အမေရိကန်ပြည် အိုင်ဒါဟိုပြည်နယ်ရှိ တောအုပ်ကြီးတစ်ခုအတွင်း တည်ရှိသော ရဲတိုက်ကြီးတစ်လုံး ဒေါ်လာ ၄ ဒသမ ၅ သန်းဖြင့် ရောင်းမည်

အမေရိကန်ပြည် အိုင်ဒါဟိုပြည်နယ်ရှိ တောအုပ်ကြီးတစ်ခုအတွင်း တည်ရှိသော ရဲတိုက်ကြီးတစ်လုံး ဒေါ်လာ ၄ ဒသမ ၅ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
14 Sep 2023 10:45 am တွင် တင်ခဲ့သည်
1093 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရေကန်ကြီးတစ်ခု၏ ပြာလဲ့လဲ့ရေပြင်ကျယ်ကို စီးမိုးတွေ့မြင်ရသော ကမ်းပါးပြတ်တစ်ခုပေါ်တွင် တည်ရှိသော ရဲတိုက်ကြီးတစ်လုံးသည် ချပ်ဝတ်တန်ဆာ တောက်တောက်ပပဆင်မြန်းထားမည့် သူရဲကောင်းသစ်တစ်ဦးကို စောင့်ကြိုနေသည်။

အမေရိကန်ပြည်ထောင်စု ၊ အိုင်ဒါဟိုပြည်နယ် ၊ Frandsen တောအုပ်ကြီး၏ အစပ်တွင် တည်ရှိပြီး စံအိမ်တစ်လုံးစာ အရွယ်အစားရှိ လူနေရဲတိုက်ကြီးတစ်လုံး ရောင်းဈေး ကွက်ဝင်လာရာ တစ်သီးတသန့် နေထိုင်လိုသူများ ဝယ်ယူပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

Von Frandsen ရဲတိုက်ဟု အမည်ပေးထားပြီး လွန်ခဲ့သော ဇူလိုင်လက ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက် တင်ခဲ့ခြင်းဖြစ်ကာ ယခုအခါ ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းသို့ လျှော့ချပေးလိုက်ခြင်း ဖြစ်သည်။

ကျော်ကြားကာ အထင်ကရရှိသော ကမ်းခြေစံအိမ်ဟု ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြထားပြီး ခြံအကျယ် ၁၀ ဧကနီးပါးရှိကာ ကမ်းစပ်တွင် အဆောက်အအုံဆောက်လုပ်နိုင်မည့် နေရာ ၂ ခု ပါဝင်သည်။

“ဒီရဲတိုက်ကြီးဟာ အိုင်ဒါဟိုပြည်နယ်ရဲ့ အံ့မခန်းဖွယ်အကောင်းဆုံး ရေကန်ကြီးတွေအနက် တစ်ခုရဲ့ ကမ်းခြေမှာ တည်ရှိပြီး နတ်သမီးပုံပြင်ထဲက နေရာမျိုးလိုပါပဲ”ဟု ဈေးကွက်တင်ပေးသော အိမ်ခြံမြေ အကျိုးဆောင် Brenda Burk က ပြောသည်။

Brenda Burk နှင့်အတူ Coldwell Banker အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Danny Davis ကလည်း ပူးတွဲ ကိုင်တွယ်ထားသည်။

“အိုင်ဒါဟိုပြည်နယ်မှာ ရဲတိုက်ဆိုတာမျိုးက အများကြီး မတွေ့ရနိုင်ပါဘူး။ အိုင်ဒါဟိုပြည်နယ်မှာ ရဲတိုက်တစ်လုံး ပိုင်ဆိုင်ခွင့်ရတာဟာ တစ်သက်မှာ တစ်ခါပဲ တွေ့ရမယ့် အခွင့်အလမ်းပါပဲ”ဟု Danny Davis က ပြောသည်။

(Pend Oreille ရေကန်ကြီးကို စီးမိုးတွေ့မြင်နေရသည်။ ဓာတ်ပုံ- Coldwell Banker)

(အိုင်ဒါဟိုပြည်နယ် Sandpoint မြို့အနီးတွင် တည်ရှိသည်။ ဓာတ်ပုံ- Coldwell Banker)

(ပင်မစံအိမ်နောက်တွင် တည်ရှိသော ပြအိုးတစ်ခု။ ဓာတ်ပုံ- Coldwell Banker)

(ညစာစားခန်း။ ဓာတ်ပုံ- Coldwell Banker)

အိပ်ခန်း ၂ ခန်း ၊ ရေချိုးခန်း ၃ ခန်းပါဝင်ပြီး အနီးရှိ တောအုပ်အတွင်းမှ ခုတ်ယူရရှိသော သစ်များကို သုံးကာ ထုတ်တန်းများ ပြုလုပ်ထားပြီး ကနေဒါနိုင်ငံ ၊ British Columbia ပြည်နယ်မှ တူးဖော်ရရှိသော နှမ်းဖတ်ကျောက်များကို အသုံးပြုထားကာ အလယ်ခေတ်ပုံစံ ပုံဖော်ထားသော လူနေနေရာ စတုရန်းပေ ၈၀၀၀ ရှိသည်။

(နန်းတော်တမျှ ခမ်းနားသော နေရာတွင် မည်သို့မည်ပုံ ပရိဘောဂထားရှိရမည်ကို ဖော်ညွှန်းပြသထားသည်။ ဓာတ်ပုံ- Coldwell Banker)

(ရဲတိုက်ကြီးအကျယ်အဝန်းမှာ စတုရန်းပေ ၈၀၀၀ ရှိသည်။ ဓာတ်ပုံ- Coldwell Banker)

(အလယ်ခေတ်သွင်ပြင်အတိုင်း ပုံဖော်ဆောက်လုပ်ထားသည်။ ဓာတ်ပုံ- Coldwell Banker)

(ဝန်းကျင်တောအုပ်မှ ရရှိသော သစ်များဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။ ဓာတ်ပုံ- Coldwell Banker)

(အိပ်ခန်း ၂ ခန်းပါ အဆောက်အအုံအဖြစ် ဈေးကွက်တင်လာခြင်းဖြစ်သည်။ ဓာတ်ပုံ- Coldwell Banker)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A castle nestled in an Idaho forest can be yours for $4.5M (nypost)

[Zawgyi]

အေမရိကန္ျပည္ အိုင္ဒါဟိုျပည္နယ္ရွိ ေတာအုပ္ၾကီးတစ္ခုအတြင္း တည္ရွိေသာ ရဲတုိက္ၾကီးတစ္လုံး ေဒၚလာ ၄ ဒသမ ၅ သန္းျဖင့္ ေရာင္းမည္

ေရကန္ၾကီးတစ္ခု၏ ျပာလဲ့လဲ့ေရျပင္က်ယ္ကုိ စီးမိုးေတြ႔ျမင္ရေသာ ကမ္းပါးျပတ္တစ္ခုေပၚတြင္ တည္ရွိေသာ ရဲတုိက္ၾကီးတစ္လံုးသည္ ခ်ပ္ဝတ္တန္ဆာ ေတာက္ေတာက္ပပဆင္ျမန္းထားမည့္ သူရဲေကာင္းသစ္တစ္ဦးကို ေစာင့္ၾကိဳေနသည္။

အေမရိကန္ျပည္ေထာင္စု ၊ အိုင္ဒါဟိုျပည္နယ္ ၊ Frandsen ေတာအုပ္ၾကီး၏ အစပ္တြင္ တည္ရွိျပီး စံအိမ္တစ္လံုးစာ အရြယ္အစားရွိ လူေနရဲတုိက္ၾကီးတစ္လံုး အေရာင္းေစ်းကြက္ဝင္လာရာ တစ္သီးတသန္႔ ေနထိုင္လိုသူမ်ား ဝယ္ယူပိုင္ဆိုင္ႏိုင္မည္ ျဖစ္သည္။

Von Frandsen ရဲတုိက္ဟု အမည္ေပးထားျပီး လြန္ခဲ့ေသာ ဇူလိုင္လက ကန္ေဒၚလာ ၇ သန္းျဖင့္ အေရာင္းေစ်းကြက္ တင္ခဲ့ျခင္းျဖစ္ကာ ယခုအခါ ကန္ေဒၚလာ ၄ ဒသမ ၅ သန္းသို႔ ေလွ်ာ့ခ်ေပးလိုက္ျခင္း ျဖစ္သည္။

ေက်ာ္ၾကားကာ အထင္ကရရွိေသာ ကမ္းေျခစံအိမ္ဟု ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပထားျပီး ျခံအက်ယ္ ၁၀ ဧကနီးပါးရွိကာ ကမ္းစပ္တြင္ အေဆာက္အအံုေဆာက္လုပ္ႏုိင္မည့္ ေနရာ ၂ ခု ပါဝင္သည္။

“ဒီရဲတုိက္ၾကီးဟာ အိုင္ဒါဟိုျပည္နယ္ရဲ႕ အံ့မခန္းဖြယ္အေကာင္းဆံုး ေရကန္ၾကီးေတြအနက္ တစ္ခုရဲ႕ ကမ္းေျခမွာ တည္ရွိျပီး နတ္သမီးပံုျပင္ထဲက ေနရာမ်ဳိးလိုပါပဲ”ဟု ေစ်းကြက္တင္ေပးေသာ အိမ္ျခံေျမ အက်ဳိးေဆာင္ Brenda Burk က ေျပာသည္။

Brenda Burk ႏွင့္အတူ Coldwell Banker အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Danny Davis ကလည္း ပူးတြဲ ကိုင္တြယ္ထားသည္။

“အိုင္ဒါဟိုျပည္နယ္မွာ ရဲတိုက္ဆိုတာမ်ဳိးက အမ်ားၾကီး မေတြ႔ရႏိုင္ပါဘူး။ အိုင္ဒါဟိုျပည္နယ္မွာ ရဲတုိက္တစ္လံုး ပိုင္ဆိုင္ခြင့္ရတာဟာ တစ္သက္မွာ တစ္ခါပဲ ေတြ႔ရမယ့္ အခြင့္အလမ္းပါပဲ”ဟု Danny Davis က ေျပာသည္။

(Pend Oreille ေရကန္ၾကီးကို စီးမိုးေတြ႔ျမင္ေနရသည္။ ဓာတ္ပံု- Coldwell Banker)

(အိုင္ဒါဟုိျပည္နယ္ Sandpoint ျမိဳ႕အနီးတြင္ တည္ရွိသည္။ ဓာတ္ပံု- Coldwell Banker)

(ပင္မစံအိမ္ေနာက္တြင္ တည္ရွိေသာ ျပအိုးတစ္ခု။ ဓာတ္ပံု- Coldwell Banker)

(ညစာစားခန္း။ ဓာတ္ပံု- Coldwell Banker)

အိပ္ခန္း ၂ ခန္း ၊ ေရခ်ိဳးခန္း ၃ ခန္းပါဝင္ျပီး အနီးရွိ ေတာအုပ္အတြင္းမွ ခုတ္ယူရရွိေသာ သစ္မ်ားကို သံုးကာ ထုတ္တန္းမ်ား ျပဳလုပ္ထားျပီး ကေနဒါႏိုင္ငံ ၊ British Columbia ျပည္နယ္မွ တူးေဖာ္ရရွိေသာ ႏွမ္းဖတ္ေက်ာက္မ်ားကို အသံုးျပဳထားကာ အလယ္ေခတ္ပံုစံ ပံုေဖာ္ထားေသာ လူေနေနရာ စတုရန္းေပ ၈၀၀၀ ရွိသည္။

(နန္းေတာ္တမွ် ခမ္းနားေသာ ေနရာတြင္ မည္သို႔မည္ပုံ ပရိေဘာဂထား႐ွိရမည္ကို ေဖာ္ၫႊန္းျပသထားသည္။ ဓာတ္ပုံ- Coldwell Banker)

(ရဲတုိက္ၾကီးအက်ယ္အဝန္းမွာ စတုရန္းေပ ၈၀၀၀ ရွိသည္။ ဓာတ္ပံု- Coldwell Banker)

(အလယ္ေခတ္သြင္ျပင္အတုိင္း ပံုေဖာ္ေဆာက္လုပ္ထားသည္။ ဓာတ္ပံု- Coldwell Banker)

(ဝန္းက်င္ေတာအုပ္မွ ရရွိေသာ သစ္မ်ားျဖင့္ ေဆာက္လုပ္ထားျခင္းျဖစ္သည္။ ဓာတ္ပံု- Coldwell Banker)

(အိပ္ခန္း ၂ ခန္းပါ အေဆာက္အအံုအျဖစ္ ေစ်းကြက္တင္လာျခင္းျဖစ္သည္။ ဓာတ္ပံု- Coldwell Banker)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A castle nestled in an Idaho forest can be yours for $4.5M (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...

ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...

ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Neighbourhood
royal-hill

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service