နဂါးနိုင်ဓားတွင် ကျန်းဝူကျိအဖြစ် သရုပ်ဆောင်ခဲ့သူ လျန်ချောင်းဝေနှင့် သူ၏မော်တော်ကား

နဂါးနိုင်ဓားတွင် ကျန်းဝူကျိအဖြစ် သရုပ်ဆောင်ခဲ့သူ လျန်ချောင်းဝေနှင့် သူ၏မော်တော်ကား - Property Knowledge in Myanmar from iMyanmarHouse.com
20 Sep 2023 12:21 pm တွင် တင်ခဲ့သည်
874 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

နဂါးနိုင်ဓားရုပ်ရှင်ဇာတ်လမ်းတွဲတွင် ခေါင်းဆောင်မင်းသား ကျန်းဝူကျိအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ တိုနီ လျန်ချောင်းဝေ (မွေး ၁၉၆၂) သည် ဟောင်ကောင်ရုပ်ရှင်မင်းသား၊ အဆိုတော်တစ်ဦးဖြစ်သည်။

နဂါးနိုင်ဓားဝတ္ထုကြီးကို ရုပ်ရှင်အဖြစ် သရုပ်ဆောင်အပြောင်းအလဲများစွာဖြင့် အကြိမ်ကြိမ် ပြန်လည်ရိုက်ကူးခဲ့ရာ လျန်ချောင်းဝေ ပါဝင်သရုပ်ဆောင်ခဲ့သည်မှာ ၁၉၈၆ ခုနှစ်က ပြသခဲ့သော နဂါးနိုင်ဓားရုပ်ရှင်ဖြစ်သည်။

တရုတ် ရုပ်ရှင်မင်းသား လျန်ချောင်းဝေသည် မိန်းကလေးသန်းပေါင်းများစွာ၏ နှလုံးသားများကို သူ၏ ဆွေးမြေ့မြေ့မျက်ဝန်း၊ နှစ်လိုဖွယ်အပြုံးတို့ဖြင့် ဖမ်းစားခဲ့သူ ဖြစ်သည်။

လျန်ချောင်းဝေသည် အချိန်ရလျှင် လန်ဒန်သို့သွားကာ ခိုစာကျွေးလေ့ရှိသည်ဟု ဆိုသည်။ အားကျဖွယ်ပင်။

လျန်ချောင်းဝေသည် သူ့ခေတ်သူ့အခါက ရုပ်ရှင်လောကဘုရင်တစ်ပါးဖြစ်ခဲ့ကာ သရုပ်ဆောင်ကြေးလည်း မြင့်မားစွာရရှိခဲ့သည်။

 

 

((တန်ဖိုးကြီးသော Limited-edition ကားများ ဝယ်ယူခဲ့))

 

(လျန်ချောင်းဝေ၏ ၁၅ နှစ်သက်တမ်းရှိ Range Rover Sports SUV ။ ဓာတ်ပုံ-YouTube)

 

လျန်ချောင်းဝေသည် ၁၅ နှစ်ကြာ ပိုင်ဆိုင်ထားခဲ့သော Range Rover Sports SUV ကိုသာ စွဲစွဲမြဲမြဲ စီးနင်းလျက်ရှိသည်။

ယနေ့ကာလတွင် ဝယ်ယူမည်ဆိုပါက အဆိုပါကား၏ နောက်ဆုံးမော်ဒယ်မှာ ကန်ဒေါ်လာ ၁၅၀၀၀၀ မှ ၃၂၀၀၀၀ ကြား တန်ကြေးရှိသည်။

 

 

(လျန်ချောင်းဝေ၏ Mercedes-Benz C63 AMG Black Series။ ဓာတ်ပုံ-YouTube)

 

လျန်ချောင်းဝေသည် ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိ မော်တော်ကားများစွာ ပိုင်ဆိုင်ထားသော်လည်း သူ၏ ကားဂိုဒေါင်အတွင်းမှ အကြိုက်ဆုံးတစ်စင်း ရွေးထုတ်ပြရမည်ဆိုလျှင် Mercedes-Benz C63 AMG Black Series ဖြစ်သည်။

ဂျာမန်ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ အဆိုပါကားမှာ အကန့်အသတ်ဖြင့်သာ ထုတ်လုပ်ထားပြီး ညာမောင်း မော်တော်ကား အစင်းရေ ၂၀၀ မှ ၃၀၀ ကြားသာ ထုတ်လုပ်ထားသည်ဟု ဆိုသည်။

မာစီဒီးသည် 6.2-Litre NA V8 M156 အင်ဂျင်ဖြင့် နောက်ထပ် မထုတ်လုပ်တော့ချေ။

ထို့ကြောင့် ဤကားကို ဝယ်ယူခြင်းမှာ ရင်းနှီးမြှပ်နှံမှုတစ်ခုသဖွယ်ဖြစ်ရာ လက်သွက်သော လျန်ချောင်းဝေက ဝယ်ယူထားခဲ့ခြင်းလည်း ဖြစ်သည်။

 

(လျန်ချောင်းဝေ၏ Mercedes-Benz S500 Cabriolet။ ဓာတ်ပုံ- YouTube)

 

 

လျန်ချောင်းဝေ နောက်ဆုံး ဝယ်ယူခဲ့သည်မှာ မာစီးဒီးထုတ် Mercedes-Benz S500 Cabriolet ဖြစ်ပြီး ကန်ဒေါ်လာ ၂၅၀၀၀၀ ကျော် ပေးခဲ့ရသည်။

 

(ဇနီးဖြစ်သူ ရုပ်ရှင်မင်းသမီး ကရီနာလောင်းနှင့် လျန်ချောင်းဝေ။ ဓာတ်ပုံ-@carinalau1208/Instagram)

 

 

(လျန်ချောင်းဝေ ဘာလဲ)

 

လျန်ချောင်းဝေသည် အာရှ အအောင်မြင်ဆုံးနှင့် နိုင်ငံတကာတွင်လည်း ထင်ရှားသော သရုပ်ဆောင်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

ဒါရိုက်တာ ဝေါင်ကျားဝေ (Wong Kar Wai) ၏ In the Mood for Love ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့မှု အတွက် အကောင်းဆုံးဇာတ်ဆောင်အဖြစ် ကိန်းရုပ်ရှင်ပွဲတော်တွင် ရရှိခဲ့သည့်ဆုအပါအဝင် နိုင်ငံတကာ ရုပ်ရှင်ဆုပေါင်းများစွာ ရရှိထားသူလည်း ဖြစ်သည်။

CNN သတင်းဌာနက လျန်ချောင်းဝေကို သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး အာရှသရုပ်ဆောင် ၂၅ ဦးစာရင်းတွင် ထည့်သွင်းဖော်ပြထားသည်။

လျန်ချောင်းဝေသည် ဒါရိုက်တာ ဝေါင်ကျားဝေနှင့် ရိုက်ကူးခဲ့သော ဇာတ်ကားများဖြင့် နာမည်ကျော်ခဲ့သည်။

 

 

ဒါရိုက်တာ ဝေါင်ကျားဝေနှင့် ဇာတ်ကား ၇ ခုရိုက်ကူးခဲ့ရာ Chungking Express (၁၉၉၄)၊ Happy Together (၁၉၉၇)၊ In the Mood for Love (၂၀၀၀)၊ 2046 (၂၀၀၄) နှင့်The Grandmaster (၂၀၁၃) ဇာတ်ကားများ ပါဝင်သည်။

ဗင်းနစ်ရုပ်ရှင်ပွဲတော်၏ Golden Lion ရုပ်ရှင်ဆုရ ဇာတ်ကား ၃ ခုဖြစ်သော A City of Sadness (၁၉၈၉)၊ Cyclo (၁၉၉၅) နှင့် ဒါရိုက်တာ အန်းလီရိုက်ကူးသော Lust, Caution (၂၀၀၇) ဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

အော်စကာဆုအတွက် အမည်စာရင်းတင်သွင်းခံရသော Hero ဇာတ်ကား၊ ဝင်ငွေအလွန်ကောင်းခဲ့သော Infernal Affairs (၂၀၀၂) နှင့် Red Cliff (၂၀၀၈) ဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

ထို့အပြင် လျန်ချောင်းဝေသည် ၂၀၂၁ ခုနှစ်ကမှ ရုံတင်ခဲ့သည့် ဟောလိဝုဒ်ရုပ်ရှင်ဖြစ်သော Shang-Chi and the Legend of the Ten Rings ဇာတ်ကားတွင် ရှူဝမ်းဝူအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။

အဆိုပါဇာတ်ကားသည် ကန်ဒေါ်လာ ၄၃၂ ဒသမ ၂ သန်းရရှိသည်အထိ အောင်မြင်ထားသော ဇာတ်ကားလည်း ဖြစ်သည်။

 

(လျန်ချောင်းဝေ၏ အချစ်ရေး)

လျန်ချောင်းဝေသည် ဟောင်ကောင်အခြေစိုက် ရုပ်သံကုမ္ပဏီ TVB ၏ မင်းသမီး မာဂျီဆုန် (Margie Tsang) နှင့် တရားဝင်တွဲခဲ့ပြီး ၎င်းတို့နှစ်ဦး၏ အချစ်ရေးမှာ ၁၉၈၂ မှ ၁၉၈၈ ခုနှစ်အကြား အကြိမ်ကြိမ် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်နေခဲ့သည်။

၁၉၈၆ ခုနှစ်တွင် မာဂျီဆုန်နှင့် ရန်ဖြစ်ထားစဉ်အတွင်း လျန်ချောင်းဝေသည် နဂါးနိုင်ဓားတွင် အတူသရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်မင်းသမီး ကစ်တီလိုင်း (Kitty Lai) နှင့် ခေတ္တ ချစ်ကြိုက်ခဲ့သေးသည်။

ယင်းနောက်ပိုင်း မာဂျီဆုန်နှင့် ပြန်လည်သင့်မြတ်သွားပြန်သည်။ ၁၉၈၈ ခုနှစ်တွင်ကား မာဂျီဆုန်နှင့် အပြီးတိုင်လမ်းခွဲခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ကရီနာလောင်း (ယခုဇနီး) နှင့် စတင်ချစ်ကြိုက်ခဲ့သည်။

ဟောင်ကောင်ရုပ်ရှင်ဇာတ်ကားဖြစ်သော Run For Your Wife တွင် အတူသရုပ်ဆောင်ရင်း ချစ်ကြိုက်ခဲ့ကြခြင်းဖြစ်ပြီး အချစ်ခရီး ၁၉ နှစ်အကြာ ၂၀၀၈ ခုနှစ်တွင် ဘူတန်နိုင်ငံ၌ လက်ထပ်ခဲ့ကြသည်။

(ကရီနာလောင်း၏ ချစ်ခြင်း)

လျန်ချောင်းဝေသည် ကရီနာလောင်းကို လက်ထပ်ခဲ့ခြင်းမှာ များစွာကံကောင်းလှသည်ဟု ဆိုရမည်။

အဘယ်ကြောင့်ဆိုလျှင် လျန်ချောင်းဝေကို အဆုံးစွန်ထိ သည်းခံပေးနိုင်မည်မှာ ကရီနာလောင်းတစ်ဦးတည်းသာ ရှိနိုင်သောကြောင့် ဖြစ်၏။

လျန်ချောင်းဝေသည် စိတ်အားငယ်တတ်သူ၊ စိတ်ဆတ်သူတစ်ဦးဖြစ်ပြီး အလွန်စာအုပ်ကြီးဆန်လှသည်။

ဘဝ၏ ဗာဟီရအသေးအဖွဲအကြောင်းရပ်များတွင် လျန်ချောင်းဝေမှာ မကောင်းနိုင်ရာ ကရီနာလောင်းက အိမ်မှုကိစ္စအဝဝကို တာဝန်ယူရသည်။

ကရီနာလောင်းက သွက်သွက်လက်လက်ရှိပြီး လျန်ချောင်းဝေမှာ ခပ်မဆိတ်သာ နေတတ်သူဖြစ်သည်။

သို့သော် ကရီနာလောင်းက လျန်ချောင်းဝေကို သူမကဲ့သို့နေထိုင်ရန် မတောင်းဆို။ ၎င်းဘာသာ နေတတ်သလို နေနိုင်ရန် ကရီနာလောင်းက လွတ်လပ်ခွင့်ပေးထားသည်။

လျန်ချောင်းဝေက သူ၏ မိတ်ဆွေများကို အိမ်ခေါ်ကာ မာကျောက်ကစားလျှင် ကရီနာလောင်းက ဆူဆူပူပူလုပ်လေ့မရှိ။ ညစာနှင့် လဘက်ရည်ကိစ္စများအတွက်ပင် ကူညီပေး၏။

လျန်ချောင်းဝေ မကောင်းသတင်းထွက်လျှင်လည်း ကရီနာလောင်းက ခင်ပွန်းအပေါ် ယုံကြည်မှုကိုသာ ပြပေးသည်။

သူတို့နှစ်ဦး ဇနီးမောင်နှံဖြစ်လာခဲ့သည်အထိ ယနေ့တိုင်အချစ်သက်တမ်းမှာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီ။

တစ်ဦးအပေါ်တစ်ဦး ထားရှိသည့်အချစ်များမှာ ပြောင်းလဲမသွား။ ဤသည်ကား လက်တွေ့အဆန်ဆုံးနှင့် အရိုးစင်းဆုံး ချစ်ခြင်းတရားပင်။

 

(ဘာသာရေး)

လျန်ချောင်းဝေသည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ဘုရားကျောင်းကန်စေတီပုထိုးများ ဆောက်လုပ်ရန်အတွက် လှူဒါန်းမှုများစွာ ပြုလုပ်ခဲ့သူ ဖြစ်သည်။

 

(နဂါးနိုင်ဓား)

 

နဂါးနိုင်ဓား (倚天屠龍記) သိုင်းဝတ္ထုသည် သမိုင်းအဖြစ်အပျက်များကို ထည့်သွင်းရေးသားလေ့ရှိသည့် တရုတ်စာရေးဆရာ ကျင်းယုံ (金庸) ၏ နာမည်ကျော် သိုင်းဝတ္ထုများအနက် တစ်ပုဒ်ဖြစ်သည်။

ကျင်းယုံ၏ ငှက်ပစ်လေးသမား သုံးပိုင်းတွဲ (射鵰三部曲) ဝတ္ထုမှ နောက်ဆုံးတစ်ပုဒ်လည်း ဖြစ်သည်။

‘နဂါးနိုင်ဓား” ကို ၁၉၆၁ ခုနှစ်တွင် ဟောင်ကောင် မင်ပေါက်သတင်းစာတွင် အခန်းဆက် ဝတ္ထုရှည်အဖြစ် ပထမဦးဆုံးအကြိမ် ပုံနှိပ်ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ်နေလင်းအောင်မှ မြန်မာဘာသာပြန်ထားသည်။

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: How Marvel’s Shang-Chi star Tony Leung spends his millions: the Hong Kong icon invests in property, enjoys sailing and – of course – splurges on his wife, Carina Lau (scmp)

 

 

[Zawgyi]

 

နဂါးႏိုင္ဓားတြင္ က်န္းဝူက်ိအျဖစ္ သရုပ္ေဆာင္ခဲ့သူ လ်န္ေခ်ာင္းေဝႏွင့္ သူ၏ေမာ္ေတာ္ကား

 

နဂါးႏိုင္ဓားရုပ္ရွင္ဇာတ္လမ္းတြဲတြင္ ေခါင္းေဆာင္မင္းသား က်န္းဝူက်ိအျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့သူ တိုနီ လ်န္ေခ်ာင္းေဝ (ေမြး ၁၉၆၂) သည္ ေဟာင္ေကာင္ရုပ္ရွင္မင္းသား၊ အဆိုေတာ္တစ္ဦးျဖစ္သည္။

နဂါးႏိုင္ဓားဝတၳဳၾကီးကို ရုပ္ရွင္အျဖစ္ သရုပ္ေဆာင္အေျပာင္းအလဲမ်ားစြာျဖင့္ အၾကိမ္ၾကိမ္ ျပန္လည္ရိုက္ကူးခဲ့ရာ လ်န္ေခ်ာင္းေဝ ပါဝင္သရုပ္ေဆာင္ခဲ့သည္မွာ ၁၉၈၆ ခုႏွစ္က ျပသခဲ့ေသာ နဂါးႏိုင္ဓားရုပ္ရွင္ျဖစ္သည္။

တရုတ္ ရုပ္ရွင္မင္းသား လ်န္ေခ်ာင္းေဝသည္ မိန္းကေလးသန္းေပါင္းမ်ားစြာ၏ ႏွလံုးသားမ်ားကို သူ၏ ေဆြးေျမ့ေျမ့မ်က္ဝန္း၊ ႏွစ္လိုဖြယ္အျပံဳးတို႔ျဖင့္ ဖမ္းစားခဲ့သူ ျဖစ္သည္။

လ်န္ေခ်ာင္းေဝသည္ အခ်ိန္ရလွ်င္ လန္ဒန္သို႔သြားကာ ခိုစာေကၽြးေလ့ရွိသည္ဟု ဆိုသည္။ အားက်ဖြယ္ပင္။

လ်န္ေခ်ာင္းေဝသည္ သူ႔ေခတ္သူ႔အခါက ရုပ္ရွင္ေလာကဘုရင္တစ္ပါးျဖစ္ခဲ့ကာ သရုပ္ေဆာင္ေၾကးလည္း ျမင့္မားစြာရရွိခဲ့သည္။

((တန္ဖုိးၾကီးေသာ Limited-edition ကားမ်ား ဝယ္ယူခဲ့))

(လ်န္ေခ်ာင္းေဝ၏ ၁၅ ႏွစ္သက္တမ္းရွိ Range Rover Sports SUV ။ ဓာတ္ပံု-YouTube)

လ်န္ေခ်ာင္းေဝသည္ ၁၅ ႏွစ္ၾကာ ပိုင္ဆိုင္ထားခဲ့ေသာ Range Rover Sports SUV ကိုသာ စြဲစြဲျမဲျမဲ စီးနင္းလ်က္ရွိသည္။

ယေန႔ကာလတြင္ ဝယ္ယူမည္ဆုိပါက အဆိုပါကား၏ ေနာက္ဆံုးေမာ္ဒယ္မွာ ကန္ေဒၚလာ ၁၅၀၀၀၀ မွ ၃၂၀၀၀၀ ၾကား တန္ေၾကးရွိသည္။

(လ်န္ေခ်ာင္းေဝ၏ Mercedes-Benz C63 AMG Black Series။ ဓာတ္ပံု-YouTube)

လ်န္ေခ်ာင္းေဝသည္ ေဒၚလာ သန္းေပါင္းမ်ားစြာ တန္ေၾကးရွိ ေမာ္ေတာ္ကားမ်ားစြာ ပိုင္ဆိုင္ထားေသာ္လည္း သူ၏ ကားဂိုေဒါင္အတြင္းမွ အၾကိဳက္ဆံုးတစ္စင္း ေရြးထုတ္ျပရမည္ဆိုလွ်င္ Mercedes-Benz C63 AMG Black Series ျဖစ္သည္။

ဂ်ာမန္ကုမၸဏီ၏ ထုတ္ျပန္ခ်က္အရ အဆိုပါကားမွာ အကန္႔အသတ္ျဖင့္သာ ထုတ္လုပ္ထားျပီး ညာေမာင္း ေမာ္ေတာ္ကား အစင္းေရ ၂၀၀ မွ ၃၀၀ ၾကားသာ ထုတ္လုပ္ထားသည္ဟု ဆိုသည္။

မာစီဒီးသည္ 6.2-Litre NA V8 M156 အင္ဂ်င္ျဖင့္ ေနာက္ထပ္ မထုတ္လုပ္ေတာ့ေခ်။

ထို႔ေၾကာင့္ ဤကားကို ဝယ္ယူျခင္းမွာ ရင္းႏွီးျမွပ္ႏွံမႈတစ္ခုသဖြယ္ျဖစ္ရာ လက္သြက္ေသာ လ်န္ေခ်ာင္းေဝက ဝယ္ယူထားခဲ့ျခင္းလည္း ျဖစ္သည္။

(လ်န္ေခ်ာင္းေဝ၏ Mercedes-Benz S500 Cabriolet။ ဓာတ္ပံု- YouTube)

လ်န္ေခ်ာင္းေဝ ေနာက္ဆံုး ဝယ္ယူခဲ့သည္မွာ မာစီးဒီးထုတ္ Mercedes-Benz S500 Cabriolet ျဖစ္ျပီး ကန္ေဒၚလာ ၂၅၀၀၀၀ ေက်ာ္ ေပးခဲ့ရသည္။

(ဇနီးျဖစ္သူ ရုပ္ရွင္မင္းသမီး ကရီနာေလာင္းႏွင့္ လ်န္ေခ်ာင္းေဝ။ ဓာတ္ပံု-@carinalau1208/Instagram)

 

(လ်န္ေခ်ာင္းေဝ ဘာလဲ)

လ်န္ေခ်ာင္းေဝသည္ အာရွ အေအာင္ျမင္ဆံုးႏွင့္ ႏိုင္ငံတကာတြင္လည္း ထင္ရွားေသာ သရုပ္ေဆာင္မ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္သည္။

ဒါရိုက္တာ ေဝါင္က်ားေဝ (Wong Kar Wai) ၏ In the Mood for Love ဇာတ္ကားတြင္ ပါဝင္သရုပ္ေဆာင္ခဲ့မႈ အတြက္ အေကာင္းဆံုးဇာတ္ေဆာင္အျဖစ္ ကိန္းရုပ္ရွင္ပြဲေတာ္တြင္ ရရွိခဲ့သည့္ဆုအပါအဝင္ ႏိုင္ငံတကာ ရုပ္ရွင္ဆုေပါင္းမ်ားစြာ ရရွိထားသူလည္း ျဖစ္သည္။

CNN သတင္းဌာနက လ်န္ေခ်ာင္းေဝကို သမိုင္းတစ္ေလွ်ာက္ အၾကီးျမတ္ဆံုး အာရွသရုပ္ေဆာင္ ၂၅ ဦးစာရင္းတြင္ ထည့္သြင္းေဖာ္ျပထားသည္။

လ်န္ေခ်ာင္းေဝသည္ ဒါရိုက္တာ ေဝါင္က်ားေဝႏွင့္ ရိုက္ကူးခဲ့ေသာ ဇာတ္ကားမ်ားျဖင့္ နာမည္ေက်ာ္ခဲ့သည္။

ဒါရိုက္တာ ေဝါင္က်ားေဝႏွင့္ ဇာတ္ကား ၇ ခုရိုက္ကူးခဲ့ရာ Chungking Express (၁၉၉၄)၊ Happy Together (၁၉၉၇)၊ In the Mood for Love (၂၀၀၀)၊ 2046 (၂၀၀၄) ႏွင့္The Grandmaster (၂၀၁၃) ဇာတ္ကားမ်ား ပါဝင္သည္။

ဗင္းနစ္ရုပ္ရွင္ပြဲေတာ္၏ Golden Lion ရုပ္ရွင္ဆုရ ဇာတ္ကား ၃ ခုျဖစ္ေသာ A City of Sadness (၁၉၈၉)၊ Cyclo (၁၉၉၅) ႏွင့္ ဒါရိုက္တာ အန္းလီရိုက္ကူးေသာ Lust, Caution (၂၀၀၇) ဇာတ္ကားမ်ားတြင္လည္း ပါဝင္သရုပ္ေဆာင္ခဲ့သည္။

ေအာ္စကာဆုအတြက္ အမည္စာရင္းတင္သြင္းခံရေသာ Hero ဇာတ္ကား၊ ဝင္ေငြအလြန္ေကာင္းခဲ့ေသာ Infernal Affairs (၂၀၀၂) ႏွင့္ Red Cliff (၂၀၀၈) ဇာတ္ကားမ်ားတြင္လည္း ပါဝင္သရုပ္ေဆာင္ခဲ့သည္။

ထို႔အျပင္ လ်န္ေခ်ာင္းေဝသည္ ၂၀၂၁ ခုႏွစ္ကမွ ရံုတင္ခဲ့သည့္ ေဟာလိဝုဒ္ရုပ္ရွင္ျဖစ္ေသာ Shang-Chi and the Legend of the Ten Rings ဇာတ္ကားတြင္ ရွဴဝမ္းဝူအျဖစ္ ပါဝင္သရုပ္ေဆာင္ထားသည္။

အဆိုပါဇာတ္ကားသည္ ကန္ေဒၚလာ ၄၃၂ ဒသမ ၂ သန္းရရွိသည္အထိ ေအာင္ျမင္ထားေသာ ဇာတ္ကားလည္း ျဖစ္သည္။

(လ်န္ေခ်ာင္းေဝ၏ အခ်စ္ေရး)

လ်န္ေခ်ာင္းေဝသည္ ေဟာင္ေကာင္အေျခစိုက္ ရုပ္သံကုမၸဏီ TVB ၏ မင္းသမီး မာဂ်ီဆုန္ (Margie Tsang) ႏွင့္ တရားဝင္တြဲခဲ့ျပီး ၎တို႔ႏွစ္ဦး၏ အခ်စ္ေရးမွာ ၁၉၈၂ မွ ၁၉၈၈ ခုႏွစ္အၾကား အၾကိမ္ၾကိမ္ ရန္ျဖစ္လိုက္ ျပန္ခ်စ္လုိက္ ျဖစ္ေနခဲ့သည္။

၁၉၈၆ ခုႏွစ္တြင္ မာဂ်ီဆုန္ႏွင့္ ရန္ျဖစ္ထားစဥ္အတြင္း လ်န္ေခ်ာင္းေဝသည္ နဂါးႏိုင္ဓားတြင္ အတူသရုပ္ေဆာင္ခဲ့သည့္ ရုပ္ရွင္မင္းသမီး ကစ္တီလိုင္း (Kitty Lai) ႏွင့္ ေခတၱ ခ်စ္ၾကိဳက္ခဲ့ေသးသည္။

ယင္းေနာက္ပိုင္း မာဂ်ီဆုန္ႏွင့္ ျပန္လည္သင့္ျမတ္သြားျပန္သည္။ ၁၉၈၈ ခုႏွစ္တြင္ကား မာဂ်ီဆုန္ႏွင့္ အျပီးတိုင္လမ္းခြဲခဲ့သည္။ ၁၉၈၉ ခုႏွစ္တြင္ ကရီနာေလာင္း (ယခုဇနီး) ႏွင့္ စတင္ခ်စ္ၾကိဳက္ခဲ့သည္။

ေဟာင္ေကာင္ရုပ္ရွင္ဇာတ္ကားျဖစ္ေသာ Run For Your Wife တြင္ အတူသရုပ္ေဆာင္ရင္း ခ်စ္ၾကိဳက္ခဲ့ၾကျခင္းျဖစ္ျပီး အခ်စ္ခရီး ၁၉ ႏွစ္အၾကာ ၂၀၀၈ ခုႏွစ္တြင္ ဘူတန္ႏိုင္ငံ၌ လက္ထပ္ခဲ့ၾကသည္။

(ကရီနာေလာင္း၏ ခ်စ္ျခင္း)

လ်န္ေခ်ာင္းေဝသည္ ကရီနာေလာင္းကို လက္ထပ္ခဲ့ျခင္းမွာ မ်ားစြာကံေကာင္းလွသည္ဟု ဆိုရမည္။

အဘယ္ေၾကာင့္ဆိုလွ်င္ လ်န္ေခ်ာင္းေဝကို အဆံုးစြန္ထိ သည္းခံေပးႏိုင္မည္မွာ ကရီနာေလာင္းတစ္ဦးတည္းသာ ရွိႏိုင္ေသာေၾကာင့္ ျဖစ္၏။

လ်န္ေခ်ာင္းေဝသည္ စိတ္အားငယ္တတ္သူ၊ စိတ္ဆတ္သူတစ္ဦးျဖစ္ျပီး အလြန္စာအုပ္ၾကီးဆန္လွသည္။

ဘဝ၏ ဗာဟီရအေသးအဖြဲအေၾကာင္းရပ္မ်ားတြင္ လ်န္ေခ်ာင္းေဝမွာ မေကာင္းႏိုင္ရာ ကရီနာေလာင္းက အိမ္မႈကိစၥအဝဝကို တာဝန္ယူရသည္။

ကရီနာေလာင္းက သြက္သြက္လက္လက္ရွိျပီး လ်န္ေခ်ာင္းေဝမွာ ခပ္မဆိတ္သာ ေနတတ္သူျဖစ္သည္။

သို႔ေသာ္ ကရီနာေလာင္းက လ်န္ေခ်ာင္းေဝကို သူမကဲ့သို႔ေနထုိင္ရန္ မေတာင္းဆို။ ၎ဘာသာ ေနတတ္သလို ေနႏိုင္ရန္ ကရီနာေလာင္းက လြတ္လပ္ခြင့္ေပးထားသည္။

လ်န္ေခ်ာင္းေဝက သူ၏ မိတ္ေဆြမ်ားကို အိမ္ေခၚကာ မာေက်ာက္ကစားလွ်င္ ကရီနာေလာင္းက ဆူဆူပူပူလုပ္ေလ့မရွိ။ ညစာႏွင့္ လဘက္ရည္ကိစၥမ်ားအတြက္ပင္ ကူညီေပး၏။

လ်န္ေခ်ာင္းေဝ မေကာင္းသတင္းထြက္လွ်င္လည္း ကရီနာေလာင္းက ခင္ပြန္းအေပၚ ယံုၾကည္မႈကိုသာ ျပေပးသည္။

သူတို႔ႏွစ္ဦး ဇနီးေမာင္ႏွံျဖစ္လာခဲ့သည္အထိ ယေန႔တိုင္အခ်စ္သက္တမ္းမွာ ႏွစ္ေပါင္း ၂၀ ေက်ာ္ခဲ့ျပီ။

တစ္ဦးအေပၚတစ္ဦး ထားရွိသည့္အခ်စ္မ်ားမွာ ေျပာင္းလဲမသြား။ ဤသည္ကား လက္ေတြ႔အဆန္ဆံုးႏွင့္ အရုိးစင္းဆံုး ခ်စ္ျခင္းတရားပင္။

(ဘာသာေရး)

လ်န္ေခ်ာင္းေဝသည္ ဗုဒၶဘာသာဝင္တစ္ဦးျဖစ္ျပီး ဘုရားေက်ာင္းကန္ေစတီပုထိုးမ်ား ေဆာက္လုပ္ရန္အတြက္ လွဴဒါန္းမႈမ်ားစြာ ျပဳလုပ္ခဲ့သူ ျဖစ္သည္။

(နဂါးႏိုင္ဓား)

နဂါးႏိုင္ဓား (倚天屠龍記) သိုင္းဝတၳဳသည္ သမိုင္းအျဖစ္အပ်က္မ်ားကို ထည့္သြင္းေရးသားေလ့ရိွသည့္ တရုတ္စာေရးဆရာ က်င္းယံု (金庸) ၏ နာမည္ေက်ာ္ သိုင္းဝတၳဳမ်ားအနက္ တစ္ပုဒ္ျဖစ္သည္။

က်င္းယံု၏ ငွက္ပစ္ေလးသမား သံုးပိုင္းတြဲ (射鵰三部曲) ဝတၳဳမွ ေနာက္ဆံုးတစ္ပုဒ္လည္း ျဖစ္သည္။

‘နဂါးႏိုင္ဓား” ကို ၁၉၆၁ ခုႏွစ္တြင္ ေဟာင္ေကာင္ မင္ေပါက္သတင္းစာတြင္ အခန္းဆက္ ဝတၳဳရွည္အျဖစ္ ပထမဦးဆံုးအႀကိမ္ ပံုႏိွပ္ေဖာ္ျပခဲ့သည္။ ျမန္မာႏိုင္ငံတြင္ တကၠသိုလ္ ေနလင္းေအာင္မွ ျမန္မာဘာသာျပန္ထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: How Marvel’s Shang-Chi star Tony Leung spends his millions: the Hong Kong icon invests in property, enjoys sailing and – of course – splurges on his wife, Carina Lau (scmp)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Neighbourhood
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service