ကြုံရဆုံရ မြေကွက်ဝယ်ရတာလည်း အထူးအဆန်းပါလား

ကြုံရဆုံရ မြေကွက်ဝယ်ရတာလည်း အထူးအဆန်းပါလား - Property Knowledge in Myanmar from iMyanmarHouse.com
30 Sep 2023 11:34 am တွင် တင်ခဲ့သည်
663 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

ဒီကနေ့မနက်မှာတော့ မောင်ကောင်းဖေ တစ်ယောက် စိတ်သစ်လူသစ်နဲ့ လုပ်ငန်းများ စဖို့ပြင်ဆင်နေချိန်မှာ အိမ်ရှေ့တံခါးဝသို့ ဟိန္ဒူဘာသာဝင်လူလတ်ပိုင်းတစ်ဦး ရောက်လာပါတယ်။ “ ဆရာက အိမ်၊ ခြံ ၊မြေ အရောင်းအဝယ် စာချုပ်တွေ အိမ်တိုင်လာရောက် လိုက်ပါချုပ်ပေးနေပါသလား ခင်ဗျာ “ တဲ့ ။ “ ဟုတ်ကဲ့ လိုက်ချုပ်ပေးပါတယ်။ ညီလေးက မြေကွက်ဝယ်ချင်လို့လား “ လို့ ပြန်မေးလိုက်တော့ “ ဟုတ်ပါတယ် ဒီနေ့ပဲ စရန်ငွေပေးဖို့ ချိန်းထားလို့ ရောင်းသူတွေလာရင် ဆရာကိုလာ ခေါ်ချင်ပါတယ် ။ ရုံးမသွားပါနဲ့ဦး ခေတ္တစောင့်ပေးပါ “ ဟု ပြောသဖြင့် မောင်ကောင်းဖေလည်း” နာရီဝက်ခန့်စောင့်ပေးမယ်” လို့ကတိပြုလိုက်ပါတယ်။ အပြန်အလှန်ဆက်သွယ်ရေး မခက်အခဲမရှိစေရန် သူ့နာမည်မေးပြီး မောင်ကောင်ဖေရဲ့ ရုံးလိပ်စာကတ်ပြားကိုလည် ပေးလိုက်ပါတယ်။

 

ဈေးဆစ်တဲ့ဝါသနာ မြန်မာပြည်နေသူတိုင်းလိုလိုပါ

ပြောတဲ့အတိုင်းနာရီဝက်အကြာမှာတော့ “ ကိုဆာမိ “ တစ်ယောက် အဖော်နှစ်ဦး နဲ့ အတူ မောင်ကောင်းဖေ အိမ်ကို ပြန်ရောက်လာပါတယ်။ ပါလာသူနှစ်ဦးကတော့ ကိုဆာမိရဲ့ တူနှစ်ယောက်လို့မိတ်ဆက်ပေးပါတယ်။ ပြီးတော့ရှေ့နေငှားခမေးပါတယ်။ရှေ့နေစာချုပ်ချုပ်ဆိုခနဲ့စာရွက်စာတမ်းမှန်ကန်မှုစစ်ဆေးခတို့ကိုပြောပြလိုက်ပါတယ်။မြန်မာလူမျိုးတို့လိုပဲသူတို့ကလည်းရှေ့နေခဈေးဆစ်ကြပါတယ်။မောင်ကောင်းဖေ ကလည်းမလျှော့နိုင်တဲ့အကြောင်း အပြတ်ပြောတော့မှ ကိုဆာမိတို့က မြေကွက်ရဲ့သမိုင်းကြောင်ကို ကြားသိရသလောက် ရှင်းပြကြပါတယ်။

 

ပွဲဖြစ်ချင်လွန်းလို့ ဖုန်းဆက်ခေါ်တာ အကျိုးဆောင်တွေပါ

 

ကိုဆာမိတို့နဲ့ မောင်ကောင်းဖေ စကားလက်စုံကျနေစဉ်မှာပဲ ပွဲစားများထံမှ ဖုန်းသံကြားရပါတယ် ။ ရောင်သူများက တာမွေက ကား နဲ့လာနေပြီဆိုတဲ့အကြောင်း၊ ဒါကြောင့် ရောင်းမယ့် မြေကွက်တည်ရှိရာ ဒဂုံတောင်ပိုင်း( ) အိမ်ခြံမြေအကျိုးဆောင်တစ်ဦီး၏ရုံးခန်း အမြန်လာရောက်ကြဖို့ ချိန်ဆိုလိုက်တာဖြစ်ပါတယ်။

 

ဆန္ဒစောလို့ ရုံးရောက်လာ ရောင်းသူတွေက မပေါ်လာသေးပါ

 

‘’ဟော…… ရောင်းသူတွေလာနေပြီတဲ့ ဆရာ ။ ကျွန်တော်တို့နဲ့လိုက်ခဲ့ပေးပါဆိုတာနဲ့ မောင်ကောင်းဖေလည်း ကိုဆာမိတို့ငှားလာတဲ့ကားနဲ့တစ်ခါတည်းရုံးအိတ်ဆွဲပြီးလိုက်ခဲ့ရပါတော့တယ်။တကယ်တော့ မောင်ကောင်းဖေရောက်သွားတဲ့အချိန်မှာရောင်းသူမလာ‌သေး။အကျိုးဆောင်ရဲ့ ရုံးခန်း လည်းမဖွင့်သေးတာနဲ့ရုံးအနီးလက်ဖက်ရည်ဆိုင်မှာ ဝင်ထိုင်ပြီးစောင့်နေရသေးတယ် ။

 

သံသယဝင်ရတဲ့အကြောင်းက အုပ်ချုပ်ရေးမှူးရှေ့မှာပြမယ့် ပါမစ် ဖြစ်နေသဗျ

 

ပွဲစားနှစ်ဦးကိုလည်း အဲဒီလက်ဖက်ရည်ဆိုင်မှာပဲ အဆင်သင့်တွေ့ရပါတယ်။ “ အခုပြောင်မယ့်မြေကွက်က ဓာတ်ပုံပါမစ်လား၊ ဂရန်လား ၊ စလစ်စာရွက်လား “ မောင်ကောင်းဖေ မေးတော့ “ ဓာတ်ပုံပါမစ် “ လို့ ပြောပါတယ် ။ အကျိုးဆောင်လုပ်သူတွေက “ ကျွန်တော်တို့လည်မတွေ့ဖူဘူး။ မြေကွက်နံပါတ်ပဲ အပ်ထားတာ “ လို့ ပြောပါတယ် ။ အခုလည်း ရောင်းသူဝယ်သူနှစ်ဖက်စုံတဲ့အခါ “ မြေကွက်ကိုင်ထားသူကြီးရဲ့ရှေ့မှာပြပြီးရောင်းမယ်လို့ ပြောပါတယ် " ဟုဆိုသဖြင့် အခုရောင်းမယ့် ဓာတ်ပုံပါမစ်မြေကွက်ပေါ် မှာ သံသယဝင်လာပါတယ်။

 

အကျိုးဆောင်ရုံးခန်းနဲ့ ( ၁၀၆ ) ရပ်ကွက်ဈေး ပနံတင့်နေသေး

 

အချင်းချင်းထင်ကြေးတော့ အမျိုးမျိုးပေးကြတာပေါ့။ ရောင်းသူတွေက တာမွေကနေ တောင်ဒဂုံ ၁၀၆ ရပ်ကွက်အထိလာတာဖြစ်လို့ယုံကြည်အားကိုးရတဲ့လူကြီးရှေ့မှာ စာချုပ်ချုပ်ချင်တာဖြစ်မှာပါစသည်ဖြင့်ကိုယ့်အတွေးနဲ့ကိုယ်ထင်မြင်ချက်ပေးနေကြတာပေါ့။နေရာကြည့်လိုက်ပြန်တော့လည်း အိမ်ခြံမြေအကျိုးဆောင်ရုံးက ဈေးထိပ်မှာရှိနေတယ်။ ၁၀၆ ဈေးကွက်ကလည်း အလွန်စည်ကားတဲ့ ဈေးတစ်ခုဖြစ်နေတယ် ။ ရောင်းဝယ် ဖောက်ကားနေထိုင်သူတွေကို လေ့လာကြည့်ပြန်တော့ ဘာသာခြားများ အများဆုံးနေထိုင်တာကို တွေ့ရတယ်။

အဲ့ဒီလို့ကိုယ့်အတွေးနဲ့ကိုယ်ရှိနေစဉ်မှာပဲ မြေကွက်ရောင်းမယ့်သူတွေရဲ့ ကားတစ်စီးထိုးရပ်လာတာကိုတွေ့ရပါတယ်။ထို့အတူရှေ့ဆင့်နောက်ဆင့်ဆိုသလို ရုံးခန်းပိုင်ရှင်လဲရောက်လာပြီး ရုံးဖွင့်လိုက်တာနဲ့ရောင်းသူအမျိုးသမီးများရုံးထဲသို့ဝင်သွားတာကို တွေ့ရပါတယ်။

 

ထူးထူးခြားခြား စလစ်စာရွက်များကြား ဓာတ်ပုံပါမစ် လက်ကိုင်ထားကာ ရောင်းသူများ

 

မကြာမီမှာပဲ မောင်ကောင်းဖေတို့ အဖွဲ့လည်းနောက်ကနေဝင်လိုက်သွားပါတယ်။ ရောင်းသူဝယ်သူနဲ့ အကျိုးဆောင်တို့ အပြန်အလှန်မိတ်ဆက်ကြပါတယ်။ ဒီနောက်မှာတော့ ရောင်သူက ပါမစ်မြေကွက်စာရွက်တွေကို အကျိုးဆောင်လူကြီးထံမှာ အရင်ပြပါတယ်။ အဆိုပါလူကြီးက ပါမစ်စာရွက်တွေကိုစစ်ဆေးပြီး ဂုဏ်ယူဝင့်ကြွားတဲ့အမူအရာနဲ့ “ ကဲ့ … ကိုဆာမိရေ ခင်ဗျာကတော့ အလွန်ကံကောင်းတာပဲ ။ ကျွန်တော် ဒီရပ်ကွက်မှာဒီလို ပါမစ်မြေကွက်ကိုင်ထားနိုင်သူကအလွန်ရှားပါတယ်။ ဈေးပတ်ပတ်လည်မှာရှိတဲ့ မြေကွက် (၇၀ ) လောက် က ‘’စလစ်’’ စာရွက်အဆင့်လောက်ပဲရှိသေးတယ်။ ဒီလိုပါမစ်လုပ်ထားတဲ့သူအလွန်နည်းတယ် “ လို့ အားရပါးရ ပြောပါတယ်။

 

မြေချပါမစ်လျှောက်ဖို့ရာ လိုအပ်တဲ့စာရွက်စာတမ်းတွေ အပြည့်အစုံပါ

 

အဲ့ဒီနောက် မောင်ကောင်းဖေက ဝယ်သူရဲ့ ရှေ့နေဆိုတော့ အဲဒီပါမစ်စာရွက်တွေ အဲဒီပါမစ်စာရွက်တွေကြည့်ပါရစေဆိုပြီး တောင်ယူကြည့်လိုက်တဲ့အခါ မြေချပါမစ် တစ်စုံမှာရှိရမယ့် မိသားစုဓာတ်ပုံ၊ မြေကွက်ရသူရဲ့ ကိုယ်ရေးအကျဉ်း၊ အိမ်ရာဆောက်လုပ်နေထိုင်သူနဲ့ မှီခိုသူစာရင်း၊ မြေကွက်ရသူရဲ့ မှတ်ပုံတင်မိတ္တူ အိမ်ထောင်စုစာရင်းမိတ္တူတို့ကို စုံစုံလင်လင် တွေ့ရပါတယ်။

 

အရေးကြီး ကွက်လပ်တစ်ခု ဖြည့်ရန်လိုအပ်

 

ဒါပေမဲ့ အဲ့ဒီစာရွက်တွေနဲ့ မိသားစုဓာတ်ပုံနောက်ကျောမှာ ပါရှိရမယ့် မိသားစုအမည် မှတ်ပုံတင်နံပါတ်တွေ ၊ ကိုယ်ရေးအကျဉ်းမှာပါရှိရမယ့် အိုးအိမ်ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးရဲ့ စည်းတံဆိပ်နဲ့ လက်မှတ်တွေ ၊ ရုံး စည်းဝိုင်းတွေ ၊ စာရင်းသွင်းပြီးကြောင်း မြို့နယ်ဦးစီးဌာနရဲ့ လက်မှတ်နဲ့တံဆိပ်တွေ၊ စာရင်းသွင်းပေးရတဲ့ စာရေးလက်မှတ်တွေ စသည်ဖြင့်ဘာတစ်ခုမှ မပါတာကိုတွေ့ရပါတယ်။ ဒါအပြင် မြေကွက်ဖိုးငွေသွင်းပြီးကြောင်း ပြေစာလည်းမပါရှိတာကြောင်း ပြီပြည့်စုံတဲ့ပါမစ်မဟုတ်ဘဲ ပါမစ်လျှောက်ထားရန် ပြင်ဆင်ထားတဲ့ အဆင့်သာဖြစ်တယ်။ တစ်ချိန်မှာပဲ ပါမစ်မူရင်ကိုင်ထားသူပေါ်လာနိုင်တဲ့အတွက် မဝယ်သင့်ကြောင်း ကိုဆာမိ ကို အကြံပေးပြီး ပြန်ခဲ့ပါတော့တယ်။

လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

ၾကဳံရဆုံရ ေျမကြက္ဝယ္ရတာလည္း အထူးအဆန္းပါလား

 

  ဒီကေန႔မနက္မွာေတာ့ ေမာင္ေကာင္းေဖ တစ္ေယာက္ စိတ္သစ္လူသစ္နဲ႔ လုပ္ငန္းမ်ား စဖို႔ျပင္ဆင္ေနခ်ိန္မွာ အိမ္ေ႐ွ႕တံခါးဝသို႔ ဟိႏၵဴဘာသာဝင္လူလတ္ပိုင္းတစ္ဦး ေရာက္လာပါတယ္။ “ ဆရာက အိမ္၊ ျခံ ၊ေျမ အေရာင္းအဝယ္ စာခ်ဳပ္ေတြ အိမ္တိုင္လာေရာက္ လိုက္ပါခ်ဳပ္ေပးေနပါသလား ခင္ဗ်ာ “ တဲ့ ။ “ ဟုတ္ကဲ့ လိုက္ခ်ဳပ္ေပးပါတယ္။ ညီေလးက ေျမကြက္ဝယ္ခ်င္လို႔လား “ လို႔ ျပန္ေမးလိုက္ေတာ့ “ ဟုတ္ပါတယ္ ဒီေန႔ပဲ စရန္ေငြေပးဖို႔ ခ်ိန္းထားလို႔ ေရာင္းသူေတြလာရင္ ဆရာကိုလာ ေခၚခ်င္ပါတယ္ ။ ႐ုံးမသြားပါနဲ႔ဦး ေခတၱေစာင့္ေပးပါ “ ဟု ေျပာသျဖင့္ ေမာင္ေကာင္းေဖလည္း” နာရီဝက္ခန္႔ေစာင့္ေပးမယ္” လို႔ကတိျပဳလိုက္ပါတယ္။ အျပန္အလွန္ဆက္သြယ္ေရး မခက္အခဲမ႐ွိေစရန္ သူ႕နာမည္ေမးၿပီး ေမာင္ေကာင္ေဖရဲ႕ ႐ုံးလိပ္စာကတ္ျပားကိုလည္ ေပးလိုက္ပါတယ္။

ေဈးဆစ္တဲ့ဝါသနာ ျမန္မာျပည္ေနသူတိုင္းလိုလိုပါ

ေျပာတဲ့အတိုင္းနာရီဝက္အၾကာမွာေတာ့ “ ကိုဆာမိ “ တစ္ေယာက္ အေဖာ္ႏွစ္ဦး နဲ႔ အတူ ေမာင္ေကာင္းေဖ အိမ္ကို ျပန္ေရာက္လာပါတယ္။ ပါလာသူႏွစ္ဦးကေတာ့ ကိုဆာမိရဲ႕ တူႏွစ္ေယာက္လို႔မိတ္ဆက္ေပးပါတယ္။ ၿပီးေတာ့ေ႐ွ႕ေနငွားခေမးပါတယ္။ေ႐ွ႕ေနစာခ်ဳပ္ခ်ဳပ္ဆိုခနဲ႔စာ႐ြက္စာတမ္းမွန္ကန္မႈစစ္ေဆးခတို႔ကိုေျပာျပလိုက္ပါတယ္။ျမန္မာလူမ်ိဳးတို႔လိုပဲသူတို႔ကလည္းေ႐ွ႕ေနခေဈးဆစ္ၾကပါတယ္။ေမာင္ေကာင္းေဖ ကလည္းမေလွ်ာ့ႏိုင္တဲ့အေၾကာင္း အျပတ္ေျပာေတာ့မွ ကိုဆာမိတို႔က ေျမကြက္ရဲ႕သမိုင္းေၾကာင္ကို ၾကားသိရသေလာက္ ႐ွင္းျပၾကပါတယ္။

 

ပြဲျဖစ္ခ်င္လြန္းလို႔ ဖုန္းဆက္ေခၚတာ အက်ိဳးေဆာင္ေတြပါ

 

ကိုဆာမိတို႔နဲ႔ ေမာင္ေကာင္းေဖ စကားလက္စုံက်ေနစဥ္မွာပဲ ပြဲစားမ်ားထံမွ ဖုန္းသံၾကားရပါတယ္ ။ ေရာင္သူမ်ားက တာေမြက ကား နဲ႔လာေနၿပီဆိုတဲ့အေၾကာင္း၊ ဒါေၾကာင့္ ေရာင္းမယ့္ ေျမကြက္တည္႐ွိရာ ဒဂုံေတာင္ပိုင္း( ) အိမ္ျခံေျမအက်ိဳးေဆာင္တစ္ဦီး၏႐ုံးခန္း အျမန္လာေရာက္ၾကဖို႔ ခ်ိန္ဆိုလိုက္တာျဖစ္ပါတယ္။

ဆႏၵေစာလို႔ ႐ုံးေရာက္လာ ေရာင္းသူေတြက မေပၚလာေသးပါ

 

‘’ေဟာ…… ေရာင္းသူေတြလာေနၿပီတဲ့ ဆရာ ။ ကြၽန္ေတာ္တို႔နဲ႔လိုက္ခဲ့ေပးပါဆိုတာနဲ႔ ေမာင္ေကာင္းေဖလည္း ကိုဆာမိတို႔ငွားလာတဲ့ကားနဲ႔တစ္ခါတည္း႐ုံးအိတ္ဆြဲၿပီးလိုက္ခဲ့ရပါေတာ့တယ္။တကယ္ေတာ့ ေမာင္ေကာင္းေဖေရာက္သြားတဲ့အခ်ိန္မွာေရာင္းသူမလာ‌ေသး။အက်ိဳးေဆာင္ရဲ႕႐ုံးခန္း လည္းမဖြင့္ေသးတာနဲ႔႐ုံးအနီးလက္ဖက္ရည္ဆိုင္မွာ ဝင္ထိုင္ၿပီးေစာင့္ေနရေသးတယ္ ။

 

သံသယဝင္ရတဲ့အေၾကာင္းက အုပ္ခ်ဳပ္ေရးမႉးေ႐ွ႕မွာျပမယ့္ ပါမစ္ ျဖစ္ေနသဗ်

ပြဲစားႏွစ္ဦးကိုလည္း အဲဒီလက္ဖက္ရည္ဆိုင္မွာပဲ အဆင္သင့္ေတြ႕ရပါတယ္။ “ အခုေျပာင္မယ့္ေျမကြက္က ဓာတ္ပုံပါမစ္လား၊ ဂရန္လာ ၊ စလစ္ စာ႐ြက္လား “ ေမာင္ေကာင္းေဖ ေမးေတာ့ “ ဓာတ္ပုံပါမစ္ “ လို႔ ေျပာပါတယ္ ။ အက်ိဳးေဆာင္လုပ္သူေတြက “ ကြၽန္ေတာ္တို႔လည္မေတြ႕ဖူဘူး။ ေျမကြက္နံပါတ္ပဲ အပ္ထားတာ “ လို႔ ေျပာပါတယ္ ။ အခုလည္း ေရာင္းသူဝယ္သူႏွစ္ဖက္စုံတဲ့အခါ “ ေျမကြက္ကိုင္ထားသူႀကီးရဲ႕ေ႐ွ႕မွာျပၿပီးေရာင္းမယ္လို႔ ေျပာပါတယ္ “ ဟုဆိုသျဖင့္ အခုေရာင္းမယ့္ ဓာတ္ပုံပါမစ္ေျမကြက္ေပၚ မွာ သံသယဝင္လာပါတယ္။

 

အက်ိဳးေဆာင္႐ုံးခန္းနဲ႔ ( ၁၀၆ ) ရပ္ကြက္ေဈး ပနံတင့္ေနေသး

 

အခ်င္းခ်င္းထင္ေၾကးေတာ့ အမ်ိဳးမ်ိဳးေပးၾကတာေပါ့။ ေရာင္းသူေတြက တာေမြကေန ေတာင္ဒဂုံ ၁၀၆ ရပ္ကြက္အထိလာတာျဖစ္လို႔ယုံၾကည္အားကိုးရတဲ့လူႀကီးေ႐ွ႕မွာ စာခ်ဳပ္ခ်ဳပ္ခ်င္တာျဖစ္မွာပါစသည္ျဖင့္ကိုယ့္အေတြးနဲ႔ကိုယ္ထင္ျမင္ခ်က္ေပးေနၾကတာေပါ့။ေနရာၾကည့္လိုက္ျပန္ေတာ့လည္း အိမ္ျခံေျမအက်ိဳးေဆာင္႐ုံးက ေဈးထိပ္မွာ႐ွိေနတယ္။ ၁၀၆ ေဈးကြက္ကလည္း အလြန္စည္ကားတဲ့ ေဈးတစ္ခုျဖစ္ေနတယ္ ။ ေရာင္းဝယ္ ေဖာင္းကားေနထိုင္သူေတြကို ေလ့လာၾကည့္ျပန္ေတာ့ ဘာသာျခားမ်ား အမ်ားဆုံးေနထိုင္တာကို ေတြ႕ရတယ္။

အဲ့ဒီလို႔ကိုယ့္အေတြးနဲ႔ကိုယ္႐ွိေနစဥ္မွာပဲ ေျမကြက္ေရာင္းမယ့္သူေတြရဲ႕ ကားတစ္စီးထိုးရပ္လာတာကိုေတြ႕ရပါတယ္။ထို႔အတူေ႐ွ႕ဆင့္ေနာက္ဆင့္ဆိုသလို ႐ုံးခန္းပိုင္႐ွင္လဲေရာက္လာၿပီး ႐ုံးဖြင့္လိုက္တာနဲ႔ေရာင္းသူအမ်ိဳးသမီးမ်ား႐ုံးထဲသို႔ဝင္သြားတာကို ေတြ႕ရပါတယ္။

 

ထူးထူးျခားျခား စလစ္စာ႐ြက္မ်ားၾကား ဓာတ္ပုံပါမစ္ လက္ကိုင္ထားကာ ေရာင္းသူမ်ား

 

မၾကာမီမွာပဲ ေမာင္ေကာင္းေဖတို႔ အဖြဲ႕လည္းေနာက္ကေနဝင္လိုက္သြားပါတယ္။ ေရာင္းသူဝယ္သူနဲ႔ အက်ိဳးေဆာင္တို႔ အျပန္အလွန္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတို႔ အျပန္အလွန္မိတ္ဆက္ၾကပါတယ္။ ဒီေနာက္မွာေတာ့ ေရာင္သူက ပါမစ္ေျမကြက္စာ႐ြက္ေတြကို အက်ိဳးေဆာင္လူႀကီးထံမွာ အရင္ျပပါတယ္။ အဆိုပါလူႀကီးက ပါမစ္စာ႐ြက္ေတြကိုစစ္ေဆးၿပီး ဂုဏ္ယူဝင့္ႂကြားတဲ့အမူအရာနဲ႔ “ ကဲ့ … ကိုဆာမိေရ ခင္ဗ်ာကေတာ့ အလြန္ကံေကာင္းတာပဲ ။ ကြၽန္ေတာ္ ဒီရပ္ကြက္မွာဒီလို ပါမစ္ေျမကြက္ကိုင္ထားႏိုင္သူကအလြန္႐ွားပါတယ္။ ေဈးပတ္ပတ္လည္မွာ႐ွိတဲ့ ေျမကြက္ (၇၀ ) ေလာက္ က ‘’စလစ္’’ စာ႐ြက္အဆင့္ေလာက္ပဲ႐ွိေသးတယ္။ ဒီလိုပါမစ္လုပ္ထားတဲ့သူအလြန္နည္းတယ္ “ လို႔ အားရပါးရ ေျပာပါတယ္။

 

ေျမခ်ပါမစ္ေလွ်ာက္ဖို႔ရာ လိုအပ္တဲ့စာ႐ြက္စာတမ္းေတြ အျပည့္အစုံပါ

 

အဲ့ဒီေနာက္ ေမာင္ေကာင္းေဖက ဝယ္သူရဲ႕ေ႐ွ႕ေနဆိုေတာ့ အဲဒီပါမစ္စာ႐ြက္ေတြ အဲဒီပါမစ္စာ႐ြက္ေတြၾကည့္ ပါရေစဆိုၿပီး ေတာင္ယူၾကည့္လိုက္တဲ့အခါ ေျမခ်ပါမစ္ တစ္စုံမွာ႐ွိရမယ့္ မိသားစုဓာတ္ပုံ၊ ေျမကြက္ရသူရဲ႕ ကိုယ္ေရးအက်ဥ္း၊ အိမ္္ရာေဆာက္လုပ္ေနထိုင္သူနဲ႔ မွီခိုသူစာရင္း၊ ေျမ ကြက္ရသူရဲ႕ မွတ္ပုံတင္မိတၱဴ အိမ္ေထာင္စုစာရင္းမိတၱဴတို႔ကို စုံစုံလင္လင္ ေတြ႕ရပါတယ္။

အေရးႀကီး ကြက္လပ္တစ္ခု ျဖည့္ရန္လိုအပ္

 

ဒါေပမဲ့ အဲ့ဒီစာ႐ြက္ေတြနဲ႔ မိသားစုဓာတ္ပုံေနာက္ေက်ာမွာ ပါ႐ွိရမယ့္ မိသားစုအမည္ မွတ္ပုံတင္နံပါတ္ေတြ ၊ ကိုယ္ေရးအက်ဥ္းမွာပါ႐ွိရမယ့္ အိုးအိမ္ဦးစီးဌာနက ဒုတိယၫႊန္ၾကားေရးမႉးရဲ႕ စည္းတံဆိပ္နဲ႔ လက္မွတ္ေတြ ၊ ႐ုံး စည္း ဝိုင္းေတြ ၊ စာရင္းသြင္းၿပီးေၾကာင္း ၿမိဳ႕နယ္ဦးစီးဌာနရဲ႕ လက္မွတ္နဲ႔တံဆိပ္ေတြ၊ စာရင္းသြင္းေပးရတဲ့ စာေရးလက္မွတ္ေတြ စသည္ျဖင့္ဘာတစ္ခုမွ မပါတာကိုေတြ႕ရပါတယ္။ ဒါအျပင္ ေျမကြက္ဖိုးေငြသြင္းၿပီးေၾကာင္း ေျပစာလည္းမပါ႐ွိတာေၾကာင္း ၿပီျပည့္စုံတဲ့ပါမစ္မဟုတ္ဘဲ ပါမစ္ေလွ်ာက္ထားရန္ ျပင္ဆင္ထားတဲ့ အဆင့္သာျဖစ္တယ္။ တစ္ခ်ိန္မွာပဲ ပါမစ္မူရင္ကိုင္ထားသူေပၚလာႏိုင္တဲ့အတြက္ မဝယ္သင့္ေၾကာင္း ကိုဆာမိ ကို အၾကံေပးၿပီး ျပန္ခဲ့ပါေတာ့တယ္။

လူအခ်င္းခ်င္းလွည့္ပတ္ျခင္းကင္း႐ွင္းၾကပါေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေ႐ွ႕ေနေမာင္ေကာင္းေဖ  ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

7Mile Condominium
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service