ကမ္ဘာ့ထိပ်သီးစူပါမော်ဒယ် Gisele Bundchen ဖလော်ရီဒါပြည်နယ်မှ မြင်းမွေးမြူရေးခြံကို ကန်ဒေါ်လာ ၉ ဒသမ ၁ သန်းဖြင့် ဝယ်ယူ

ကမ္ဘာ့ထိပ်သီးစူပါမော်ဒယ် Gisele Bundchen ဖလော်ရီဒါပြည်နယ်မှ မြင်းမွေးမြူရေးခြံကို ကန်ဒေါ်လာ ၉ ဒသမ ၁ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
19 Sep 2023 11:19 am တွင် တင်ခဲ့သည်
504 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့ထိပ်သီးစူပါမော်ဒယ် ဂျီဆဲ ဘွန်းချင် (Gisele Bundchen) သည် အမေရိကန်ပြည်ထောင်စု ၊ ဖလော်ရီဒါပြည်နယ်မှ မြင်းမွေးမြူရေးခြံကို ဝယ်ယူလိုက်သောသတင်းမှာ ထိုဒေသတွင် နေထိုင်သူတို့၏ နှုတ်ဖျား၌ ရေပန်းစားလျက်ရှိသည်။

ဂျီဆဲ ဘွန်းချင်၏ ကုမ္ပဏီတစ်ခုက ဖလော်ရီဒါတောင်ပိုင်းမှ မြင်းခြံကြီးကို ကန်ဒေါ်လာ ၉ ဒသမ ၁ သန်းဖြင့် ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

ဂျီဆဲ ဘွန်းချင် (မွေး ၁၉၈၀) သည် ဘရာဇီးမော်ဒယ်ဖြစ်ပြီး ၂၀၀၁ ခုနှစ်မှ စတင်ပြီး ကမ္ဘာပေါ်တွင် အနုပညာကြေးအမြင့်မားဆုံး မော်ဒယ်များတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။

၂၀၀၇ တွင် ဘွန်းချင်သည် ဖျော်ဖြေရေးနယ်ပယ်တွင် ၁၆ ဦးမြောက် အချမ်းသာဆုံးအမျိုးသမီး ဖြစ်လာပြီး ၂၀၁၂ ခုနှစ်အတွင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြသော ဝင်ငွေအများဆုံးရသည့် မော်ဒယ်များ စာရင်းတွင် ထိပ်ပိုင်းနေရာ၌ ရပ်တည်ခဲ့သည်။

ဖလော်ရီဒါပြည်နယ် အနောက်တောင်ပိုင်းရှိ သာယာလှပသော မွေးမြူရေးခြံကြီးများ ရှိရာအရပ်တွင် တည်ရှိပြီး ခြံအကျယ်မှာ ၇ ဒသမ ၅ ဧက ရှိသည်။

ခြံကြီးအတွင်း စံမှီအကျယ်အဝန်းရှိသော ဘောလုံးကွင်း ၂ ခု ၊ မြင်းစီးကွင်းများ အရည်အသွေးမြင့် အားကစားကွင်းတစ်ခုတို့ ပါဝင်သည်။

အရောင်း ဈေးကွက်တင်ပေးသည်မှာ Sotheby’s International Realty အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော ချက်ဒ် ဘစ်ရှော့နှင့် ဆက်ဒီ အဘောင်းဇာ ဒယ်ဂါးဒိုတို့ ဖြစ်ကြသည်။

“ဘွန်းချင်ရဲ့ မွေးမြူရေးခြံကြီးဟာ တိရ စ္ဆာန်တွေအတွက် နိဗ္ဗာန်ဘုံကြီးတစ်ခု ဖြစ်လာဖို့ စီစဉ်ထားပြီး မြင်းတွေ ၊ ကြက်တွေနဲ့ အခြားမွေးမြူရေးတိရ စ္ဆာန်တွေ လွတ်လပ်စွာ လှည့်လည်သွားလာနိုင်စေဖို့ စီစဉ်ထားပါတယ်။ ဒါက တကယ့်ကို တိရ စ္ဆာန်တွေအတွက် ပျော်ရွှင်ဖွယ်ရာ ခြံဝန်းကြီးတစ်ခု ဖြစ်လာမယ်ဆိုတာ သေချာပါတယ်။”ဟု ချက်ဒ် ဘစ်ရှော့က ဝေါစထရိဂျာနယ်သို့ ပြောသည်။

ရောင်းချသူများမှာ မက္ကဆီကိုဖွား မိသားစုဖြစ်ပြီး ၎င်းတို့က ၂၀၁၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၆၅ သန်းမျှဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်ကတည်းက ဤခြံကြီးသည် အရောင်းဈေးကွက်တွင် ဝင်ချည်ထွက်ချည် ဖြစ်နေပြီး ကနဦးခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၀ ဒသမ ၇ သန်း ဈေးခေါ်ခဲ့ကာ မကြာသေးမီကမူ ကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

(အခန်းဖွင့် ခင်းကျင်းထားပုံ။ ဓာတ်ပုံ- Sotheby’s International Realty )

မိုင်အမ်မီမြို့လည်မှ မိုင် ၃၀ ခန့်အကွာတွင် တည်ရှိသည်။

လူနေကြမ်းခင်းဧရိယာ စတုရန်းပေ ၅၂၀၀ ဝန်းကျင်ရှိပြီး စံအိမ်နှင့် ဧည့်သည်များအတွက် အဆောင်များတွင် စုစုပေါင်း အိပ်ခန်း ၉ ခန်းပါဝင်ကာ မြင်းဇောင်း ၁၀ ခုပါဝင်သည်။

(ခရုပတ်လှေကား။ ဓာတ်ပုံ- Sotheby’s International Realty )

(ဧည့်ခန်းမှတဆင့် ရောက်ရှိနိုင်သော သားနားသည့် မီးဖိုဆောင်။ ဓာတ်ပုံ-Sotheby’s International Realty )

(ပင်မအိပ်ခန်း။ ဓာတ်ပုံ- Sotheby’s International Realty )

(ခြံဝန်းအတွင်း ရေကူးကန်တစ်ခု ၊ တင်းနစ်ကွင်းများနှင့် အခြားသော Amenities များ ပါဝင်သည်။ ဓာတ်ပုံ- Sotheby’s International Realty )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Gisele Bündchen scoops up sprawling South Florida horse ranch for $9.1M (nypost)

[Zawgyi]

ကမၻာ့ထိပ္သီးစူပါေမာ္ဒယ္ Gisele Bundchen ဖေလာ္ရီဒါျပည္နယ္မွ ျမင္းေမြးျမဴေရးျခံကို ကန္ေဒၚလာ ၉ ဒသမ ၁ သန္းျဖင့္ ဝယ္ယူ

ကမၻာ့ထိပ္သီးစူပါေမာ္ဒယ္ ဂ်ီဆဲ ဘြန္းခ်င္ (Gisele Bundchen) သည္ အေမရိကန္ျပည္ေထာင္စု ၊ ဖေလာ္ရီဒါျပည္နယ္မွ ျမင္းေမြးျမဴေရးျခံကို ဝယ္ယူလုိက္ေသာသတင္းမွာ ထိုေဒသတြင္ ေနထိုင္သူတို႔၏ ႏႈတ္ဖ်ား၌ ေရပန္းစားလ်က္ရွိသည္။

ဂ်ီဆဲ ဘြန္းခ်င္၏ ကုမၸဏီတစ္ခုက ဖေလာ္ရီဒါေတာင္ပိုင္းမွ ျမင္းျခံၾကီးကို ကန္ေဒၚလာ ၉ ဒသမ ၁ သန္းျဖင့္ ဝယ္ယူလိုက္ျခင္း ျဖစ္သည္။

ဂ်ီဆဲ ဘြန္းခ်င္ (ေမြး ၁၉၈၀) သည္ ဘရာဇီးေမာ္ဒယ္ျဖစ္ျပီး ၂၀၀၁ ခုႏွစ္မွ စတင္ျပီး ကမၻာေပၚတြင္ အႏုပညာေၾကးအျမင့္မားဆံုး ေမာ္ဒယ္မ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္ခဲ့သည္။

၂၀၀၇ တြင္ ဘြန္းခ်င္သည္ ေဖ်ာ္ေျဖေရးနယ္ပယ္တြင္ ၁၆ ဦးေျမာက္ အခ်မ္းသာဆံုးအမ်ဳိးသမီး ျဖစ္လာျပီး ၂၀၁၂ ခုႏွစ္အတြင္း Forbes မဂၢဇင္းၾကီးက ေဖာ္ျပေသာ ဝင္ေငြအမ်ားဆံုးရသည့္ ေမာ္ဒယ္မ်ား စာရင္းတြင္ ထိပ္ပိုင္းေနရာ၌ ရပ္တည္ခဲ့သည္။

ဖေလာ္ရီဒါျပည္နယ္ အေနာက္ေတာင္ပိုင္းရွိ သာယာလွပေသာ ေမြးျမဴေရးျခံၾကီးမ်ား ရွိရာအရပ္တြင္ တည္ရွိျပီး ျခံအက်ယ္မွာ ၇ ဒသမ ၅ ဧက ရွိသည္။

ျခံၾကီးအတြင္း စံမွီအက်ယ္အဝန္းရွိေသာ ေဘာလံုးကြင္း ၂ ခု ၊ ျမင္းစီးကြင္းမ်ား အရည္အေသြးျမင့္ အားကစားကြင္းတစ္ခုတို႔ ပါဝင္သည္။

အေရာင္း ေစ်းကြက္တင္ေပးသည္မွာ Sotheby’s International Realty အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္မ်ားျဖစ္ေသာ ခ်က္ဒ္ ဘစ္ေရွာ့ႏွင့္ ဆက္ဒီ အေဘာင္းဇာ ဒယ္ဂါးဒိုတို႔ ျဖစ္ၾကသည္။

“ဘြန္းခ်င္ရဲ႕ ေမြးျမဴေရးျခံၾကီးဟာ တိရ စၦာန္ေတြအတြက္ နိဗၺာန္ဘံုၾကီးတစ္ခု ျဖစ္လာဖို႔ စီစဥ္ထားျပီး ျမင္းေတြ ၊ ၾကက္ေတြနဲ႔ အျခားေမြးျမဴေရးတိရ စၦာန္ေတြ လြတ္လပ္စြာ လွည့္လည္သြားလာႏိုင္ေစဖို႔ စီစဥ္ထားပါတယ္။ ဒါက တကယ့္ကို တိရ စၦာန္ေတြအတြက္ ေပ်ာ္ရႊင္ဖြယ္ရာ ျခံဝန္းၾကီးတစ္ခု ျဖစ္လာမယ္ဆိုတာ ေသခ်ာပါတယ္။”ဟု ခ်က္ဒ္ ဘစ္ေရွာ့က ေဝါစထရိဂ်ာနယ္သုိ႔ ေျပာသည္။

ေရာင္းခ်သူမ်ားမွာ မကၠဆီကိုဖြား မိသားစုျဖစ္ျပီး ၎တုိ႔က ၂၀၁၃ ခုႏွစ္အတြင္း ကန္ေဒၚလာ ၁ ဒသမ ၆၅ သန္းမွ်ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

၂၀၂၁ ခုႏွစ္ကတည္းက ဤျခံၾကီးသည္ အေရာင္းေစ်းကြက္တြင္ ဝင္ခ်ည္ထြက္ခ်ည္ ျဖစ္ေနျပီး ကနဦးေခၚေစ်းမွာ ကန္ေဒၚလာ ၁၀ ဒသမ ၇ သန္း ေစ်းေခၚခဲ့ကာ မၾကာေသးမီကမူ ကန္ေဒၚလာ ၁၀ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ျခင္း ျဖစ္သည္။

(အခန္းဖြင့္ ခင္းက်င္းထားပံု။ ဓာတ္ပံု- Sotheby’s International Realty )

မိုင္အမ္မီျမဳိ႕လည္မွ မိုင္ ၃၀ ခန္႔အကြာတြင္ တည္ရွိသည္။

လူေနၾကမ္းခင္းဧရိယာ စတုရန္းေပ ၅၂၀၀ ဝန္းက်င္ရွိျပီး စံအိမ္ႏွင့္ ဧည့္သည္မ်ားအတြက္ အေဆာင္မ်ားတြင္ စုစုေပါင္း အိပ္ခန္း ၉ ခန္းပါဝင္ကာ ျမင္းေဇာင္း ၁၀ ခုပါဝင္သည္။

(ခရုပတ္ေလွကား။ ဓာတ္ပံု- Sotheby’s International Realty )

(ဧည့္ခန္းမွတဆင့္ ေရာက္ရွိႏိုင္ေသာ သားနားသည့္ မီးဖိုေဆာင္။ ဓာတ္ပံု-Sotheby’s International Realty )

(ပင္မအိပ္ခန္း။ ဓာတ္ပံု- Sotheby’s International Realty )

(ျခံဝန္းအတြင္း ေရကူးကန္တစ္ခု ၊ တင္းနစ္ကြင္းမ်ားႏွင့္ အျခားေသာ Amenities မ်ား ပါဝင္သည္။ ဓာတ္ပံု- Sotheby’s International Realty )

Ref: Gisele Bündchen scoops up sprawling South Florida horse ranch for $9.1M (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service