ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode] သြစတေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်၊ Southern Great Barrier ကျောက်တန်းတွင် တည်ရှိသော ရွှေဖရုံကျွန်း (Pumpkin Island) မှာ သြစတေးလျ ဘီယာချစ်သူတို့အကြား လူသိများထင်ရှားသည်။
(ရွှေဖရုံကျွန်းကို ပေါင် ၁၁ ဒသမ ၃ သန်း ဈေးခေါ်ထားသည်။ ဓာတ်ပုံ-PrivateIslandsOnline)
(Southern Great Barrier ကျောက်တန်းမှာ သာယာချမ်းမြေ့သော အပန်းဖြေစခန်းတစ်ခု ဖြစ်ပြီး အံ့မခန်း နိဗ္ဗာန်ဘုံလည်း ဖြစ်သည်။ ဓာတ်ပုံ-PrivateIslandsOnline)
(ဤကျွန်းသည် ၂၀၁၂ ခုနှစ်အတွင်း သြစတေးလျ ဘီယာအမှတ်တံဆိပ် XXXX ၏ ဟာသဆန်ဆန် ကြော်ငြာတစ်ခု ကြောင့် လူသိများလာခဲ့သည်။ ဓာတ်ပုံ-YouTube)
ဘရစ္စဘိန်းမှ ဘီယာအမှတ်တံဆိပ်ဖြစ်သော XXXX ဘီယာကြော်ငြာကို ဤကျွန်းတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
Castlemaine Perkins ဘီယာကုမ္ပဏီက ကြော်ငြာများ ရိုက်ကူးရန်အတွက် သာယာလှပသော ဤကျွန်းကို ၂၀၁၂ ခုနှစ်မှ စတင်ကာ ၃ နှစ်ငှားရမ်းခဲ့ခြင်း ဖြစ်သည်။
(မှတ်ချက်။ Castlemaine Perkins ဘီယာကုမ္ပဏီသည် ဂျပန်မှ ရာနှုန်းပြည့် ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ပြီး ၁၈၇၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ကာ XXXX ဘီယာကို ထုတ်လုပ်သည်။)
ထိုကုမ္ပဏီက ဤကျွန်းကို အမျိုးသမီးတို့ထံမှ လွတ်မြောက်ထွက်ပြေးလိုသော အမျိုးသားများအတွက် ပြီးပြည့်စုံသော နေရာဟု ညွှန်းဆိုခဲ့သည်။ XXXX က ၎င်းတို့၏ ဘီယာကို အားပေးသော ပရိသတ်များအား ဤကျွန်းတွင် ထူးခြားသော ဘီယာဖြန့်ချိမှု စနစ်နှင့် တစ်ကျင်းပါ ဂေါက်ကွင်းတို့ကဲ့သို့ ကျွန်းပေါ်တွင် ရှိစေလိုသည့်အရာများ ဆန္ဒပြုကြရန် တောင်းဆိုခဲ့ ဖူးသည်။
ဤကျွန်းမှာ တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ပြီး အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်အောက်သို့ ကျဆင်းမှု နည်းပါးသည်။
ကျွန်းအကျယ်အဝန်း တစ်ဧကခွဲခန့်သာရှိပြီး နေရောင်ခြည်စွမ်းအင်နှင့် လေစွမ်းအင်တို့ကို အသုံးပြုသည့် အိမ် ၅ လုံးအပြင် ကမ်းခြေ ဘန်ဂလိုအိမ် ၂ လုံးလည်း ပါဝင်သည်။
အစိုးရ၏ ဓာတ်အားစနစ်မှ ကင်းလွတ်ကာ မိမိဘာသာ ရပ်တည်နိုင်သော နေရာဖြစ်ပြီး ဧည့်သည် ၃၄ ဦးသာ တည်းခို နေထိုင်နိုင်သည်။ ရွှေဖရုံကျွန်းသည် သြစတေးလျတွင် ကာဗွန်ထုတ်လွှတ်မှုမရှိသည့် ပထမဆုံးနေရာလည်း ဖြစ်သည်။
လင်းပိုင်များ ၊ ပင်လယ်လိပ်များနှင့် ဝေလငါးများမှာ စိမ်းပြာရောင် ကမ်းရိုးတန်းတလျှောက်အတွက် ကျက်သရေတစ်ခု ဖြစ်သည်။
ကျွန်းသို့ လာရောက်သည့် ဧည့်သည်တော်များအနေဖြင့် အံ့မခန်း သန္တာကျောက်တန်းများကို ပင်လယ်ရေအောက် ရေငုပ်ကာ စူးစမ်းလေ့လာနိုင်သည်။
ကျွန်းပေါ်တွင် ခမ်းနားသော အဆောက်အအုံများအပြင် ရဟတ်ယာဉ်ကွင်း ၁ ခု ၊ သင်္ဘောဆိပ်ခံ တစ်ခုနှင့် ဖောက်သည်များအား သယ်ယူပို့ဆောင်ပေးရန် ခရီးသည်တင် လှေတစ်စင်းလည်း ပါဝင်သည်။
ရွှေဖရုံကျွန်းအား ပြည်ပဝယ်လက်မှ ဝယ်ယူမည်ဆိုပါက စီးပွားရေး စွန့်ဦးတီထွင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဗီဇာ ရရှိနိုင်မည် ဖြစ်သည်။
ဝယ်လက်သည် သြစတေးလျသို့ ဝင်ရောက်ခွင့်ရမည့်အပြင် အမြဲအခြေချ နေထိုင်ခွင့်လည်း ရရှိမည် ဖြစ်သည်။
(ရွှေဖရုံကျွန်းတွင် နေအိမ် ၅ လုံးအပြင် ကမ်းခြေ ဘန်ဂလို ၂ လုံးလည်း ရှိသည်။ ဓာတ်ပုံ-PrivateIslandsOnline)
(လူ ၃၄ ဦးခန့် နေထိုင်နိုင်သည်။ ဓာတ်ပုံ-PrivateIslandsOnline)
(သာယာချမ်းမြေ့သော ရှုမျှော်ခင်း။ ဓာတ်ပုံ-PrivateIslandsOnline)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Paradise island made famous in XXXX beer ad goes up for sale – and there is a major plus to living there all year round (the-sun)
[Zawgyi]
XXXX ဘီယာေၾကာ္ျငာျဖင့္ လူသိမ်ားခဲ့ေသာ ၾသစေတးလ်မွ ေရႊဖရံုကၽြန္း အေရာင္းေစ်းကြက္ဝင္လာ၊ ဝယ္ယူမည့္သူကို ဗီဇာေပးမည့္အျပင္ ၾသစေတးလ်တြင္ အျမဲအေျခခ်ေနထိုင္ခြင့္လည္း ေပးမည္ဟုဆို
ၾသစေတးလ်ႏိုင္ငံ၊ ကြင္းစလန္ျပည္နယ္၊ Southern Great Barrier ေက်ာက္တန္းတြင္ တည္ရွိေသာ ေရႊဖရံုကၽြန္း (Pumpkin Island) မွာ ၾသစေတးလ် ဘီယာခ်စ္သူတို႔အၾကား လူသိမ်ားထင္ရွားသည္။
(ေရႊဖရံုကၽြန္းကို ေပါင္ ၁၁ ဒသမ ၃ သန္း ေစ်းေခၚထားသည္။ ဓာတ္ပံု-PrivateIslandsOnline)
(Southern Great Barrier ေက်ာက္တန္းမွာ သာယာခ်မ္းေျမ႕ေသာ အပန္းေျဖစခန္းတစ္ခု ျဖစ္ျပီး အံ့မခန္း နိဗၺာန္ဘံုလည္း ျဖစ္သည္။ ဓာတ္ပံု-PrivateIslandsOnline)
(ဤကၽြန္းသည္ ၂၀၁၂ ခုႏွစ္အတြင္း ၾသစေတးလ် ဘီယာအမွတ္တံဆိပ္ XXXX ၏ ဟာသဆန္ဆန္ ေၾကာ္ျငာတစ္ခု ေၾကာင့္ လူသိမ်ားလာခဲ့သည္။ ဓာတ္ပံု-YouTube)
ဘရစၥဘိန္းမွ ဘီယာအမွတ္တံဆိပ္ျဖစ္ေသာ XXXX ဘီယာေၾကာ္ျငာကို ဤကၽြန္းတြင္ ရိုက္ကူးခဲ့ျခင္း ျဖစ္သည္။
Castlemaine Perkins ဘီယာကုမၸဏီက ေၾကာ္ျငာမ်ား ရိုက္ကူးရန္အတြက္ သာယာလွပေသာ ဤကၽြန္းကို ၂၀၁၂ ခုႏွစ္မွ စတင္ကာ ၃ ႏွစ္ငွားရမ္းခဲ့ျခင္း ျဖစ္သည္။
(မွတ္ခ်က္။ Castlemaine Perkins ဘီယာကုမၸဏီသည္ ဂ်ပန္မွ ရာႏႈန္းျပည့္ ပိုင္ဆုိင္ေသာ ကုမၸဏီျဖစ္ျပီး ၁၈၇၈ ခုႏွစ္တြင္ စတင္ တည္ေထာင္ခဲ့ျခင္း ျဖစ္ကာ XXXX ဘီယာကို ထုတ္လုပ္သည္။)
ထိုကုမၸဏီက ဤကၽြန္းကို အမ်ဳိးသမီးတို႔ထံမွ လြတ္ေျမာက္ထြက္ေျပးလိုေသာ အမ်ဳိးသားမ်ားအတြက္ ျပီးျပည့္စံုေသာ ေနရာဟု ညႊန္းဆိုခဲ့သည္။ XXXX က ၎တို႔၏ ဘီယာကို အားေပးေသာ ပရိသတ္မ်ားအား ဤကၽြန္းတြင္ ထူးျခားေသာ ဘီယာျဖန္႔ခ်ိမႈ စနစ္ႏွင့္ တစ္က်င္းပါ ေဂါက္ကြင္းတုိ႔ကဲ့သို႔ ကၽြန္းေပၚတြင္ ရွိေစလိုသည့္အရာမ်ား ဆႏၵျပဳၾကရန္ ေတာင္းဆိုခဲ့ ဖူးသည္။
ဤကၽြန္းမွာ တစ္ႏွစ္ပတ္လံုး ရာသီဥတု ေကာင္းမြန္ျပီး အပူခ်ိန္ ၂၅ ဒီဂရီစင္တီဂရိတ္ေအာက္သို႔ က်ဆင္းမႈ နည္းပါးသည္။
ကၽြန္းအက်ယ္အဝန္း တစ္ဧကခြဲခန႔္သာရွိျပီး ေနေရာင္ျခည္စြမ္းအင္ႏွင့္ ေလစြမ္းအင္တို႔ကို အသံုးျပဳသည့္ အိမ္ ၅ လံုးအျပင္ ကမ္းေျခ ဘန္ဂလိုအိမ္ ၂ လံုးလည္း ပါဝင္သည္။
အစိုးရ၏ ဓာတ္အားစနစ္မွ ကင္းလြတ္ကာ မိမိဘာသာ ရပ္တည္ႏိုင္ေသာ ေနရာျဖစ္ျပီး ဧည့္သည္ ၃၄ ဦးသာ တည္းခို ေနထုိင္ႏိုင္သည္။ ေရႊဖရံုကၽြန္းသည္ ၾသစေတးလ်တြင္ ကာဗြန္ထုတ္လႊတ္မႈမရွိသည့္ ပထမဆံုးေနရာလည္း ျဖစ္သည္။
လင္းပိုင္မ်ား ၊ ပင္လယ္လိပ္မ်ားႏွင့္ ေဝလငါးမ်ားမွာ စိမ္းျပာေရာင္ ကမ္းရိုးတန္းတေလွ်ာက္အတြက္ က်က္သေရတစ္ခု ျဖစ္သည္။
ကၽြန္းသို႔ လာေရာက္သည့္ ဧည့္သည္ေတာ္မ်ားအေနျဖင့္ အ့ံမခန္း သႏၱာေက်ာက္တန္းမ်ားကို ပင္လယ္ေရေအာက္ ေရငုပ္ကာ စူးစမ္းေလ့လာႏိုင္သည္။
ကၽြန္းေပၚတြင္ ခမ္းနားေသာ အေဆာက္အအံုမ်ားအျပင္ ရဟတ္ယာဥ္ကြင္း ၁ ခု ၊ သေဘၤာဆိပ္ခံ တစ္ခုႏွင့္ ေဖာက္သည္မ်ားအား သယ္ယူပို႔ေဆာင္ေပးရန္ ခရီးသည္တင္ ေလွတစ္စင္းလည္း ပါဝင္သည္။
ေရႊဖရံုကၽြန္းအား ျပည္ပဝယ္လက္မွ ဝယ္ယူမည္ဆိုပါက စီးပြားေရး စြန္႔ဦးတီထြင္မႈႏွင့္ ရင္းႏွီးျမွဳပ္ႏွံမႈဗီဇာ ရရွိႏိုင္မည္ ျဖစ္သည္။
ဝယ္လက္သည္ ၾသစေတးလ်သို႔ ဝင္ေရာက္ခြင့္ရမည့္အျပင္ အျမဲအေျခခ် ေနထုိင္ခြင့္လည္း ရရွိမည္ ျဖစ္သည္။
(ေရႊဖရံုကၽြန္းတြင္ ေနအိမ္ ၅ လံုးအျပင္ ကမ္းေျခ ဘန္ဂလို ၂ လံုးလည္း ရွိသည္။ ဓာတ္ပံု-PrivateIslandsOnline)
(လူ ၃၄ ဦးခန္႔ ေနထုိင္ႏိုင္သည္။ ဓာတ္ပံု-PrivateIslandsOnline)
(သာယာခ်မ္းေျမ႕ေသာ ရႈေမွ်ာ္ခင္း။ ဓာတ္ပံု-PrivateIslandsOnline)
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Paradise island made famous in XXXX beer ad goes up for sale – and there is a major plus to living there all year round (the-sun)