ဥပဒေအရှုပ်အရှင်းဆွေးနွေးရာ မြေငှားပြီးဆောက်ထားတဲ့အိမ်ကို ဝယ်တဲ့အခါ

ဥပဒေအရှုပ်အရှင်းဆွေးနွေးရာ မြေငှားပြီးဆောက်ထားတဲ့အိမ်ကို ဝယ်တဲ့အခါ - Property Knowledge in Myanmar from iMyanmarHouse.com
17 Sep 2023 1:51 pm တွင် တင်ခဲ့သည်
831 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

အိမ်ခြံမြေဥပဒေနဲ့ပတ်သတ်လို့ ဘာပဲလိုလို iMyanmarHouse.com ကိုသာ သတိရလိုက်ပါနော်။ ဒီတစ်ပတ်မှာလည်း စာဖတ်သူများမေးမြန်းထားတဲ့ ဥပဒေမေးခွန်းတွေထဲကမှ သုံးခုကို အိမ်ခြံမြေဥပဒေအရေးဗဟုသုတတိုးပွားစေဖို့ရာ ဖြေကြားပေးလိုက်ပါတယ်။

 

မေးခွန်း (၁) - မြေငှါးဂရန်ထုတ်ပေးရန် ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိပါသလဲ။

 

မြေငှားဂရန် လျှောက်ထားခွင့်ရှိသည့်မြေအမျိုးအစား(၇)မျိုးရှိပြီး ၎င်းတို့မှာ

(၁)။ ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊

(၂)။ ဥပဒေနှင့်အညီ လွှဲပြောင်းရယူထားပြီး ကော်မတီအမည်ပေါက်ရှိပြီးမြေ၊

(၃)။ လိုင်စင်မြေ၊

(၄)။ ပါမစ်မြေ၊

(၅)။ စကွာတာမြေ၊

(၆)။ စနစ်တကျမြို့ကွက်ဖော်ထုတ်ထားသည့် လူနေရပ်ကွက်အတွင်းရှိ ကျူးလွန်ခြင်းမြေ၊

(၇)။ ဂရန်ပေးစီမံချက်မြေ။တို့ဖြစ်ပါသည်။

ထိုမြေများအား မြေငှားဂရန်လျှောက်ထားရာတွင် အောက်ပါစာရွက်စာတမ်းများပူးတွဲ၍ တင်ပြလျှောက် ထားရန် လိုအပ်ပါသည်။

- မြေပိုင်ဆိုင်ခွင့်စာချုပ်စာတမ်း (သို့) မြေပိုင်ဆိုင်မှုအထောက်အထားမူရင်းများ၊တရားရုံးအမိန့်များ။

- နိုင်ငံသားစီစစ်ရေးကတ်ပြား (သို့) အမျိုးသားမှတ်ပုံတင်ကတ်ပြား။

- မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် (သို့) မြေငှားခနောက်ဆုံး ပေးဆောင်ပြီးကြောင်း ပြေစာလိုအပ်ပါသည်။

စကွာတာမြေဖြစ်ပါက မြေသိမ်းမှုရှိမရှိ၊ အစိုးရဌာနက တားမြစ်ချက်ရှိမရှိ။ ဂရန်စည်းကမ်းပျက် မှတ်ချက်ရှိ မရှိစစ်ဆေးပါတယ်။ လိုင်စင်မြေဖြစ်ပါက မြို့မြေစာရင်း အမည်ပေါက်နှင့် လိုင်စင်ပါအမည် ပေါက်တူညီမှုရှိမရှိ စီစစ်ပါတယ်။ လိုင်စင်မြေများအား ဂရန်လျှောက်ထားပါက မူလလိုင်စင်ချပေးစဉ် ကတည်းက လူနေထိုင်ရန် ၊အိမ်ဆောက်ရန်အတွက် ခွင့်ပြုသည့်လိုင်စင်များသာ မြေငှားဂရန်လျှောက် ထားရန် ခွင့်ပြုပါသည်။

ပါမစ်မြေများတွင် ပါမစ်ပျောက်ဖြင့် ဂရန်လျှောက်ထားခဲ့ပြီး ထုတ်ပေးသည့်အခါ တစ်စုံတစ်ဦးမှ ပါမစ်မူရင်းတင်ပြ၍ ကန့်ကွက်လာပါက ယခုထုတ်ပေးသော ဂရန်ကို ပယ်ဖျက်မည်ကို သိရှိကြောင်း ဝန်ခံကတိပြုစေကာ တံဆိပ်တုံးရိုက်နှက်၍ လျှောက်ထားသူအား လက်မှတ်ရေးထိုးစေပါသည်။ အောက်ပါအချက်အလက်များဖြင့် ကိုက်ညီမှုရှိသူသည် ဂရန်လျှောက်ထားနိုင်ပါသည်။

- ပဋိဉာဉ်ချုပ်ဆိုပိုင်ခွင့်ရှိသူ၊(အသက်(၁၈)နှစ်ပြည့်သူ၊စိတ်ပေါ့သွပ်သူမဖြစ်ရ)

- နိုင်ငံသားဖြစ်သူ၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူ၊ ဧည့်နိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံရသူ၊

- သတ်မှတ်ထားသောမြေဌားခကို ပေးဆောင်နိုင်သူများအား မြေငှားဂရန် ထုတ်ပေးရန် လျှောက် ထားရယူနိုင်ပါကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၂) - မြေငှါးပြီးဆောက်ထားတဲ့အိမ်ကိုဝယ်ရင် တရားဝင်ပိုင်ဆိုင်ခွင့်ရှိပါသလား။

မြေကွက်အား အရပ်ကတိစာချုပ်ဖြင့် ကာလအပိုင်းအခြားတစ်ခုအတွက် ငှားရမ်းခြင်းများရှိပြီး ထို့သို့ ငှားရမ်းခြင်းမှာ မြေကွက်သီးသန့်အတွက်သာ ငှားရမ်းခြင်းဖြစ်ပြီး ကား Showroom ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ ဖွင့်လှစ်နိုင်ရန်အတွက် အဆောက်အအုံအသစ် ဆောက်လုပ်ရမည် ဖြစ်ပါသည်။

မြေကွက်သာ ငှားရမ်းခြင်းဖြစ်သော်လည်း ငှားရမ်းသူမှ အငှားချထားသူ၏ ခွင့်ပြုချက်ဖြင့် ရေရှည် စီမံကိန်းဖြင့် အခိုင်အမာမဟုတ်သော ဖြိုဖျက်ရ လွယ်ကူသည့် လုပ်ငန်းအတွက် အသုံးတည့်သည့် အဆောက် အအုံများ ဆောက်လုပ်နိုင်ပါသည်။

ငှားရမ်းခြင်း ကာလပြည့်မြောက်သောအခါ ငှားရမ်းသူသည် စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်များ မရှိပါက အဆိုပါ အဆောက်အအုံအား ဖယ်ရှားပေးပြီး မြေကွက်အား အငှားချထားသူထံ ပြန်လည်အပ်နှံရပါမည်။

အစိုးရထံမှ BOT စနစ်ဖြင့်မြေငှားရမ်းပါက စာချုပ်သတ်မှတ်ကာလ ပြည့်မြောက်သောအခါ စည်းကမ်း ချက်များ အတိုင်း အဆိုပါမြေပေါ်တွင် တည်ရှိနေသော အဆောက်အအုံအား အစိုးရထံ အပ်နှံကာ အကျိုးခံစား ခွင့်များအား ထားရှိခဲ့ရပါမည်။ တနည်းဆိုရလျှင် တည်ထောင်သူမှာ ကာလအပိုင်းအခြား တစ်ခုအတွင်းသာ အကျိုးအမြတ်ခံစားရပြီး သတ်မှတ်ကာလပြည့်ပါက အစိုးရထံပြန်လည် လွှဲအပ်ပေးရခြင်းဖြစ်ပါသည်။(ငှားရမ်း သည့် မြေနှင့် ဆောက်လုပ်သောအဆောက်အအုံမှာ သတ်မှတ်ကာလပြည့်မြောက်သောအခါ ငှားရမ်းသူနှင့် သက်ဆိုင်ခြင်း မရှိတော့ပါ။)

ထို့ကြောင့်ပုဂ္ဂလိကအချင်းချင်းပြုလုပ်သော မြေငှားစာချုပ်များတွင် အဆောက်အအုံဆောက်လုပ်ခွင့်ပြု ထားပါက သီးခြားသဘောတူညီချက်များ ထုတ်ဖော်ချုပ်ဆိုရန်လိုအပ်ပြီး အဆောင်အအုံဆောက်လုပ်သည့် အခါ အခိုင်အမာဆောက်လုပ်ခြင်းအား ခွင့်မပြုသင့်ပါ။ မြေငှားချထားသော မြေပေါ်မှာ ဆောက်လုပ်ထားသော အဆောက်အအုံကို ဝယ်ရင်တော့ မြေငှားရမ်းကာလကုန်လွန်သောအခါ အိမ်အား ဖျက်ယူ၍ ပြောင်းပေးရမည် သာဖြစ်ပါသည်။ မြေပိုင်ဆိုင်ခွင့်မပါသည့် အိမ်အားဝယ်ယူခြင်းဖြစ်သဖြင့် နေထိုင်ခွင့်အတွက် တရားဝင် ပိုင်ဆိုင်ခွင့် ရှိမည်မဟုတ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါတယ်။

ထို့ပြင်အဆောက်အအုံများဆောက်လုပ်သည့်အခါ မြေပိုင်ဆိုင်မှု အထောက်အထားများတင်ပြ၍ စည်ပင် သာယာရေးကော်မတီ၏ ခွင့်ပြုချက်ရယူရမည်ဖြစ်ပါသည်။ ထိုသို့ခွင့်ပြုချက်မရယူဘဲ အဆောက်အအုံဆောက် လုပ်ပါက မြူနီစီပယ် ဥပဒေပုဒ်မ-၂၇၂အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရမည်ဖြစ်ကြောင်း ဦးဝင်းနှင့်ဦးဖြူပါ-၂ ၁၉၉၇၊မတစ(အထူး)၁၁၄တွင် ဖော်ပြထားပါသည်။

 

 

မေးခွန်း (၃) ။ SP, GP တို့သည် မည်သည့်အခြေအနေများမှာ ပျက်ပြယ်တတ်ပါသလဲ။

ပဋိဉာဉ်ဥပဒေပုဒ်မ-၁၈၂အရ ကိုယ်စားလှယ်ဆိုသည်မှာ သူတစ်ပါးသူ၏ ကိစ္စရပ်များဆောင်ရွက်ရန် ခန့်ထားခြင်းခံရသော ကိုယ်စားပြုသူကိုဆိုလိုပါသည်။

ပိုင်ရေးဆိုင်ခွင့်အားလုံးကို မိမိကိုယ်စားအခြားသူတစ်ဦးဦးအား လုပ်ပိုင်ခွင့်ပေးပါက အထွေထွေကိုယ် စားလှယ်လွှဲစာပေးအပ်ရပါသည်။ ပိုင်ရေးဆိုင်ခွင့်အားလုံးထဲမှ သီးသန့်တစ်စိတ်တစ်ဒေသသာ လုပ်ပိုင်ခွင့်ပေး ပါက အထူးကိုယ်စားလှယ်လွှဲစာပေးအပ်ရပါမည်။

မှတ်ပုံတင်ဥပဒေပုဒ်မ-၃၂နှင့် ၃၃အရစာချုပ်စာတမ်းမှတ်ပုံတင်လျှင် စာဖြင့်ရေးသားထားသော ကိုယ်စား လှယ်စာရှိရန် လိုအပ်ပါသည်။

ဌာနဆိုင်ရာများတွင် အခွန်ကိစ္စရပ်များနှင့် အခြားသောအကြောင်းအရာများ ဆောင်ရွက်ရန်ရှိသည့်အခါ GP အထွေထွေကိုယ်စားလှယ်လွှဲစာ ပေးအပ်ရပါသည်။ ပုဒ်မ-၂၀၁ အရ အောက်ပါကိစ္စရပ်များကြောင့် ကိုယ်စားလှယ်၏ အခွင့်အာဏာကို ရုတ်သိမ်းနိုင်ပြီး ပျက်ပြယ်နိုင်ပါသည်။

(က) ကိုယ်စားလှယ်လုပ်ငန်းကုန်ဆုံးခြင်း ကိုယ်စားလှယ်လုပ်ငန်းကုန်ဆုံးခြင်းဆိုသည်မှာ အကြီးအကဲမှ ကိုယ်စားလှယ်ကိုရုတ်သိမ်း၍ ဖြစ်စေ၊ ကိုယ်စားလှယ်က လုပ်ပိုင်ခွင့်ကို စွန့်လွတ်၍ဖြစ်စေ၊ လုပ်ငန်းပြီးစီး၍ဖြစ်စေ၊ သေဆုံး၍ဖြစ်စေ၊ ရူးသွပ်၍ဖြစ်စေ၊ အကြီးအကဲက ကြွေးမဆပ်နိုင်ကာ အင်ဆော်လဝင်ဖြစ်၍ဖြစ်စေ ကိုယ်စားလှယ်လုပ်ငန်းကုန်ဆုံးနိုင်ပါသည်။

(ခ) လုပ်ပိုင်ခွင့်ကို ပြန်လည်ရုတ်သိမ်းခြင်း(သို့)စွန့်လွှတ်ခြင်း ကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်ကို အကြီးအကဲနှင့် ကိုယ်စားလှယ်တို့ အတိအလင်းဖြစ်စေ၊ ပြုမှုချက် ဖြင့်ဖြစ်စေ ရုတ်သိမ်းနိုင်ပါသည်။ အကြီးအကဲ၏ အကျိုးကို ဆန့်ကျင်လုပ်ဆောင်ပါက ကိုယ်စားလှယ်မှ လုပ်ငန်း ကို စွန့်လွတ်ခြင်းပင်ဖြစ်ပါသည်။

(ဂ) ကိုယ်စားလှယ်လုပ်ငန်းပြီးဆုံးခြင်း ကုန်ရောင်းဝယ်ခြင်းများတွင် ရောင်းချပြီးသည်နှင့် ကိုယ်စားလှယ်လုပ်ငန်း ပြီးဆုံးသော်လည်း ရောင်းရ ငွေများကို ကိုယ်စားလှယ်က ပေးအပ်ပြီးသည်အထိ လုပ်ဆောင်ရန် တာဝန်ရှိပါသည်။

(ဃ) အကြီးအကဲ(သို့)ကိုယ်စားလှယ်သေဆုံးခြင်း၊ ရူးသွပ်ခြင်းဖြစ်ပေါ်ပါက အကြီးအကဲဖြစ်စေ၊ကိုယ်စားလှယ်ဖြစ်စေသေဆုံး၊ရူးသွပ်ပါက ကိုယ်စားလှယ်လွှဲအပ်ထားသည့် လုပ်ငန်း ကုန်ဆုံးပါသည်။

(င) အကြီးအကဲသည် ကြွေးမဆပ်နိုင်သော အင်ဆော်လဝင်အဖြစ် ကြေညာခံရခြင်း အင်ဆော်လဝင်ဖြစ်သည့်အခါ ကြွေးမှီများအား ငွေလက်ခံခွင့် ကုန်ဆုံးသွားမည်ဖြစ်ကာ ခန့်အပ်ထား သည် ကိုယ်စားလှယ်သည်လဲ အလိုအလျှောက်ရပ်ဆဲမည်ဖြစ်ပါသည်။

(စ) အချိန်ကာလ ကန့်သတ်ထားသော ကိုယ်စားလှယ်လုပ်ငန်း အချိန်ကာလသတ်မှတ်ထားသော ကိုယ်စားလှယ်များသည် သက်တမ်းကာလကုန်ဆုံးပါက ပြီးဆုံး ရပ်ဆဲသွားမည်ဖြစ်ကာ လုပ်ငန်းမပြီးဆုံးလဲ ကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်မှာရပ်ဆဲသွားမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

ဥပေဒအ႐ႈပ္အ႐ွင္းေဆြးေႏြးရာ ေျမငွားၿပီးေဆာက္ထားတဲ့အိမ္ကို ဝယ္တဲ့အခါ

 

အိမ္ျခံေျမဥပေဒနဲ႔ပတ္သတ္လို႔ ဘာပဲလိုလို iMyanmarHouse.com ကိုသာ သတိရလိုက္ပါေနာ္။ ဒီတစ္ပတ္မွာလည္း စာဖတ္သူမ်ားေမးျမန္းထားတဲ့ ဥပေဒေမးခြန္းေတြထဲကမွ သုံးခုကို အိမ္ျခံေျမဥပေဒအေရးဗဟုသုတတိုးပြားေစဖို႔ရာ ေျဖၾကားေပးလိုက္ပါတယ္။

 

ေမးခြန္း  (၁) -  ေျမငွါးဂရန္ထုတ္ေပးရန္ ဘယ္လိုအခ်က္ေတြနဲ႔ ေလွ်ာက္ထားခြင့္႐ွိပါသလဲ။

ေျမငွားဂရန္ ေလွ်ာက္ထားခြင့္႐ွိသည့္ေျမအမ်ိဳးအစား(၇)မ်ိဳး႐ွိၿပီး ၎တို႔မွာ

(၁)။ ေကာ္မတီက စီမံခန္႔ခြဲပိုင္ခြင့္႐ွိေသာေျမ၊

(၂)။ ဥပေဒႏွင့္အညီ လႊဲေျပာင္းရယူထားၿပီး ေကာ္မတီအမည္ေပါက္႐ွိၿပီးေျမ၊

(၃)။ လိုင္စင္ေျမ၊

(၄)။ ပါမစ္ေျမ၊

(၅)။ စကြာတာေျမ၊

(၆)။ စနစ္တက်ၿမိဳ႕ကြက္ေဖာ္ထုတ္ထားသည့္ လူေနရပ္ကြက္အတြင္း႐ွိ က်ဴးလြန္ျခင္းေျမ၊

(၇)။ ဂရန္ေပးစီမံခ်က္ေျမ။တို႔ျဖစ္ပါသည္။

ထိုေျမမ်ားအား ေျမငွားဂရန္ေလွ်ာက္ထားရာတြင္ ေအာက္ပါစာ႐ြက္စာတမ္းမ်ားပူးတြဲ၍ တင္ျပေလွ်ာက္ ထားရန္ လိုအပ္ပါသည္။

- ေျမပိုင္ဆိုင္ခြင့္စာခ်ဳပ္စာတမ္း (သို႔) ေျမပိုင္ဆိုင္မႈအေထာက္အထားမူရင္းမ်ား၊တရား႐ုံးအမိန္႔မ်ား။

- ႏိုင္ငံသားစီစစ္ေရးကတ္ျပား (သို႔) အမ်ိဳးသားမွတ္ပုံတင္ကတ္ျပား။

- ေျမငွားခေႂကြးက်န္ကင္း႐ွင္းေၾကာင္း ေထာက္ခံခ်က္ (သို႔) ေျမငွားခေနာက္ဆုံး ေပးေဆာင္ၿပီးေၾကာင္း ေျပစာလိုအပ္ပါသည္။

စကြာတာေျမျဖစ္ပါက ေျမသိမ္းမႈ႐ွိမ႐ွိ၊ အစိုးရဌာနက တားျမစ္ခ်က္႐ွိမ႐ွိ။ ဂရန္စည္းကမ္းပ်က္ မွတ္ခ်က္႐ွိ မ႐ွိစစ္ေဆးပါတယ္။ လိုင္စင္ေျမျဖစ္ပါက ၿမိဳ႕ေျမစာရင္း အမည္ေပါက္ႏွင့္ လိုင္စင္ပါအမည္ ေပါက္တူညီမႈ႐ွိမ႐ွိ စီစစ္ပါတယ္။ လိုင္စင္ေျမမ်ားအား ဂရန္ေလွ်ာက္ထားပါက မူလလိုင္စင္ခ်ေပးစဥ္ ကတည္းက လူေနထိုင္ရန္ ၊အိမ္ေဆာက္ရန္အတြက္ ခြင့္ျပဳသည့္လိုင္စင္မ်ားသာ ေျမငွားဂရန္ေလွ်ာက္ ထားရန္ ခြင့္ျပဳပါသည္။

ပါမစ္ေျမမ်ားတြင္ ပါမစ္ေပ်ာက္ျဖင့္ ဂရန္ေလွ်ာက္ထားခဲ့ၿပီး ထုတ္ေပးသည့္အခါ တစ္စုံတစ္ဦးမွ ပါမစ္မူရင္းတင္ျပ၍ ကန္႔ကြက္လာပါက ယခုထုတ္ေပးေသာ ဂရန္ကို ပယ္ဖ်က္မည္ကို သိ႐ွိေၾကာင္း ဝန္ခံကတိျပဳေစကာ တံဆိပ္တုံး႐ိုက္ႏွက္၍ ေလွ်ာက္ထားသူအား လက္မွတ္ေရးထိုးေစပါသည္။ ေအာက္ပါအခ်က္အလက္မ်ားျဖင့္ ကိုက္ညီမႈ႐ွိသူသည္ ဂရန္ေလွ်ာက္ထားႏိုင္ပါသည္။

- ပဋိဉာဥ္ခ်ဳပ္ဆိုပိုင္ခြင့္႐ွိသူ၊(အသက္(၁၈)ႏွစ္ျပည့္သူ၊စိတ္ေပါ့သြပ္သူမျဖစ္ရ)

- ႏိုင္ငံသားျဖစ္သူ၊ ႏိုင္ငံသားအျဖစ္ အသိအမွတ္ျပဳခံရသူ၊ ဧည့္ႏိုင္ငံသားအျဖစ္ အသိအမွတ္ျပဳ ခံရသူ၊

- သတ္မွတ္ထားေသာေျမဌားခကို ေပးေဆာင္ႏိုင္သူမ်ားအား ေျမငွားဂရန္ ထုတ္ေပးရန္ ေလွ်ာက္ ထားရယူႏိုင္ပါေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၂) - ေျမငွါးၿပီးေဆာက္ထားတဲ့အိမ္ကိုဝယ္ရင္ တရားဝင္ပိုင္ဆိုင္ခြင့္႐ွိပါသလား။

ေျမကြက္အား အရပ္ကတိစာခ်ဳပ္ျဖင့္ ကာလအပိုင္းအျခားတစ္ခုအတြက္ ငွားရမ္းျခင္းမ်ား႐ွိၿပီး ထို႔သို႔ ငွားရမ္းျခင္းမွာ ေျမကြက္သီးသန္႔အတြက္သာ ငွားရမ္းျခင္းျဖစ္ၿပီး ကား Showroom ၊ လက္ဖက္ရည္ဆိုင္မ်ား၊ စားေသာက္ဆိုင္မ်ား ဖြင့္လွစ္ႏိုင္ရန္အတြက္ အေဆာက္အအုံအသစ္ ေဆာက္လုပ္ရမည္ ျဖစ္ပါသည္။

ေျမကြက္သာ ငွားရမ္းျခင္းျဖစ္ေသာ္လည္း ငွားရမ္းသူမွ အငွားခ်ထားသူ၏ ခြင့္ျပဳခ်က္ျဖင့္ ေရ႐ွည္ စီမံကိန္းျဖင့္ အခိုင္အမာမဟုတ္ေသာ ၿဖိဳဖ်က္ရ လြယ္ကူသည့္ လုပ္ငန္းအတြက္ အသုံးတည့္သည့္ အေဆာက္ အအုံမ်ား ေဆာက္လုပ္ႏိုင္ပါသည္။

ငွားရမ္းျခင္း ကာလျပည့္ေျမာက္ေသာအခါ ငွားရမ္းသူသည္ စာခ်ဳပ္ပါ စည္းကမ္းသတ္မွတ္ခ်က္မ်ား မ႐ွိပါက အဆိုပါ အေဆာက္အအုံအား ဖယ္႐ွားေပးၿပီး ေျမကြက္အား အငွားခ်ထားသူထံ ျပန္လည္အပ္ႏွံရပါမည္။

အစိုးရထံမွ BOT စနစ္ျဖင့္ေျမငွားရမ္းပါက စာခ်ဳပ္သတ္မွတ္ကာလ ျပည့္ေျမာက္ေသာအခါ စည္းကမ္း ခ်က္မ်ား အတိုင္း အဆိုပါေျမေပၚတြင္ တည္႐ွိေနေသာ အေဆာက္အအုံအား အစိုးရထံ အပ္ႏွံကာ အက်ိဳးခံစား ခြင့္မ်ားအား ထား႐ွိခဲ့ရပါမည္။ တနည္းဆိုရလွ်င္ တည္ေထာင္သူမွာ ကာလအပိုင္းအျခား တစ္ခုအတြင္းသာ အက်ိဳးအျမတ္ခံစားရၿပီး သတ္မွတ္ကာလျပည့္ပါက အစိုးရထံျပန္လည္ လႊဲအပ္ေပးရျခင္းျဖစ္ပါသည္။(ငွားရမ္း သည့္ ေျမႏွင့္ ေဆာက္လုပ္ေသာအေဆာက္အအုံမွာ သတ္မွတ္ကာလျပည့္ေျမာက္ေသာအခါ ငွားရမ္းသူႏွင့္ သက္ဆိုင္ျခင္း မ႐ွိေတာ့ပါ။)

ထို႔ေၾကာင့္ပုဂၢလိကအခ်င္းခ်င္းျပဳလုပ္ေသာ ေျမငွားစာခ်ဳပ္မ်ားတြင္ အေဆာက္အအုံေဆာက္လုပ္ခြင့္ျပဳ ထားပါက သီးျခားသေဘာတူညီခ်က္မ်ား ထုတ္ေဖာ္ခ်ဳပ္ဆိုရန္လိုအပ္ၿပီး အေဆာင္အအုံေဆာက္လုပ္သည့္ အခါ အခိုင္အမာေဆာက္လုပ္ျခင္းအား ခြင့္မျပဳသင့္ပါ။ ေျမငွားခ်ထားေသာ ေျမေပၚမွာ ေဆာက္လုပ္ထားေသာ အေဆာက္အအုံကို ဝယ္ရင္ေတာ့ ေျမငွားရမ္းကာလကုန္လြန္ေသာအခါ အိမ္အား ဖ်က္ယူ၍ ေျပာင္းေပးရမည္ သာျဖစ္ပါသည္။ ေျမပိုင္ဆိုင္ခြင့္မပါသည့္ အိမ္အားဝယ္ယူျခင္းျဖစ္သျဖင့္ ေနထိုင္ခြင့္အတြက္ တရားဝင္ ပိုင္ဆိုင္ခြင့္ ႐ွိမည္မဟုတ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါတယ္။

ထို႔ျပင္အေဆာက္အအုံမ်ားေဆာက္လုပ္သည့္အခါ ေျမပိုင္ဆိုင္မႈ အေထာက္အထားမ်ားတင္ျပ၍ စည္ပင္ သာယာေရးေကာ္မတီ၏ ခြင့္ျပဳခ်က္ရယူရမည္ျဖစ္ပါသည္။ ထိုသို႔ခြင့္ျပဳခ်က္မရယူဘဲ အေဆာက္အအုံေဆာက္ လုပ္ပါက ျမဴနီစီပယ္ ဥပေဒပုဒ္မ-၂၇၂အရ ျပစ္မႈထင္႐ွားစီရင္ျခင္းခံရမည္ျဖစ္ေၾကာင္း ဦးဝင္းႏွင့္ဦးျဖဴပါ-၂ ၁၉၉၇၊မတစ(အထူး)၁၁၄တြင္ ေဖာ္ျပထားပါသည္။

 

ေမးခြန္း  (၃) ။  SP, GP တို႔သည္ မည္သည့္အေျခအေနမ်ားမွာ ပ်က္ျပယ္တတ္ပါသလဲ။ 

ပဋိဉာဥ္ဥပေဒပုဒ္မ-၁၈၂အရ ကိုယ္စားလွယ္ဆိုသည္မွာ သူတစ္ပါးသူ၏ ကိစၥရပ္မ်ားေဆာင္႐ြက္ရန္ ခန္႔ထားျခင္းခံရေသာ ကိုယ္စားျပဳသူကိုဆိုလိုပါသည္။

ပိုင္ေရးဆိုင္ခြင့္အားလုံးကို မိမိကိုယ္စားအျခားသူတစ္ဦးဦးအား လုပ္ပိုင္ခြင့္ေပးပါက အေထြေထြကိုယ္ စားလွယ္လႊဲစာေပးအပ္ရပါသည္။ ပိုင္ေရးဆိုင္ခြင့္အားလုံးထဲမွ သီးသန္႔တစ္စိတ္တစ္ေဒသသာ လုပ္ပိုင္ခြင့္ေပး ပါက အထူးကိုယ္စားလွယ္လႊဲစာေပးအပ္ရပါမည္။

မွတ္ပုံတင္ဥပေဒပုဒ္မ-၃၂ႏွင့္ ၃၃အရစာခ်ဳပ္စာတမ္းမွတ္ပုံတင္လွ်င္ စာျဖင့္ေရးသားထားေသာ ကိုယ္စား လွယ္စာ႐ွိရန္ လိုအပ္ပါသည္။

ဌာနဆိုင္ရာမ်ားတြင္ အခြန္ကိစၥရပ္မ်ားႏွင့္ အျခားေသာအေၾကာင္းအရာမ်ား ေဆာင္႐ြက္ရန္႐ွိသည့္အခါ GP အေထြေထြကိုယ္စားလွယ္လႊဲစာ ေပးအပ္ရပါသည္။ ပုဒ္မ-၂၀၁ အရ ေအာက္ပါကိစၥရပ္မ်ားေၾကာင့္ ကိုယ္စားလွယ္၏ အခြင့္အာဏာကို ႐ုတ္သိမ္းႏိုင္ၿပီး ပ်က္ျပယ္ႏိုင္ပါသည္။

(က) ကိုယ္စားလွယ္လုပ္ငန္းကုန္ဆုံးျခင္း ကိုယ္စားလွယ္လုပ္ငန္းကုန္ဆုံးျခင္းဆိုသည္မွာ အႀကီးအကဲမွ ကိုယ္စားလွယ္ကို႐ုတ္သိမ္း၍ ျဖစ္ေစ၊ ကိုယ္စားလွယ္က လုပ္ပိုင္ခြင့္ကို စြန္႔လြတ္၍ျဖစ္ေစ၊ လုပ္ငန္းၿပီးစီး၍ျဖစ္ေစ၊ ေသဆုံး၍ျဖစ္ေစ၊ ႐ူးသြပ္၍ျဖစ္ေစ၊ အႀကီးအကဲက ေႂကြးမဆပ္ႏိုင္ကာ အင္ေဆာ္လဝင္ျဖစ္၍ျဖစ္ေစ ကိုယ္စားလွယ္လုပ္ငန္းကုန္ဆုံးႏိုင္ပါသည္။

(ခ) လုပ္ပိုင္ခြင့္ကို ျပန္လည္႐ုတ္သိမ္းျခင္း(သို႔)စြန္႔လႊတ္ျခင္း ကိုယ္စားလွယ္၏ လုပ္ပိုင္ခြင့္ကို အႀကီးအကဲႏွင့္ ကိုယ္စားလွယ္တို႔ အတိအလင္းျဖစ္ေစ၊ ျပဳမႈခ်က္ ျဖင့္ျဖစ္ေစ ႐ုတ္သိမ္းႏိုင္ပါသည္။ အႀကီးအကဲ၏ အက်ိဳးကို ဆန္႔က်င္လုပ္ေဆာင္ပါက ကိုယ္စားလွယ္မွ လုပ္ငန္း ကို စြန္႔လြတ္ျခင္းပင္ျဖစ္ပါသည္။

(ဂ) ကိုယ္စားလွယ္လုပ္ငန္းၿပီးဆုံးျခင္း ကုန္ေရာင္းဝယ္ျခင္းမ်ားတြင္ ေရာင္းခ်ၿပီးသည္ႏွင့္ ကိုယ္စားလွယ္လုပ္ငန္း ၿပီးဆုံးေသာ္လည္း ေရာင္းရ ေငြမ်ားကို ကိုယ္စားလွယ္က ေပးအပ္ၿပီးသည္အထိ လုပ္ေဆာင္ရန္ တာဝန္႐ွိပါသည္။

(ဃ) အႀကီးအကဲ(သို႔)ကိုယ္စားလွယ္ေသဆုံးျခင္း၊ ႐ူးသြပ္ျခင္းျဖစ္ေပၚပါက အႀကီးအကဲျဖစ္ေစ၊ကိုယ္စားလွယ္ျဖစ္ေစေသဆုံး၊႐ူးသြပ္ပါက ကိုယ္စားလွယ္လႊဲအပ္ထားသည့္ လုပ္ငန္း ကုန္ဆုံးပါသည္။

(င) အႀကီးအကဲသည္ ေႂကြးမဆပ္ႏိုင္ေသာ အင္ေဆာ္လဝင္အျဖစ္ ေၾကညာခံရျခင္း အင္ေဆာ္လဝင္ျဖစ္သည့္အခါ ေႂကြးမွီမ်ားအား ေငြလက္ခံခြင့္ ကုန္ဆုံးသြားမည္ျဖစ္ကာ ခန္႔အပ္ထား သည္ ကိုယ္စားလွယ္သည္လဲ အလိုအေလွ်ာက္ရပ္ဆဲမည္ျဖစ္ပါသည္။

(စ) အခ်ိန္ကာလ ကန္႔သတ္ထားေသာ ကိုယ္စားလွယ္လုပ္ငန္း အခ်ိန္ကာလသတ္မွတ္ထားေသာ ကိုယ္စားလွယ္မ်ားသည္ သက္တမ္းကာလကုန္ဆုံးပါက ၿပီးဆုံး ရပ္ဆဲသြားမည္ျဖစ္ကာ လုပ္ငန္းမၿပီးဆုံးလဲ ကိုယ္စားလွယ္၏ လုပ္ပိုင္ခြင့္မွာရပ္ဆဲသြားမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
sales-gallery

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service