ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
တရုတ်ထိပ်သီးနည်းပညာကုမ္ပဏီကြီး Xaiomi က ပထမဆုံးဈေးကွက်တင်ရန် စီစဉ်ထားသော မော်တော်ကားအမည် ပေါက်ကြားလာသည်။
Xaiomi က အဆိုပါမော်တော်ကားကို လာမည့် အောက်တိုဘာ (သို့မဟုတ်) နိုဝင်ဘာလတွင် ဈေးကွက်တင်ရန် ရည်မှန်းထားသည်။
Huawei သည်လည်း ကားထုတ်လုပ်သည့် လုပ်ငန်းအတွင်း ဝင်ရောက်လာသည်။
သို့သော် Huawei က သမရိုးကျ ကားထုတ်လုပ်သူများနှင့် လက်တွဲလုပ်ကိုင်ပြီး Smart စွမ်းရည်များရရန် ဆော့ဖ်ဝဲများ ထုတ်လုပ်ပေးသည်။
Xaiomi က ၎င်းတို့၏ ကားထုတ်လုပ်မှု စီမံကိန်းကို MS11 ဟု အမည်ပေးထားကြောင်း ယခင် သတင်းများတွင် ပေါ်ပေါက်ဖူးသော်လည်း ယခုပေါက်ကြားမှုအရ ပထမဆုံးကားကို Modena ဟု အမည်ပေးဖွယ်ရှိကြောင်း သိရသည်။
Modena သည် အီတလီမှ မြို့တစ်မြို့ဖြစ်ပြီး မော်တော်ကားထုတ်လုပ်မှု နယ်ပယ်တွင် ရှည်လျားသည့် သမိုင်းကြောင်း ရှိသည်။
ထိုမြို့သည် Lamborghini , Maserati , Ferrari နှင့် Pagani တို့အပါအဝင် မော်တော်ကား တပ်ဆင်သော စက်ရုံများစွာ တည်ရှိသည့်နေရာ ဖြစ်သည်။
Xaiomi က ကားနာမည်ကို အဘယ်ကြောင့် Modena ဟု အမည်ပေးရသည်ကို မသိရချေ။
Xaiomi က ဤကားကို ထုတ်လုပ်ရန်အတွက် အီတလီကားကုမ္ပဏီတစ်ခုခုနှင့် လက်တွဲ လုပ်ကိုင်နေမှု ရှိမရှိကိုလည်း မသိရချေ။
တရုတ်သတင်းမီဒီယာတို့၏ ဖော်ပြချက်အရ Xaiomi သည် ပေကျင်းမြို့တွင် စက်ရုံသစ်တစ်ခုရှိပြီး မော်တော်ကား အလုံးအရင်းထုတ်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြောင်း ၊ လာမည့်နှစ်တွင် ကားအစင်းရေ ၁၀၀,၀၀၀ ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားကြောင်း ဖော်ပြသည်။
စမ်းသပ်ထုတ်လုပ်မှုမှာ စတင်နေပြီဖြစ်သော်လည်း တစ်ပတ်လျှင် နမူနာကား အစင်း ၅၀ ခန့်သာ ထုတ်လုပ်ရန် ကန့်သတ်ထားသည်။
Xaiomi သည် စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနထံမှ ခွင့်ပြုချက် စောင့်ဆိုင်းနေသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Xiaomi Car Name Leaks, Company Rejecting Tesla and Mercedes Workers (autoevolution)
[Zawgyi]
Xaiomi က ထုတ္လုပ္မည့္ ပထမဆံုးေမာ္ေတာ္ကားအမည္ ေပါက္ၾကားလာ၊ Huawei ကလည္း လွ်ပ္စစ္ကား ထုတ္လုပ္ေတာ့မည္
တရုတ္ထိပ္သီးနည္းပညာကုမၸဏီၾကီး Xaiomi က ပထမဆံုးေစ်းကြက္တင္ရန္ စီစဥ္ထားေသာ ေမာ္ေတာ္ကားအမည္ ေပါက္ၾကားလာသည္။
Xaiomi က အဆိုပါေမာ္ေတာ္ကားကို လာမည့္ ေအာက္တိုဘာ (သို႔မဟုတ္) ႏိုဝင္ဘာလတြင္ ေစ်းကြက္တင္ရန္ ရည္မွန္းထားသည္။
Huawei သည္လည္း ကားထုတ္လုပ္သည့္ လုပ္ငန္းအတြင္း ဝင္ေရာက္လာသည္။
သို႔ေသာ္ Huawei က သမရိုးက် ကားထုတ္လုပ္သူမ်ားႏွင့္ လက္တြဲလုပ္ကိုင္ျပီး Smart စြမ္းရည္မ်ားရရန္ ေဆာ့ဖ္ဝဲမ်ား ထုတ္လုပ္ေပးသည္။
Xaiomi က ၎တို႔၏ ကားထုတ္လုပ္မႈ စီမံကိန္းကို MS11 ဟု အမည္ေပးထားေၾကာင္း ယခင္ သတင္းမ်ားတြင္ ေပၚေပါက္ဖူးေသာ္လည္း ယခုေပါက္ၾကားမႈအရ ပထမဆံုးကားကို Modena ဟု အမည္ေပးဖြယ္ရွိေၾကာင္း သိရသည္။
Modena သည္ အီတလီမွ ျမဳိ႕တစ္ျမိဳ႕ျဖစ္ျပီး ေမာ္ေတာ္ကားထုတ္လုပ္မႈ နယ္ပယ္တြင္ ရွည္လ်ားသည့္ သမိုင္းေၾကာင္း ရွိသည္။
ထိုျမဳိ႕သည္ Lamborghini , Maserati , Ferrari ႏွင့္ Pagani တို႔အပါအဝင္ ေမာ္ေတာ္ကား တပ္ဆင္ေသာ စက္ရံုမ်ားစြာ တည္ရွိသည့္ေနရာ ျဖစ္သည္။
Xaiomi က ကားနာမည္ကို အဘယ္ေၾကာင့္ Modena ဟု အမည္ေပးရသည္ကို မသိရေခ်။
Xaiomi က ဤကားကို ထုတ္လုပ္ရန္အတြက္ အီတလီကားကုမၸဏီတစ္ခုခုႏွင့္ လက္တြဲ လုပ္ကိုင္ေနမႈ ရွိမရွိကိုလည္း မသိရေခ်။
တရုတ္သတင္းမီဒီယာတို႔၏ ေဖာ္ျပခ်က္အရ Xaiomi သည္ ေပက်င္းျမဳိ႕တြင္ စက္ရံုသစ္တစ္ခုရွိျပီး ေမာ္ေတာ္ကား အလံုးအရင္းထုတ္ရန္ အားသြန္ခြန္စိုက္ ၾကိဳးပမ္းေနေၾကာင္း ၊ လာမည့္ႏွစ္တြင္ ကားအစင္းေရ ၁၀၀,၀၀၀ ထုတ္လုပ္ႏိုင္ရန္ ေမွ်ာ္မွန္းထားေၾကာင္း ေဖာ္ျပသည္။
စမ္းသပ္ထုတ္လုပ္မႈမွာ စတင္ေနျပီျဖစ္ေသာ္လည္း တစ္ပတ္လွ်င္ နမူနာကား အစင္း ၅၀ ခန္႔သာ ထုတ္လုပ္ရန္ ကန္႔သတ္ထားသည္။ Xaiomi သည္ စက္မႈႏွင့္ သတင္းအခ်က္အလက္နည္းပညာ ဝန္ၾကီးဌာနထံမွ ခြင့္ျပဳခ်က္ ေစာင့္ဆိုင္းေနသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Xiaomi Car Name Leaks, Company Rejecting Tesla and Mercedes Workers (autoevolution)