နေစရာ အခက်အခဲဖြစ်နေသော အိမ်နီးချင်းကို မိမိအိမ်တွင် တစ်လနေထိုင်ခွင့်ပေးခဲ့ပြီး အိမ်နီးချင်းက ပြောင်းမပေးသောကြောင့် ဒုက္ခရောက်နေသော အမေရိကန်က အိမ်ရှင်အမျိုးသမီး

နေစရာ အခက်အခဲဖြစ်နေသော အိမ်နီးချင်းကို မိမိအိမ်တွင် တစ်လနေထိုင်ခွင့်ပေးခဲ့ပြီး အိမ်နီးချင်းက ပြောင်းမပေးသောကြောင့် ဒုက္ခရောက်နေသော အမေရိကန်က အိမ်ရှင်အမျိုးသမီး - Property News in Myanmar from iMyanmarHouse.com
3 Oct 2023 9:58 am တွင် တင်ခဲ့သည်
1547 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရက်ရောကူညီတတ်ခြင်းမှာ လူအများချီးကျူးဖွယ် ကိုယ်ကျင့်တရားစံနှုန်းတစ်ခုဖြစ်သော်လည်း အမေရိကန်မှ အိမ်ရှင်တစ်ဦးမှာမူ ရက်ရောကူညီတတ်မှုကြောင့် ဒုက္ခရောက်ရလျက် ရှိသည်။

သူ၏အိမ်မှ ဧည့်သည်တစ်ဦးကို နှင်ထုတ်ရန် အခက်ကြုံရလျက်ရှိခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် နေထိုင်သူ ဝင်ဒီအမည်ရှိ အိမ်ရှင်အမျိုးသမီးသည် နေရေးထိုင်ရေး အခက်ကြုံနေသော အိမ်နီးချင်းဖြစ်သူ အန်းမာရီလင်း (Anne-Marie Lynne) ဆိုသူကို သူ၏အိမ်တွင် ခေတ္တနေထိုင်ခွင့်ပေးခဲ့သည်။

(ဝင်ဒီက အိမ်နီးချင်းကို မိမိအိမ်တွင် ခေတ္တနေထိုင်ခွင့်ပေးခဲ့သည်။ ဓာတ်ပုံ-KCAL)

(အိမ်နီးချင်း အန်းမာရီမှာ အခြားနေရာသို့ မသွားတော့ဘဲ ဝင်ဒီ၏ အိမ်မှ ပြောင်းပေးရန် ငြင်းဆိုခဲ့သည်။ ဝင်ဒီက ရဲတပ်ဖွဲ့သို့ တိုင်းကြားခဲ့သော်လည်း ကယ်လီဖိုးနီးယားပြည်နယ် ဥပဒေအရ အန်းမာရီမှာ ဆက်လက်နေထိုင်ခွင့် ရှိနေသည်။ ဝင်ဒီအနေဖြင့် အန်းမာရီအား နှင်ထုတ်ရန် တရားရုံးတွင် တရားဝင်နှင်ထုတ်ခွင့် အမိန့်စာ တောင်းခံရမည် ဖြစ်သည်။ ဓာတ်ပုံ-KCAL)

(အိမ်နီးချင်း အန်းမာရီသည် ဝင်ဒီနှင့်သူတို့နှစ်ဦးကြား သဘောတူထားသည့် ကာလထက် ပိုမိုနေထိုင်နေ သည်မှာ ၂ လနီးပါးရှိပြီ ဖြစ်သည်။ အန်းမာရီသည် ဝင်ဒီ၏ ဧည့်ခန်းကြမ်းပြင်ပေါ်တွင် သူ၏ခွေးအပြင် ပိုင်ဆိုင်သော ပစ္စည်းများ ထားရှိကာ နေထိုင်နေခြင်း ဖြစ်သည်။ ဓာတ်ပုံ-KCAL)

ဝင်ဒီက CBS သတင်းဌာန လက်အောက်ခံ KCAL သတင်းဌာနသို့ ပြောခဲ့သည်မှာ အိမ်နီးချင်း အန်းမာရီက နေစရာနေရာတစ်ခု ပေးရန် တောင်းဆိုခဲ့ကြောင်း ၊ သူမနှင့် အတူနေသူတို့က ငွေကြေးပစ္စည်းများ ခိုးယူသွား ခဲ့ကြောင်း ပြောပြခဲ့သည်ဟု ဆိုသည်။

“သူက နေစရာနေရာ အသည်းအသန် လိုအပ်နေခဲ့တယ်”ဟု ဝင်ဒီက ပြောသည်။

မူလက သဘောတူထားသည်မှာ မိမိ၏ အိမ်တွင် တစ်လနေထိုင်ပြီး ထိုကာလအတွင်း အလုပ်တစ်ခုနှင့် ပြောင်းရွှေ့ရန်နေရာ ရှာဖွေရန် သဘောတူထားခဲ့ကြောင်း ဝင်ဒီက ပြောသည်။

အန်းမာရီသည် သူမ၏ ခွေးနှင့်အတူ ဝင်ဒီ၏ ဧည့်ခန်းကြမ်းပြင်တွင် အိပ်စက်ပြီး သူ၏ ပစ္စည်းများမှာ အခန်းတဝက်ခန့် နေရာယူထားသည်။

“သူက အလုပ်အင်တာဗျူးအတွက် တခါမှတောင် အပြင်မသွားခဲ့ပါဘူး။ ကျွန်မဧည့်ခန်းက ခုံပေါ်မှာပဲ နေ့တိုင်းအိပ် နေခဲ့ပါတယ်”ဟု ဝင်ဒီက ပြောသည်။

ယင်းနောက်ပိုင်း ဝင်ဒီက အန်းမာရီအား အိမ်မှ ထွက်သွားရန် နှင်ထုတ်ခဲ့ချိန်တွင် အန်းမာရီက ရဲတပ်ဖွဲ့ကို ဖုန်းဆက် တိုင်တန်းခဲ့သည်ဟု ဆိုသည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင် အိမ်တစ်အိမ်သို့ အလည်လာသည့် ဧည့်သည်များအား နှင်ထုတ်မှုကို အကာအကွယ်ပေးသည့် ဥပဒေတစ်ခု ရှိနေသည်။

အကယ်၍ လူတစ်ဦးကို အိမ်တစ်အိမ်က ဖိတ်ခေါ်ခဲ့ပြီး ၃ ရက်နှင့်အထက် နေထိုင်ခွင့် ပေးထားသည်ဆိုပါက ထိုသူအား အိမ်မှ ထွက်သွားရန် ပြောခြင်းကို ဥပဒေက ခွင့်မပြုချေ။

ထိုသူအား နှင်ထုတ်လိုပါက နေအိမ်မှ ထွက်ခွာရန် ရက် ၃၀ ကြိုတင်ကာ သတိပေးစာ ပို့ရမည်ဟု ဆိုသည်။

ဝင်ဒီက ထိုဥပဒေအကြောင်းကို ရဲတပ်ဖွဲ့ထံမှ သိလိုက်ရချိန်တွင် ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ခဲ့သော်လည်း ဒုက္ခရောက်နေသောကြောင့် ကူညီခဲ့သူတစ်ဦးအား အိမ်မှ ထွက်ခွာစေရေး တရားရုံးအထိ တင်ပြရခြင်းကို မယုံနိုင်အောင် ဖြစ်နေသည်။

“ကျွန်မက အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်ရပြီး ကျွန်မရဲ့ အိမ်ခန်းကိုတော့ တစ်ခြားသူကို နေခွင့်ပေး ၊ ရေဖိုးမီးဖိုးကုန်ကျစရိတ်အားလုံးလည်းပေး ၊ ပြီးတော့ ဒီအခန်းအတွက် ကျွန်မမှာ ဘာခံစားခွင့်မှ မရှိဘူးဆိုတာကို နားမလည်နိုင်အောင်ပါပဲ။”

ဝင်ဒီနှင့် သူ၏ သမီးသည် အိပ်ခန်းတံခါးများကို သော့များ တပ်ဆင်ခဲ့ရပြီး မိမိတို့ပိုင်ဆိုင်သည့် ပစ္စည်းများကို အိပ်ခန်းအတွင်း ပြောင်းရွှေ့ခဲ့ရသည်။

“မီးဖိုဆောင်ကို ကျွန်မတို့ သုံးတောင် မသုံးတော့ဘဲ စားစရာကို အပြင်ကူဝယ်ယူ စားသောက်နေခဲ့တယ်”ဟု ဝင်ဒီက ပြောသည်။

မိမိအိမ်တွင် မိမိနေထိုင်ရင်း အကျဉ်းကျနေသကဲ့သို့ ခံစားရကြောင်း သူမက ပြောသည်။

ဝင်ဒီက ပြောသည်မှာ မိမိနှင့် ချစ်သူယောက်ျားလေးတို့က အန်းမာရီကို မိုတယ်တစ်ခုတွင် တစ်ပတ်နေထိုင်ရန် ငွေပေးမည့်အပြင် ရွှေ့ပြောင်းရန်လည်း စီစဉ်ပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။

ထိုသို့ ကမ်းလှမ်းမှုအပြင် ယခုဖြစ်ရပ်အကြောင်း သတင်းများတွင် ပါဝင်လာမှုကြောင့် အန်းမာရီသည် ဝင်ဒီ၏ အိမ်တွင် နေထိုင်ခဲ့ပြီး ၂ လအကြာတွင် ပြောင်းရွှေ့သွားခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: UNWANTED GUEST I let a neighbor stay with me – I regret my decision now that I have to evict her and am a prisoner in my own home (the-sun)

[Zawgyi]

ေနစရာ အခက္အခဲျဖစ္ေနေသာ အိမ္နီးခ်င္းကို မိမိအိမ္တြင္ တစ္လေနထုိင္ခြင့္ေပးခဲ့ျပီး အိမ္နီးခ်င္းက ေျပာင္းမေပးေသာေၾကာင့္ ဒုကၡေရာက္ေနေသာ အေမရိကန္က အိမ္ရွင္အမ်ဳိးသမီး

ရက္ေရာကူညီတတ္ျခင္းမွာ လူအမ်ားခ်ီးက်ဴးဖြယ္ ကိုယ္က်င့္တရားစံႏႈန္းတစ္ခုျဖစ္ေသာ္လည္း အေမရိကန္မွ အိမ္ရွင္တစ္ဦးမွာမူ ရက္ေရာကူညီတတ္မႈေၾကာင့္ ဒုကၡေရာက္ရလ်က္ ရွိသည္။

သူ၏အိမ္မွ ဧည့္သည္တစ္ဦးကို ႏွင္ထုတ္ရန္ အခက္ၾကံဳရလ်က္ရွိျခင္း ျဖစ္သည္။

အေမရိကန္ျပည္ေထာင္စု ၊ ကယ္လီဖုိးနီးယားျပည္နယ္တြင္ ေနထိုင္သူ ဝင္ဒီအမည္ရွိ အိမ္ရွင္အမ်ဳိးသမီးသည္ ေနေရးထိုင္ေရး အခက္ၾကံဳေနေသာ အိမ္နီးခ်င္းျဖစ္သူ အန္းမာရီလင္း (Anne-Marie Lynne) ဆိုသူကို သူ၏အိမ္တြင္ ေခတၱေနထိုင္ခြင့္ေပးခဲ့သည္။

(ဝင္ဒီက အိမ္နီးခ်င္းကို မိမိအိမ္တြင္ ေခတၱေနထိုင္ခြင့္ေပးခဲ့သည္။ ဓာတ္ပံု-KCAL)

(အိမ္နီးခ်င္း အန္းမာရီမွာ အျခားေနရာသို႔ မသြားေတာ့ဘဲ ဝင္ဒီ၏ အိမ္မွ ေျပာင္းေပးရန္ ျငင္းဆိုခဲ့သည္။ ဝင္ဒီက ရဲတပ္ဖြဲ႔သုိ႔ တိုင္းၾကားခဲ့ေသာ္လည္း ကယ္လီဖိုးနီးယားျပည္နယ္ ဥပေဒအရ အန္းမာရီမွာ ဆက္လက္ေနထုိင္ခြင့္ ရွိေနသည္။ ဝင္ဒီအေနျဖင့္ အန္းမာရီအား ႏွင္ထုတ္ရန္ တရားရံုးတြင္ တရားဝင္ႏွင္ထုတ္ခြင့္ အမိန္႔စာ ေတာင္းခံရမည္ ျဖစ္သည္။ ဓာတ္ပံု-KCAL)

(အိမ္နီးခ်င္း အန္းမာရီသည္ ဝင္ဒီႏွင့္သူတို႔ႏွစ္ဦးၾကား သေဘာတူထားသည့္ ကာလထက္ ပိုမိုေနထုိင္ေန သည္မွာ ၂ လနီးပါးရွိျပီ ျဖစ္သည္။ အန္းမာရီသည္ ဝင္ဒီ၏ ဧည့္ခန္းၾကမ္းျပင္ေပၚတြင္ သူ၏ေခြးအျပင္ ပိုင္ဆုိင္ေသာ ပစၥည္းမ်ား ထားရွိကာ ေနထိုင္ေနျခင္း ျဖစ္သည္။ ဓာတ္ပုံ-KCAL)

ဝင္ဒီက CBS သတင္းဌာန လက္ေအာက္ခံ KCAL သတင္းဌာနသုိ႔ ေျပာခဲ့သည္မွာ အိမ္နီးခ်င္း အန္းမာရီက ေနစရာေနရာတစ္ခု ေပးရန္ ေတာင္းဆိုခဲ့ေၾကာင္း ၊ သူမႏွင့္ အတူေနသူတို႔က ေငြေၾကးပစၥည္းမ်ား ခိုးယူသြား ခဲ့ေၾကာင္း ေျပာျပခဲ့သည္ဟု ဆိုသည္။

“သူက ေနစရာေနရာ အသည္းအသန္ လိုအပ္ေနခဲ့တယ္”ဟု ဝင္ဒီက ေျပာသည္။

မူလက သေဘာတူထားသည္မွာ မိမိ၏ အိမ္တြင္ တစ္လေနထုိင္ျပီး ထိုကာလအတြင္း အလုပ္တစ္ခုႏွင့္ ေျပာင္းေရႊ႕ရန္ေနရာ ရွာေဖြရန္ သေဘာတူထားခဲ့ေၾကာင္း ဝင္ဒီက ေျပာသည္။

အန္းမာရီသည္ သူမ၏ ေခြးႏွင့္အတူ ဝင္ဒီ၏ ဧည့္ခန္းၾကမ္းျပင္တြင္ အိပ္စက္ျပီး သူ၏ ပစၥည္းမ်ားမွာ အခန္းတဝက္ခန္႔ ေနရာယူထားသည္။

“သူက အလုပ္အင္တာဗ်ဴးအတြက္ တခါမွေတာင္ အျပင္မသြားခဲ့ပါဘူး။ ကၽြန္မဧည့္ခန္းက ခံုေပၚမွာပဲ ေန႔တုိင္းအိပ္ ေနခဲ့ပါတယ္”ဟု ဝင္ဒီက ေျပာသည္။

ယင္းေနာက္ပိုင္း ဝင္ဒီက အန္းမာရီအား အိမ္မွ ထြက္သြားရန္ ႏွင္ထုတ္ခဲ့ခ်ိန္တြင္ အန္းမာရီက ရဲတပ္ဖြဲ႔ကို ဖုန္းဆက္ တိုင္တန္းခဲ့သည္ဟု ဆိုသည္။ ကယ္လီဖုိးနီးယားျပည္နယ္တြင္ အိမ္တစ္အိမ္သို႔ အလည္လာသည့္ ဧည့္သည္မ်ားအား ႏွင္ထုတ္မႈကို အကာအကြယ္ေပးသည့္ ဥပေဒတစ္ခု ရွိေနသည္။

အကယ္၍ လူတစ္ဦးကို အိမ္တစ္အိမ္က ဖိတ္ေခၚခဲ့ျပီး ၃ ရက္ႏွင့္အထက္ ေနထိုင္ခြင့္ ေပးထားသည္ဆိုပါက ထိုသူအား အိမ္မွ ထြက္သြားရန္ ေျပာျခင္းကို ဥပေဒက ခြင့္မျပဳေခ်။

ထိုသူအား ႏွင္ထုတ္လုိပါက ေနအိမ္မွ ထြက္ခြာရန္ ရက္ ၃၀ ၾကိဳတင္ကာ သတိေပးစာ ပို႔ရမည္ဟု ဆိုသည္။

ဝင္ဒီက ထိုဥပေဒအေၾကာင္းကို ရဲတပ္ဖြဲ႔ထံမွ သိလိုက္ရခ်ိန္တြင္ ဥပေဒလုပ္ထံုးလုပ္နည္းမ်ားအတုိင္း ေဆာင္ရြက္ခဲ့ေသာ္လည္း ဒုကၡေရာက္ေနေသာေၾကာင့္ ကူညီခဲ့သူတစ္ဦးအား အိမ္မွ ထြက္ခြာေစေရး တရားရံုးအထိ တင္ျပရျခင္းကို မယံုႏိုင္ေအာင္ ျဖစ္ေနသည္။

“ကၽြန္မက အလုပ္ေတြ ပင္ပင္ပန္းပန္းလုပ္ရျပီး ကၽြန္မရဲ႕ အိမ္ခန္းကိုေတာ့ တစ္ျခားသူကို ေနခြင့္ေပး ၊ ေရဖိုးမီးဖိုးကုန္က်စရိတ္အားလံုးလည္းေပး ၊ ျပီးေတာ့ ဒီအခန္းအတြက္ ကၽြန္မမွာ ဘာခံစားခြင့္မွ မရွိဘူးဆိုတာကို နားမလည္ႏိုင္ေအာင္ပါပဲ။”

ဝင္ဒီႏွင့္ သူ၏ သမီးသည္ အိပ္ခန္းတံခါးမ်ားကို ေသာ့မ်ား တပ္ဆင္ခဲ့ရျပီး မိမိတို႔ပိုင္ဆုိင္သည့္ ပစၥည္းမ်ားကို အိပ္ခန္းအတြင္း ေျပာင္းေရႊ႕ခဲ့ရသည္။ “မီးဖုိေဆာင္ကို ကၽြန္မတို႔ သံုးေတာင္ မသံုးေတာ့ဘဲ စားစရာကို အျပင္ကူဝယ္ယူ စားေသာက္ေနခဲ့တယ္”ဟု ဝင္ဒီက ေျပာသည္။

မိမိအိမ္တြင္ မိမိေနထုိင္ရင္း အက်ဥ္းက်ေနသကဲ့သို႔ ခံစားရေၾကာင္း သူမက ေျပာသည္။

ဝင္ဒီက ေျပာသည္မွာ မိမိႏွင့္ ခ်စ္သူေယာက်္ားေလးတုိ႔က အန္းမာရီကို မိုတယ္တစ္ခုတြင္ တစ္ပတ္ေနထုိင္ရန္ ေငြေပးမည့္အျပင္ ေရႊ႕ေျပာင္းရန္လည္း စီစဥ္ေပးမည္ျဖစ္ေၾကာင္း ကမ္းလွမ္းခဲ့သည္။

ထိုသို႔ ကမ္းလွမ္းမႈအျပင္ ယခုျဖစ္ရပ္အေၾကာင္း သတင္းမ်ားတြင္ ပါဝင္လာမႈေၾကာင့္ အန္းမာရီသည္ ဝင္ဒီ၏ အိမ္တြင္ ေနထုိင္ခဲ့ျပီး ၂ လအၾကာတြင္ ေျပာင္းေရႊ႕သြားခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: UNWANTED GUEST I let a neighbor stay with me – I regret my decision now that I have to evict her and am a prisoner in my own home (the-sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service