လကမ္ဘာပေါ်တွင် လမ်းလျှောက်ခဲ့သည့် ပထမဆုံးလူသား အမေရိကန်အာကာသယာဉ်မှူး နီးလ် အမ်းစထရောင်း၏ တက္ကဆပ်ပြည်နယ်မှ စံအိမ် ကန်ဒေါ်လာ ၅၅၀,၀၀၀ ဖြင့် ရောင်းမည်
လကမ္ဘာပေါ်တွင် လမ်းလျှောက်ခဲ့သည့် ပထမဆုံးလူသား အမေရိကန်အာကာသယာဉ်မှူး နီးလ် အမ်းစထရောင်း၏ တက္ကဆပ်ပြည်နယ်မှ စံအိမ် ကန်ဒေါ်လာ ၅၅၀,၀၀၀ ဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
12 Sep 2023 11:11 am တွင် တင်ခဲ့သည်
628 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
နီးလ် အမ်းစထရောင်း (မွေး ၁၉၃၀ - ကွယ်လွန် ၂၀၁၂) ၏ အမည်အပြည့်အစုံမှာ နီးလ် အယ်လ်ဒင် အမ်းစထရောင်း (Neil Alden Armstrong) ဖြစ်ပြီး အမေရိကန်အာကာသယာဉ်မှူးဖြစ်သည်။
၁၉၆၉ ခုနှစ်တွင် နီးလ် အမ်းစထရောင်းသည် Apolo 11 အာကာသယာဉ်ဖြင့် လကမ္ဘာသို့ ရောက်ရှိခဲ့ပြီး လကမ္ဘာပေါ်တွင် လမ်းလျှောက်ခဲ့သည့် ပထမဆုံးလူသားအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။
ထိုသို့ လကမ္ဘာပေါ် ခြေချခဲ့သည့် နှစ်ကာလဝန်းကျင်တွင် နီးလ် အမ်းစထရောင်း နေထိုင်ခဲ့သော နေအိမ် ကန်ဒေါ်လာ ၅၅၀၀၀၀ ဖြင့် အရောင်းဈေးကွက် ဝင်လာသည်။
တက္ကဆပ်ပြည်နယ် EL Lago မြို့တွင် တည်ရှိပြီး mid-century ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော အိမ်ဖြစ်ကာ နီးလ် အမ်းစထရောင်း နှင့် မိသားစု ၁၉၆၄ မှ ၁၉၇၁ ခုနှစ်အကြား နေထိုင်ခဲ့သည်။
နီးလ် အမ်းစထရောင်းသည် ၂၀၁၂ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၂ နှစ် ရှိပြီ ဖြစ်သည်။
နီးလ် အမ်းစထရောင်းနှင့် အခြားအာကာသယာဉ်မှူးတစ်ဦးဖြစ်သူ Ed White တို့သည် မြေကွက် ၃ ခုကို ခွဲဝေ ဝယ်ယူခဲ့ကြသည်။
ယင်းနောက် နေအိမ်များ ကပ်လျက်ဆောက်လုပ်ကာ အဆိုပါနှစ်ကာလများအတွင်း နေထိုင်ခဲ့ကြသည်။
Ed White သည် ၁၉၆၇ ခုနှစ်က Apollo 1 ၏ အာကာသခရီးစဉ် စမ်းသပ်ပျံသန်းစဉ်တွင် မီးလောင်ကာ သေဆုံးသွားခဲ့သည်။
နီးလ် အမ်းစထရောင်း၏ နေအိမ်ခြံဝန်းမှာ ဧကဝက်ခန့်ရှိပြီး စံအိမ်အတွင်း မူရင်း ကျောက်တုံးမီးလင်းဖို ၊ လှေကားလက်ရန်းများ ၊ အတိတ်ကို လွမ်းဆွတ်ဖွယ် ပန်းရောင်ရေကူးကန်ဘေးနေရာတို့ ပါဝင်ကြောင်း ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြသည်။
စံအိမ်အကျယ် စတုရန်းပေ ၃၀၀၀ ခန့်ရှိပြီး ထုတ်တန်းဖော် မျက်နှာကြက်များ ပါဝင်သော နေရောင်ခြည် ကောင်းစွာရသည့် မိသားစုနားနေခန်းနှင့် ခြံနောက်ဘက်ရေကူးကန်ကို စီးမိုးတွေ့မြင်နိုင်သော ကြီးမားသည့် ပြတင်းပေါက်ကြီးများ ပါဝင်သည်။
(စံအိမ်အကျယ် စတုရန်းပေ ၃၀၀၀ ခန့်ရှိသည်။ ဓာတ်ပုံ-Sotheby’s International Realty)
(သစ်ကြမ်းခင်းများ ၊ ကြီးမားသောတံခါးများရှိသော အဝင်ခန်းမ။ ဓာတ်ပုံ-Sotheby’s International Realty)
(ကြီးမားသော ပြတင်းများနှင့် ကျောက်တုံးမီးလင်းဖိုတို့ရှိသော ဧည့်ခန်း။ ဓာတ်ပုံ-Sotheby’s International Realty)
မီးဖိုဆောင်တွင် နံရံကပ်စင်အသစ်ဖြင့် အဆင့်မြှင့်တင်ထားသော သလင်းကျောက် စားပွဲမျက်နှာပြင်များရှိကာ မနက်စာစားရန် နေရာတစ်ခုလည်း ပါဝင်သည်။
စံအိမ်တွင် အိပ်ခန်း ၄ ခန်း ၊ ရေချိုးခန်း ၃ ခန်းနှင့် ကား ၃ စင်းဆန့် ကားဂိုဒေါင်တစ်လုံးတို့လည်း ရှိသည်။
Woodland Drive လမ်း ၊ ခြံအမှတ် ၁၀၀၃ တွင် တည်ရှိပြီး ထိုအရပ်တွင် အများသုံးရေကူးကန် ၊ ကစားကွင်းနှင့် တင်းနစ်ကွင်းများ ရှိသည်။
(နာဆာ၏ Apollo 11 အာကာသယာဉ်တွင် လိုက်ပါခဲ့ကြသည့် အာကာသယာဉ်မှူးများဖြစ်သော နီးလ် အမ်းစထရောင်း ၊ မိုက်ကယ်ကောလင်းစ်နှင့် ဘတ်ဇ် အယ်လ်ဒရင်းတို့ကို Apollo/Saturn V အာကာသယာဉ်အနီးတွေ့ရပုံ။ ဓာတ်ပုံ-NASA)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The Texas home where Neil Armstrong lived during historic moon expedition lists for $550K (nypost)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service