၂၀၂၄ ခုနှစ် မြောက်အမေရိက၏ အကောင်းဆုံးမော်တော်ကားရွေးချယ်ပွဲ ဆီမီးဖိုင်နယ်သို့ ရောက်ရှိသွားသော ကားများ

၂၀၂၄ ခုနှစ် မြောက်အမေရိက၏ အကောင်းဆုံးမော်တော်ကားရွေးချယ်ပွဲ ဆီမီးဖိုင်နယ်သို့ ရောက်ရှိသွားသော ကားများ - Property Knowledge in Myanmar from iMyanmarHouse.com
21 Sep 2023 11:07 am တွင် တင်ခဲ့သည်
1137 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

၂၀၂၄ ခုနှစ် မြောက်အမေရိက၏ အကောင်းဆုံးမော်တော်ကားရွေးချယ်ပွဲ (2024 North American Car, Truck, and Utility Vehicle Awards) ဆီမီးဖိုင်နယ်သို့ ရောက်ရှိသွားသော ကားအမျိုးအစား ၂၅ ခု ရှိနေသည်။

 

 

ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကား ၅၂ မျိုးအနက် ဒိုင်အဖွဲ့က ၂၅ မျိုးကို ရွေးချယ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ် ၊ ဒက်ထရွိုက်မြို့လယ်ရှိ Huntington Place ကွန်ဗန်းရှင်းစင်တာတွင် ကျင်းပခဲ့သော ဒက်ထရွိုက်ကားပြပွဲ၏ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ကြေညာခဲ့ခြင်း ဖြစ်သည်။

 

 

ဆီမီးဖိုင်နယ်သို့ ရောက်ရှိသွားသော ကားများတွင် အိမ်စီးကား ၁၀ မျိုး ၊ UV (လူစီးကားထက် ပိုမိုဝန်တင်နိုင်သောကား ) ၁၀ မျိုးနှင့် ထရပ်ကား ၅ မျိုးတို့ ပါဝင်သည်။

ဆီမီးဖိုင်နယ်သို့ ရောက်ရှိသွားသောကားများအနက် ထက်ဝက်ကျော်မှာ လျှပ်စစ်ကားများ ဖြစ်သည်။

 

 

 

ဆီမီးဖိုင်နယ်သို့ ရောက်ရှိသွားသော လျှပ်စစ်ကား ၈ မျိုးရှိရာ BMW i5, Hyundai Ioniq 6,Chevrolet Silverado EV,Chevrolet Blazer EV, Chevrolet Equinox EV,Genesis Electrified GV70, Kia EV9 နှင့် Volvo EX30 crossover တို့ ဖြစ်ကြသည်။

Hybrid ကားများလည်း ဆီမီးဖိုင်နယ်သို့ ရောက်လာသည်။

 

 

 

ဆီမီးဖိုင်နယ်သို့ ရောက်လာသော Hybrid များတွင် Toyota Prius/Toyota Prime, Chevrolet Corvette E-Ray,Dodge Hornet,Mazda CX-90,Toyota Grand Highlander,Toyota Crown,BMW 5 Series,Honda Accord နှင့် Hyundai Kona တို့ ပါဝင်သည်။

ယခုပြိုင်ပွဲတွင် အိမ်စီးကား ၊ UV နှင့် ထရပ်ကားဟူ၍ ကဏ္ဍ ၃ ခု ခွဲခြားထားသည်။

ယှဉ်ပြိုင်မှု နောက်တဆင့်မှာ ကဏ္ဍ ၁ မျိုးလျှင် ကား ၃ မျိုးသာ ရွေးချယ်ပြီး ကျန်သည့်ကားများ ပယ်ထုတ်ခံ ရမည် ဖြစ်သည်။

 

 

ကဏ္ဍတစ်မျိုးချင်းစီ၏ ရွေးချယ်ခံရသော ကား ၃ မျိုးစာရင်းကို လော့စ်အိန်ဂျလိမြို့တွင် နိုဝင်ဘာလ ၁၆ ရက်၌ ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။

ဒိုင်အဖွဲ့တွင် ဒိုင်လူကြီး ၅၀ ဦး ပါဝင်ပြီး အများလေးစားရသော ကားလောက စာနယ်ဇင်းသမားများ ဖြစ်ကာ ဗိုလ်လုပွဲသို့ ရောက်ရှိမည့်ကားများကို ၎င်းတို့က ရွေးချယ်သွားမည် ဖြစ်သည်။

 

 

အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့ရှိ ပုံနှိပ်သတင်းမီဒီယာ ၊ အွန်လိုင်းမီဒီယာနှင့် ရုပ်သံတို့တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

ယခုနှစ်ကုန်ပိုင်းတွင် မီချီဂန်ပြည်နယ်တွင် ကျင်းပမည့် စမ်းသပ်မောင်းနှင်မည့်ပွဲတစ်ခုတွင် ဖိုင်နယ်သို့ ရောက်ရှိလာသော ယာဉ်အားလုံးကို အဆိုပါမီဒီယာများက မောင်းနှင်ကြည့်နိုင်မည့် အခွင့်အရေးရရှိမည် ဖြစ်သည်။

 

 

ယင်းနောက်တွင် ပြိုင်ပွဲကဏ္ဍတစ်ခုချင်းစီ၏ နောက်ဆုံးအနိုင်ရမည့်ကားများအား မဲပေးဆုံးဖြတ်သွားမည် ဖြစ်သည်။

အနိုင်ရကားများကို ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်တွင် ဒက်ထရွိုက်မြို့၌ ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။

 

 

 

ပြီးခဲ့သောနှစ်က တစ်နှစ်တာအကောင်းဆုံးကားအဖြစ် Acura Integra ၊ တစ်နှစ်တာအကောင်းဆုံး ထရပ်ကားအဖြစ် Ford F-150 Lightning လျှပ်စစ်ကားနှင့် တစ်နှစ်တာအကောင်းဆုံး UV အဖြစ် Kia EV6 တို့ ရွေးချယ်ခံခဲ့ရသည်။

အောက်ပါတို့မှာ ယခုနှစ် ဆီမီးဖိုင်နယ်သို့ ရောက်ရှိလာသော ကားများဖြစ်ပါသည်။

 

(တစ်နှစ်တာအကောင်းဆုံးကားအဖြစ် ဆီမီးဖိုင်နယ်ဝင်ကားများ)

- BMW 5 Series

- BMW i5

- Chevrolet Corvette E-Ray

- Ford Mustang

- Honda Accord

- Hyundai Ioniq 6

- Subaru Impreza

- Toyota Crown

- Toyota Corolla GR

- Toyota Prius/Prime

 

(တစ်နှစ်တာအကောင်းဆုံး ထရပ်ကားအဖြစ် ဆီမီးဖိုင်နယ်သို့ ရောက်ရှိလာသော ကားများ)

- Chevrolet Colorado

- Chevrolet Silverado EV

- Ford Ranger

- Ford Super Duty

- GMC Canyon

 

(တစ်နှစ်တာ အကောင်းဆုံး UV အဖြစ် ဆီမီးဖိုင်နယ်သို့ ရောက်လာသော ကားများ)

- Chevrolet Blazer EV

- Chevrolet Equinox EV

- Dodge Hornet

- Genesis Electrified GV70

- Honda Pilot

- Hyundai Kona

- Kia EV9

- Mazda CX-90

- Toyota Grand Highlander

- Volvo EX30

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 2024 North American Car, Truck and Utility Vehicle of the Year: Meet the Semifinalists (autoevolution)

 

 

 

[Zawgyi]

၂၀၂၄ ခုႏွစ္ ေျမာက္အေမရိက၏ အေကာင္းဆံုးေမာ္ေတာ္ကားေရြးခ်ယ္ပြဲ ဆီမီးဖိုင္နယ္သုိ႔ ေရာက္ရွိသြားေသာ ကားမ်ား

 

၂၀၂၄ ခုႏွစ္ ေျမာက္အေမရိက၏ အေကာင္းဆံုးေမာ္ေတာ္ကားေရြးခ်ယ္ပြဲ (2024 North American Car, Truck, and Utility Vehicle Awards) ဆီမီးဖိုင္နယ္သုိ႔ ေရာက္ရွိသြားေသာ ကားအမ်ဳိးအစား ၂၅ ခု ရွိေနသည္။

ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ေသာ ကား ၅၂ မ်ိဳးအနက္ ဒိုင္အဖြဲ႔က ၂၅ မ်ဳိးကို ေရြးခ်ယ္ခဲ့ျပီး အေမရိကန္ျပည္ေထာင္စု မီခ်ီဂန္ျပည္နယ္ ၊ ဒက္ထရိြဳက္ျမိဳ႕လယ္ရွိ Huntington Place ကြန္ဗန္းရွင္းစင္တာတြင္ က်င္းပခဲ့ေသာ ဒက္ထရိြဳက္ကားျပပြဲ၏ သတင္းစာရွင္းလင္းပြဲတြင္ ထုတ္ေဖာ္ေၾကညာခဲ့ျခင္း ျဖစ္သည္။

ဆီမီးဖိုင္နယ္သုိ႔ ေရာက္ရွိသြားေသာ ကားမ်ားတြင္ အိမ္စီးကား ၁၀ မ်ဳိး ၊ UV (လူစီးကားထက္ ပိုမိုဝန္တင္ႏိုင္ေသာကား ) ၁၀ မ်ဳိးႏွင့္ ထရပ္ကား ၅ မ်ဳိးတို႔ ပါဝင္သည္။

ဆီမီးဖိုင္နယ္သုိ႔ ေရာက္ရွိသြားေသာကားမ်ားအနက္ ထက္ဝက္ေက်ာ္မွာ လွ်ပ္စစ္ကားမ်ား ျဖစ္သည္။

ဆီမီးဖိုင္နယ္သို႔ ေရာက္ရွိသြားေသာ လွ်ပ္စစ္ကား ၈ မ်ဳိးရွိရာ BMW i5, Hyundai Ioniq 6,Chevrolet Silverado EV,Chevrolet Blazer EV, Chevrolet Equinox EV,Genesis Electrified GV70, Kia EV9 ႏွင့္ Volvo EX30 crossover တို႔ ျဖစ္ၾကသည္။

Hybrid ကားမ်ားလည္း ဆီမီးဖိုင္နယ္သုိ႔ ေရာက္လာသည္။ ဆီမီးဖိုင္နယ္သို႔ ေရာက္လာေသာ Hybrid မ်ားတြင္ Toyota Prius/Toyota Prime, Chevrolet Corvette E-Ray,Dodge Hornet,Mazda CX-90,Toyota Grand Highlander,Toyota Crown,BMW 5 Series,Honda Accord ႏွင့္ Hyundai Kona တုိ႔ ပါဝင္သည္။

ယခုျပဳိင္ပြဲတြင္ အိမ္စီးကား ၊ UV ႏွင့္ ထရပ္ကားဟူ၍ က႑ ၃ ခု ခြဲျခားထားသည္။

ယွဥ္ျပိဳင္မႈ ေနာက္တဆင့္မွာ က႑ ၁ မ်ဳိးလွ်င္ ကား ၃ မ်ဳိးသာ ေရြးခ်ယ္ျပီး က်န္သည့္ကားမ်ား ပယ္ထုတ္ခံ ရမည္ ျဖစ္သည္။

က႑တစ္မ်ဳိးခ်င္းစီ၏ ေရြးခ်ယ္ခံရေသာ ကား ၃ မ်ဳိးစာရင္းကို ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ ႏိုဝင္ဘာလ ၁၆ ရက္၌ ထုတ္ျပန္ေၾကညာသြားမည္ ျဖစ္သည္။

ဒိုင္အဖြဲ႔တြင္ ဒိုင္လူၾကီး ၅၀ ဦး ပါဝင္ျပီး အမ်ားေလးစားရေသာ ကားေလာက စာနယ္ဇင္းသမားမ်ား ျဖစ္ကာ ဗိုလ္လုပြဲသို႔ ေရာက္ရွိမည့္ကားမ်ားကို ၎တို႔က ေရြးခ်ယ္သြားမည္ ျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုႏွင့္ ကေနဒါႏိုင္ငံတို႔ရွိ ပံုႏွိပ္သတင္းမီဒီယာ ၊ အြန္လိုင္းမီဒီယာႏွင့္ ရုပ္သံတို႔တြင္ ထုတ္ျပန္ေပးသြားမည္ျဖစ္သည္။

ယခုႏွစ္ကုန္ပုိင္းတြင္ မီခ်ီဂန္ျပည္နယ္တြင္ က်င္းပမည့္ စမ္းသပ္ေမာင္းႏွင္မည့္ပြဲတစ္ခုတြင္ ဖိုင္နယ္သို႔ ေရာက္ရွိလာေသာ ယာဥ္အားလံုးကို အဆိုပါမီဒီယာမ်ားက ေမာင္းႏွင္ၾကည့္ႏိုင္မည့္ အခြင့္အေရးရရွိမည္ ျဖစ္သည္။

ယင္းေနာက္တြင္ ျပဳိင္ပြဲက႑တစ္ခုခ်င္းစီ၏ ေနာက္ဆံုးအႏိုင္ရမည့္ကားမ်ားအား မဲေပးဆံုးျဖတ္သြားမည္ ျဖစ္သည္။

အႏိုင္ရကားမ်ားကို ၂၀၂၄ ခုႏွစ္ ၊ ဇန္နဝါရီလ ၄ ရက္တြင္ ဒက္ထရိြဳက္ျမဳိ႕၌ ထုတ္ျပန္ေၾကညာသြားမည္ ျဖစ္သည္။

ျပီးခဲ့ေသာႏွစ္က တစ္ႏွစ္တာအေကာင္းဆံုးကားအျဖစ္ Acura Integra ၊ တစ္ႏွစ္တာအေကာင္းဆံုး ထရပ္ကားအျဖစ္ Ford F-150 Lightning လွ်ပ္စစ္ကားႏွင့္ တစ္ႏွစ္တာအေကာင္းဆံုး UV အျဖစ္ Kia EV6 တို႔ ေရြးခ်ယ္ခံခဲ့ရသည္။

ေအာက္ပါတုိ႔မွာ ယခုႏွစ္ ဆီမီးဖိုင္နယ္သို႔ ေရာက္ရွိလာေသာ ကားမ်ားျဖစ္ပါသည္။

(တစ္ႏွစ္တာအေကာင္းဆံုးကားအျဖစ္ ဆီမီးဖိုင္နယ္ဝင္ကားမ်ား)

- BMW 5 Series

- BMW i5

- Chevrolet Corvette E-Ray

- Ford Mustang

- Honda Accord

- Hyundai Ioniq 6

- Subaru Impreza

- Toyota Crown

- Toyota Corolla GR

- Toyota Prius/Prime

(တစ္ႏွစ္တာအေကာင္းဆံုး ထရပ္ကားအျဖစ္ ဆီမီးဖိုင္နယ္သို႔ ေရာက္ရွိလာေသာ ကားမ်ား)

- Chevrolet Colorado

- Chevrolet Silverado EV

- Ford Ranger

- Ford Super Duty

- GMC Canyon

 

(တစ္ႏွစ္တာ အေကာင္းဆံုး UV အျဖစ္ ဆီမီးဖိုင္နယ္သုိ႔ ေရာက္လာေသာ ကားမ်ား)

- Chevrolet Blazer EV

- Chevrolet Equinox EV

- Dodge Hornet

- Genesis Electrified GV70

- Honda Pilot

- Hyundai Kona

- Kia EV9

- Mazda CX-90

- Toyota Grand Highlander

- Volvo EX30

 

Ref: 2024 North American Car, Truck and Utility Vehicle of the Year: Meet the Semifinalists (autoevolution)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service