အိမ်ခြံမြေချစ်သူများ အတွက် အပတ်စဉ် ဥပဒေအမေးအဖြေ

အိမ်ခြံမြေချစ်သူများ အတွက် အပတ်စဉ် ဥပဒေအမေးအဖြေ - Property Knowledge in Myanmar from iMyanmarHouse.com
1 Oct 2023 1:19 pm တွင် တင်ခဲ့သည်
940 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ဒီတစ်ပတ်အတွက် စိတ်ဝင်စားဖွယ်ရာ အိမ်ခြံမြေဥပဒေအမေးအဖြေများနှင့် စောင့်ကြိုနေပါတယ်။ " ကိုယ်ပိုင်ဂရန်မြေကို အိမ်ဆောက်ပါကဘယ်နှစ်ထပ်အမြင့်ထိ ဆောက်လို့ရပါသလဲ " ဆိုတဲ့ အမေးအဖြေအပါအဝင် တစ်ခြားစိတ်ဝင်စားဖွယ်ရာ အမေးအဖြေများကို ဖတ်ရှုလိုက်ရအောင်နော်။

 

မေးခွန်း(၁) - ကိုယ်ဝယ်ယူမည့်မြေဟာ လမ်းမြေဖြစ်နေလားဆိုတာကို ဘယ်လိုအချက်တွေနဲ့ကြည့်ပြီး သိနိုင်ပါသလဲ။

မိမိဝယ်ယူသော အိမ်ခြံမြေဟာ မည့်သည့်မြေအမျိုးထဲပါဝင်သလဲ သိရှိထားရန်တော့ လိုအပ်ပါတယ်။ ပိုင်ဆိုင်မှု အထောက်အထား ဂရန်၊ မှတ်ပုံတင်စာချုပ်တို့တွင် ပါရှိသော ဦးပိုင်၊မြေကွက်အမှတ်၊မြေတိုင်းအမှတ် မှန်/မမှန် သက်ဆိုင်ရာမြို့နယ် မြေစာရင်းရုံး၊ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းပါဝင်လျှင် စည်ပင်သာယာရေးကော်မတီ မြေယာစီမံခန့်ခွဲမှုဌာနတွင် မှတ်တမ်းထားရှိသော စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ပါ။

ထိုသို့စစ်ဆေးသည့်အခါ ဦးပိုင်အမှတ်၊အမည်ပေါက် မှန်ကန်မှုမရှိပါက ပိုင်ဆိုင်မှု အထောက်အထားမူရင်းများ ပြသပြီး မြေတိုင်းတာခြင်း လျှောက်ထားနိုင်ပါသည်။ မြေပုံမြေရာဇဝင်ကို C-Map ဟုခေါ်ပြီး အတိုင်းအတာ ပါသော မြေပုံကို D-Map ဟု ခေါ်ပါသည်။

ဌာနမှ မြေငှားခကြွေးကျန်ရှိမရှိ၊ ဘေးပတ်ဝန်းကျင် မြေတိုင်းတာခြင်းကို သိရှိကြောင်း ထောက်ခံချက်ပါမပါ ကြည့်ရှုပြီး မြေစာရင်းတွင် ကန့်ကွက်ထားသူ ရှိမရှိစစ်ဆေးကာ ဝန်ဆောင်ခနှုန်းထား ပေးသွင်းစေ၍ မြေတိုင်းတာပေးပါသည်။

တဖက်သတ်မြေကွက်ခွဲစိတ်တိုင်းတာခြင်း လျှောက်ထားလိုပါက မိမိပိုင်ဆိုင်သည့် အစိတ်အပိုင်းအတွက် အထောက်အထားများတင်ပြပြီး တိုင်းတာနိုင်ပါသည်။ သို့ရာတွင် မူလမြေကွက်တစ်ခုလုံးကို တိုင်းတာပေးရမည်ဖြစ်သော ကြောင့် မြေကွက်တစ်ခုလုံးအတွက် ဝန်ဆောင်ခပေးသွင်းရမည်။

လမ်းမြေများပါမပါ ကြည့်ရှုစစ်ဆေးလိုပါက ရုံးတိုင်းတိုင်းတာဆောင်ရွက်ခြင်းဖြင့် စစ်ဆေးရပြီး Block တစ်ခု လုံးအတွက် မြေကွက်အားလုံးအား ဝင်ရောက်စစ်ဆေးတိုင်းတာခြင်း ပြုနိုင်သည်။ စစ်ဆေးတိုင်းတာအပြီး လမ်းမြေများ ဖယ်ပြီး မူလဂရန်မြေဧရိယာထက် လျော့နည်းနေသည့် ပေအတိုင်း လျှောက်ထားသူမှ ရယူမည်ဖြစ်ကြောင်း တင်ပြလာ ပါက မြို့မြေစာရင်း၊ ဂရန်မူရင်း၊ မြေပိုင်မြေဖြစ်ပါက အမည်ပေါက်လွှဲပြောင်း မှတ်တမ်းတို့တွင် ပြင်ဆင်မှုပြုပေးနိုင်ပါသည်။

လမ်းမြေအဖြစ် မြေစာရင်းတွင် ထွက်ရှိထားသော မြေအား ကျူးကျော်ထားက ဂရန်မြေအဖြစ်လျှောက် ထားရယူလို့ မရနိုင်ပါဘူး။ စည်ပင်သာယာရေးဥပဒေပုဒ်မ-၆၇တွင် ကော်မတီပိုင်မြေများအား ကော်မတီ၏ ခွင့်ပြုချက် မရရှိဘဲ အဆောက်အအုံဆောက်လုပ်ခြင်း၊ ကျူးကျော်ခြင်းမပြုရဟု၍ တားမြစ်ပိတ်ပင်ထားပါသည်။ အဆိုပါ လမ်းမြေအား အဆောက်အအုံတွင် ပါဝင်ဆောက်လုပ်ထားသူသည် ကော်မတီမှ အကြောင်းကြားပေးပို့ပြီး (၁၅)ရက် အတွင်း ဖယ်ရှားပေးရမည်ဖြစ်ကာ မလိုက်နာပါက အဆောက်အအုံကို ဖယ်ရှားပြီး မြေနေရာအား လက်ရောက် ရယူနိုင်သည်ဟု ဖော်ပြထားကြောင်း ဖြေဆိုရေးသားပေးလိုက်ပါတယ်။

 

မေးခွန်း(၂) - ကိုယ်ပိုင်ဂရန်မြေကို အိမ်ဆောက်ပါက ဘယ်နှစ်ထပ်အမြင့်ထိ ဆောက်လို့ရပါသလဲ။

အဆောက်အအုံဆိုသည်မှာ ယာယီဖြစ်စေ၊ အမြဲတမ်းဖြစ်စေ ဆောက်လုပ်ထားသည့် အိမ်၊တိုက်၊တဲ နှင့် ၎င်းတို့၏ အစိတ်အပိုင်းများ ဆိုလိုပြီး ခြံသည်းရိုး ၊ ဝင်းတံခါးတို့လည်း ပါဝင်ကြောင်း အဆောက်အအုံဆိုင်ရာ နည်း ဥပဒေ-၂ တွင် ဖော်ပြထားသည်။ စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်လိုသူသည် သတ်မှတ်ချက်များနှင့်အညီ ကော်မတီသို့ လျှောက်ထားရမည်ဖြစ်ကာ ခွင့်ပြုမပြုကို (၂)လအတွင်း အဆောက်အအုံဆိုင်ရာ နည်း ဥပဒေ-၄ အရ ပြန်လည်အကြောင်းကြားပေးသည်။

(၃) ထပ်ထက်မပိုသော အဆောက်အအုံများကိုတော့ မြေပိုင်ဆိုင်မှုနှင့်မသက်ဆိုင်ဘဲ မြို့တော်အဂရပ်နှင့် ညီညွှတ် သဖြင့် ခွင့်ပြုပေးပါသည်။ အဆောက်အအုံဆောက်လုပ်မည်ဆိုပါက အထပ်ရေ အမြင့်သတ်မှတ်ချက်များမှာ မြို့နယ် အလိုက် ကွာခြားမှု ရှိပါသည်။ ကန့်သတ်နယ်နမိတ်များတွင် (၆)ထပ်တိုက်အထိ၊(၅)ထပ်တိုက်အထိ၊ (၃)ထပ်တိုက်အထိ ဘုရားစေတီများ ဝန်းကျင် လမ်းမြေများပေါ်မူတည်၍ သတ်မှတ်ပုံကွာခြားပြီး ခွင့်ပြုပေးပါသည်။ ကန့်သတ်နယ်မြေ မဟုတ်သော နယ်နမိတ်များတွင် အဆောက်အအုံအထပ်အမြင့် ဆောက်လုပ်လိုပါက (၃)ထပ် တိုက်ထိ ဆောက်လုပ်နိုင်ပြီး (၃)ထပ်ထက်ပိုပါက မြေခံနိုင်မူပေါ်မူတည်၍ အဆောက်အအုံ အထပ်အရေအတွက်ကို ခွင့်ပြုခြင်းဖြစ်ပါသည်။ ထို့ပြင်မြို့နယ်အလိုက် အဆောက်အဦးအမြင့်အား ရှေ့လမ်းမကြီး ပေအကျယ်ကိုလဲ ကြည့်ရှ ပါသည်။ အဆောက်အအုံရှေ့ ပေချန်မှုမှာလဲ အထပ်အမြင့်ပေါ်မူတည်၍ ကွာခြားမှုရှိကြောင်း ဖြေဆိုရေးသားပေးလိုက်ပါတယ်။

 

မေးခွန်း(၃) - တိုက်ခန်းမြေညီထပ် ဝယ်ယူထားသူသည် မြေကြီးပါအပိုင်ရပါသလား ပြိုကျသွားပါက ထိုမြေကွက်ကို မြေညီထပ် ဝယ်ထားတဲ့လူပိုင်ဆိုင်ပါသလား။

မြေညီထပ်ဝယ်ယူထားသူသည် မြေရှင်ထံမှ ဝယ်ယူပါက မြေပိုင်ဆိုင်မှုအထောက်အထား ဂရန်မြေပိုင်ဆိုင်မှုပါ ဝယ်ယူခြင်းလား မြေညီနေထိုင်ခွင့်သာ ဝယ်ယူခြင်းလား မေးမြန်းရန်လိုအပ်ပါသည်။ တချို့မြေပိုင်ဆိုင်မှု ဂရန်ကိုင် ထားသော မြေရှင်များသည် မြေညီတွင် မနေထိုင်ဘဲ တိုက်၏ အခြားအလွှာတွင် နေထိုင်သည်များလဲ ရှိပါသည်။ ကန်ထရိုက် နှင့် အကျိုးတူ ဆောက်လုပ်သော အဆောက်အအုံတွင် ကန်ထရိုက် အချိုးကျပိုင်ဆိုင်မှု မြေညီထပ်အား ဝယ်ယူသည်ဆိုပါက မြေပိုင်ဆိုင်မှု မပါဘဲ ဝယ်ယူသည်မှာတော့ သေချာပါသည်။

မြေပိုင်ဆိုင်မှု ဂရန်မြေပဲ ဝယ်ဝယ်၊ မြေပိုင်မြေများပဲ ဝယ်ဝယ် တရားဝင်အခွန်ဆောင်ကာ အမည်ပေါက် ပြောင်းလဲခြင်းပြုရပါမည်။ မြေငှားသက်တမ်းတိုး ဆောင်ရွက်ထားခြင်းရှိမရှိ ကြည့်ရှုပါ။‌ မြေငှားစာချုပ်သက်တမ်း ကျော်လွန်ပါက အစိုးရစီမံခန့်ခွဲပိုင်ခွင့် မြေအမျိုးအစားအဖြစ် ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါသည်။

တိုက်ခန်းများပိုင်ဆိုင်မှုမှာ အပျောက်စနစ်ဖြင့် နေထိုင်မှုအား ဝယ်ယူခြင်းဖြစ်သဖြင့် ၁၉၆၀ မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေနှင့် သက်ဆိုင်ပါသည်။၁၉၆၀ မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ-၂(ဆ) တွင် အိမ်ရှင်နှင့် အိမ်ငှားနေထိုင်သူများမှာ ကျေကျေနပ်နပ်ဖြင့် အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်ခွင့်ပြုထားလျှင် ၎င်းတို့မှာ အိမ်ရှင်၊အိမ်ငှားအဖြစ်မှ ရပ်စဲပြီး ခွင့်ပြုချက်နှင့် နေသူအဖြစ်သို့ ပြောင်းလဲသွားသည်ဟု ယူဆရပြီး ပုဒ်မ-၂(ဆ)ကိုလဲ ဆန့်ကျင်ရာမရောက်ပါကြောင်း ဖော်ပြထားသည်။(ဒေါ်မြမြသန်းနှင့် ဦးပွန်ဇကပ် ၁၉၉၂၊မတစ(အထူး၁၁၀)) အမှုတွင် နှစ်ဦးသဘောတူညီကြသဖြင့် အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်သူအဖြစ် ပြောင်းလဲသွားကြောင်း တွေ့ရသည်။

မြေပိုင်ဆိုင်မှုပါ မြေညီအား ဝယ်ယူထားသူမှာ အခွန်ဆောင်၍ အမည်ပေါက် ပြောင်းလဲခြင်း ဆောင်ရွက်ထား ပါက မြေပိုင်ဆိုင်မှုမှာ ဘိုးစဉ်ဘောင်ဆက် အကျိုးခံစားခွင့်ပါရရှိမည်ဖြစ်ကာ အဆောက်အဦးပြိုကျ ပျက်စီးသွားပါ ကလဲ မြေကွက်ပိုင်ဆိုင်မှုမှာ ခိုင်မာပါသည်။ မြေပိုင်ဆိုင်မှု ပါဝင်ကာ ဝယ်ယူထားခြင်းမဟုတ်ပါက အဆောက်အအုံ ပြိုကျပျက်စီးသည့်အခါ အခြားအလွှာတွင် နေထိုင်သူများနည်းတူ မြေရှင်နှင့် ညီနှိုင်းပြီး အဆောက်အအုံအသစ် ဆောက်လုပ်ရန် ဆွေးနွေးရမည်ဖြစ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

 

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

အိမ္ျခံေျမခ်စ္သူမ်ား အတြက္ အပတ္စဥ္ ဥပေဒအေမးအေျဖ

 

ဒီတစ္ပတ္အတြက္ စိတ္ဝင္စားဖြယ္ရာ အိမ္ျခံေျမဥပေဒအေမးအေျဖမ်ားႏွင့္ ေစာင့္ႀကိဳေနပါတယ္။ " ကိုယ္ပိုင္ဂရန္ေျမကို အိမ္ေဆာက္ပါကဘယ္ႏွစ္ထပ္အျမင့္ထိ ေဆာက္လို႔ရပါသလဲ " ဆိုတဲ့ အေမးအေျဖအပါအဝင္ တစ္ျခားစိတ္ဝင္စားဖြယ္ရာ အေမးအေျဖမ်ားကို ဖတ္႐ႈလိုက္ရေအာင္ေနာ္။

 

ေမးခြန္း(၁) - ကိုယ္ဝယ္ယူမည့္ေျမဟာ လမ္းေျမျဖစ္ေနလားဆိုတာကို ဘယ္လိုအခ်က္ေတြနဲ႔ၾကည့္ၿပီး သိႏိုင္ပါသလဲ။

မိမိဝယ္ယူေသာ အိမ္ျခံေျမဟာ မည့္သည့္ေျမအမ်ိဳးထဲပါဝင္သလဲ သိ႐ွိထားရန္ေတာ့ လိုအပ္ပါတယ္။ ပိုင္ဆိုင္မႈ အေထာက္အထား ဂရန္၊ မွတ္ပုံတင္စာခ်ဳပ္တို႔တြင္ ပါ႐ွိေသာ ဦးပိုင္၊ေျမကြက္အမွတ္၊ေျမတိုင္းအမွတ္ မွန္/မမွန္ သက္ဆိုင္ရာၿမိဳ႕နယ္ ေျမစာရင္း႐ုံး၊ စည္ပင္သာယာေရး နယ္နိမိတ္အတြင္းပါဝင္လွ်င္ စည္ပင္သာယာေရးေကာ္မတီ ေျမယာစီမံခန္႔ခြဲမႈဌာနတြင္ မွတ္တမ္းထား႐ွိေသာ စာရင္းႏွင့္ တိုက္ဆိုင္စစ္ေဆးၾကည့္ပါ။

ထိုသို႔စစ္ေဆးသည့္အခါ ဦးပိုင္အမွတ္၊အမည္ေပါက္ မွန္ကန္မႈမ႐ွိပါက ပိုင္ဆိုင္မႈ အေထာက္အထားမူရင္းမ်ား ျပသၿပီး ေျမတိုင္းတာျခင္း ေလွ်ာက္ထားႏိုင္ပါသည္။ ေျမပုံေျမရာဇဝင္ကို C-Map ဟုေခၚၿပီး အတိုင္းအတာ ပါေသာ ေျမပုံကို D-Map ဟု ေခၚပါသည္။

ဌာနမွ ေျမငွားခေႂကြးက်န္႐ွိမ႐ွိ၊ ေဘးပတ္ဝန္းက်င္ ေျမတိုင္းတာျခင္းကို သိ႐ွိေၾကာင္း ေထာက္ခံခ်က္ပါမပါ ၾကည့္႐ႈၿပီး ေျမစာရင္းတြင္ ကန္႔ကြက္ထားသူ ႐ွိမ႐ွိစစ္ေဆးကာ ဝန္ေဆာင္ခႏႈန္းထား ေပးသြင္းေစ၍ ေျမတိုင္းတာေပးပါသည္။

တဖက္သတ္ေျမကြက္ခြဲစိတ္တိုင္းတာျခင္း ေလွ်ာက္ထားလိုပါက မိမိပိုင္ဆိုင္သည့္ အစိတ္အပိုင္းအတြက္ အေထာက္အထားမ်ားတင္ျပၿပီး တိုင္းတာႏိုင္ပါသည္။ သို႔ရာတြင္ မူလေျမကြက္တစ္ခုလုံးကို တိုင္းတာေပးရမည္ျဖစ္ေသာ ေၾကာင့္ ေျမကြက္တစ္ခုလုံးအတြက္ ဝန္ေဆာင္ခေပးသြင္းရမည္။

လမ္းေျမမ်ားပါမပါ ၾကည့္႐ႈစစ္ေဆးလိုပါက ႐ုံးတိုင္းတိုင္းတာေဆာင္႐ြက္ျခင္းျဖင့္ စစ္ေဆးရၿပီး Block တစ္ခု လုံးအတြက္ ေျမကြက္အားလုံးအား ဝင္ေရာက္စစ္ေဆးတိုင္းတာျခင္း ျပဳႏိုင္သည္။ စစ္ေဆးတိုင္းတာအၿပီး လမ္းေျမမ်ား ဖယ္ၿပီး မူလဂရန္ေျမဧရိယာထက္ ေလ်ာ့နည္းေနသည့္ ေပအတိုင္း ေလွ်ာက္ထားသူမွ ရယူမည္ျဖစ္ေၾကာင္း တင္ျပလာ ပါက ၿမိဳ႕ေျမစာရင္း၊ ဂရန္မူရင္း၊ ေျမပိုင္ေျမျဖစ္ပါက အမည္ေပါက္လႊဲေျပာင္း မွတ္တမ္းတို႔တြင္ ျပင္ဆင္မႈျပဳေပးႏိုင္ပါသည္။

လမ္းေျမအျဖစ္ ေျမစာရင္းတြင္ ထြက္႐ွိထားေသာ ေျမအား က်ဴးေက်ာ္ထားက ဂရန္ေျမအျဖစ္ေလွ်ာက္ ထားရယူလို႔ မရႏိုင္ပါဘူး။ စည္ပင္သာယာေရးဥပေဒပုဒ္မ-၆၇တြင္ ေကာ္မတီပိုင္ေျမမ်ားအား ေကာ္မတီ၏ ခြင့္ျပဳခ်က္ မရ႐ွိဘဲ အေဆာက္အအုံေဆာက္လုပ္ျခင္း၊ က်ဴးေက်ာ္ျခင္းမျပဳရဟု၍ တားျမစ္ပိတ္ပင္ထားပါသည္။ အဆိုပါ လမ္းေျမအား အေဆာက္အအုံတြင္ ပါဝင္ေဆာက္လုပ္ထားသူသည္ ေကာ္မတီမွ အေၾကာင္းၾကားေပးပို႔ၿပီး (၁၅)ရက္ အတြင္း ဖယ္႐ွားေပးရမည္ျဖစ္ကာ မလိုက္နာပါက အေဆာက္အအုံကို ဖယ္႐ွားၿပီး ေျမေနရာအား လက္ေရာက္ ရယူႏိုင္သည္ဟု ေဖာ္ျပထားေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါတယ္။

 

ေမးခြန္း(၂) - ကိုယ္ပိုင္ဂရန္ေျမကို အိမ္ေဆာက္ပါက ဘယ္ႏွစ္ထပ္အျမင့္ထိ ေဆာက္လို႔ရပါသလဲ။

အေဆာက္အအုံဆိုသည္မွာ ယာယီျဖစ္ေစ၊ အၿမဲတမ္းျဖစ္ေစ ေဆာက္လုပ္ထားသည့္ အိမ္၊တိုက္၊တဲ ႏွင့္ ၎တို႔၏ အစိတ္အပိုင္းမ်ား ဆိုလိုၿပီး ျခံသည္း႐ိုး ၊ ဝင္းတံခါးတို႔လည္း ပါဝင္ေၾကာင္း အေဆာက္အအုံဆိုင္ရာ နည္း ဥပေဒ-၂ တြင္ ေဖာ္ျပထားသည္။ စည္ပင္သာယာေရးနယ္နိမိတ္အတြင္း အေဆာက္အအုံေဆာက္လုပ္လိုသူသည္ သတ္မွတ္ခ်က္မ်ားႏွင့္အညီ ေကာ္မတီသို႔ ေလွ်ာက္ထားရမည္ျဖစ္ကာ ခြင့္ျပဳမျပဳကို (၂)လအတြင္း အေဆာက္အအုံဆိုင္ရာ နည္း ဥပေဒ-၄ အရ ျပန္လည္အေၾကာင္းၾကားေပးသည္။

(၃) ထပ္ထက္မပိုေသာ အေဆာက္အအုံမ်ားကိုေတာ့ ေျမပိုင္ဆိုင္မႈႏွင့္မသက္ဆိုင္ဘဲ ၿမိဳ႕ေတာ္အဂရပ္ႏွင့္ ညီၫႊတ္ သျဖင့္ ခြင့္ျပဳေပးပါသည္။ အေဆာက္အအုံေဆာက္လုပ္မည္ဆိုပါက အထပ္ေရ အျမင့္သတ္မွတ္ခ်က္မ်ားမွာ ၿမိဳ႕နယ္ အလိုက္ ကြာျခားမႈ ႐ွိပါသည္။ ကန္႔သတ္နယ္နမိတ္မ်ားတြင္ (၆)ထပ္တိုက္အထိ၊(၅)ထပ္တိုက္အထိ၊ (၃)ထပ္တိုက္အထိ ဘုရားေစတီမ်ား ဝန္းက်င္ လမ္းေျမမ်ားေပၚမူတည္၍ သတ္မွတ္ပုံကြာျခားၿပီး ခြင့္ျပဳေပးပါသည္။ ကန္႔သတ္နယ္ေျမ မဟုတ္ေသာ နယ္နမိတ္မ်ားတြင္ အေဆာက္အအုံအထပ္အျမင့္ ေဆာက္လုပ္လိုပါက (၃)ထပ္ တိုက္ထိ ေဆာက္လုပ္ႏိုင္ၿပီး (၃)ထပ္ထက္ပိုပါက ေျမခံႏိုင္မူေပၚမူတည္၍ အေဆာက္အအုံ အထပ္အေရအတြက္ကို ခြင့္ျပဳျခင္းျဖစ္ပါသည္။ ထို႔ျပင္ၿမိဳ႕နယ္အလိုက္ အေဆာက္အဦးအျမင့္အား ေ႐ွ႕လမ္းမႀကီး ေပအက်ယ္ကိုလဲ ၾကည့္႐ွ ပါသည္။ အေဆာက္အအုံေ႐ွ႕ ေပခ်န္မႈမွာလဲ အထပ္အျမင့္ေပၚမူတည္၍ ကြာျခားမႈ႐ွိေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါတယ္။

 

ေမးခြန္း(၃) - တိုက္ခန္းေျမညီထပ္ ဝယ္ယူထားသူသည္ ေျမႀကီးပါအပိုင္ရပါသလား ၿပိဳက်သြားပါက ထိုေျမကြက္ကို ေျမညီထပ္ ဝယ္ထားတဲ့လူပိုင္ဆိုင္ပါသလား။

 

ေျမညီထပ္ဝယ္ယူထားသူသည္ ေျမ႐ွင္ထံမွ ဝယ္ယူပါက ေျမပိုင္ဆိုင္မႈအေထာက္အထား ဂရန္ေျမပိုင္ဆိုင္မႈပါ ဝယ္ယူျခင္းလား ေျမညီေနထိုင္ခြင့္သာ ဝယ္ယူျခင္းလား ေမးျမန္းရန္လိုအပ္ပါသည္။ တခ်ိဳ႕ေျမပိုင္ဆိုင္မႈ ဂရန္ကိုင္ ထားေသာ ေျမ႐ွင္မ်ားသည္ ေျမညီတြင္ မေနထိုင္ဘဲ တိုက္၏ အျခားအလႊာတြင္ ေနထိုင္သည္မ်ားလဲ ႐ွိပါသည္။ ကန္ထ႐ိုက္ ႏွင့္ အက်ိဳးတူ ေဆာက္လုပ္ေသာ အေဆာက္အအုံတြင္ ကန္ထ႐ိုက္ အခ်ိဳးက်ပိုင္ဆိုင္မႈ ေျမညီထပ္အား ဝယ္ယူသည္ဆိုပါက ေျမပိုင္ဆိုင္မႈ မပါဘဲ ဝယ္ယူသည္မွာေတာ့ ေသခ်ာပါသည္။

ေျမပိုင္ဆိုင္မႈ ဂရန္ေျမပဲ ဝယ္ဝယ္၊ ေျမပိုင္ေျမမ်ားပဲ ဝယ္ဝယ္ တရားဝင္အခြန္ေဆာင္ကာ အမည္ေပါက္ ေျပာင္းလဲျခင္းျပဳရပါမည္။ ေျမငွားသက္တမ္းတိုး ေဆာင္႐ြက္ထားျခင္း႐ွိမ႐ွိ ၾကည့္႐ႈပါ။‌ ေျမငွားစာခ်ဳပ္သက္တမ္း ေက်ာ္လြန္ပါက အစိုးရစီမံခန္႔ခြဲပိုင္ခြင့္ ေျမအမ်ိဳးအစားအျဖစ္ ျပန္လည္ေရာက္႐ွိသြားၿပီ ျဖစ္ပါသည္။

တိုက္ခန္းမ်ားပိုင္ဆိုင္မႈမွာ အေပ်ာက္စနစ္ျဖင့္ ေနထိုင္မႈအား ဝယ္ယူျခင္းျဖစ္သျဖင့္ ၁၉၆၀ ၿမိဳ႕ျပဆိုင္ရာ ငွားရမ္းခ ႀကီးၾကပ္ေရး အက္ဥပေဒႏွင့္ သက္ဆိုင္ပါသည္။၁၉၆၀ ၿမိဳ႕ျပဆိုင္ရာငွားရမ္းခ ႀကီးၾကပ္ေရး အက္ဥပေဒပုဒ္မ-၂(ဆ) တြင္ အိမ္႐ွင္ႏွင့္ အိမ္ငွားေနထိုင္သူမ်ားမွာ ေက်ေက်နပ္နပ္ျဖင့္ အခမဲ့ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္ခြင့္ျပဳထားလွ်င္ ၎တို႔မွာ အိမ္႐ွင္၊အိမ္ငွားအျဖစ္မွ ရပ္စဲၿပီး ခြင့္ျပဳခ်က္ႏွင့္ ေနသူအျဖစ္သို႔ ေျပာင္းလဲသြားသည္ဟု ယူဆရၿပီး ပုဒ္မ-၂(ဆ)ကိုလဲ ဆန္႔က်င္ရာမေရာက္ပါေၾကာင္း ေဖာ္ျပထားသည္။(ေဒၚျမျမသန္းႏွင့္ ဦးပြန္ဇကပ္ ၁၉၉၂၊မတစ(အထူး၁၁၀)) အမႈတြင္ ႏွစ္ဦးသေဘာတူညီၾကသျဖင့္ အခမဲ့ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္သူအျဖစ္ ေျပာင္းလဲသြားေၾကာင္း ေတြ႕ရသည္။

ေျမပိုင္ဆိုင္မႈပါ ေျမညီအား ဝယ္ယူထားသူမွာ အခြန္ေဆာင္၍ အမည္ေပါက္ ေျပာင္းလဲျခင္း ေဆာင္႐ြက္ထား ပါက ေျမပိုင္ဆိုင္မႈမွာ ဘိုးစဥ္ေဘာင္ဆက္ အက်ိဳးခံစားခြင့္ပါရ႐ွိမည္ျဖစ္ကာ အေဆာက္အဦးၿပိဳက် ပ်က္စီးသြားပါ ကလဲ ေျမကြက္ပိုင္ဆိုင္မႈမွာ ခိုင္မာပါသည္။ ေျမပိုင္ဆိုင္မႈ ပါဝင္ကာ ဝယ္ယူထားျခင္းမဟုတ္ပါက အေဆာက္အအုံ ၿပိဳက်ပ်က္စီးသည့္အခါ အျခားအလႊာတြင္ ေနထိုင္သူမ်ားနည္းတူ ေျမ႐ွင္ႏွင့္ ညီႏိႈင္းၿပီး အေဆာက္အအုံအသစ္ ေဆာက္လုပ္ရန္ ေဆြးေႏြးရမည္ျဖစ္ေၾကာင္း ေျဖဆို ေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

 

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Neighbourhood
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service