ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ နေအိမ်သစ်ရှာဖွေလျက်ရှိပြီး မာလီဘူးကမ်းခြေမှ ဒေါ်လာ ၈ သန်းတန်ခြံကွက်ကို မျက်စိကျလျက်ရှိ
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ နေအိမ်သစ်ရှာဖွေလျက်ရှိပြီး မာလီဘူးကမ်းခြေမှ ဒေါ်လာ ၈ သန်းတန်ခြံကွက်ကို မျက်စိကျလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
15 Sep 2023 10:41 am တွင် တင်ခဲ့သည်
773 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲသည် နေအိမ်သစ်တစ်လုံး လိုက်လံရှာဖွေလျက်ရှိပြီး အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိခရိုင်၊ မာလီဘူးကမ်းခြေမှ ဒေါ်လာ ၈ သန်းတန် ခြံကွက်တစ်ခုကို မျက်စိကျလျက်ရှိသည်။
မင်းသားဟယ်ရီတို့စုံတွဲ နေအိမ်ရှာဖွေနေမှုကို တိုက်ရိုက်သိရှိသည့် သတင်းရင်းမြစ်များက TMZ သတင်းဌာနသို့ ပြောသည်မှာ ဟယ်ရီတို့စုံတွဲသည် မကြာသေးမီ အားလပ်ရက်အတွင်းက ထိုဒေသရှိ ဒေါ်လာ ၈ သန်းတန် ခြံကို လေ့လာကြည့်ရှုခဲ့သည်ဟု ဆိုသည်။
ခြံဝန်းအကျယ် ၆ ဧကနီးပါးရှိပြီး အစောင့်ဂိတ်အိမ်ရှိသော ဂိတ်တံခါး၊ ကြီးမားသော ရေကူးကန်နှင့် စတုရန်းပေ ၁၀၀၀၀ ကျော် ကျယ်ဝန်းသည့် စံအိမ်တစ်လုံးဆောက်လုပ်ရန် ဖောင်ဒေးရှင်းများ ရှိနေပြီးလည်း ဖြစ်သည်။
Pacific Coast အဝေးပြေးလမ်းမကြီးကို အပေါ်စီးမှ တွေ့မြင်ရသည့်အပြင် Broad Beach ကမ်းခြေ၏ ရှုမျှော်ခင်းများလည်း ပိုင်ဆိုင်ထားသည်။
ပင်မစံအိမ်နေရာသို့ရောက်ရန် ရှည်လျားလှသော ယာဉ်မောင်းလမ်းမှတဆင့် ကားမောင်းဝင်ရမည်ဖြစ်ရာ လူသူကင်းဝေးကာ တသီးတသန့်ရှိပြီး Privacy ကောင်းသောကြောင့် ဟယ်ရီနှင့် မီဂန်မာကယ်တို့အတွက် အထူးသင့်လျော်လှသည်။
(အပြောကျယ်သော ပင်လယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။ )
(ပင်မစံအိမ်အတွက် Building plan မှာ ခွင့်ပြုချက်ရရှိထားပြီးဖြစ်သည်ဟု ဆိုသည်)
(ခြံဝန်းအတွင်း ရေကူးကန်တစ်ခု ပါဝင်ပြီးဖြစ်သည်)
(ခြံဝတွင် ဂိတ်စောင့်အိမ်လည်း ရှိသည်)
ယခုခြံဝန်းကို ကန်ဒေါ်လာ ၈ သန်းဈေးခေါ်ထားပြီး ပင်မစံအိမ်အတွက် ဆောက်လုပ်ခွင့် ရရှိထားပြီးဖြစ်ကာ ဆောက်လုပ်ရေးအဖွဲ့မှာလည်း အသင့်ရှိနေသည်။
ဟယ်ရီတို့စုံတွဲသည် စံအိမ်ဆောက်လုပ်မည်ဆိုပါက ကန်ဒေါ်လာ ၁၀ သန်းခန့် ခန့်မှန်းချေ ကုန်ကျဦးမည် ဖြစ်သည်။
ဟယ်ရီနှင့် မီဂန်တို့သည် လက်ရှိအားဖြင့် မွန်တီစီတိုမြို့ရှိ ဒေါ်လာ ၁၄ သန်းတန် စံအိမ်တွင် နေထိုင်လျက်ရှိပြီး ထိုအိမ်မှာ ဟောလိဝုဒ်နှင့် အတော်ပင် အလှမ်းကွာသည်။
မာလီဘူးကမ်းခြေမှ ယခုခြံနေရာမှာမူ အကျော်အမော်တို့ လာရောက်ရာ Nobu မှ ၁၃ မိုင်ခန့်သာ ဝေးကွာပြီး လော့စ်အိန်ဂျလိမြို့ရှိ ကမ္ဘာကျော်များ နေထိုင်ကြသည့်နေရာဖြစ်သော Beverly Hills မှ မော်တော်ကားဖြင့် တစ်နာရီခရီးသာ ကွာဝေးသည်။
အတွင်းလူတို့၏ ပြောကြားချက်အရ ဟယ်ရီနှင့် မီဂန်တို့သည် မွန်တီစီတိုရှိ စံအိမ်ကို ရောင်းချကာ မာလီဘူးတွင် အမြဲအခြေချနေထိုင်ရန် ချင့်ချိန်လျက်ရှိသည်ဟု ဆိုသည်။
ဤဒေသသို့ ပြောင်းရွှေ့လာမည်ဆိုပါက ဟယ်ရီတို့စုံတွဲအနေဖြင့် ဟောလိဝုဒ်နှင့် နီးစပ်စွာနေထိုင်နိုင်မည် ဖြစ်သည့်အပြင် လူသူကင်းဝေးကာ တသီးတသန့်လည်း နေနိုင်မည် ဖြစ်သည်။
ယခုခြံကို အရောင်းဈေးကွက်တင်ပေးသည်မှာ Westside Estate Agency အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Brendan Brown ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Prince Harry and Meghan Markle eye $8M Malibu paradise for new mansion (nypost)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service