အင်္ဂလန်တွင် လူမနေသောအိမ်တစ်လုံးကို ဓာတ်ပုံရိုက်ကာ အိမ်ခြံမြေကုမ္ပဏီထံ ပေးပို့သည့် အငှားယာဉ်မောင်း ပေါင် ၄၀၀၀ (မြန်မာငွေ ၁၁၂ သိန်းကျော်) ရရှိ

အင်္ဂလန်တွင် လူမနေသောအိမ်တစ်လုံးကို ဓာတ်ပုံရိုက်ကာ အိမ်ခြံမြေကုမ္ပဏီထံ ပေးပို့သည့် အငှားယာဉ်မောင်း ပေါင် ၄၀၀၀ (မြန်မာငွေ ၁၁၂ သိန်းကျော်) ရရှိ - Property News in Myanmar from iMyanmarHouse.com
22 Sep 2023 10:50 am တွင် တင်ခဲ့သည်
922 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံတွင် အမျိုးသားတစ်ဦးသည် သူ၏နေအိမ်အနီးရှိ လူမနေသောနေအိမ်တစ်လုံးအကြောင်း အိမ်ခြံမြေဝက်ဘ်ဆိုက်တစ်ခုထံ သတင်းပေးပို့ခဲ့ရုံဖြင့် ပေါင် ၄၀၀၀ ရရှိသွားသည်။

တိုနီ ဂျော်ဒန် (Tony Jordan) အမည်ရှိ အသက် ၆၁ နှစ်အရွယ် မီးသတ်သမားဟောင်း၊ အငှားယာဉ်မောင်း အဖြစ် လုပ်ကိုင်ခဲ့သူသည် သူ၏နေအိမ်မှ ဘတ်စ်ကားမှတ်တိုင်သို့ သွားရာလမ်းတွင် ရှိသော ပျက်စီးယိုယွင်း ကာ မြက်များတောထနေသည့် နေအိမ်တစ်လုံးကို သတိပြုမိနေခဲ့သည်။

(လူမနေသော နေအိမ်တစ်လုံးအကြောင်း သတင်းပို့ခဲ့ရုံဖြင့် ပေါင် ၄၀၀၀ ကျော် ရရှိသွားသူ တိုနီ ဂျော်ဒန်။ ဓာတ်ပုံ-Fiona Hanson)

(အလုပ်များမှ အနားယူထားပြီဖြစ်သူ တိုနီဂျော်ဒန်သည် ကားမှတ်တိုင်သို့ သွားရာလမ်းတွင်ရှိသော အိမ်တစ်လုံး ကို သတိပြုမိခဲ့သည်။ ဓာတ်ပုံ-Fiona Hanson)

တိုနီက Mirror သတင်းဌာနသို့ “ပုံတူနေအိမ်တွေရဲ့ အစွန်မှာရှိတဲ့ အိပ်ခန်း ၃ ခန်းပါအိမ်တစ်လုံးဖြစ်ပြီး ဆေးတွေ ကွာကျနေပါပြီ။ ဝင်ဖို့တောင် မလွယ်တဲ့ အိမ်ထဲမှာ နေတဲ့သူ ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော် ဒီအိမ်အကြောင်းကို YouSpotProperty ဝက်ဘ်ဆိုက်ကို ပေးပို့ခဲ့ပါတယ်”ဟု ပြောသည်။

(မှတ်ချက်။ YouspotProperty သည် အိမ်ခြံမြေကုမ္ပဏီတစ်ခုဖြစ်ပြီး ပျက်စီးယိုယွင်းကာ လူမနေသည့်အိမ်များ ကို ဝယ်ယူပြီး ပြန်လည်မွမ်းမံမှုများ ပြုလုပ်ရောင်းချမှုများ ပြုလုပ်သည်။)

အင်္ဂလန်နိုင်ငံတစ်ဝန်းရှိ ယိုယွင်းပျက်စီးနေကာ ကာလကြာရှည်လူမနေသောအိမ်များအကြောင်း သတင်းပေးပို့ သူများအား YouspotProperty က ဆုငွေပေးအပ်လျက်ရှိသည်မှာ ကာလကြာမြင့်ခဲ့ပြီလည်း ဖြစ်သည်။

ဓာတ်ပုံပေးပို့ပြီး ရက်အနည်းငယ်အကြာတွင် တိုနီသည် ပေါင် ၂၀ တန် ဈေးဝယ်ဘောင်ချာတစ်ခုရရှိခဲ့ပြီး ယင်းနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် သူဓာတ်ပုံပေးပို့ခဲ့သောနေအိမ် အရောင်းအဝယ်ဖြစ်သွားပြီ ဖြစ်ကြောင်း လူတစ်ဦးက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားလာသည်။

ထို့နောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် တိုနီသည် ဓာတ်ပုံအချက်အလက်များ ပေးပို့ခဲ့မှုအတွက် ၄၃၅၀ ပေါင် (မြန်မာငွေ ၁၁၂ သိန်းကျော်) ရရှိကြောင်း တစုံတဦးက ဖုန်းဖြင့် ပြောကြားလာသည်။

(မှတ်ချက်။ စက်တင်ဘာလ ၁၇ ရက် သတ်မှတ်ငွေလဲနှုန်း ဗြိတိန် ၁ ပေါင်လျှင် မြန်မာကျပ်ငွေ ၂၅၉၅ ကျပ်ဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်)

သို့တိုင် တိုနီက ထိုသို့ ဖုန်းဆက်ပြောကြားမှုမှာ လိမ်လည်မှုတစ်ခုသာဖြစ်သည်ဟု ယူဆခဲ့သော်လည်း သူ၏ ဘဏ်ငွေစာရင်းသို့ ငွေများဝင်လာသည်ကို တွေ့ရချိန်တွင် တိုနီမှာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။

တိုနီသည် လန်ဒန်မြို့ အနောက်မြောက်ဘက် Pinner အရပ်တွင် နေထိုင်ပြီး ကလေး ၂ ဦး၏ ဖခင် ဖြစ်သည်။

“ဘဏ်စာရင်းနံပါတ်ဖုန်းဆက်မေးတဲ့အချိန် ကျွန်တော့်ခေါင်းထဲ သတိပေးခေါင်းလောင်းသံတွေ ဆူညံသွားတယ်။ တခြားသူတွေ အတော်များများကို ဘဏ်စာရင်းနံပါတ်မေးပြီး လိမ်လည်မှုတွေ ရှိတယ်လေ။ ကျွန်တော်ကြုံရတာကတော့ လိမ်လည်မှု မဟုတ်ပါဘူး”ဟု တိုနီက ဆက်လက်ပြောကြားသည်။

ယခုရရှိလာသောငွေကို လာမည့်နှစ်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်နှင့် အမေရိကန် အရှေ့မြောက်ပိုင်း နယူးအင်္ဂလန်ဒေသသို့ အလည်အပတ်သွားရန် အသုံးပြုမည်ဖြစ်ကြောင်း တိုနီက ပြောသည်။

YouspotProperty က ဆုငွေပေးသည့် အစီအစဉ်မှာ သင်ပေးပို့သော နေအိမ်သည် သတ်မှတ်ချက်များနှင့် ကိုက်ညီသည်ဆိုပါက သင့်ထံ ပေါင် ၂၀ တန် ဈေးဝယ်ဘောင်ချာပေးပို့မည်ဖြစ်ပြီး Amazon (သို့မဟုတ်) M &S တို့တွင် ဈေးဝယ်နိုင်မည် ဖြစ်သည်။

အကယ်၍ ကုမ္ပဏီဘက်မှ ထိုအိမ်ကို ဝယ်ယူဖြစ်သည်ဆိုပါက နေအိမ်တန်ဖိုး၏ ၁ ရာခိုင်နှုန်းကို သင့်အား ဆုငွေအဖြစ် ပေးမည်ဖြစ်ပြီး အများဆုံး ပေါင် ၁၀၀၀၀ ခန့် ရရှိနိုင်မည် ဖြစ်သည်။

(ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ဆုငွေပေးလဲ)

သတ်မှတ်စည်းမျဉ်းနှင့် ကိုက်ညီသည်ဟု ယူဆသောအိမ်ကို တွေ့လျှင် သင်လုပ်ဆောင်ရန်မှာ YouspotProperty ဝက်ဘ်ဆိုက်သို့ သွားကာ ထိုအိမ်၏ အချက်အလက်များကို ဓာတ်ပုံအချို့နှင့်အတူ ပေးပို့ ရန်သာ ဖြစ်သည်။

-စည်းမျဉ်းတွေက ဘာတွေလဲ-

-ပုဂ္ဂလိက ပိုင်သည့်အိမ်ဖြစ်ရမည်။ -အရောင်းဈေးကွက်တင်ထားသောအိမ် မဖြစ်ရ။ -မကြာသေးမီ ကာလအတွင်း နေအိမ်မွမ်းမံရန် လျှောက်ထားတင်ပြထားခြင်း မရှိသောအိမ်ဖြစ်ရမည်။

သင်အချက်အလက်ပေးပို့ခဲ့သောအိမ်သည် အထက်ပါအချက်များနှင့် ကိုက်ညီသည်ဆိုပါက ပေါင် ၂၀ တန် ဈေးဝယ်ဘောင်ချာတစ်ခု ရရှိမည်ဖြစ်သည်။

ယင်းနောက် ထိုအိမ်ကို YouspotProperty က ဝယ်ယူဖြစ်သည်ဆိုပါက အိမ်တန်ဖိုး၏ ၁ ရာခိုင်နှုန်းကို ဆုငွေအဖြစ် ရရှိမည် ဖြစ်သည်။

တိုနီသည် အလုပ်အကိုင်များမှ အနားယူထားပြီးဖြစ်သော်လည်း အချိန်ပိုင်း မီးဘေးလုံခြုံရေးအရာရှိအဖြစ် ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်သည်။

YouspotProperty က တိုနီပေးပို့ခဲ့သောအိမ်၏ ပိုင်ရှင်များကို စုံစမ်းဆက်သွယ်ပြီး ထိုအိမ်ကို ပေါင် ၄၃၅၀၀၀ ဖြင့် ဝယ်ယူခဲ့ရာ တိုနီမှာ အိမ်တန်ဖိုး၏ ၁ ရာခိုင်နှုန်းဖြစ်သော ပေါင် ၄၃၅၀ ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

အင်္ဂလန်တွင် လက်ရှိအားဖြင့် လူမနေသော (သို့မဟုတ်) ပျက်စီးယိုယွင်းနေသောအိမ်ပေါင်း ၂၅၀၀၀၀ ခန့် ရှိသည်ဟု ဆိုသည်။

YouspotProperty ထံသို့ ရက်သတ္တပတ်လျှင် ဆက်သွယ်သတင်းပေးပို့သော အိမ်အလုံးရေ ၃၅၀ မှ ၄၀၀ ကြားရှိပြီး တစ်လလျှင် ပျှမ်းမျှအားဖြင့် ပေါင် ၂၀ တန် ဈေးဝယ်ဘောင်ချာ စောင်ရေ ၁၁၀ ခန့် ထုတ်ပေးလေ့ ရှိသည်။

(YouspotProperty က မဝယ်ယူမီ အဆိုပါစံအိမ်၏ မြင်ကွင်း ။ ဓာတ်ပုံ-Flona Hanson)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I took home £4,000 free cash just for blabbing about my neighbour to the council – you can too (thesun)

[Zawgyi]

အဂၤလန္တြင္ လူမေနေသာအိမ္တစ္လံုးကို ဓာတ္ပံုရိုက္ကာ အိမ္ျခံေျမကုမၸဏီထံ ေပးပို႔သည့္ အငွားယာဥ္ေမာင္း ေပါင္ ၄၀၀၀ (ျမန္မာေငြ ၁၁၂ သိန္းေက်ာ္) ရရွိ

အဂၤလန္ႏိုင္ငံတြင္ အမ်ဳိးသားတစ္ဦးသည္ သူ၏ေနအိမ္အနီးရွိ လူမေနေသာေနအိမ္တစ္လံုးအေၾကာင္း အိမ္ျခံေျမဝက္ဘ္ဆိုက္တစ္ခုထံ သတင္းေပးပို႔ခဲ့ရံုျဖင့္ ေပါင္ ၄၀၀၀ ရရွိသြားသည္။

တိုနီ ေဂ်ာ္ဒန္ (Tony Jordan) အမည္ရွိ အသက္ ၆၁ ႏွစ္အရြယ္ မီးသတ္သမားေဟာင္း၊ အငွားယာဥ္ေမာင္း အျဖစ္ လုပ္ကိုင္ခဲ့သူသည္ သူ၏ေနအိမ္မွ ဘတ္စ္ကားမွတ္တိုင္သို႔ သြားရာလမ္းတြင္ ရွိေသာ ပ်က္စီးယိုယြင္း ကာ ျမက္မ်ားေတာထေနသည့္ ေနအိမ္တစ္လံုးကို သတိျပဳမိေနခဲ့သည္။

(လူမေနေသာ ေနအိမ္တစ္လံုးအေၾကာင္း သတင္းပို႔ခဲ့ရံုျဖင့္ ေပါင္ ၄၀၀၀ ေက်ာ္ ရရွိသြားသူ တိုနီ ေဂ်ာ္ဒန္။ ဓာတ္ပံု-Fiona Hanson)

(အလုပ္မ်ားမွ အနားယူထားျပီျဖစ္သူ တိုနီေဂ်ာ္ဒန္သည္ ကားမွတ္တိုင္သို႔ သြားရာလမ္းတြင္ရွိေသာ အိမ္တစ္လံုး ကို သတိျပဳမိခဲ့သည္။ ဓာတ္ပံု-Fiona Hanson)

တိုနီက Mirror သတင္းဌာနသို႔ “ပံုတူေနအိမ္ေတြရဲ႕ အစြန္မွာရွိတဲ့ အိပ္ခန္း ၃ ခန္းပါအိမ္တစ္လံုးျဖစ္ျပီး ေဆးေတြ ကြာက်ေနပါျပီ။ ဝင္ဖို႔ေတာင္ မလြယ္တဲ့ အိမ္ထဲမွာ ေနတဲ့သူ ရွိမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ ကၽြန္ေတာ္ ဒီအိမ္အေၾကာင္းကို YouSpotProperty ဝက္ဘ္ဆိုက္ကို ေပးပို႔ခဲ့ပါတယ္”ဟု ေျပာသည္။

(မွတ္ခ်က္။ YouspotProperty သည္ အိမ္ျခံေျမကုမၸဏီတစ္ခုျဖစ္ျပီး ပ်က္စီးယိုယြင္းကာ လူမေနသည့္အိမ္မ်ား ကို ဝယ္ယူျပီး ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ေရာင္းခ်မႈမ်ား ျပဳလုပ္သည္။)

အဂၤလန္ႏိုင္ငံတစ္ဝန္းရွိ ယိုယြင္းပ်က္စီးေနကာ ကာလၾကာရွည္လူမေနေသာအိမ္မ်ားအေၾကာင္း သတင္းေပးပို႔ သူမ်ားအား YouspotProperty က ဆုေငြေပးအပ္လ်က္ရွိသည္မွာ ကာလၾကာျမင့္ခဲ့ျပီလည္း ျဖစ္သည္။

ဓာတ္ပံုေပးပို႔ျပီး ရက္အနည္းငယ္အၾကာတြင္ တိုနီသည္ ေပါင္ ၂၀ တန္ ေစ်းဝယ္ေဘာင္ခ်ာတစ္ခုရရွိခဲ့ျပီး ယင္းေနာက္ ရက္သတၱပတ္အနည္းငယ္အၾကာတြင္ သူဓာတ္ပံုေပးပို႔ခဲ့ေသာေနအိမ္ အေရာင္းအဝယ္ျဖစ္သြားျပီ ျဖစ္ေၾကာင္း လူတစ္ဦးက တယ္လီဖုန္းျဖင့္ ဆက္သြယ္ေျပာၾကားလာသည္။

ထို႔ေနာက္ ရက္သတၱပတ္အနည္းငယ္အၾကာတြင္ တိုနီသည္ ဓာတ္ပံုအခ်က္အလက္မ်ား ေပးပို႔ခဲ့မႈအတြက္ ၄၃၅၀ ေပါင္ (ျမန္မာေငြ ၁၁၂ သိန္းေက်ာ္) ရရွိေၾကာင္း တစံုတဦးက ဖုန္းျဖင့္ ေျပာၾကားလာသည္။

(မွတ္ခ်က္။ စက္တင္ဘာလ ၁၇ ရက္ သတ္မွတ္ေငြလဲႏႈန္း ျဗိတိန္ ၁ ေပါင္လွ်င္ ျမန္မာက်ပ္ေငြ ၂၅၉၅ က်ပ္ျဖင့္ တြက္ခ်က္ထားျခင္း ျဖစ္ပါသည္)

သို႔တိုင္ တိုနီက ထိုသို႔ ဖုန္းဆက္ေျပာၾကားမႈမွာ လိမ္လည္မႈတစ္ခုသာျဖစ္သည္ဟု ယူဆခဲ့ေသာ္လည္း သူ၏ ဘဏ္ေငြစာရင္းသို႔ ေငြမ်ားဝင္လာသည္ကို ေတြ႔ရခ်ိန္တြင္ တိုနီမွာ ပါးစပ္အေဟာင္းသား ျဖစ္သြားခဲ့ရသည္။

တိုနီသည္ လန္ဒန္ျမိဳ႕ အေနာက္ေျမာက္ဘက္ Pinner အရပ္တြင္ ေနထုိင္ျပီး ကေလး ၂ ဦး၏ ဖခင္ ျဖစ္သည္။

“ဘဏ္စာရင္းနံပါတ္ဖုန္းဆက္ေမးတဲ့အခ်ိန္ ကၽြန္ေတာ့္ေခါင္းထဲ သတိေပးေခါင္းေလာင္းသံေတြ ဆူညံသြားတယ္။ တျခားသူေတြ အေတာ္မ်ားမ်ားကို ဘဏ္စာရင္းနံပါတ္ေမးျပီး လိမ္လည္မႈေတြ ရွိတယ္ေလ။ ကၽြန္ေတာ္ၾကံဳရတာကေတာ့ လိမ္လည္မႈ မဟုတ္ပါဘူး”ဟု တိုနီက ဆက္လက္ေျပာၾကားသည္။

ယခုရရွိလာေသာေငြကို လာမည့္ႏွစ္တြင္ အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ႏွင့္ အေမရိကန္ အေရွ႕ေျမာက္ပိုင္း နယူးအဂၤလန္ေဒသသို႔ အလည္အပတ္သြားရန္ အသံုးျပဳမည္ျဖစ္ေၾကာင္း တိုနီက ေျပာသည္။

YouspotProperty က ဆုေငြေပးသည့္ အစီအစဥ္မွာ သင္ေပးပို႔ေသာ ေနအိမ္သည္ သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီသည္ဆိုပါက သင့္ထံ ေပါင္ ၂၀ တန္ ေစ်းဝယ္ေဘာင္ခ်ာေပးပို႔မည္ျဖစ္ျပီး Amazon (သို႔မဟုတ္) M &S တို႔တြင္ ေစ်းဝယ္ႏိုင္မည္ ျဖစ္သည္။

အကယ္၍ ကုမၸဏီဘက္မွ ထိုအိမ္ကို ဝယ္ယူျဖစ္သည္ဆိုပါက ေနအိမ္တန္ဖိုး၏ ၁ ရာခိုင္ႏႈန္းကို သင့္အား ဆုေငြအျဖစ္ ေပးမည္ျဖစ္ျပီး အမ်ားဆံုး ေပါင္ ၁၀၀၀၀ ခန္႔ ရရွိႏိုင္မည္ ျဖစ္သည္။

(ဘယ္လိုသတ္မွတ္ခ်က္ေတြနဲ႔ ဆုေငြေပးလဲ)

သတ္မွတ္စည္းမ်ဥ္းႏွင့္ ကိုက္ညီသည္ဟု ယူဆေသာအိမ္ကို ေတြ႔လွ်င္ သင္လုပ္ေဆာင္ရန္မွာ YouspotProperty ဝက္ဘ္ဆိုက္သို႔ သြားကာ ထိုအိမ္၏ အခ်က္အလက္မ်ားကို ဓာတ္ပံုအခ်ဳိ႕ႏွင့္အတူ ေပးပို႔ ရန္သာ ျဖစ္သည္။

-စည္းမ်ဥ္းေတြက ဘာေတြလဲ-

-ပုဂၢလိက ပိုင္သည့္အိမ္ျဖစ္ရမည္။ -အေရာင္းေစ်းကြက္တင္ထားေသာအိမ္ မျဖစ္ရ။ -မၾကာေသးမီ ကာလအတြင္း ေနအိမ္မြမ္းမံရန္ ေလွ်ာက္ထားတင္ျပထားျခင္း မရွိေသာအိမ္ျဖစ္ရမည္။

သင္အခ်က္အလက္ေပးပို႔ခဲ့ေသာအိမ္သည္ အထက္ပါအခ်က္မ်ားႏွင့္ ကိုက္ညီသည္ဆိုပါက ေပါင္ ၂၀ တန္ ေစ်းဝယ္ေဘာင္ခ်ာတစ္ခု ရရွိမည္ျဖစ္သည္။

ယင္းေနာက္ ထိုအိမ္ကို YouspotProperty က ဝယ္ယူျဖစ္သည္ဆိုပါက အိမ္တန္ဖိုး၏ ၁ ရာခိုင္ႏႈန္းကို ဆုေငြအျဖစ္ ရရွိမည္ ျဖစ္သည္။

တိုနီသည္ အလုပ္အကိုင္မ်ားမွ အနားယူထားျပီးျဖစ္ေသာ္လည္း အခ်ိန္ပိုင္း မီးေဘးလံုျခံဳေရးအရာရွိအျဖစ္ ဆက္လက္လုပ္ကိုင္ေနဆဲ ျဖစ္သည္။

YouspotProperty က တိုနီေပးပို႔ခဲ့ေသာအိမ္၏ ပိုင္ရွင္မ်ားကို စံုစမ္းဆက္သြယ္ျပီး ထိုအိမ္ကို ေပါင္ ၄၃၅၀၀၀ ျဖင့္ ဝယ္ယူခဲ့ရာ တိုနီမွာ အိမ္တန္ဖိုး၏ ၁ ရာခိုင္ႏႈန္းျဖစ္ေသာ ေပါင္ ၄၃၅၀ ရရွိခဲ့ျခင္းလည္း ျဖစ္သည္။

အဂၤလန္တြင္ လက္ရွိအားျဖင့္ လူမေနေသာ (သို႔မဟုတ္) ပ်က္စီးယိုယြင္းေနေသာအိမ္ေပါင္း ၂၅၀၀၀၀ ခန္႔ ရွိသည္ဟု ဆိုသည္။

YouspotProperty ထံသုိ႔ ရက္သတၱပတ္လွ်င္ ဆက္သြယ္သတင္းေပးပို႔ေသာ အိမ္အလံုးေရ ၃၅၀ မွ ၄၀၀ ၾကားရွိျပီး တစ္လလွ်င္ ပွ်မ္းမွ်အားျဖင့္ ေပါင္ ၂၀ တန္ ေစ်းဝယ္ေဘာင္ခ်ာ ေစာင္ေရ ၁၁၀ ခန္႔ ထုတ္ေပးေလ့ ရွိသည္။

(YouspotProperty က မဝယ္ယူမီ အဆိုပါစံအိမ္၏ ျမင္ကြင္း ။ ဓာတ္ပံု-Flona Hanson)

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: I took home £4,000 free cash just for blabbing about my neighbour to the council – you can too (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌေးကြီးသား၏ အရှိန်အဝါယူခဲ့မှုအပေါ် ဝေဖန်ခံနေရသော Blackpink မှ လီဆာက သူ၏နေအိမ်တွင်း မြင်ကွင်းများ ပရိသတ်ကိ...

ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း...

လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
စင်္ကာပူတွင် ကျင်းပခဲ့သော ရွှေဒင်္ဂါး ပံ့သကူပစ်ပွဲ (သို့မဟုတ်) စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပနေသော ရတနာရှာ
စင်္ကာပူတွင် ကျင်းပခဲ့သော ရွှေဒင်္ဂါး ပံ့သကူပစ်ပွဲ (သို့မဟုတ်) စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပနေသော ရတနာရှာ
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service