ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့တွင် ဧက ၅၀ ကျယ်ဝန်းသော ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့တွင် ဧက ၅၀ ကျယ်ဝန်းသော ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
26 Sep 2023 10:56 am တွင် တင်ခဲ့သည်
828 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့အစွန်းရှိ ကိုယ်ပိုင်ကျွန်းတစ်ကျွန်း ဤရက်သတ္တပတ် အတွင်း ကန်ဒေါ်လာ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
အားကစားအတွက် စုဝေးမှုများနှင့် ကုမ္ပဏီပွဲလမ်းသဘင်များအတွက် နေရာကောင်းတစ်ခုဖြစ်ကြောင်း ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြသည်။
ဧက ၅၀ ခန့်ကျယ်ဝန်းပြီး နေရာအများစုမှာ လူတို့၏ ပြုပြင်မွမ်းမံမှုများ မရှိသေးဘဲ ပင်လယ်ကွေ့၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားကာ လူသူကင်းဝေးရာ တသီးတသန့် နိဗ္ဗာန်ဘုံတစ်ခု ဖြစ်သည်။
Bay Area တွင် ပြည်နယ် (သို့မဟုတ်) ပြည်ထောင်စုအစိုးရက ပိုင်ဆိုင်ခြင်းမရှိသော ကျွန်းအနည်းငယ်တွင် တစ်ခု အပါအဝင်ဖြစ်သည်။
ကျွန်းအမည်မှာ Point Buckler Island ဖြစ်ပြီး ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့မှ Sacramento-San Joaquinမြစ်ဝကျွန်းပေါ်အဖြစ် ကူးပြောင်းသွားသည့်နေရာ၏ အရှေ့ဘက် ပင်လယ်ရေပြင်အတွင်း တည်ရှိသည်။
ထိုနေရာတွင် စွန်ဖြင့်ရေလွှာလျှောစီးသူများ ၊ တောရိုင်းသဘာဝကို စောင့်ကြည့်သူများဖြင့် နာမည်ကြီးသည့်နေရာဖြစ်သည်။
“တကယ့်ကို သာယာကြည်နူးစရာနေရာလေးပါပဲ။ လူသူဝေးရာ ကိုယ်ပိုင်ကျွန်းလေးတစ်ခု ပိုင်ဆိုင်ချင်တဲ့လူတွေအတွက် နေရာကောင်းပါပဲ”ဟု အရောင်းဈေးကွက်တင်ပေးသော Keller Williams Realtyအိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Marianne Bordogna က ပြောသည်။
သို့သော် ဤကျွန်းသို့ သွားလိုပါက လှေတစ်စင်း (သို့မဟုတ်) ရဟတ်ယာဉ်တစ်စင်း ရှိထားရန် လိုသည်။
(ကျွန်းပေါ်တွင် ရဟတ်ယာဉ်ကွင်း ၂ ခုနှင့် ပေ ၄၀၀ ရေနက်ဆိပ်ခံတစ်ခု ပါဝင်သည်။)
ပိုင်ရှင်ဖြစ်သူ John Sweeney သည် အဆိုပါကျွန်းပေါ်တွင် စွန်လွှတ်ရေလွှာလျှောစီးသည့် လုပ်ငန်းတစ်ခုတည်ထောင်ထားသည်။
John Sweeney သည် လွန်ခဲ့သော နှစ်အနည်းငယ်က ရေကာတာ တာပေါင်ရိုးများကို ပြင်ဆင်ရန် စီစဉ်ချိန်တွင် ပြည်နယ်၊ ပြည်ထောင်စု အရာရှိတို့နှင့် ပြဿနာတက်ခဲ့သည်။
အရာရှိများက ပြောသည်မှာ တာပေါင်ရိုးများသည် ဒီရေစီးဆင်းမှုနှင့် တောရိုင်းတိရ စ္ဆာန်တို့အတွက် အနှောင့်အယှက် ဖြစ်နိုင်ကြောင်း ပြောကြပြီး John Sweeney က ပယ်ချထားသည်။
ကျွန်းပေါ်တွင် ကြီးမားသော သင်္ဘောကွန်တိန်နာပုံးကြီးများ ချထားပေးပြီး စွန်လွှတ်ရေလွှာလျှောစီးကြသည့် ဧည့်သည်များ နားနေရာ နေရာအဖြစ် အသုံးပြုသည်။
တာပေါင်ရိုးများ ကိစ္စဖြေရှင်းရန် ငွေမရှိတော့သောကြောင့် ကျွန်းကို ရောင်းထုတ်ရခြင်းဖြစ်ကြောင်း John Sweeney က ပြောသည်။
တာပေါင်ရိုးများ ဆောက်လုပ်မှုအတွက် ဒဏ်ငွေ ဒေါ်လာ ၉ သန်းခန့် ကုန်ကျခဲ့ရကြောင်း ၎င်းက ခန့်မှန်းသည်။
John Sweeney သည် ဤကျွန်းကို ၂၀၁၁ ခုနှစ်က ကန်ဒေါ်လာ ၁၅၀၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခင်ကဘဲဖမ်းသည့် နေရာအဖြစ် လူသိများသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: ‘Idyllic’ private island on edge of San Francisco Bay on sale for $75 million (sfchronicle)
[Zawgyi]
(ဓာတ်ပုံအားလုံးမှာ Point Buckler Island Facebook Page မှ ရယူထားခြင်း ဖြစ်ပါသည်)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
royal-hill
7Mile Condominium
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service