ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုတွင် ကွယ်လွန်သူ၏ အမွေစားအမွေခံများအားလုံး စုံလင်စွာ ထည့်သွင်းရမည် လူမစုံပါက အမွေပုံပစ္စည်းကို အုပ်ထိန်းရန် ဒီကရီမချနိုင်ပေ။
အမွေပုံပစ္စည်းတစ်စိတ်တစ်ဒေသမှာ သူစိမ်းလက်ထဲရောက်ရှိနေပါက ထိုသူအား အမှုသည်အဖြစ် ထည့်သွင်း ဆောင်ရွက်ရန် မလိုပါ။ ပစ္စည်းအားလုံးသူစိမ်းလက်ထဲ ရောက်ရှိနေသည့် အခြေအနေမျိုးတွင်မှု တစ်မှုထဲတွင် ပြည့်စုံစွာ ဆောင်ရွက်နိုင်ရန် အမှုသည်အဖြစ် ထည့်သွင်းရန် လိုအပ်သည်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေပစ္စည်းအားလုံးကို သားသမီးတစ်ဦးအား မိဘဖြစ်သူမှ ပေးကမ်းခြင်းပြုပါက ပျက်ပြယ်ပြီး အတည်မပြုနိုင်သလို အမွေအားလုံးအား သူစိမ်းအားပေးကမ်းခြင်းမှာလဲ ပျက်ပြယ်ကြောင်း ထုံးဖွဲ့ထားပါသည်။(ဒေါ်လွန်းပါ(၅)နှင့် ဒေါ်သိန်းရင် ၁၉၉၁ (တရားမအထူးအယူခံမှု)
အမွေဆိုင်တစ်ဦးက ကျန်အမွေဆိုင်များအပေါ် ၎င်းမှသာ အမွေပုံပစ္စည်းကို ပိုင်ဆိုင်ခွင့်ရှိကြောင်း ကြေညာပေးရန် တရားစွဲဆိုခွင့်မရှိပါ။ ထို့အပြင် အခြားအမွေဆိုင်များအပေါ် ထိုသူများ လက်ဝယ်ရှိသော ပစ္စည်းအား လက်ရောက်ရလိုကြောင်း စွဲဆိုခွင့်လဲမရှိပါ။ အမွေပစ္စည်းများကို တရားရုံးက စီမံခန့်ခွဲပေးရန်သာ တရားစွဲဆိုရမည်။
အမွေမှုများတွင် ပဏာမဒီကရီချမှတ်ပြီးနောက် ကော်မရှင်နာ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ တရားရုံးကချမှတ်သည့်အမိန့်အား အယူခံဝင်ခွင့်ရှိသည့်အမိန့် မဟုတ်ပေ။ (ဒေါ်နှစ်နှင့် ဒေါ်ချိုပါ-၉ အမှု)
ကော်မရှင်နာ၏ အစီရင်ခံစာကို အတည်ပြုလျှင်ဖြစ်စေ ပြင်ဆင်လျှင်ဖြစ်စေ တရားရုံးသည် ၎င်း၏ ဆုံးဖြတ်ချက်အတိုင်း အပြီးသတ်ဒီဂရီကို ချမှတ်မည်ဖြစ်သည်။ (ဒေါ်ခနှင့်ဒေါ်ကြင်ကြူးပါ(၂)အမှု)
ထိုအပြီးသတ်ဒီဂရီအား အယူခံဝင်ရောက်မှုရှိပြီး အယူခံရုံးက အပြီးသတ်ဒီဂရီကို ပယ်ဖျက်ခြင်းသည် ကော်မရှင်နာအစီရင်ခံစာနှင့် စပ်လျဉ်း၍ ချမှတ်ထားသည့်အမိန့်အား ပယ်ဖျက်ခြင်းပင်ဖြစ်သည်။
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ သားသမီးက ကျန်ရစ်သူမိဘထံမှ ရရန်ရှိသော အမွေဝေစုကို တောင်းဆိုရာတွင် လိင်တူမိဘ ကွယ်လွန်ခြင်းကို အကြောင်းပြု၍ ဩရသသားသမီးက ၎င်းဝေစုကို ကျန်မိဘထံ တောင်းဆိုခြင်း (သို့) ကျန်ရစ်သူ မိဘနောက်အိမ်ထောင်ပြုပါက အမွေဝေစုတောင်းခံခြင်းတို့ပြုနိုင်ပါသည်။
အမွေပုံစီမံမှုခန့်ခွဲမှု တောင်းဆိုလိုသူသည် ဝေစုအတွက် ရုံးခွန်ထမ်းဆောင်ပြီး မိမိရထိုက်သည့် သက်သာခွင့်ကို တောင်းဆိုနိုင်သည်။ တရားရုံးသည် အပြန်အလှန်တောင်းဆိုမှု(၂)မှုအား တစ်ပေါင်းတည်း စစ်ဆေး နိုင်သည်။(ဆရာဗြားပါ-၂နှင့် မောင်ကျော်ရွှန်း အမှု)
ကွယ်လွန်သူ၏ အမွေပစ္စည်းနှင့်ပတ်သက်၍ တရားစွဲဆိုသည့်အခါ ကာလစည်းကမ်းသတ် အက်ဥပ ဒေပုဒ်မ-၁၂၀အတွင်း တရားစွဲဆိုရမည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းများအား ကာလစည်းကမ်းသတ် အက်ဥပဒေပုဒ်မ-၁၄၄ ဖြင့်လည်း ကောင်း၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းဆိုလျှင် ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အမှတ်စဉ်-၁၂၀ အရလည်းကောင်း တောင်းဆိုရမည် ဖြစ်ပါသည်။
ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ-၁၂၃အရ အမွေဝေစုတောင်းဆိုရန် ကျရောက်သောအချိန်မှ (၁၂)အတွင်း တရားစွဲဆို တောင်းခံရမည်ဖြစ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
အေမြမႈႏွင့္ စပ္လ်ဥ္း၍ တရား႐ုံးစီမံခန္႔ခြဲပုံ အေၾကာင္း
အေမြပုံပစၥည္းစီမံခန္႔ခြဲေပးေစလိုမႈတြင္ ကြယ္လြန္သူ၏ အေမြစားအေမြခံမ်ားအားလုံး စုံလင္စြာ ထည့္သြင္းရမည္ လူမစုံပါက အေမြပုံပစၥည္းကို အုပ္ထိန္းရန္ ဒီကရီမခ်ႏိုင္ေပ။
အေမြပုံပစၥည္းတစ္စိတ္တစ္ေဒသမွာ သူစိမ္းလက္ထဲေရာက္႐ွိေနပါက ထိုသူအား အမႈသည္အျဖစ္ ထည့္သြင္း ေဆာင္႐ြက္ရန္ မလိုပါ။ ပစၥည္းအားလုံးသူစိမ္းလက္ထဲ ေရာက္႐ွိေနသည့္ အေျခအေနမ်ိဳးတြင္မႈ တစ္မႈထဲတြင္ ျပည့္စုံစြာ ေဆာင္႐ြက္ႏိုင္ရန္ အမႈသည္အျဖစ္ ထည့္သြင္းရန္ လိုအပ္သည္။
ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအရ အေမြပစၥည္းအားလုံးကို သားသမီးတစ္ဦးအား မိဘျဖစ္သူမွ ေပးကမ္းျခင္းျပဳပါက ပ်က္ျပယ္ၿပီး အတည္မျပဳႏိုင္သလို အေမြအားလုံးအား သူစိမ္းအားေပးကမ္းျခင္းမွာလဲ ပ်က္ျပယ္ေၾကာင္း ထုံးဖြဲ႕ထားပါသည္။(ေဒၚလြန္းပါ(၅)ႏွင့္ ေဒၚသိန္းရင္ ၁၉၉၁ (တရားမအထူးအယူခံမႈ)
အေမြဆိုင္တစ္ဦးက က်န္အေမြဆိုင္မ်ားအေပၚ ၎မွသာ အေမြပုံပစၥည္းကို ပိုင္ဆိုင္ခြင့္႐ွိေၾကာင္း ေၾကညာေပးရန္ တရားစြဲဆိုခြင့္မ႐ွိပါ။ ထို႔အျပင္ အျခားအေမြဆိုင္မ်ားအေပၚ ထိုသူမ်ား လက္ဝယ္႐ွိေသာ ပစၥည္းအား လက္ေရာက္ရလိုေၾကာင္း စြဲဆိုခြင့္လဲမ႐ွိပါ။ အေမြပစၥည္းမ်ားကို တရား႐ုံးက စီမံခန္႔ခြဲေပးရန္သာ တရားစြဲဆိုရမည္။
အေမြမႈမ်ားတြင္ ပဏာမဒီကရီခ်မွတ္ၿပီးေနာက္ ေကာ္မ႐ွင္နာ၏ အစီရင္ခံစာႏွင့္ စပ္လ်ဥ္း၍ တရား႐ုံးကခ်မွတ္သည့္အမိန္႔အား အယူခံဝင္ခြင့္႐ွိသည့္အမိန္႔ မဟုတ္ေပ။ (ေဒၚႏွစ္ႏွင့္ ေဒၚခ်ိဳပါ-၉ အမႈ)
ေကာ္မ႐ွင္နာ၏ အစီရင္ခံစာကို အတည္ျပဳလွ်င္ျဖစ္ေစ ျပင္ဆင္လွ်င္ျဖစ္ေစ တရား႐ုံးသည္ ၎၏ ဆုံးျဖတ္ခ်က္အတိုင္း အၿပီးသတ္ဒီဂရီကို ခ်မွတ္မည္ျဖစ္သည္။ (ေဒၚခႏွင့္ေဒၚၾကင္ၾကဴးပါ(၂)အမႈ)
ထိုအၿပီးသတ္ဒီဂရီအား အယူခံဝင္ေရာက္မႈ႐ွိၿပီး အယူခံ႐ုံးက အၿပီးသတ္ဒီဂရီကို ပယ္ဖ်က္ျခင္းသည္ ေကာ္မ႐ွင္နာအစီရင္ခံစာႏွင့္ စပ္လ်ဥ္း၍ ခ်မွတ္ထားသည့္အမိန္႔အား ပယ္ဖ်က္ျခင္းပင္ျဖစ္သည္။
ျမန္မာဓေလ့ထုံးတမ္းဥပေဒအရ သားသမီးက က်န္ရစ္သူမိဘထံမွ ရရန္႐ွိေသာ အေမြေဝစုကို ေတာင္းဆိုရာတြင္ လိင္တူမိဘ ကြယ္လြန္ျခင္းကို အေၾကာင္းျပဳ၍ ဩရသသားသမီးက ၎ေဝစုကို က်န္မိဘထံ ေတာင္းဆိုျခင္း (သို႔) က်န္ရစ္သူ မိဘေနာက္အိမ္ေထာင္ျပဳပါက အေမြေဝစုေတာင္းခံျခင္းတို႔ျပဳႏိုင္ပါသည္။
အေမြပုံစီမံမႈခန္႔ခြဲမႈ ေတာင္းဆိုလိုသူသည္ ေဝစုအတြက္ ႐ုံးခြန္ထမ္းေဆာင္ၿပီး မိမိရထိုက္သည့္ သက္ သာခြင့္ကို ေတာင္းဆိုႏိုင္သည္။ တရား႐ုံးသည္ အျပန္အလွန္ေတာင္းဆိုမႈ(၂)မႈအား တစ္ေပါင္းတည္း စစ္ေဆး ႏိုင္သည္။(ဆရာျဗားပါ-၂ႏွင့္ ေမာင္ေက်ာ္႐ႊန္း အမႈ)
ကြယ္လြန္သူ၏ အေမြပစၥည္းႏွင့္ပတ္သက္၍ တရားစြဲဆိုသည့္အခါ ကာလစည္းကမ္းသတ္ အက္ဥပ ေဒပုဒ္မ-၁၂၀အတြင္း တရားစြဲဆိုရမည္။
မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ားအား ကာလစည္းကမ္းသတ္ အက္ဥပေဒပုဒ္မ-၁၄၄ ျဖင့္လည္း ေကာင္း၊ ေ႐ႊ႕ေျပာင္းႏိုင္ေသာပစၥည္းဆိုလွ်င္ ကာလစည္းကမ္းသတ္အက္ဥပေဒ ပထမဇယား အမွတ္စဥ္-၁၂၀ အရလည္းေကာင္း ေတာင္းဆိုရမည္ ျဖစ္ပါသည္။
ကာလစည္းကမ္းသတ္အက္ဥပေဒပုဒ္မ-၁၂၃အရ အေမြေဝစုေတာင္းဆိုရန္ က်ေရာက္ေသာအခ်ိန္မွ (၁၂)အတြင္း တရားစြဲဆို ေတာင္းခံရမည္ျဖစ္ပါသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
iMyanmarHouse.com ၏ ဥပေဒအၾကံေပး ပညာ႐ွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com