ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေအမေးအဖြေများကို iMyanmarHouse.com မှတင်ဆက်ပေးလျှက်ရှိနေပါတယ်။ ဒီတစ်ပတ်မှာတော့ လူအမေးအများဆုံး မေးခွန်းသုံးခုကို ဖြေကြားပေးသွားမှာဖြစ်ပါတယ်။
မေးခွန်း (၁) - အိမ်ခြံမြေ ဝယ်ယူမည်ဆိုလျှင် မည်သည့်စာရွက်စာတမ်းများကို ရောင်းချသူထံမှ တောင်းယူရပါမည်နည်း။
မိမိဝယ်ယူသည့် အိမ်ခြံမြေ မြေအမျိုးအစားပေါ်မူတည်၍ စစ်ဆေးရမည့်စာရွက်စာတမ်းများ ကွဲပြားခြား နားမှုရှိပါသည်။ ဂရန်မြေဆိုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြေယာစီမံခန့်ခွဲမှုဌာနမှ ထုတ် ပေးပြီး ၎င်းဌာနတွင် ဂရန်မြေဌားစာချုပ် စာရင်းရှိမရှိ တိုက်ဆိုင် စစ်ဆေးနိုင်ပါသည်။ အဆိုပါ မြေငှားဂရန်မှာ သက်တမ်းကျော်လွန်ခြင်း ရှိမရှိ စစ်ဆေးရမည်။ သက်တမ်းကုန်ရန် (၃)လအလိုတွင် ဂရန်သက်တမ်းတိုး ဆောင်ရွက်ရပါသည်။ မြေငှားသက်တမ်းကုန်နေတဲ့ ဂရန်မြေများမှာ အစိုးရစီမံခန့်ခွဲခွင့်ရှိတဲ့ မြေအမျိုးအစား အဖြစ် ပြန်လည်ရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။
ဝယ်ယူသူမှ ရောင်းချသူထံ လွှဲပြောင်းရောင်းချသော အိမ်ခြံမြေ၏ (၁)နှစ်အတွင်း ထုတ်ယူထားသော အရောင်းမြေပုံရှိမရှိ တောင်းယူကြည့်ရှုပါ။ မရှိရင် အရောင်းမြေပုံထုတ်ခိုင်းပြီး မြေပုံထုတ်ယူပြီးမှ စရံငွေချပါ။
ထို့အပြင် မူရင်းမမြင်ရသေးပဲ စရံမချသင့်ပါဘူး။ မူရင်းကြည့်ရှုပြီး စုံစမ်းပြီးရင်တော့ စရန်ငွေချပါ။ စရန်ပေး စာချုပ်ချုပ်ဆိုသည့်အခါ ရောင်းချသည့်အိမ်ခြံမြေနှင့် သက်ဆိုင်သည့်မူရင်းစာချုပ်စာတမ်းများအားလုံး မိတ္တူတစ်စုံယူထားပါ။ ရောင်းချသူ၏ မှတ်ပုံတင်မူရင်းနှင့် အိမ်ထောင်စုစာရင်းမူရင်းအား တိုက်ဆိုင်စစ်ဆေးပြီး မိတ္တူတစ်စုံလဲ တောင်းယူရပါမယ်။ အိမ်ထောင်စုစာရင်းအရ အမည်ပေါက်ပိုင်ရှင်မဟုတ်ရင် မည်သို့ပိုင်ဆိုင်လာသလဲ တရားရုံးအမိန့်အရ အမွေဆက်ခံခွင့်ရှိသူဆိုရင် တရားရုံးအမိန့်တောင်း၊ ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်အရ ပစ္စည်းအား ပိုင်ဆိုင်သူ ဆိုရင်လဲ မှတ်ပုံတင်စာချုပ်ကြည့်ရှုပါ။ အမည်ပေါက်သူထံမှတဆင့် အဆင့်ဆင့်ဝယ်ယူ ပိုင်ဆိုင်လာရင်လဲ မူလ ပိုင်ရှင်မှစ၍ အဆက်အစပ်စာချုပ်စာတမ်းများ တောင်းယူရပါမယ်။
စရံပေးစာချုပ်ချုပ်ဆိုပြီးရင်တော့ သတင်းစာကြေညာပြီး မြေအမည်ပေါက်ပိုင်ရှင်၏ တရားဝင်( Special Power)လဲ ငွေကြေစာချုပ်မချုပ်ဆိုခင် ရယူရပါမယ်။
မြေကွက်များမှာ သက်ဆိုင်ရာဌာနများနှင့် တိုက်ဆိုင်စစ်ဆေးပြီး အမည်ပေါက်၊မြေကွက်အမှတ်၊ ဦးပိုင် အမှတ်မှန်မမှန်တိုက်ဆိုင်စစ်ဆေးနိုင်သော်လည်း တိုက်ခန်းများဝယ်ယူသည့်အခါ အပျောက်စနစ်ဖြင့် ရောင်းချ ခြင်းဖြစ်သဖြင့် မိမိဝယ်ယူသည့်တိုက်ခန်းမှာ ကန်ထရိုက်ပိုင်အခန်းလား ၊ မြေရှင်ပိုင် အခန်းလား သိရှိရန်အတွက် အခန်းခွဲဝေမှု ကန်ထရိုက်စာချုပ်ကို ကြည့်ရှုရပါမယ်။ တိုက်ခန်းအရောင်းအဝယ်စာချုပ်တွင် ဂရန်အမည်ပေါက် မြေရှင်အသိအမှတ်ပြုလက်မှတ်ရေးထိုးသည်လဲရှိသလို၊ အခွန်ဆောင်၍ အရောင်းအဝယ်ပြုလုပ်သည်လဲရှိကြပါ တယ်။
ထို့ပြင် လိုင်စင်မြေ၊ ပါမစ်မြေ၊ လူနေရပ်ကွက်အတွင်းရှိမြေ၊ စီမံချက်မြေများအား မြေအမျိုးအစား ပေါ်မူတည်၍ လွှဲပြောင်းပေးအပ်ရမည့် ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ ကွဲပြားမှုရှိကြောင်း ဖြေဆိုရေးသားပေး လိုက်ပါတယ်။
မေးခွန်း (၂) - ။ နိုင်ငံခြားရောက်နေပြီး မြန်မာမှာရှိတဲ့မြေကို ကိုယ်တိုင်စာချုပ်မှာ လက်မှတ်ထိုးခြင်းမရှိပဲ တခြားနည်းများနဲ့ မိမိနာမည်ပေါက် လုပ်လို့ရပါသလား။
စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပုဒ်မ-၃၀အရ စာချုပ်ချုပ်ဆိုကြသည့်ပုဂ္ဂိုလ်များ၊ တရားရုံးဒီဂရီအမိန့် အရ အကျိုးခံစားခွင့်ရှိလာသူများ၊ ကိုယ်စားလှယ်အဖြစ် တရားဝင်ခန့်အပ်လွှဲပြောင်းထားသည့် ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူဖြစ်ပါက စာချုပ်စာတမ်း မှတ်ပုံတင်နိုင်ပါသည်။ ပြင်ပတွင် နေထိုင်သူဖြစ်ပါက ကိုယ်စားလှယ်လွှဲစာကို သက်ဆိုင်ရာ ပြင်ပနိုင်ငံရှိ သံရုံးတွင် ခန့်အပ် ထားသော အရာရှိတစ်ဦးဦး၏ ရှေ့မှောက်တွင် ပြုလုပ်လွှဲအပ်ကာ ထိုအရာရှိ၏ ထောက်ခံချက်ပါရှိသော ကိုယ် စားလှယ်လွှဲစာဖြင့် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ အိမ်ခြံမြေ နာမည်ပေါက် လျှောက်ထားခြင်းများလဲ ဆက်လက် ဆောင်ရွက်နိုင်ပါသည်။
မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို ပစ္စည်းတည်ရှိရာ အရပ်ဒေသမှာ မှတ်ပုံတင်နိုင်ပြီး အခြားစာချုပ် စာတမ်းများကို မည်သည့်မှတ်ပုံတင်ရုံးတွင်မဆို မှတ်ပုံတင်နိုင်ပါတယ်။ နိုင်ငံတော်ပြင်ပတွင် ချုပ်ဆိုသော စာချုပ်စာတမ်းများအား မှတ်ပုံတင်လိုလျှင် မှတ်ပုံတင်လိုသူသည် နိုင်ငံအတွင်းသို့ ရောက်ရှိပြီး မှတ်ပုံတင်ဥပဒေပုဒ်မ-၇၊ ပုဒ်မ-၈ အရ ရက်ပေါင်း(၁၂၀)အတွင်း မှတ်ပုံတင်အရာရှိ ထံ တင်ပြရမည် ဖြစ်ပါတယ်။ မှတ်ပုံတင်အရာရှိမှ ထိုစာချုပ်စာတမ်းများအား သတ်မှတ်ချက်များနှင့်အညီ စီစစ် ၍ ပြည့်စုံပါက မှတ်ပုံတင်ပေးပါသည်။
သတ်မှတ်ရက်ထက်ကျော်လွန်ကာ မှတ်ပုံတင်ရန်လျှောက်ထားမှုရှိပါက ပုဒ်မ-၂၃ ပါအတိုင်း မှတ်ပုံတင် အရာရှိသည် တိုင်းဒေသကြီး/ပြည်နယ် မှတ်ပုံတင်အရာရှိထံ တင်ပြပြီး ရက်ပေါင်း-၁၂၀ ထက်မကျော်လျှင် ဒဏ်ကြေး ပေးဆောင်၍ မှတ်ပုံတင်ခွင့်ပြုနိုင်သည်။ ပုဒ်မ-၁၆ပါ သတ်မှတ်စာချုပ်စာတမ်းများအား မှတ်ပုံမတင်ပါက ပုဒ်မ-၄၈ ပါ မရွှေ့မပြောင်းနိုင်သော ပစ္စည်း ဖြစ်လျှင် လွှဲပြောင်းခြင်း၊ ရောင်းချခြင်းများအားလုံး တရားဝင်အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါတယ်။
မေးခွန်း (၃) - ဝယ်ယူမည့် အိမ်တွင်အိမ်ငှါးများ ရှိနေကြောင်း၊ အိမ်ငှားရမ်းခြင်း နှစ်ချုပ် သက်တမ်းမကုန်သေးသဖြင့် ဆက် လက် အငှားချထားလျှင် မည်သို့ ဆောင်ရွက်ရမည်နည်း။
မိမိဝယ်ယူလိုသော အိမ်ခြံမြေမှာ အိမ်ငှားစာချုပ် နှစ်ချုပ်ချုပ်ဆိုထားပါက စာချုပ်ပါသက်တမ်းအတိုင်း နှစ်ရှည်အိမ်ငှားများ ရှိနေမည်ဖြစ်ပါသည်။ ငှားရမ်းခြင်းစာချုပ်ပါအတိုင်း အိမ်ငှားများမှ ၁၉၆၀ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေအညီ အိမ်ငှားအဖြစ် ကာကွယ်နိုင်သည့် အခွင့်အရေးရရှိမည်ဖြစ်ပါသည်။
အိမ်ငှားများမှ မူလပိုင်ရှင်အမည်နှင့် ငှားရမ်းခြင်း စာချုပ်ချုပ်ဆိုထားသဖြင့် အိမ်ရှင်အိမ်ငှားနှင်ထုတ် ပေးရန် စွဲဆိုခွင့်မှာ မူလပိုင်ရှင်ထံတွင်သာ အခွင့်အရေးရှိပါသည်။ ငှားရမ်းခြင်းစာချုပ်သက်တမ်းကာလကျော်၍ အိမ်ငှားအား အိမ်မှဖယ်ရှာပေးလိုမှု စွဲဆိုသောအမှုများတွင် ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယား အမှတ်စဉ်-(၁၂၀)ဖြင့် သက်ဆိုင်ပါသည်။ ပုဒ်မ-၁၂(၁)(က)၊ပုဒ်မ-၁၂(၁)(ဂ)အရ အိမ်ရှင်က အိမ်ငှားအား နှင်ထုတ်ပေးရန် စွဲဆိုသော အမှုများနှင့် အကျုံးဝင်ပါသည်။
ဝယ်ယူလိုသော အိမ်တွင် အိမ်ငှားများရှိပါက မူလအိမ်ရှင်မှ အိမ်ငှားများအား နှင်လိုမှုဖြင့် စွဲဆိုရမည့် အခြေအနေမျိုးဖြစ်နေပြီး နှင်လိုမှုဖြင့် တရားမစွဲဆိုလိုက နောက်ဝယ်ယူပိုင်ဆိုင်သူနှင့် အိမ်ငှား ညှီနှိုင်းပြီး ကျန်အိမ်ငှားသက်တမ်းကာလကို အိမ်ရှင်အိမ်ငှားစာချုပ်အသစ်တစ်စောင် ပြုလုပ်ချုပ်ဆိုရန် လိုအပ်ပါသည်။ ထိုသို့ အိမ်ရှင်အိမ်ငှားသီးခြားစာချုပ်တစ်စောင်ချုပ်ဆိုမှသာ အဆိုပါအခက်အခဲအား ဖြေရှင်းဆောင်ရွက်နိုင် မည်ဖြစ်ပါသည်။
ထိုစာချုပ်မချုပ်ဆိုဘဲ အိမ်ငှားမှ ဆက်လက်နေပါက အိမ်ငှားမှာ ကျူးကျော်နေထိုင်သူအဖြစ်သို့ ရောက်ရှိသွားပြီး အိမ်ရှင်မှာ ပစ္စည်းလွှဲပြောင်းအက်ဥပဒေပုဒ်မ-၅၄ အရ လွှဲပြောင်းဝယ်ယူသော အိမ်၊ခြံ၊မြေအား တရားဝင် လက်ဝယ်မရရှိဘဲ ဝယ်ယူမိသဖြင့် အရောင်းအဝယ် နစ်နာဆုံးရှုံးမည်ဖြစ်ပါသည်။
မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းလက်ရောက်ရလိုမှုမှာ သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ-၈ နှင့်သက် ဆိုင်သည်။
မူလပိုင်ရှင်မှ အိမ်ငှားအဖြစ်မှ ရပ်စဲပါကလဲ တရားဝင်အကြောင်းကြားစာ ပေးပို့၍ ဖြတ်တောက်ရန် လိုအပ်ပါသည်။ (ဦးအဘူကလန်(ခ)ဦးသန်းထွန်းနှင့် ဦးဝင်းခိုင်ပါ-၂ ၁၉၉၂၊မတစ(ရုံးချုပ်)၁၆၉)
အိမ်ငှားကွယ်လွန်သည့်ကိစ္စများတွင်လဲ ၁၉၆၀ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေးအက်ဥပ ဒေပုဒ်မ-၂(ဆ)အရ တစ်စုံတစ်ယောက်သောသူသည် ကွယ်လွန်သူ အိမ်ငှား၏ တရားဝင်ကိုယ်စားလှယ် ဖြစ်လာ နိုင်ခွင့်ရှိကြောင်း ဖော်ပြထားသည်။
(ဦးစိုးမြင့်ပါ-၃နှင့် ဦးမောင်မောင်ကံပါ-၂၊၁၉၉၃၊မတစ(အထူး)၂၂)
အိမ်ရှင်နှင့်အိမ်ငှား ပြောင်းလိုက ပြောင်းနိုင်ကြောင်း နေလိုက နေလိုကြောင်း ကတိပဋိဉာဉ်ရှိပါက အိမ်ငှားအဖြစ်မှ ရပ်စဲပြီး အခမဲ့ခွင့်ပြုချက်ဖြင့် နေသူသကဲ့သို့ ပြောင်းလဲယူဆ သတ်မှတ်နိုင်ကြောင်း ရေးသား ဖော်ပြပေးလိုက်ပါသည်။
လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။
မေးခွန်းပေးပို့ရန် Link ➡
https://www.imyanmarhouse.com/property-questions-answers-ask
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
အိမ္ျခံေျမေလာကသားတိုင္းအတြက္ သိမွတ္စရာ ဥပေဒအေမးအေျဖမ်ား .....
မွတ္သားဖြယ္ အိမ္ျခံေျမဥပေဒအေမးအေျဖမ်ားကို iMyanmarHouse.com မွတင္ဆက္ေပးလွ်က္႐ွိေနပါတယ္။ ဒီတစ္ပတ္မွာေတာ့ လူအေမးအမ်ားဆုံး ေမးခြန္းသုံးခုကို ေျဖၾကားေပးသြားမွာျဖစ္ပါတယ္။
ေမးခြန္း (၁) - အိမ္ျခံေျမ ဝယ္ယူမည္ဆိုလွ်င္ မည္သည့္စာ႐ြက္စာတမ္းမ်ားကို ေရာင္းခ်သူထံမွ ေတာင္းယူရပါမည္နည္း။
မိမိဝယ္ယူသည့္ အိမ္ျခံေျမ ေျမအမ်ိဳးအစားေပၚမူတည္၍ စစ္ေဆးရမည့္စာ႐ြက္စာတမ္းမ်ား ကြဲျပားျခား နားမႈ႐ွိပါသည္။ ဂရန္ေျမဆိုပါက ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ေျမယာစီမံခန္႔ခြဲမႈဌာနမွ ထုတ္ ေပးၿပီး ၎ဌာနတြင္ ဂရန္ေျမဌားစာခ်ဳပ္ စာရင္း႐ွိမ႐ွိ တိုက္ဆိုင္ စစ္ေဆးႏိုင္ပါသည္။ အဆိုပါ ေျမငွားဂရန္မွာ သက္တမ္းေက်ာ္လြန္ျခင္း ႐ွိမ႐ွိ စစ္ေဆးရမည္။ သက္တမ္းကုန္ရန္ (၃)လအလိုတြင္ ဂရန္သက္တမ္းတိုး ေဆာင္႐ြက္ရပါသည္။ ေျမငွားသက္တမ္းကုန္ေနတဲ့ ဂရန္ေျမမ်ားမွာ အစိုးရစီမံခန္႔ခြဲခြင့္႐ွိတဲ့ ေျမအမ်ိဳးအစား အျဖစ္ ျပန္လည္ေရာက္႐ွိသြားမွာပဲ ျဖစ္ပါတယ္။
ဝယ္ယူသူမွ ေရာင္းခ်သူထံ လႊဲေျပာင္းေရာင္းခ်ေသာ အိမ္ျခံေျမ၏ (၁)ႏွစ္အတြင္း ထုတ္ယူထားေသာ အေရာင္းေျမပုံ႐ွိမ႐ွိ ေတာင္းယူၾကည့္႐ႈပါ။ မ႐ွိရင္ အေရာင္းေျမပုံထုတ္ခိုင္းၿပီး ေျမပုံထုတ္ယူၿပီးမွ စရံေငြခ်ပါ။
ထို႔အျပင္ မူရင္းမျမင္ရေသးပဲ စရံမခ်သင့္ပါဘူး။ မူရင္းၾကည့္႐ႈၿပီး စုံစမ္းၿပီးရင္ေတာ့ စရန္ေငြခ်ပါ။ စရန္ေပး စာခ်ဳပ္ခ်ဳပ္ဆိုသည့္အခါ ေရာင္းခ်သည့္အိမ္ျခံေျမႏွင့္ သက္ဆိုင္သည့္မူရင္းစာခ်ဳပ္စာတမ္းမ်ားအားလုံး မိတၱဴတစ္စုံယူထားပါ။ ေရာင္းခ်သူ၏ မွတ္ပုံတင္မူရင္းႏွင့္ အိမ္ေထာင္စုစာရင္းမူရင္းအား တိုက္ဆိုင္စစ္ေဆးၿပီး မိတၱဴတစ္စုံလဲ ေတာင္းယူရပါမယ္။ အိမ္ေထာင္စုစာရင္းအရ အမည္ေပါက္ပိုင္႐ွင္မဟုတ္ရင္ မည္သို႔ပိုင္ဆိုင္လာသလဲ တရား႐ုံးအမိန္႔အရ အေမြဆက္ခံခြင့္႐ွိသူဆိုရင္ တရား႐ုံးအမိန္႔ေတာင္း၊ ေပးကမ္းျခင္း မွတ္ပုံတင္စာခ်ဳပ္အရ ပစၥည္းအား ပိုင္ဆိုင္သူ ဆိုရင္လဲ မွတ္ပုံတင္စာခ်ဳပ္ၾကည့္႐ႈပါ။ အမည္ေပါက္သူထံမွတဆင့္ အဆင့္ဆင့္ဝယ္ယူ ပိုင္ဆိုင္လာရင္လဲ မူလ ပိုင္႐ွင္မွစ၍ အဆက္အစပ္စာခ်ဳပ္စာတမ္းမ်ား ေတာင္းယူရပါမယ္။
စရံေပးစာခ်ဳပ္ခ်ဳပ္ဆိုၿပီးရင္ေတာ့ သတင္းစာေၾကညာၿပီး ေျမအမည္ေပါက္ပိုင္႐ွင္၏ တရားဝင္( Special Power)လဲ ေငြေၾကစာခ်ဳပ္မခ်ဳပ္ဆိုခင္ ရယူရပါမယ္။
ေျမကြက္မ်ားမွာ သက္ဆိုင္ရာဌာနမ်ားႏွင့္ တိုက္ဆိုင္စစ္ေဆးၿပီး အမည္ေပါက္၊ေျမကြက္အမွတ္၊ ဦးပိုင္ အမွတ္မွန္မမွန္တိုက္ဆိုင္စစ္ေဆးႏိုင္ေသာ္လည္း တိုက္ခန္းမ်ားဝယ္ယူသည့္အခါ အေပ်ာက္စနစ္ျဖင့္ ေရာင္းခ် ျခင္းျဖစ္သျဖင့္ မိမိဝယ္ယူသည့္တိုက္ခန္းမွာ ကန္ထ႐ိုက္ပိုင္အခန္းလား ၊ ေျမ႐ွင္ပိုင္ အခန္းလား သိ႐ွိရန္အတြက္ အခန္းခြဲေဝမႈ ကန္ထ႐ိုက္စာခ်ဳပ္ကို ၾကည့္႐ႈရပါမယ္။ တိုက္ခန္းအေရာင္းအဝယ္စာခ်ဳပ္တြင္ ဂရန္အမည္ေပါက္ ေျမ႐ွင္အသိအမွတ္ျပဳလက္မွတ္ေရးထိုးသည္လဲ႐ွိသလို၊ အခြန္ေဆာင္၍ အေရာင္းအဝယ္ျပဳလုပ္သည္လဲ႐ွိၾကပါ တယ္။
ထို႔ျပင္ လိုင္စင္ေျမ၊ ပါမစ္ေျမ၊ လူေနရပ္ကြက္အတြင္း႐ွိေျမ၊ စီမံခ်က္ေျမမ်ားအား ေျမအမ်ိဳးအစား ေပၚမူတည္၍ လႊဲေျပာင္းေပးအပ္ရမည့္ ပိုင္ဆိုင္မႈ စာခ်ဳပ္စာတမ္းမ်ား ကြဲျပားမႈ႐ွိေၾကာင္း ေျဖဆိုေရးသားေပး လိုက္ပါတယ္။
ေမးခြန္း (၂) - ။ ႏိုင္ငံျခားေရာက္ေနၿပီး ျမန္မာမွာ႐ွိတဲ့ေျမကို ကိုယ္တိုင္စာခ်ဳပ္မွာ လက္မွတ္ထိုးျခင္းမ႐ွိပဲ တျခားနည္းမ်ားနဲ႔ မိမိနာမည္ေပါက္ လုပ္လို႔ရပါသလား။
စာခ်ဳပ္စာတမ္းမွတ္ပုံတင္ဥပေဒပုဒ္မ-၃၀အရ စာခ်ဳပ္ခ်ဳပ္ဆိုၾကသည့္ပုဂၢိဳလ္မ်ား၊ တရား႐ုံးဒီဂရီအမိန္႔ အရ အက်ိဳးခံစားခြင့္႐ွိလာသူမ်ား၊ ကိုယ္စားလွယ္အျဖစ္ တရားဝင္ခန္႔အပ္လႊဲေျပာင္းထားသည့္ ပုဂၢိဳလ္မ်ား၊ ျမန္မာႏိုင္ငံအတြင္း ေနထိုင္သူျဖစ္ပါက စာခ်ဳပ္စာတမ္း မွတ္ပုံတင္ႏိုင္ပါသည္။ ျပင္ပတြင္ ေနထိုင္သူျဖစ္ပါက ကိုယ္စားလွယ္လႊဲစာကို သက္ဆိုင္ရာ ျပင္ပႏိုင္ငံ႐ွိ သံ႐ုံးတြင္ ခန္႔အပ္ ထားေသာ အရာ႐ွိတစ္ဦးဦး၏ ေ႐ွ႕ေမွာက္တြင္ ျပဳလုပ္လႊဲအပ္ကာ ထိုအရာ႐ွိ၏ ေထာက္ခံခ်က္ပါ႐ွိေသာ ကိုယ္ စားလွယ္လႊဲစာျဖင့္ မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုျခင္းမ်ား ေဆာင္႐ြက္ႏိုင္ပါတယ္။ အိမ္ျခံေျမ နာမည္ေပါက္ ေလွ်ာက္ထားျခင္းမ်ားလဲ ဆက္လက္ ေဆာင္႐ြက္ႏိုင္ပါသည္။
မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ားကို ပစၥည္းတည္႐ွိရာ အရပ္ေဒသမွာ မွတ္ပုံတင္ႏိုင္ၿပီး အျခားစာခ်ဳပ္ စာတမ္းမ်ားကို မည္သည့္မွတ္ပုံတင္႐ုံးတြင္မဆို မွတ္ပုံတင္ႏိုင္ပါတယ္။ ႏိုင္ငံေတာ္ျပင္ပတြင္ ခ်ဳပ္ဆိုေသာ စာခ်ဳပ္စာတမ္းမ်ားအား မွတ္ပုံတင္လိုလွ်င္ မွတ္ပုံတင္လိုသူသည္ ႏိုင္ငံအတြင္းသို႔ ေရာက္႐ွိၿပီး မွတ္ပုံတင္ဥပေဒပုဒ္မ-၇၊ ပုဒ္မ-၈ အရ ရက္ေပါင္း(၁၂၀)အတြင္း မွတ္ပုံတင္အရာ႐ွိ ထံ တင္ျပရမည္ ျဖစ္ပါတယ္။ မွတ္ပုံတင္အရာ႐ွိမွ ထိုစာခ်ဳပ္စာတမ္းမ်ားအား သတ္မွတ္ခ်က္မ်ားႏွင့္အညီ စီစစ္ ၍ ျပည့္စုံပါက မွတ္ပုံတင္ေပးပါသည္။
သတ္မွတ္ရက္ထက္ေက်ာ္လြန္ကာ မွတ္ပုံတင္ရန္ေလွ်ာက္ထားမႈ႐ွိပါက ပုဒ္မ-၂၃ ပါအတိုင္း မွတ္ပုံတင္ အရာ႐ွိသည္ တိုင္းေဒသႀကီး/ျပည္နယ္ မွတ္ပုံတင္အရာ႐ွိထံ တင္ျပၿပီး ရက္ေပါင္း-၁၂၀ ထက္မေက်ာ္လွ်င္ ဒဏ္ေၾကး ေပးေဆာင္၍ မွတ္ပုံတင္ခြင့္ျပဳႏိုင္သည္။ ပုဒ္မ-၁၆ပါ သတ္မွတ္စာခ်ဳပ္စာတမ္းမ်ားအား မွတ္ပုံမတင္ပါက ပုဒ္မ-၄၈ ပါ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္း ျဖစ္လွ်င္ လႊဲေျပာင္းျခင္း၊ ေရာင္းခ်ျခင္းမ်ားအားလုံး တရားဝင္အက်ိဳးသက္ေရာက္မႈ႐ွိမွာ မဟုတ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါတယ္။
ေမးခြန္း (၃) - ဝယ္ယူမည့္ အိမ္တြင္အိမ္ငွါးမ်ား ႐ွိေနေၾကာင္း၊ အိမ္ငွားရမ္းျခင္း ႏွစ္ခ်ဳပ္ သက္တမ္းမကုန္ေသးသျဖင့္ ဆက္ လက္ အငွားခ်ထားလွ်င္ မည္သို႔ ေဆာင္႐ြက္ရမည္နည္း။
မိမိဝယ္ယူလိုေသာ အိမ္ျခံေျမမွာ အိမ္ငွားစာခ်ဳပ္ ႏွစ္ခ်ဳပ္ခ်ဳပ္ဆိုထားပါက စာခ်ဳပ္ပါသက္တမ္းအတိုင္း ႏွစ္႐ွည္အိမ္ငွားမ်ား ႐ွိေနမည္ျဖစ္ပါသည္။ ငွားရမ္းျခင္းစာခ်ဳပ္ပါအတိုင္း အိမ္ငွားမ်ားမွ ၁၉၆၀ျပည့္ႏွစ္ ၿမိဳ႕ျပဆိုင္ရာ ငွားရမ္းခ ႀကီးၾကပ္ေရး အက္ဥပေဒအညီ အိမ္ငွားအျဖစ္ ကာကြယ္ႏိုင္သည့္ အခြင့္အေရးရ႐ွိမည္ျဖစ္ပါသည္။
အိမ္ငွားမ်ားမွ မူလပိုင္႐ွင္အမည္ႏွင့္ ငွားရမ္းျခင္း စာခ်ဳပ္ခ်ဳပ္ဆိုထားသျဖင့္ အိမ္႐ွင္အိမ္ငွားႏွင္ထုတ္ ေပးရန္ စြဲဆိုခြင့္မွာ မူလပိုင္႐ွင္ထံတြင္သာ အခြင့္အေရး႐ွိပါသည္။ ငွားရမ္းျခင္းစာခ်ဳပ္သက္တမ္းကာလေက်ာ္၍ အိမ္ငွားအား အိမ္မွဖယ္႐ွာေပးလိုမႈ စြဲဆိုေသာအမႈမ်ားတြင္ ကာလစည္းကမ္းသတ္အက္ဥပေဒပထမဇယား အမွတ္စဥ္-(၁၂၀)ျဖင့္ သက္ဆိုင္ပါသည္။ ပုဒ္မ-၁၂(၁)(က)၊ပုဒ္မ-၁၂(၁)(ဂ)အရ အိမ္႐ွင္က အိမ္ငွားအား ႏွင္ထုတ္ေပးရန္ စြဲဆိုေသာ အမႈမ်ားႏွင့္ အက်ံဳးဝင္ပါသည္။
ဝယ္ယူလိုေသာ အိမ္တြင္ အိမ္ငွားမ်ား႐ွိပါက မူလအိမ္႐ွင္မွ အိမ္ငွားမ်ားအား ႏွင္လိုမႈျဖင့္ စြဲဆိုရမည့္ အေျခအေနမ်ိဳးျဖစ္ေနၿပီး ႏွင္လိုမႈျဖင့္ တရားမစြဲဆိုလိုက ေနာက္ဝယ္ယူပိုင္ဆိုင္သူႏွင့္ အိမ္ငွား ညႇီႏိႈင္းၿပီး က်န္အိမ္ငွားသက္တမ္းကာလကို အိမ္႐ွင္အိမ္ငွားစာခ်ဳပ္အသစ္တစ္ေစာင္ ျပဳလုပ္ခ်ဳပ္ဆိုရန္ လိုအပ္ပါသည္။ ထိုသို႔ အိမ္႐ွင္အိမ္ငွားသီးျခားစာခ်ဳပ္တစ္ေစာင္ခ်ဳပ္ဆိုမွသာ အဆိုပါအခက္အခဲအား ေျဖ႐ွင္းေဆာင္႐ြက္ႏိုင္ မည္ျဖစ္ပါသည္။
ထိုစာခ်ဳပ္မခ်ဳပ္ဆိုဘဲ အိမ္ငွားမွ ဆက္လက္ေနပါက အိမ္ငွားမွာ က်ဴးေက်ာ္ေနထိုင္သူအျဖစ္သို႔ ေရာက္႐ွိသြားၿပီး အိမ္႐ွင္မွာ ပစၥည္းလႊဲေျပာင္းအက္ဥပေဒပုဒ္မ-၅၄ အရ လႊဲေျပာင္းဝယ္ယူေသာ အိမ္၊ျခံ၊ေျမအား တရားဝင္ လက္ဝယ္မရ႐ွိဘဲ ဝယ္ယူမိသျဖင့္ အေရာင္းအဝယ္ နစ္နာဆုံး႐ႈံးမည္ျဖစ္ပါသည္။ မွတ္ပုံတင္စာခ်ဳပ္ မခ်ဳပ္ဆိုရေသးေသာ အေရာင္းအဝယ္မ်ားတြင္ အေရာင္းအဝယ္ အထမေျမာက္ေသး သျဖင့္ အိမ္ငွား႐ွိပါက ပိုမို၍ သတိထားေဆာင္႐ြက္ရသည္။
မေ႐ႊ႕မေျပာင္းႏိုင္သည့္ ပစၥည္းလက္ေရာက္ရလိုမႈမွာ သီးျခားသက္သာခြင့္အက္ဥပေဒပုဒ္မ-၈ ႏွင့္သက္ ဆိုင္သည္။ မူလပိုင္႐ွင္မွ အိမ္ငွားအျဖစ္မွ ရပ္စဲပါကလဲ တရားဝင္အေၾကာင္းၾကားစာ ေပးပို႔၍ ျဖတ္ေတာက္ရန္ လိုအပ္ပါသည္။ (ဦးအဘူကလန္(ခ)ဦးသန္းထြန္းႏွင့္ ဦးဝင္းခိုင္ပါ-၂ ၁၉၉၂၊မတစ(႐ုံးခ်ဳပ္)၁၆၉)
အိမ္ငွားကြယ္လြန္သည့္ကိစၥမ်ားတြင္လဲ ၁၉၆၀ျပည့္ႏွစ္ ၿမိဳ႕ျပဆိုင္ရာ ငွားရမ္းခ ႀကီးၾကပ္ေရးအက္ဥပ ေဒပုဒ္မ-၂(ဆ)အရ တစ္စုံတစ္ေယာက္ေသာသူသည္ ကြယ္လြန္သူ အိမ္ငွား၏ တရားဝင္ကိုယ္စားလွယ္ ျဖစ္လာ ႏိုင္ခြင့္႐ွိေၾကာင္း ေဖာ္ျပထားသည္။
(ဦးစိုးျမင့္ပါ-၃ႏွင့္ ဦးေမာင္ေမာင္ကံပါ-၂၊၁၉၉၃၊မတစ(အထူး)၂၂)
အိမ္႐ွင္ႏွင့္အိမ္ငွား ေျပာင္းလိုက ေျပာင္းႏိုင္ေၾကာင္း ေနလိုက ေနလိုေၾကာင္း ကတိပဋိဉာဥ္႐ွိပါက အိမ္ငွားအျဖစ္မွ ရပ္စဲၿပီး အခမဲ့ခြင့္ျပဳခ်က္ျဖင့္ ေနသူသကဲ့သို႔ ေျပာင္းလဲယူဆ သတ္မွတ္ႏိုင္ေၾကာင္း ေရးသား ေဖာ္ျပေပးလိုက္ပါသည္။
လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။
ေမးခြန္းေပးပို႔ရန္ Link ➡
https://www.imyanmarhouse.com/property-questions-answers-ask
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
iMyanmarHouse.com ၏ ဥပေဒအၾကံေပး ပညာ႐ွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com