အင်္ဂလန်တွင် အချုပ်ခန်းပါသော လူနေခန်း တစ်လလျှင် ပေါင် ၇၅၀ ဖြင့် ငှားမည်

အင်္ဂလန်တွင် အချုပ်ခန်းပါသော လူနေခန်း တစ်လလျှင် ပေါင် ၇၅၀ ဖြင့် ငှားမည် - Property News in Myanmar from iMyanmarHouse.com
25 Sep 2023 10:56 am တွင် တင်ခဲ့သည်
781 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံမြောက်ပိုင်း ယော့ခ်ရှိုင်းယားခရိုင်တွင် အချုပ်ထောင်တစ်ခုကို လူနေခန်းအဖြစ် ပြောင်းလဲထား သော လူနေခန်း အငှားဈေးကွက်ဝင်လာသည်။

အင်္ဂလန်နိုင်ငံမြောက်ပိုင်း ယော့ခ်ရှိုင်းယားခရိုင် ၊ Wakefield မြို့ရှိ ရာဇဝတ်တရားရုံးဟောင်းကြီးကို လူနေအိမ် အဖြစ် ပြောင်းလဲထားသော အဆောက်အအုံကြီးတွင် တည်ရှိပြီး အိပ်ခန်း ၂ ခန်းပါ လူနေခန်းဖြစ်ကာ Rightmove အိမ်ခြံမြေဝက်ဘ်ဆိုက်မှတဆင့် တစ်လလျှင် ပေါင် ၇၅၀ ဖြင့် အငှားဈေးကွက်တင်လာခြင်း ဖြစ်သည်။

ယခုအခန်းကို လူနေခန်းအဖြစ် ပြောင်းလဲထားသော်လည်း အဆောက်အအုံကြီး၏ မြေအောက်ခန်းတွင် အချုပ်ခန်းများမှာ မူရင်းအတိုင်းရှိနေပြီး ထိုအချုပ်ခန်းနေရာကို ပစ္စည်းသိုလှောင်ရန်အတွက် ငှားရမ်းခ ထပ်မံ ပေးဆောင်ကာ ငှားရမ်းနိုင်သည်။

ယခုအခါ ထိုအဆောက်အအုံကြီးကို Old Court House ဟု ခေါ်ကြပြီး အတွင်းပိုင်း ပြန်လည်ပြုပြင်မွမ်းမံ ထားသော အညိုရောင်အဆောက်အအုံကြီး ဖြစ်သည်။

ယခုအခန်းတွင် ရေချိုးခန်း ၂ ခု ၊ ကောနစ်ဒီဇိုင်းများ ၊ နံရံကပ်မီးများဖြင့် အလှဆင်ထားသော ဧည့်ခန်းကျယ် တစ်ခု ပါဝင်သည်။

(တရားရုံးအဆောက်အအုံဟောင်းရှိ လူနေခန်းဖြစ်ပြီး အိမ်လခမှာ တစ်လလျှင် ပေါင် ၇၅၀ ဖြစ်သည်။)

(လူနေခန်းအဖြစ် ပြောင်းလဲထားသော်လည်း အဆောက်အအုံကြီး၏ မြေအောက်ခန်းတွင် အချုပ်ခန်းများမှာ မူရင်းအတိုင်းရှိနေပြီး ထိုအချုပ်ခန်းနေရာကို ပစ္စည်းသိုလှောင်ရန်အတွက် ငှားရမ်းခ ထပ်မံပေးဆောင်ကာ ငှားရမ်းနိုင်သည်။)

(မြေအောက်ခန်းရှိ အဖြူရောင်စင်္ကြန်ဘေးတစ်ဖက်တစ်ချက်တွင် အချုပ်ခန်းများရှိပြီး အစိမ်းရောင်သံတံခါးများ တပ်ဆင်ထားသည်။)

(Wakefield မြို့ရှိ ရာဇဝတ်တရားရုံးအဆောက်အအုံကြီးကို လူနေအဆောက်အအုံအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။)

သမိုင်းဝင်အဆောက်အအုံအဖြစ် Grade II အဆင့် သတ်မှတ်ခံထားရပြီး ၂၀၁၆ ခုနှစ်တွင် တရားရုံးပိတ်သိမ်းခဲ့ ပြီးနောက်ပိုင်း လူနေခန်းများအဖြစ် ပြောင်းလဲခဲ့သည်။

ထိုသို့ မပြောင်းလဲမီက အိမ်ယာမဲ့တို့ ဝင်ရောက်နေထိုင်ခဲ့လေ့ရှိကြောင်း Wakefield Express သတင်းဌာနက ဖော်ပြသည်။

မြေအောက်ခန်းရှိ အဖြူရောင်စင်္ကြန်ဘေးတစ်ဖက်တစ်ချက်တွင် အချုပ်ခန်းများရှိပြီး အစိမ်းရောင်သံတံခါးများ တပ်ဆင်ထားသည်။

တံခါးများတွင် ကြီးမားသော သော့ခလောက်ကြီးများ တပ်ဆင်ထားပြီး တံခါးတိုင်းတွင် သေးငယ်သော ပြတင်းပေါက်ကလေးတစ်ခုစီ ရှိသည်။

အချုပ်ခန်းတွင်းတွင် ကျောက်တုံးကြမ်းခင်း ခင်းကျင်းထားပြီး အခန်းနံရံထိပ်ဆီတွင် အလင်းဝင်စေရန် သံတိုင်ကာထားသည့် ပြတင်းတစ်ခု ရှိသည်။

ယခုအခန်းကို OpenRent အိမ်ခြံမြေကုမ္ပဏီမှတဆင့် အငှားဈေးကွက်တင်လာခြင်းဖြစ်ပြီး အိပ်ခန်း ၂ ခန်း ၊ ရေချိုးခန်း ၂ ခန်းပါဝင်ကာ ချက်ချင်းပြောင်းရွှေ့နေထိုင်နိုင်ကြောင်း ၊ ကားပါကင်နေရာမရှိကြောင်း ဖော်ပြ ထားသည်။

(သမိုင်းဝင်အဆောက်အအုံအဖြစ် Grade II အဆင့် သတ်မှတ်ခံထားရပြီး ၂၀၁၆ ခုနှစ်တွင် တရားရုံးပိတ်သိမ်း ခဲ့ပြီးနောက်ပိုင်း လူနေခန်းများအဖြစ် ပြောင်းလဲခဲ့သည်။)

(မီးဖိုဆောင် အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်း ၂ ခန်းပါဝင်သည်။)

(ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြချက်အရ ချက်ချင်းပြောင်းရွှေ့နေထိုင်နိုင်ကြောင်း ၊ ကားပါကင်နေရာမရှိ ကြောင်း ဖော်ပြထားသည်။)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: You can have your own jailhouse rock! Two-bed flat with prison basement inside converted courthouse is available to rent for £750-a-month (dailymail)

[Zawgyi]

အဂၤလန္တြင္ အခ်ဳပ္ခန္းပါေသာ လူေနခန္း တစ္လလွ်င္ ေပါင္ ၇၅၀ ျဖင့္ ငွားမည္

အဂၤလန္ႏိုင္ငံေျမာက္ပိုင္း ေယာ့ခ္ရႈိင္းယားခရိုင္တြင္ အခ်ဳပ္ေထာင္တစ္ခုကို လူေနခန္းအျဖစ္ ေျပာင္းလဲထား ေသာ လူေနခန္း အငွားေစ်းကြက္ဝင္လာသည္။

အဂၤလန္ႏိုင္ငံေျမာက္ပိုင္း ေယာ့ခ္ရိႈင္းယားခရိုင္ ၊ Wakefield ျမဳိ႕ရွိ ရာဇဝတ္တရားရံုးေဟာင္းၾကီးကို လူေနအိမ္ အျဖစ္ ေျပာင္းလဲထားေသာ အေဆာက္အအံုၾကီးတြင္ တည္ရွိျပီး အိပ္ခန္း ၂ ခန္းပါ လူေနခန္းျဖစ္ကာ Rightmove အိမ္ျခံေျမဝက္ဘ္ဆုိက္မွတဆင့္ တစ္လလွ်င္ ေပါင္ ၇၅၀ ျဖင့္ အငွားေစ်းကြက္တင္လာျခင္း ျဖစ္သည္။

ယခုအခန္းကို လူေနခန္းအျဖစ္ ေျပာင္းလဲထားေသာ္လည္း အေဆာက္အအံုၾကီး၏ ေျမေအာက္ခန္းတြင္ အခ်ဳပ္ခန္းမ်ားမွာ မူရင္းအတုိင္းရွိေနျပီး ထိုအခ်ဳပ္ခန္းေနရာကို ပစၥည္းသုိေလွာင္ရန္အတြက္ ငွားရမ္းခ ထပ္မံ ေပးေဆာင္ကာ ငွားရမ္းႏိုင္သည္။

ယခုအခါ ထုိအေဆာက္အအံုၾကီးကို Old Court House ဟု ေခၚၾကျပီး အတြင္းပိုင္း ျပန္လည္ျပဳျပင္မြမ္းမံ ထားေသာ အညိဳေရာင္အေဆာက္အအံုၾကီး ျဖစ္သည္။

ယခုအခန္းတြင္ ေရခ်ဳိးခန္း ၂ ခု ၊ ေကာနစ္ဒီဇိုင္းမ်ား ၊ နံရံကပ္မီးမ်ားျဖင့္ အလွဆင္ထားေသာ ဧည့္ခန္းက်ယ္ တစ္ခု ပါဝင္သည္။

(တရားရံုးအေဆာက္အအံုေဟာင္းရွိ လူေနခန္းျဖစ္ျပီး အိမ္လခမွာ တစ္လလွ်င္ ေပါင္ ၇၅၀ ျဖစ္သည္။)

(လူေနခန္းအျဖစ္ ေျပာင္းလဲထားေသာ္လည္း အေဆာက္အအံုၾကီး၏ ေျမေအာက္ခန္းတြင္ အခ်ဳပ္ခန္းမ်ားမွာ မူရင္းအတုိင္းရွိေနျပီး ထိုအခ်ဳပ္ခန္းေနရာကို ပစၥည္းသုိေလွာင္ရန္အတြက္ ငွားရမ္းခ ထပ္မံေပးေဆာင္ကာ ငွားရမ္းႏိုင္သည္။)

(ေျမေအာက္ခန္းရွိ အျဖဴေရာင္စၾကၤန္ေဘးတစ္ဖက္တစ္ခ်က္တြင္ အခ်ဳပ္ခန္းမ်ားရွိျပီး အစိမ္းေရာင္သံတံခါးမ်ား တပ္ဆင္ထားသည္။) (Wakefield ျမဳိ႕ရွိ ရာဇဝတ္တရားရံုးအေဆာက္အအံုၾကီးကို လူေနအေဆာက္အအံုအျဖစ္ ေျပာင္းလဲခဲ့ျခင္း ျဖစ္သည္။)

သမိုင္းဝင္အေဆာက္အအံုအျဖစ္ Grade II အဆင့္ သတ္မွတ္ခံထားရျပီး ၂၀၁၆ ခုႏွစ္တြင္ တရားရံုးပိတ္သိမ္းခဲ့ ျပီးေနာက္ပုိင္း လူေနခန္းမ်ားအျဖစ္ ေျပာင္းလဲခဲ့သည္။

ထိုသို႔ မေျပာင္းလဲမီက အိမ္ယာမဲ့တို႔ ဝင္ေရာက္ေနထိုင္ခဲ့ေလ့ရွိေၾကာင္း Wakefield Express သတင္းဌာနက ေဖာ္ျပသည္။

ေျမေအာက္ခန္းရွိ အျဖဴေရာင္စၾကၤန္ေဘးတစ္ဖက္တစ္ခ်က္တြင္ အခ်ဳပ္ခန္းမ်ားရွိျပီး အစိမ္းေရာင္သံတံခါးမ်ား တပ္ဆင္ထားသည္။ တံခါးမ်ားတြင္ ၾကီးမားေသာ ေသာ့ခေလာက္ၾကီးမ်ား တပ္ဆင္ထားျပီး တံခါးတိုင္းတြင္ ေသးငယ္ေသာ ျပတင္းေပါက္ကေလးတစ္ခုစီ ရွိသည္။

အခ်ဳပ္ခန္းတြင္းတြင္ ေက်ာက္တံုးၾကမ္းခင္း ခင္းက်င္းထားျပီး အခန္းနံရံထိပ္ဆီတြင္ အလင္းဝင္ေစရန္ သံတုိင္ကာထားသည့္ ျပတင္းတစ္ခု ရွိသည္။

ယခုအခန္းကို OpenRent အိမ္ျခံေျမကုမၸဏီမွတဆင့္ အငွားေစ်းကြက္တင္လာျခင္းျဖစ္ျပီး အိပ္ခန္း ၂ ခန္း ၊ ေရခ်ဳိးခန္း ၂ ခန္းပါဝင္ကာ ခ်က္ခ်င္းေျပာင္းေရႊ႕ေနထိုင္ႏိုင္ေၾကာင္း ၊ ကားပါကင္ေနရာမရွိေၾကာင္း ေဖာ္ျပ ထားသည္။

(သမိုင္းဝင္အေဆာက္အအံုအျဖစ္ Grade II အဆင့္ သတ္မွတ္ခံထားရျပီး ၂၀၁၆ ခုႏွစ္တြင္ တရားရံုးပိတ္သိမ္း ခဲ့ျပီးေနာက္ပုိင္း လူေနခန္းမ်ားအျဖစ္ ေျပာင္းလဲခဲ့သည္။)

(မီးဖိုေဆာင္ အိပ္ခန္း ၂ ခန္းႏွင့္ ေရခ်ဳိးခန္း ၂ ခန္းပါဝင္သည္။)

(ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပခ်က္အရ ခ်က္ခ်င္းေျပာင္းေရႊ႕ေနထိုင္ႏိုင္ေၾကာင္း ၊ ကားပါကင္ေနရာမရွိ ေၾကာင္း ေဖာ္ျပထားသည္။)

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: You can have your own jailhouse rock! Two-bed flat with prison basement inside converted courthouse is available to rent for £750-a-month (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service