်အရ developer ဖြစ်သော Jeddah Economic ကုမ္ပဏီသည် ယခုစီမံကိန်းကို အပြီးသတ်ဆောက်လုပ်ရန်အတွက် ကန်ထရိုက်တာအသစ် ရှာဖွေလျက်ရှိသည်ဟု ဆိုသည်။

စီမံကိန်း ဖောင်ဒေးရှင်းကို ၂၀၁၁ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ဆောက်လုပ်မှုမှာ ၆၃ ထပ်ထိ ရောက်ရှိခဲ့သည်။

(တြိဂံပုံ အခြေရှိသော Jeddah Tower မိုးမျှော်တိုက်ကြီး။ ဓာတ်ပုံ- Jeddah Economic company)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The World’s Tallest Skyscraper Resumes Construction After Half a Decade of Pause (dezeen)

[Zawgyi]

ေဆာ္ဒီအာေရးဘီးယားမွ ကမၻာ့အျမင့္မားဆံုး မိုးေမွ်ာ္တိုက္ၾကီး ဆယ္စုႏွစ္ တစ္ဝက္ခန္႔ ရပ္ဆိုင္းထား ခဲ့ျပီးေနာက္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ျပန္လည္စတင္

ေဆာ္ဒီအာေရးဘီးယားမွ ကမၻာ့အျမင့္မားဆံုး မိုးေမွ်ာ္တိုက္ၾကီးကို ဆယ္စုႏွစ္ တစ္ဝက္ခန္႔ ေဆာက္လုပ္မႈ ရပ္ဆိုင္းထားခဲ့ျပီးေနာက္ ယခုအခါ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ျပန္လည္စတင္လ်က္ရွိသည္။

ေဆာ္ဒီအာေရးဘီးယားတြင္ တည္ရွိေသာ Jeddah Tower အမည္ရွိ မိုးေမွ်ာ္တိုက္ၾကီးကို အေမရိကန္ ျပည္ေထာင္စု ခ်ီကာဂိုျမဳိ႕အေျခစိုက္ ဗိသုကာအဖြဲ႔ျဖစ္ေသာ Adrian Smith+ Gill Gordon Architecture (AS+ GG ) အဖြဲ႔က ဒီဇိုင္းေရးဆြဲေပးခဲ့ျခင္း ျဖစ္ျပီး အျပီးသတ္ျပီးစီးပါက ကမၻာ့အျမင့္မားဆံုး အေဆာက္အဦးၾကီး ျဖစ္လာမည္ ျဖစ္သည္။

အဆိုပါ မိုးေမွ်ာ္တုိက္ၾကီးကို ဆယ္စုႏွစ္ ၁ ခုနီးပါး ေဆာက္လုပ္မႈ ဆိုင္းငံ့ထားခဲ့ျပီးေနာက္ ယခုအခါ ျပန္လည္ စတင္မည္ျဖစ္ေၾကာင္း ဒူဘိုင္းအေျခစိုက္ Middle East Economic Digest (MEED) မဂၢဇင္းက ေရးသား ေဖာ္ျပသည္။

AS+ GG က ဒီဇိုင္းေရးဆြဲခဲ့ေသာ မိုးေမွ်ာ္တိုက္ၾကီးကို အျမင့္ မီတာ ၁၀၀၀ ခန္႔အထိ ေဆာက္လုပ္သြားရန္ စီစဥ္ထားသည္။

ေဆာက္လုပ္ျပီးစီးပါက လက္ရွိ ကမၻာ့အျမင့္ဆံုး မိုးေမွ်ာ္တုိက္ၾကီးျဖစ္ေသာ ဒူဘိုင္းမွ ၈၂၈ မီတာျမင့္မားသည့္ Burj Khalifa ကို ျဖတ္ေက်ာ္သြားမည္ ျဖစ္သည္။

ယခင္က Kingdom Tower ဟု ေခၚခဲ့ေသာ Jeddah Tower မိုးေမွ်ာ္တိုက္ၾကီးသည္ မွန္သားတို႔ျဖင့္ အတိျပီးေသာ အေဆာက္အအံုၾကီးျဖစ္ျပီး ေအာက္ေျခမွာ ၾတိဂံပုံသ႑ာန္ရွိကာ ေဘးဖက္တြင္ ငါးဆူးေတာင္အသြင္ အထစ္အဟိုက္မ်ား ရွိျပီး အမိုးခၽြန္အထြတ္ဆီသို႔ သြယ္ရွဴးသြားသည္။

(Jeddah Tower ကို ၂၀၁၉ ခုႏွစ္အတြင္းက ေတြ႔ရပံု။ ဓာတ္ပံု-Wikipedia Commons)

Jeddah Tower မိုးေမွ်ာ္တိုက္ၾကီးတြင္ Four Seasons ဟိုတယ္ ၊ လူေနခန္းမ်ား ၊ ရံုးခန္းမ်ားအျပင္ ကမၻာ့အျမင့္မားဆံုး ရႈေမွ်ာ္ခင္းၾကည့္ေနရာတို႔ ပါဝင္မည္ ျဖစ္သည္။

Jeddah Tower ေဆာက္လုပ္မည့္ ဓာတ္ပံုမ်ားကို ၂၀၁၁ ခုႏွစ္တြင္ စတင္ထုတ္ျပန္ခဲ့ျပီး ၂၀၁၃ ခုႏွစ္တြင္ စတင္ေဆာက္လုပ္ခဲ့သည္။

သို႔ေသာ္ ေဆာက္လုပ္ေရးစီမံကိန္းမွာ အျမဲလိုလို ရပ္ခ်ည္သြားခ်ည္ ျဖစ္ေနခဲ့ရာ ျပီးစီးရန္ မ်ားစြာ ေႏွာင့္ေႏွးေနခဲ့သည္။

ထိုသုိ႔ ေႏွာင့္ေႏွးရသည့္ အေၾကာင္းမ်ားအနက္ ေဆာက္လုပ္သည့္ ကန္ထရိုက္တာ Binladin Group ၏ ပိုင္ရွင္ျဖစ္သူ Bakr Bin Laden သည္ ၂၀၁၇ ခုႏွစ္အတြင္း အက်င့္ပ်က္ျခစားမႈျဖင့္ အဖမ္းခံခဲ့ရျခင္းမွာလည္း အေၾကာင္းရင္းတစ္ခု ျဖစ္သည္။

MEED မဂၢဇင္း၏ ေရးသားေဖာ္ျပခ်က္အရ developer ျဖစ္ေသာ Jeddah Economic ကုမၸဏီသည္ ယခုစီမံကိန္းကို အျပီးသတ္ေဆာက္လုပ္ရန္အတြက္ ကန္ထရိုက္တာအသစ္ ရွာေဖြလ်က္ရွိသည္ဟု ဆိုသည္။

စီမံကိန္း ေဖာင္ေဒးရွင္းကို ၂၀၁၁ ခုႏွစ္တြင္ ျပီးစီးခဲ့ျပီး ေဆာက္လုပ္မႈမွာ ၆၃ ထပ္ထိ ေရာက္ရွိခဲ့သည္။

(ၾတိဂံပံု အေျခရွိေသာ Jeddah Tower မိုးေမွ်ာ္တိုက္ၾကီး။ ဓာတ္ပံု- Jeddah Economic company)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The World’s Tallest Skyscraper Resumes Construction After Half a Decade of Pause (dezeen)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service