မြေပုံမြေရာဇဝင်ရေးဆွဲခြင်းများနှင့်စပ်လျဉ်း၍ ဌာနမှ လုပ်ဆောင်သည့်အချက်အလက်များ

မြေပုံမြေရာဇဝင်ရေးဆွဲခြင်းများနှင့်စပ်လျဉ်း၍ ဌာနမှ လုပ်ဆောင်သည့်အချက်အလက်များ - Property Knowledge in Myanmar from iMyanmarHouse.com
16 Sep 2023 10:53 am တွင် တင်ခဲ့သည်
521 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

စိုက်ပျိုးလုပ်ကိုင်ခြင်းလဲ မရှိသောမြေ (သို့) မကြာသေးမီကမှ စိုက်ပျိုးလုပ်ကိုင်သောမြေကို အခွန်စည်းကြပ်ခြင်းမရှိသေးပါက ခေတ္တစွန့်လွတ်မြေအဖြစ်ပဲ သတ်မှတ်ထားရှိပါသည်။

လုံလောက်သော အကြောင်းရှိလာသောအခါ ခရိုင်ဝန်သည် ထိုမြေအား အထူးဦးပိုင်အမှတ် ဖော်ပြသတ်မှတ်ပြီး တစ်ဧကနှုန်းထားများအလိုက် အခွန်စည်းကြပ်သွားမှာ ဖြစ်ပါတယ်။

ယခင်နှစ်များက မြေလွတ်၊ မြေရိုင်းအဖြစ်ရှိသော မြေနှင့်လမ်းမကြီးများ၊ အညစ်အကြေးနောက်ဘေး လမ်းကြားများ၊ ရေမြောင်းများ၊ တူးမြောင်းများ၊ တမံတာရိုးများနှင့် အစိုးရအတွက်ဖြစ်စေ၊ ဒေသန္တရဆိုင်ရာ အာဏာပိုင်များအတွက်ဖြစ်စေ၊ လက်ရှိလုပ်ကိုင်နေသောမြေများကို ကျူးကျော်ခြင်း တစုံတရာတွေ့ရှိပါက မြေတိုင်းစာရေးသည် ခရိုင်ဝန်ထံသို့ တင်ပြပြီး စည်ပင်သာယာရေးပိုင်မြေဖြစ်ပါက စည်ပင်သာယာရေး ကော်မ တီသို့ အကြောင်းကြားမည်ဖြစ်ပါသည်။ ခရိုင်ဝန်အမိန့်မပါရှိဘဲ မည့်သည့်အစိုးရမြေ၊ မြေလွတ်မြေရိုင်းကိုမှ ပိုင်ဆိုင်ခွင့်၊ နေထိုင်ခွင့်ပေးအပ်လို့မရပါ။

မြေတိုင်းမှာ မြေငှားဂရန်ရရှိရန် လျှောက်ထားခြင်းများအတွက် မြေတိုင်းတာခြင်းကိစ္စများအား ဆောင်ရွက်မပြုမီ မြေနယ်နိမိတ်ပိုင်းခြားသတ်မှတ်ထားခြင်း ရှိမရှိ စီစစ်ပါတယ်။ လျှောက်ထားသည့်မြေအား ခဲဖြင့်ပြသပြီး မြေဂရန်ထုတ်ပေးပါက မြေတိုင်းစာရေးသည် မြေကွက်ပုံစံအား မင်နီကြက်သွေးရောင်ဖြင့် အနားသတ်ပြီး မှတ်ပုံစာရင်း ၁-ကတွင် ရေးသွင်းဖော်ပြပါတယ်။ မြေပုံများ ပြုလုပ်ရာ၌ (၂)ချပ်ပြုလုပ်ပြီး တချပ်အား ဂရန်ရယူလိုသူအတွက်ဖြစ်ကာ နောက်တစ်ချပ်မှာ အမှုတွဲတွင် ထားရန်အတွက်ဖြစ်သည်။

အထူးပိုင်ဆိုင်ခွင့်ပေးအပ်ထားသော မြေများအား ခြားနားမှုရှိစေရန် အောက်ပါဆေးရောင်များဖြင့် ဝိုင်းပြ ပါသည်။ -မြေပိုင်ရှင် ရှိသောမြေအား ဦးပိုင် အနက်ဝိုင်း၊ မြေရှင် ပိုင်ဆိုင်ခွင့်လက်မှတ်ရရှိပြီးသောမြေအား ဦးပိုင် အပြာဝိုင်း၊ အငှားဂရန်ရှိပါက ဦးပိုင်ခရမ်းရောင်အဝိုင်း၊ ပိုင်ဆိုင်ခွင့်မရှိဘဲ ကျူးကျော်ထားသောဦးပိုင်ဖြစ်ပါက အနီဝိုင်းဖြင့် ဖော်ပြပါသည်။

အပိုင်ပေးဂရန်ထုတ်ပေးရာတွင်လဲ ထိုမြေအား မည်သို့အသုံးပြုရမည့်အကြောင်းကို မှတ်ပုံတင်စာရင်း ၁-ကပါ ဇယားတွင် ရေးမှတ်ထားပါသည်။ ကျွန်းမြေများအား မြေတိုင်းတာခြင်းများ ဆောင်ရွက်သည့်အခါများ တွင် မြေပုံ၌ မြေရင့်နှင့်မြေနုကို ခွဲခြား၍ ဖော်ပြရပြီး စိုက်ပျိုးမြေများတွင် ကျွဲနွားစားကျက်မြေများရှိလျှင်လဲ ကွင်းမြေပုံပေါ်တွင် တိကျစွာဖော်ပြပါတယ်။

ကွင်းစိတ်ပြန်လည် တိုင်းတာခြင်းဆိုသည်မှာ တစ်ကွင်းလုံးကိုပြန်၍ ထပ်မံတိုင်းတာခြင်းကို ဆိုလိုပါသည်။ လက်ကျန်မြေပုံမရှိခြင်း၊ ကွင်းခွဲရန်လိုသောကိစ္စများအားမြေပုံပြန်ပုံနှိပ်ရန်လိုအပ်ပါသည်။ မူလကွက်စိတ် တိုင်းတာခြင်း၊ ပြန်တိုင်းခြင်း၊ ပြင်တိုင်းခြင်း၊ မြေပုံပြန်ဆွဲခြင်း၊ ကွင်းခွဲခြင်းများကြောင့် မြေပုံသစ်ပြုလုပ်လိုလျှင် မှတ်ပုံစာရင်း-၄တွင် ဖော်ပြပြီး ခရိုင်ဝန်ခွင့်ပြုချက်ဖြင့်ပြုလုပ်ရပါကြောင်း ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 


 











 



နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service