ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
ထိုင်းနိုင်ငံရဲ့အဆင့်မြင့်ကွန်ဒို တွေကို နိုင်ငံခြားသားတွေဝယ်ယူတဲ့ ထိပ်တန်း (၁၀) နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံက အဆင့်(၈) မှာ ရှိနေတယ်လို့ ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေသတင်းပြန်ကြားရေးမှာ ဖော်ပြထားပါတယ်။ ဒီစာရင်းတွေထဲမှာ အရင်က မြန်မာနိုင်ငံ မပါဝင်ခဲ့ပေမယ့် (၂၀၂၂) ခုနှစ်ကတော့ အဆင့်(၆) နေရာမှာ ရှိခဲ့ပြီးတော့ အခု (၂၀၂၃) ခုနှစ် ပထမနှစ်ဝက် စာရင်းမှာတော့ အဆင့်(၈) မှာ ရှိနေတယ်လို့ ထိုင်းနိုင်ငံရဲ့ လူသိများတဲ့ ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ ဘန်ကောက်ပို့(စ်)သတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ ကွန်ဒိုအများဆုံးဝယ်ယူသူတွေဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး ဒုတိယအများဆုံးကတော့ ရုရှားနိုင်ငံသားတွေဖြစ်ပါတယ်။ အမေရိကန်နိုင်ငံကတော့ တတိယအများဆုံးဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေကတော့ ပျှမ်းမျှ ဘတ်(၇)သန်းတန်လောက်ရှိတဲ့ ကွန်ဒိုတွေ ဝယ်ယူနေကြတာဖြစ်တယ်လို့ ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေသတင်းပြန်ကြားရေးမှာ ဖော်ပြချက်အရသိရပါတယ်။
အခုနှစ်ဝက်အထိ ကွန်ဒိုတိုက်ခန်းပေါင်း (၁၈၂)ခန်းကို မြန်မာနိုင်ငံက ဝယ်ယူထားပြီး ကာလတန်ဖိုး ဘတ်ငွေ(၁၂၇၄)သန်းအထိ ရှိနေတယ်လို့လည်း ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေသတင်းပြန်ကြားရေးမှာ ဖော်ပြထားပါတယ်။
ထိုင်း အိမ်ခြံမြေသတင်းပြန်ကြားရေးဌာနရဲ့ စာရင်းအရ အခု ၂၀၂၃ ပထမနှစ်ဝက်အတွင်း နိုင်ငံခြားသားတွေ ဝယ်ယူတဲ့ ကွန်ဒိုခန်း ၇၃၃၈ ခန်းရဲ့ ကာလတန်ဖိုးဟာ ထိုင်းဘတ်ငွေ သန်းပေါင်း သုံးသောင်းငါးထောင့်နှစ်ရာ ရှိပါတယ်။ အများဆုံး ဝယ်ယူကြတဲ့နေရာက ထိုင်းနိုင်ငံရဲ့ ခရီးသွားမြို့တစ်ခုဖြစ်တဲ့ ပတ္တရားတည်ရှိရာ ချွန်ဘူရီခရိုင်မှာဖြစ်ပြီး ဘန်ကောက်မြို့က ဒုတိယဝယ်ယူမှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ထိုင္းႏိုင္ငံရဲ႕ အဆင့္ျမင့္ကြန္ဒိုေတြကို ႏိုင္ငံျခားသားေတြ ဝယ္ယူမႈ ျမန္မာက အဆင့္ (၈) ေနရာတြင္႐ွိေန
ထိုင္းႏိုင္ငံရဲ႕အဆင့္ျမင့္ကြန္ဒို ေတြကို ႏိုင္ငံျခားသားေတြဝယ္ယူတဲ့ ထိပ္တန္း (၁၀) ႏိုင္ငံစာရင္းထဲမွာ ျမန္မာႏိုင္ငံက အဆင့္(၈) မွာ ႐ွိေနတယ္လို႔ ထိုင္းႏိုင္ငံရဲ႕ အိမ္ျခံေျမသတင္းျပန္ၾကားေရးမွာ ေဖာ္ျပထားပါတယ္။ ဒီစာရင္းေတြထဲမွာ အရင္က ျမန္မာႏိုင္ငံ မပါဝင္ခဲ့ေပမယ့္ (၂၀၂၂) ခုႏွစ္ကေတာ့ အဆင့္(၆) ေနရာမွာ ႐ွိခဲ့ၿပီးေတာ့ အခု(၂၀၂၃) ခုႏွစ္ ပထမႏွစ္ဝက္ စာရင္းမွာေတာ့ အဆင့္(၈)မွာ ႐ွိေနတယ္လို႔ ထိုင္းႏိုင္ငံရဲ႕ လူသိမ်ားတဲ့ ျပည္တြင္းသတင္းဌာနတစ္ခုျဖစ္တဲ့ ဘန္ေကာက္ပို႔(စ္)သတင္းမွာ ေဖာ္ျပထားပါတယ္။
ထိုင္းႏိုင္ငံမွာ ကြန္ဒိုအမ်ားဆုံးဝယ္ယူသူေတြဟာ တ႐ုတ္ႏိုင္ငံသားေတြျဖစ္ၿပီး ဒုတိယအမ်ားဆုံးကေတာ့ ႐ု႐ွားႏိုင္ငံသားေတြျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံကေတာ့ တတိယအမ်ားဆုံးျဖစ္ပါတယ္။ ျမန္မာႏိုင္ငံသားေတြကေတာ့ ပွ်မ္းမွ် ဘတ္(၇)သန္းတန္ေလာက္႐ွိတဲ့ ကြန္ဒိုေတြ ဝယ္ယူေနၾကတာျဖစ္တယ္လို႔ ထိုင္းႏိုင္ငံရဲ႕ အိမ္ျခံေျမသတင္းျပန္ၾကားေရးမွာ ေဖာ္ျပခ်က္အရသိရပါတယ္။
အခုႏွစ္ဝက္အထိ ကြန္ဒိုတိုက္ခန္းေပါင္း (၁၈၂)ခန္းကို ျမန္မာႏိုင္ငံက ဝယ္ယူထားၿပီး ကာလတန္ဖိုး ဘတ္ေငြ(၁၂၇၄)သန္းအထိ ႐ွိေနတယ္လို႔လည္း ထိုင္းႏိုင္ငံရဲ႕ အိမ္ျခံေျမသတင္းျပန္ၾကားေရးမွာ ေဖာ္ျပထားပါတယ္။
ထိုင္း အိမ္ျခံေျမသတင္းျပန္ၾကားေရးဌာနရဲ႕ စာရင္းအရ အခု ၂၀၂၃ ပထမႏွစ္ဝက္အတြင္း ႏိုင္ငံျခားသားေတြ ဝယ္ယူတဲ့ ကြန္ဒိုခန္း ၇၃၃၈ ခန္းရဲ႕ ကာလတန္ဖိုးဟာ ထိုင္းဘတ္ေငြ သန္းေပါင္း သုံးေသာင္းငါးေထာင့္ႏွစ္ရာ ႐ွိပါတယ္။ အမ်ားဆုံး ဝယ္ယူၾကတဲ့ေနရာက ထိုင္းႏိုင္ငံရဲ႕ ခရီးသြားၿမိဳ႕တစ္ခုျဖစ္တဲ့ ပတၱရားတည္႐ွိရာ ခြၽန္ဘူရီခ႐ိုင္မွာျဖစ္ၿပီး ဘန္ေကာက္ၿမိဳ႕က ဒုတိယဝယ္ယူမႈ အမ်ားဆုံးျဖစ္တယ္လို႔ ဆိုပါတယ္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com