ဂျပန်နိုင်ငံမှ နှစ်ပေါင်း ၁၃၀၀ ကျော် သက်တမ်းရှိ ကမ္ဘာ့ရှေးအကျဆုံးဟိုတယ်
ဂျပန်နိုင်ငံမှ နှစ်ပေါင်း ၁၃၀၀ ကျော် သက်တမ်းရှိ ကမ္ဘာ့ရှေးအကျဆုံးဟိုတယ် - Property News in Myanmar from iMyanmarHouse.com
11 Sep 2023 11:14 am တွင် တင်ခဲ့သည်
553 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဂျပန်နိုင်ငံရှိ နိရှီးယမ အွန်စင်း ကဲအွန်းကန်ဟိုတယ်သည် ခရစ်တော်ပေါ်ပြီး ၇၀၅ ခုနှစ်ကတည်းက စတင်ဖွင့်လှစ် လည်ပတ်ခဲ့ခြင်းဖြစ်သည်။
(နိရှီးယမမှာ အနောက်ဘက်တောင်တန်းဟု အဓိပ္ပာယ်ရပြီး အွန်စင်းမှာ ရေပူစမ်းများဟု အဓိပ္ပာယ်ရသည်။)
ဖူဂျီတောင်အနီးတွင် တည်ရှိသော အဆိုပါဟိုတယ်သို့ တစ်နေ့တာ ဧည့်သည်များ ဝင်ရောက်လျက်ရှိကာ ကဲအွန်းကန်သည် လူ့သမိုင်းတွင် စဉ်ဆက်မပြတ် ဖွင့်လှစ်ခဲ့သော သက်တမ်းအရင့်ဆုံး ဟိုတယ်အဖြစ် ရပ်တည်လျက်ရှိသည်။
ဂျပန်နိုင်ငံ ဟွန်ရှူးကျွန်း ၊ တိုကျိုမြို့၏ အနောက်တောင်ဘက် ယမနရှိခရိုင်တွင် တည်ရှိပြီး အဆိုပါ ဟိုတယ်၏ အဓိက ဆွဲဆောင်မှုမှာ ရေပူစမ်းများ ဖြစ်သည်။
ယင်းဟိုတယ်သည် လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ ကတည်းက အရပ်အနားမရှိဘဲ ဆက်တိုက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
တည်းခိုခမှာ ယန်း ၅၂၀၀၀ (ကန်ဒေါ်လာ ၃၅၅ ခန့်) ပေးရပြီး တောင်ပေါ်ရှုမျှော်ခင်းနှင့် စမ်းချောင်းထဲတွင် ရေချိုးခွင့်များ ရရှိမည် ဖြစ်သည်။
Indoor နှင့် Outdoor နှစ်မျိုးလုံး ရေချိုးနိုင်ပြီး စမ်းရေသောက်လိုပါက သောက်သုံးနိုင်မည် ဖြစ်သည်။
ဖူဂျီးဝဒ မရှိတို့ (Fujiwarta Mahito) က ကဲအွန်းကန်ခေတ်အတွင်း ဤဟိုတယ်ကို တည်ထောင်ခဲ့ခြင်းဖြစ်သောကြောင့် ဟိုတယ်အမည်တွင် ကဲအွန်းကန် ပါဝင်လာခြင်း ဖြစ်သည်။
(မှတ်ချက်။ ခရစ်နှစ် ၇၀၄ ခုနှစ် မေလမှ ၇၀၈ ခုနှစ် ဇန်နဝါရီလအထိ ကာလကို ကဲအွန်းကန်ခေတ် ဟု ခေါ်သည်။)
ကဲအွန်းကန်ဟိုတယ်သည် ရာစုနှစ်ပေါင်းများစွာအတွင်း ရှိုဂန်များမှသည် လက်ရှိ ဂျပန်ဧကရာဇ်နာရူဟီတိုအထိ အထင်ကရ ဧည့်သည်တော်များစွာကို ဧည့်ခံပေးခဲ့သည်။
ကဲအွန်းကန်သည် ၎င်း၏ အမွေအနှစ်ကို ဂုဏ်ပြုသည့်အနေဖြင့် ရိုးရာအထိမ်းအမှတ်များ ထားရှိထားရာ လက်ရေးသင်္ကေတများနှင့် ကီမိုနိုဝတ်စုံဝတ် ဝန်ထမ်းများ ပါဝင်သည်။
ကဲအွန်းကန်သည် ရာစုနှစ်များစွာ ဖြတ်သန်းခဲ့သော ခရီးရှည်ကြီးတွင် စိန်ခေါ်မှုများမရှိဘဲ လျှောက်လှမ်းနိုင်ခဲ့သည်ကား မဟုတ်။
၂၀ ရာစု အစောပိုင်းတွင် အဆောက်အအုံကြီး မီးသင့်ခဲ့ပြီး အကြိမ်များစွာ နေရာရွှေ့ခဲ့ရသည်။
ထို့အပြင် တိုင်ဖွန်းမုန်တိုင်းများကဲ့သို့ သဘာဝ ဘေးအန္တရာယ်များလည်း ရင်ဆိုင်ရသည်။
ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်တွင် ကဲအွန်းကန်မှာ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဟိုတယ်အဖြစ် ဖော်ပြခံရသည်။
ကဲအွန်းကန်အပြင် ကမ္ဘာ့သက်တမ်းအရင့်ဆုံး အခြားနေရာတစ်ခုသို့ သွားရောက်လည်ပတ်လိုသည်ဆိုပါက ကမ္ဘာ့သက်တမ်းအရင့်ဆုံး စားသောက်ဆိုင်တစ်ခုလည်း ရှိနေသည်။
အဆိုပါ စားသောက်ဆိုင်မှာ စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် တည်ရှိပြီး Restaurante Botin ဟု အမည်ရကာ ၁၇၂၅ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Ref:The World’s Oldest Hotel Has Been Dispensing Hospitality for More Than 1300 Years (mentalfloss)
[Zawgyi]
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service