အင်္ဂလန်ရှိ ပင်လယ်ကမ်းခြေမြို့ကလေးတွင် ရေ ၊ မီးမပါသော ၉ ပေ×၇ ပေသာရှိသည့် အိမ်ငယ်လေးတစ်လုံး ပေါင် ၁၀၀၀၀၀ (မြန်မာငွေ သိန်း ၂၆၀၀ ကျော်) ဖြင့် အရောင်းဈေးကွက်ဝင်လာ

အင်္ဂလန်ရှိ ပင်လယ်ကမ်းခြေမြို့ကလေးတွင် ရေ ၊ မီးမပါသော ၉ ပေ×၇ ပေသာရှိသည့် အိမ်ငယ်လေးတစ်လုံး ပေါင် ၁၀၀၀၀၀ (မြန်မာငွေ သိန်း ၂၆၀၀ ကျော်) ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
21 Sep 2023 10:25 am တွင် တင်ခဲ့သည်
566 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း ပင်လယ်ကမ်းခြေမြို့ကလေးတစ်ခုတွင် ရေ ၊ မီးမပါသော ၉ ပေ×၇ ပေ သာရှိသည့် အိမ်ငယ်လေးတစ်လုံး ပေါင် ၁၀၀၀၀၀ (မြန်မာငွေ သိန်း ၂၆၀၀ ကျော်) ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

(မှတ်ချက်။ စက်တင်ဘာ ၁၉ ရက် သတ်မှတ်ငွေလဲနှုန်း ဗြိတိန် ၁ ပေါင်လျှင် မြန်မာငွေ ၂၆၀၁ ကျပ်ဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။)

အင်္ဂလန်အနောက်တောင်ပိုင်း ၊ ဒေါ်ဆက်ခရိုင်မှ ပင်လယ်ကမ်းခြေမြို့ကလေးဖြစ်သော Christchurch ၏ ကမ်းခြေအိမ်တန်းတွင် တည်ရှိပြီး အကျယ်အဝန်းမှာ ၉ ပေ× ၇ ပေ သာရှိသော သစ်အိမ်ကလေးဖြစ်သည်။

Hengistbury Head ကမ်းခြေနှင့် အင်္ဂလိပ်ရေလက်ကြားရှိ Isle of Wight ကျွန်းတို့၏ အလှကို အတားအဆီး မရှိ ရှုမြင်ခံစားနိုင်သည်။ ယခုအိမ်ငယ်မှာ နေ့ဘက်သာ အသုံးပြုနိုင်ပြီး ညအိပ်ညနေ အိပ်စက်ခွင့်မရှိချေ။

အနီးရှိ ကမ်းခြေတစ်ခုဖြစ်သော Mudeford တွင် တည်ရှိသော ပေါင် ၄၀၀၀၀၀ ခန့် တန်ကြေးရှိ တန်ဖိုးကြီး အိမ်များတွင်မူ ညအိပ်ခွင့်ရှိသည်။

ယခုအိမ်ငယ်ကို ဝယ်ယူမည့် ပိုင်ရှင်သစ်များအနေဖြင့် အများသုံးအိမ်သာကိုသာ သုံးစွဲကြရမည် ဖြစ်သည်။

(ရေမီးမပါသော နေအိမ်ကို ပေါင် ၁၀၀၀၀၀ ဈေးခေါ်ထားသည်။)

ပိုင်ရှင်သစ်အနေဖြင့် နေအိမ်တန်ဖိုးအပြင် နှစ်စဉ်လိုင်စင်ကြေး ၁၂၄၉ ဒသမ ၂၄ ပေါင်လည်း ပေးဆောင်ရမည် ဖြစ်သည်။

ယခုအိမ်ငယ်၏ မြင့်မားသောခေါ်ဈေးမှာ ဗြိတိန်၏ ထွန်းသစ်လာနေသော ကမ်းခြေအိမ် ဈေးကွက်ကို ထင်ဟပ်ပြသနေသည်။

Spencers Coastal အိမ်ခြံမြေကုမ္ပဏီက ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်မှာ “Friars Cliff ကမ်းခြေတွင် တည်ရှိသော ကမ်းခြေအိမ်တစ်လုံး ပိုင်ဆိုင်နိုင်မည့် ထူးခြားသော အခွင့်အလမ်း…”ဟု ဖော်ပြထားသည်။

ယခုနေရာသည် လူအများနှစ်သက်ကြသည့်နေရာဖြစ်ပြီး အနီးတွင် ကော်ဖီဆိုင်၊ ကားပါကင်နေရာနှင့် အိမ်သာတို့ရှိကြောင်းလည်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

“Hengistbury Head ကမ်းခြေနဲ့ အင်္ဂလိပ်ရေလက်ကြားရှိ Isle of Wight ကျွန်းတွေအထိ ထူးခြားတဲ့ မြင်ကွင်းတွေကို ကမ်းခြေကတဆင့် ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။”

လူအများနှစ်သက်သည့်နေရာဖြစ်ခြင်းနှင့် ကမ်းခြေ၏ ရှေ့ဆုံးတွင်တည်ရှိမှုတို့ကြောင့် ယခုကဲ့သိို့ ဈေးကောင်းခြင်းဖြစ်ကြောင်း Spencers Coastal အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် George Jones က ပြောသည်။

“ကမ်းခြေအိမ်ဈေးကွက်က ကောင်းနေပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဈေးတွေ မြင့်တက်နေပါတယ်။ အထူးသဖြင့် ကိုဗစ်ကာလနောက်ပိုင်းမှာပေါ့” ဟု Jones က ပြောသည်။

(ပိုင်ရှင်သစ်အနေဖြင့် အများသုံးအိမ်သာကို အသုံးပြုရလိမ့်မည်ဖြစ်သည်။)

(Hengistbury Head ကမ်းခြေနှင့် အင်္ဂလိပ်ရေလက်ကြားရှိ Isle of Wight ကျွန်းတို့၏ အလှကို အတားအဆီးမရှိ တွေ့မြင်နိုင်သည့်မြင်ကွင်း ပိုင်ဆိုင်ထားသည်)

(ပိုင်ရှင်သစ်အနေဖြင့် အိမ်တန်ဖိုးအပြင် နှစ်စဉ်လိုင်စင်ကြေး ပေါင် ၁၂၄၉ ဒသမ ၂၄ လည်း ပေးဆောင်ရမည် ဖြစ်သည်)

(Dorset ခရိုင်၊ Christchurch မြို့၊ Friars Cliff ကမ်းခြေတွင် တည်ရှိပြီး အိမ်အကျယ်မှာ ၉ ပေ× ၇ ပေ ဖြစ်သည်)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Room with a sea view! Modest 9ft by 7ft beach hut with NO running water or electricity which overlooks idyllic Dorset's Friars Cliff Beach goes on the market for £100,000 (dailymail)

[Zawgyi]

အဂၤလန္ရွိ ပင္လယ္ကမ္းေျချမဳိ႕ကေလးတြင္ ေရ ၊ မီးမပါေသာ ၉ ေပ×၇ ေပသာရွိသည့္ အိမ္ငယ္ေလးတစ္လံုး ေပါင္ ၁၀၀၀၀၀ (ျမန္မာေငြ သိန္း ၂၆၀၀ ေက်ာ္) ျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

အဂၤလန္ႏိုင္ငံ အေနာက္ေတာင္ပိုင္း ပင္လယ္ကမ္းေျချမဳိ႕ကေလးတစ္ခုတြင္ ေရ ၊ မီးမပါေသာ ၉ ေပ×၇ ေပ သာရွိသည့္ အိမ္ငယ္ေလးတစ္လံုး ေပါင္ ၁၀၀၀၀၀ (ျမန္မာေငြ သိန္း ၂၆၀၀ ေက်ာ္) ျဖင့္ အေရာင္းေစ်းကြက္ဝင္ လာသည္။

(မွတ္ခ်က္။ စက္တင္ဘာ ၁၉ ရက္ သတ္မွတ္ေငြလဲႏႈန္း ျဗိတိန္ ၁ ေပါင္လွ်င္ ျမန္မာေငြ ၂၆၀၁ က်ပ္ျဖင့္ တြက္ခ်က္ထားျခင္း ျဖစ္ပါသည္။)

အဂၤလန္အေနာက္ေတာင္ပိုင္း ၊ ေဒၚဆက္ခရိုင္မွ ပင္လယ္ကမ္းေျချမဳိ႕ကေလးျဖစ္ေသာ Christchurch ၏ ကမ္းေျခအိမ္တန္းတြင္ တည္ရွိျပီး အက်ယ္အဝန္းမွာ ၉ ေပ× ၇ ေပ သာရွိေသာ သစ္အိမ္ကေလးျဖစ္သည္။

Hengistbury Head ကမ္းေျခႏွင့္ အဂၤလိပ္ေရလက္ၾကားရွိ Isle of Wight ကၽြန္းတို႔၏ အလွကို အတားအဆီး မရွိ ရႈျမင္ခံစားႏိုင္သည္။ ယခုအိမ္ငယ္မွာ ေန႔ဘက္သာ အသံုးျပဳႏိုင္ျပီး ညအိပ္ညေန အိပ္စက္ခြင့္မရွိေခ်။

အနီးရွိ ကမ္းေျခတစ္ခုျဖစ္ေသာ Mudeford တြင္ တည္ရွိေသာ ေပါင္ ၄၀၀၀၀၀ ခန္႔ တန္ေၾကးရွိ တန္ဖိုးၾကီး အိမ္မ်ားတြင္မူ ညအိပ္ခြင့္ရွိသည္။

ယခုအိမ္ငယ္ကို ဝယ္ယူမည့္ ပိုင္ရွင္သစ္မ်ားအေနျဖင့္ အမ်ားသံုးအိမ္သာကိုသာ သံုးစြဲၾကရမည္ ျဖစ္သည္။

(ေရမီးမပါေသာ ေနအိမ္ကို ေပါင္ ၁၀၀၀၀၀ ေစ်းေခၚထားသည္။) ပိုင္ရွင္သစ္အေနျဖင့္ ေနအိမ္တန္ဖိုးအျပင္ ႏွစ္စဥ္လိုင္စင္ေၾကး ၁၂၄၉ ဒသမ ၂၄ ေပါင္လည္း ေပးေဆာင္ရမည္ ျဖစ္သည္။

ယခုအိမ္ငယ္၏ ျမင့္မားေသာေခၚေစ်းမွာ ျဗိတိန္၏ ထြန္းသစ္လာေနေသာ ကမ္းေျခအိမ္ ေစ်းကြက္ကို ထင္ဟပ္ျပသေနသည္။

Spencers Coastal အိမ္ျခံေျမကုမၸဏီက ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္မွာ “Friars Cliff ကမ္းေျခတြင္ တည္ရွိေသာ ကမ္းေျခအိမ္တစ္လံုး ပိုင္ဆိုင္ႏိုင္မည့္ ထူးျခားေသာ အခြင့္အလမ္း…”ဟု ေဖာ္ျပထားသည္။

ယခုေနရာသည္ လူအမ်ားႏွစ္သက္ၾကသည့္ေနရာျဖစ္ျပီး အနီးတြင္ ေကာ္ဖီဆိုင္၊ ကားပါကင္ေနရာႏွင့္ အိမ္သာတို႔ရွိေၾကာင္းလည္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

“Hengistbury Head ကမ္းေျခနဲ႔ အဂၤလိပ္ေရလက္ၾကားရွိ Isle of Wight ကၽြန္းေတြအထိ ထူးျခားတဲ့ ျမင္ကြင္းေတြကို ကမ္းေျခကတဆင့္ ၾကည့္ရႈခံစားႏိုင္မွာ ျဖစ္ပါတယ္။”

လူအမ်ားႏွစ္သက္သည့္ေနရာျဖစ္ျခင္းႏွင့္ ကမ္းေျခ၏ ေရွ႕ဆံုးတြင္တည္ရွိမႈတို႔ေၾကာင့္ ယခုကဲ့သိုိ႔ ေစ်းေကာင္းျခင္းျဖစ္ေၾကာင္း Spencers Coastal အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ George Jones က ေျပာသည္။

“ကမ္းေျခအိမ္ေစ်းကြက္က ေကာင္းေနျပီး ျပီးခဲ့တဲ့ ဆယ္စုႏွစ္အတြင္း ေစ်းေတြ ျမင့္တက္ေနပါတယ္။ အထူးသျဖင့္ ကိုဗစ္ကာလေနာက္ပိုင္းမွာေပါ့” ဟု Jones က ေျပာသည္။

(ပိုင္ရွင္သစ္အေနျဖင့္ အမ်ားသံုးအိမ္သာကို အသံုးျပဳရလိမ့္မည္ျဖစ္သည္။)

(Hengistbury Head ကမ္းေျခႏွင့္ အဂၤလိပ္ေရလက္ၾကားရွိ Isle of Wight ကၽြန္းတို႔၏ အလွကို အတားအဆီးမရွိ ေတြ႔ျမင္ႏိုင္သည့္ျမင္ကြင္း ပိုင္ဆိုင္ထားသည္)

(ပိုင္ရွင္သစ္အေနျဖင့္ အိမ္တန္ဖိုးအျပင္ ႏွစ္စဥ္လိုင္စင္ေၾကး ေပါင္ ၁၂၄၉ ဒသမ ၂၄ လည္း ေပးေဆာင္ရမည္ ျဖစ္သည္)

(Dorset ခရိုင္၊ Christchurch ျမိဳ႕၊ Friars Cliff ကမ္းေျခတြင္ တည္ရွိျပီး အိမ္အက်ယ္မွာ ၉ ေပ× ၇ ေပ ျဖစ္သည္)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Room with a sea view! Modest 9ft by 7ft beach hut with NO running water or electricity which overlooks idyllic Dorset's Friars Cliff Beach goes on the market for £100,000 (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service