ရှန်ဟိုင်းမြို့တွင် ရပ်နားထားသော ရာနှင့်ချီသည့် Tesla Model 3 ကားသစ်များ

ရှန်ဟိုင်းမြို့တွင် ရပ်နားထားသော ရာနှင့်ချီသည့် Tesla Model 3 ကားသစ်များ - Property Knowledge in Myanmar from iMyanmarHouse.com
18 Sep 2023 11:07 am တွင် တင်ခဲ့သည်
1464 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

YouTube တွင် လွှင့်တင်ထားသော ဗွီဒီယိုတစ်ခု၌ တွေ့ရသည်မှာ တရုတ်ပြည် ၊ ရှန်ဟိုင်းမြို့ရှိ ကြီးမားသော ကားရပ်နားကွင်းတစ်ခုတွင် ရာနှင့်ချီသော Tesla Model 3 ကားများ ရပ်နားထားသည်ကို တွေ့ရသည်။

ထိုနေရာမှာ Tesla ၏ စက်ရုံနှင့် မဝေးလှ။

ထိုကားများမှာ ဥရောပသို့ သင်္ဘောတင်ရန် အသင့်ရှိနေသော ကားများဖြစ်သည်ဟု ဆိုသည်။

ကားအများစုမှာ အဖြူရောင်ဖြစ်သည်။

 

 

 

သို့သော် အနီ ၊ အပြာနှင့် အနက်ရောင်များလည်း ပါဝင်သည်ကို တွေ့ရသည်။

အဆိုပါ ဗွီဒီယိုကို လွှင့်တင်သူက ပြောသည်မှာ ယင်းဗွီဒီယိုကို Drone (မောင်းသူမဲ့ လေယာဉ်) ဖြင့် ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး ကားများတွင် ဥရောပ သမဂ္ဂတံဆိပ်များ တွေ့ရကြောင်း ပြောသည်။

ထို့ကြောင့် ယခုကားများမှာ ဥရောပသို့ မကြာမီတင်ပို့သည့်ကားများ ဖြစ်နိုင်သည်။

လေယာဉ်မပျံသန်းရဇုန် အနီးတွင် ယခုဗွီဒီယိုကို ရိုက်ကူးခဲ့ခြင်းလည်း ဖြစ်သည်။

ဥရောပသည် ယခု Tesla Model 3 များ ပထမဆုံး ဖြန့်ချီမည့်ဈေးကွက် ဖြစ်လာနိုင်သည်။

 

 

တရုတ်ပြည်တွင်းတွင်လည်း အဆိုပါကားများ တစ်ချိန်တည်း ဖြန့်ချိဖွယ်ရှိသည်။

လက်ရှိအားဖြင့် ထုတ်လုပ်မှု အတော်နှေးကွေးသေးပြီး ရှန်ဟိုင်းရှိ Gigafactory တွင် ၁ ရက်လျှင် ကားအစင်းရေ ၃၀၀ သာထုတ်လုပ်သည်ဟု ဆိုသည်။

ထိုစက်ရုံတွင် Tesla Model 3 အပြင် Model Y လည်း ထုတ်လုပ်သည်။

 

 

Tesla ၏ မော်ဒယ်ဟောင်းများ ထုတ်လုပ်မှု ရပ်ဆိုင်းချိန်တွင် Tesla Model 3 များ ထုတ်လုပ်မှု မြင့်တက်လာမည် ဖြစ်သည်။

သို့သော် စက်ရုံတစ်ခုလုံး၏ ထုတ်လုပ်နိုင်စွမ်းမှာ တစ်နှစ်လျှင် ကားအစင်းရေ ၇၅၀၀၀၀ ထုတ်လုပ်နိုင်သည်ဟု ဆိုရာ တစ်နေ့တာ ထုတ်လုပ်နိုင်မှု ပမာဏမှာ အစင်းရေ ၂၅၀၀၀ ကျော် ဖြစ်သည်။

Gigafactory 3 စက်ရုံမှ ကားအစင်းရေ ၂ သန်း ထုတ်လုပ်ခဲ့ပြီး ဖြစ်သည်။

အမေရိကန်ဈေးကွက်အနေဖြင့်မူ ကာလကြာရှည် စောင့်ဆိုင်းရဦးမည် ဖြစ်သည်။

Tesla က အမေရိက ဈေးကွက်သို့ တင်ပို့မည့် ကားများအတွက် Specification များပင် မထုတ်ပြန်သေးချေ။

 

 

အမေရိက ဈေးကွက်အတွက် ထုတ်လုပ်ချိန်တွင် Tesla Model 3 ကို ကယ်လီဖိုးနီးယားပြည်နယ် ၊ Fremont မြို့ရှိ စက်ရုံတွင်လည်း ထုတ်လုပ်သွားမည် ဖြစ်သည်။

Model Y များကိုလည်း မကြာမီတွင် စမ်းသပ်ထုတ်လုပ်မှုများ ပြုလုပ်မည် ဖြစ်သည်။

Juniper ဟု Code-name ပေးထားသော Model Y တွင် Tesla Model 3 ၏ ဖွဲ့စည်းပုံမျိုး ပါဝင်လာမည်ဖြစ်ရာ သေးငယ်သော ရှေ့မီးများ ပါဝင်မည်ဖြစ်ကာ နှင်းကွဲမီးမပါဘဲ ကားနောက်ဖုံး Trunk တွင် အင်္ဂလိပ်အက္ခရာ C ပုံသဏ္ဍန် ၊ Taillight များ ပါဝင်မည်ဖြစ်သည်။

 

 

Tesla Model 3 တွင် အရောင်သစ် ၂ မျိုးရှိလာရာ Ultra Red နှင့် Steal Gray အရောင်များဖြစ်ကြသည်။

Tesla Model 3 ၏ မြင်းကောင်ရေအားမှာ ၄၅၆ Hp ဖြစ်ပြီး all-wheel drive ဖြစ်သည်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hundreds of New Tesla Model 3s Pile Up in a Parking Lot in Shanghai (autoevolution)

 

 

 

 

[Zawgyi]

 

ရွန္ဟိုင္းျမိဳ႕တြင္ ရပ္နားထားေသာ ရာႏွင့္ခ်ီသည့္ Tesla Model 3 ကားသစ္မ်ား

 

YouTube တြင္ လႊင့္တင္ထားေသာ ဗြီဒီယိုတစ္ခု၌ ေတြ႔ရသည္မွာ တရုတ္ျပည္ ၊ ရွန္ဟိုင္းျမိဳ႕ရွိ ၾကီးမားေသာ ကားရပ္နားကြင္းတစ္ခုတြင္ ရာႏွင့္ခ်ီေသာ Tesla Model 3 ကားမ်ား ရပ္နားထားသည္ကို ေတြ႔ရသည္။

ထိုေနရာမွာ Tesla ၏ စက္ရံုႏွင့္ မေဝးလွ။

ထိုကားမ်ားမွာ ဥေရာပသို႔ သေဘၤာတင္ရန္ အသင့္ရွိေနေသာ ကားမ်ားျဖစ္သည္ဟု ဆိုသည္။

ကားအမ်ားစုမွာ အျဖဴေရာင္ျဖစ္သည္။

သို႔ေသာ္ အနီ ၊ အျပာႏွင့္ အနက္ေရာင္မ်ားလည္း ပါဝင္သည္ကို ေတြ႔ရသည္။

အဆုိပါ ဗြီဒီယိုကို လႊင့္တင္သူက ေျပာသည္မွာ ယင္းဗြီဒီယိုကို Drone (ေမာင္းသူမဲ့ ေလယာဥ္) ျဖင့္ ရိုက္ကူးခဲ့ျခင္း ျဖစ္ျပီး ကားမ်ားတြင္ ဥေရာပ သမဂၢတံဆိပ္မ်ား ေတြ႔ရေၾကာင္း ေျပာသည္။ ထုိ႔ေၾကာင့္ ယခုကားမ်ားမွာ ဥေရာပသို႔ မၾကာမီတင္ပို႔သည့္ကားမ်ား ျဖစ္ႏိုင္သည္။

ေလယာဥ္မပ်ံသန္းရဇုန္ အနီးတြင္ ယခုဗြီဒီယိုကို ရုိက္ကူးခဲ့ျခင္းလည္း ျဖစ္သည္။

ဥေရာပသည္ ယခု Tesla Model 3 မ်ား ပထမဆံုး ျဖန္႔ခ်ီမည့္ေစ်းကြက္ ျဖစ္လာႏိုင္သည္။

တရုတ္ျပည္တြင္းတြင္လည္း အဆိုပါကားမ်ား တစ္ခ်ိန္တည္း ျဖန္႔ခ်ိဖြယ္ရွိသည္။

လက္ရွိအားျဖင့္ ထုတ္လုပ္မႈ အေတာ္ေႏွးေကြးေသးျပီး ရွန္ဟိုင္းရွိ Gigafactory တြင္ ၁ ရက္လွ်င္ ကားအစင္းေရ ၃၀၀ သာထုတ္လုပ္သည္ဟု ဆုိသည္။

ထိုစက္ရံုတြင္ Tesla Model 3 အျပင္ Model Y လည္း ထုတ္လုပ္သည္။

Tesla ၏ ေမာ္ဒယ္ေဟာင္းမ်ား ထုတ္လုပ္မႈ ရပ္ဆိုင္းခ်ိန္တြင္ Tesla Model 3 မ်ား ထုတ္လုပ္မႈ ျမင့္တက္လာမည္ ျဖစ္သည္။

သို႔ေသာ္ စက္ရံုတစ္ခုလံုး၏ ထုတ္လုပ္ႏိုင္စြမ္းမွာ တစ္ႏွစ္လွ်င္ ကားအစင္းေရ ၇၅၀၀၀၀ ထုတ္လုပ္ႏိုင္သည္ဟု ဆိုရာ တစ္ေန႔တာ ထုတ္လုပ္ႏိုင္မႈ ပမာဏမွာ အစင္းေရ ၂၅၀၀၀ ေက်ာ္ ျဖစ္သည္။ Gigafactory 3 စက္ရံုမွ ကားအစင္းေရ ၂ သန္း ထုတ္လုပ္ခဲ့ျပီး ျဖစ္သည္။

အေမရိကန္ေစ်းကြက္အေနျဖင့္မူ ကာလၾကာရွည္ ေစာင့္ဆိုင္းရဦးမည္ ျဖစ္သည္။

Tesla က အေမရိက ေစ်းကြက္သို႔ တင္ပို႔မည့္ ကားမ်ားအတြက္ Specification မ်ားပင္ မထုတ္ျပန္ေသးေခ်။

အေမရိက ေစ်းကြက္အတြက္ ထုတ္လုပ္ခ်ိန္တြင္ Tesla Model 3 ကို ကယ္လီဖိုးနီးယားျပည္နယ္ ၊ Fremont ျမဳိ႕ရွိ စက္ရံုတြင္လည္း ထုတ္လုပ္သြားမည္ ျဖစ္သည္။

Model Y မ်ားကိုလည္း မၾကာမီတြင္ စမ္းသပ္ထုတ္လုပ္မႈမ်ား ျပဳလုပ္မည္ ျဖစ္သည္။

Juniper ဟု Code-name ေပးထားေသာ Model Y တြင္ Tesla Model 3 ၏ ဖြဲ႔စည္းပံုမ်ဳိး ပါဝင္လာမည္ျဖစ္ရာ ေသးငယ္ေသာ ေရွ႕မီးမ်ား ပါဝင္မည္ျဖစ္ကာ ႏွင္းကြဲမီးမပါဘဲ ကားေနာက္ဖံုး Trunk တြင္ အဂၤလိပ္အကၡရာ C ပံုသ႑န္ ၊ Taillight မ်ား ပါဝင္မည္ျဖစ္သည္။

Tesla Model 3 တြင္ အေရာင္သစ္ ၂ မ်ဳိးရွိလာရာ Ultra Red ႏွင့္ Steal Gray အေရာင္မ်ားျဖစ္ၾကသည္။

Tesla Model 3 ၏ ျမင္းေကာင္ေရအားမွာ ၄၅၆ Hp ျဖစ္ျပီး all-wheel drive ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Hundreds of New Tesla Model 3s Pile Up in a Parking Lot in Shanghai (autoevolution)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

7Mile Condominium
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service