ဥပဒေရေးရာ သိမှတ်ဖွယ်အဖြာဖြာ

ဥပဒေရေးရာ သိမှတ်ဖွယ်အဖြာဖြာ - Property Knowledge in Myanmar from iMyanmarHouse.com
10 Sep 2023 12:36 pm တွင် တင်ခဲ့သည်
462 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

အိမ်ခြံမြေနဲ့ပတ်သတ်ပြီး iMyanmarHouse.com ဆီသို့ အိမ်ခြံမြေချစ်သူများ ပေးပို့လာတဲ့ ဥပဒေရေးရာမေးခွန်းများထဲမှ သုံးခုကို ဒီတစ်ပတ်အတွက် ဖြေကြားပေးလိုက်ပါတယ်။ ဥပဒေအသိကြွယ်စေဖို့ရာ အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများကို iMyanmarHouse.com မှ အပတ်စဥ် တင်ဆက်ပေးလျက်ရှိပါတယ်။

မေးခွန်း (၁) - အမည်ငှားစနစ်ဖြင့် ဝယ်ယူခြင်း (Benami) ဘီနာမီစနစ်အရ အမည်ငှားတွင်ပိုင်ဆိုင်မှုခိုင်မာခြင်းရှိပါသလား။

ဘီနာမီ(ခ)အမည်ခံစနစ်ဖြင့်ဝယ်ယူခြင်း ဥပဒေသသည် The Trusts Act ပုဒ်မ-၈၂ ပြဌာန်းချက်များနှင့် သက်ဆိုင်ပြီး ငွေရှင်သည်ပိုင်ရှင်ဖြစ်သည်ဟု ကောက်ယူရန် မသင့်ပေ။ မိဘက သားသမီးများအတွက် ရည်စူး၍ ဝယ်ယူခြင်းများလဲရှိပြီး မြန်မာဓလေ့ထုံးတမ်းစဉ်လာအရလဲ ထိုသို့ဝယ်ယူနိုင်သည်။

ငွေရှင်က အမည်ခံ၊အမည်ငှားစနစ်ဖြင့် ဝယ်ယူပေးသူအား အပိုင်ပေးစေလိုသော ရည်ရွယ်ချက်ရှိ မရှိလဲ ကြည့်ရှုရသည်။ သားသမီးများနှင့်မိဘ အမည်ငှားစနစ်ဖြင့် ဝယ်စေလိုခြင်းတွင် အပိုင်ပေးလို၍ ငွေထုတ်ပေး ခြင်းသက်သက်ပင် ဖြစ်သည်။

ပစ္စည်းတစ်ခုကိုဝယ်ယူရာတွင် အမှန်တကယ်အမည်ငှားဖြင့် ဝယ်ယူခြင်းဟုတ်မဟုတ်မှာ အကြောင်းအခြင်းရာပြဿနာတစ်ခုပင်ဖြစ်ပါသည်။ အမှုဖြစ်စဉ်ပေါ်မူတည်ကာ အမည်ငှားဖြင့်ပစ္စည်းအား ဝယ်ယူခြင်းဟုတ် မဟုတ် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဒေါ်အေးတင်ပါ-၂ နှင့် ဦးခေးဝှက်(ခ)ဦးစိန်တင်အမှု (၁၉၉၃ခုနှစ်၊မြန်မာနိုင်ငံ တရားစီရင်ထုံး၊စာ-၈၁)တွင် ထုံးဖွဲ့ထားပါသည်။

ပစ္စည်းအား အမည်ငှား၏ အကျိုးအတွက် ငွေစိုက်ထုတ်ပေးသူက ဝယ်ယူခြင်းမဟုတ်လျှင် အမည်ငှားမှ ထိုပစ္စည်းအား ခေတ္တလက်ရှိထားခြင်းပင်ဖြစ်ပြီး အမှန်တကယ် ငွေပေးချေသူအား ပြန်လည်ပေးအပ်ရန် တာဝန်ရှိပါသည်။ အမည်ငှားအမည်ဖြင့် စာချုပ်ချုပ်ဆိုပါက ငွေပေးချေသူ၏ အမည်ကို စာချုပ်တွင် ဖော်ပြရန် အကြောင်းမရှိပေ။ (ဒေါ်ကြည်ခင်နှင့် ဦးမင်းငွေဝင်းပါ-၂) အဆိုပါအမှုတွင် တရားလိုများ အကျိုးငှာ တရား ပြိုင်က အချင်းဖြစ်အိမ်အား အမည်ငှားစနစ်ဖြင့် ဝယ်ယူသည်ဆိုသော်လည်း စာချုပ်တွင် တရားလိုများမှာပါ ဝယ်ယူသူအနေဖြင့် အမည်ပါဝင်ရန် မသင့်ကြောင်း ဆုံးဖြတ်ထားသည်။

ဘီနာမီစနစ်ဖြင့် ပစ္စည်းအား ဝယ်ယူကြောင်း သက်သေခံချက်များ ထင်ရှားပါက တရားမမှုဖြစ်ပေါ် လာသည့်အခါ အမည်ခံ၊ အမည်ငှားစနစ်ဖြင့် ဝယ်ယူခြင်းဖြစ်ကြောင်း မြွက်ဟဒီကရီ အမိန့်ကို တရားရုံးမှ ချမှတ် ပေးမည်ဖြစ်ပါသည်။

ဘီနာမီ(ခ)အမည်ငှားဖြင့် အရာင်းအဝယ်ပြုလုပ်ခြင်းဟုတ်မဟုတ် ဆုံးဖြတ်ခြင်းကို ဒေါ်အစူရာဘီ(ခ) ဒေါ်ချစ်တီးယား နှင့် ဒေါ်ဖာတူး(ခ)ဒေါ်မြမြဝင်းအမှု (၁၉၆၉ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၁၄၈)ပါ အမှုတွင် တွေ့ရှိနိုင်ပါသည်။

ထို့ကြောင့် အမည်ငှားစနစ်ဖြင့် ဝယ်ယူခြင်း မှန်ပါက အမည်ငှားမှာ ပစ္စည်းအား ပိုင်ဆိုင်မှု( မခိုင်မာပါ) ပိုင်ရှင် ဖြစ်မလာပေ။ ငွေထုတ်ပေးသူ ဝယ်ယူသူမှာလဲ ခိုင်လုံသောအကြောင်းပြချက်ဖြင့် အမည်ငှားစနစ်ဖြင့် ဝယ်ယူခြင်းဖြစ်ကြောင်း သက်သေခံဖြစ်စေမည့် အထောက်အထားများ ရယူထားသင့်သည့်အပြင် ပစ္စည်း ပိုင်ဆိုင်မှု အား မိမိလက်ဝယ်တွင်သာထားရှိရမည်။ မရွှေ့မပြောင်းနိုင်သော ပစ္စည်းအား အမည်ငှားစနစ်ဖြင့် ဝယ်ယူခြင်းဖြစ်ပါက ပိုမို၍ သတိထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၂) - ၀ယ်ယူမည့်မြေ၏ ဂရန်အမည်ပေါက်နှင့် မြေပုံရာဇဝင်မှတ်တမ်းတွင် အမည်သတ်ပုံ လွဲမှားနေပါက မည်သို့ဆောင်ရွက်နိုင်ပါသလဲ။

 

မြေကွက်များ အရောင်းအဝယ်ပြုလုပ်မည်ဆိုပါက မြေကွက်ရောင်းချလိုသူ အမည်ပေါက်ပိုင်ရှင်မှ (၁)နှစ်အတွင်း အရောင်းမြေပုံထုတ်ယူထားရှိရန် လိုအပ်ပါတယ်။ ထိုသို့အရောင်းမြေပုံထုတ်ယူရာတွင် ဂရန်အမည်ပေါက်နှင့် မြေပုံရာဇဝင်မှတ်တမ်းမှာ ရောင်းချသူ၏ မှတ်ပုံတင်ပါ အမည်နှင့် အမည်သတ်ပုံ လွဲမှား နေကြောင်း ဝယ်ယူသူမှ တွေ့ရှိပါက ပြုပြင်ထုတ်ယူပေးရန် တောင်းဆိုရပါမည်။

အမည်ပေါက် ဂရန်သတ်ပုံမှားယွင်းသည့်အတိုင်း အရောင်းအဝယ်ပြုမိပါက မိမိဂရန်အမည်ပြောင်း ဆောင်ရွက်သည့်အချိန်တွင် ကြန့်ကြာကာ သတ်ပုံမှားယွင်းမှုအတွက်ပါ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။

တချို့မှာ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်လွှဲမှားသည့်အတွက် ဂရန်တွင် သတ်ပုံလွှဲမှားခြင်း၊ အကြောင်းကြောင်းကြောင့် ဂရန်မှာ အမည်မှန်နှင့် လွှဲခြင်းများ ဖြစ်ပေါ်နေပါက အမည်ပေါက်လျှောက်ထား သူမှာ ကျမ်းကျိန်လွှာဖြင့် ဖြေရှင်းဆောင်ရွက်ရမည်။

ထို့အပြင် ကျမ်းကျိန်လွှာနှင့်အတူ နိုင်ငံသားမှတ်ပုံတင်အမှတ်မှာ ဥပမာ ဦးမိုးမဟုတ်ဘဲ ဦးစိုး ဖြစ်ကြောင်း၊ အမည်သတ်ပုံ လွှဲမှားမှုအတွက် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံစာနှင့် လဝက ထောက်ခံချက် ပူးတွဲတင်ပြရန် လိုအပ်သည်။ ဌာနမှ အဆိုပါဂရန်မြေကွက်အား ကွင်းဆင်း စစ်ဆေးခြင်း များပြုပြီး ကန့်ကွက်သူရှိမရှိ သတင်းစာကြေငြာကာ ကန့်ကွက်သူမရှိမှ ဆက်လက် ဆောင်ရွက်ပါတယ်။

မြို့တော်စည်ပင် သာယာရေးကော်မတီ ၊ မြေယာဌာနမှ အမည်ပေါက်ပိုင်ရှင်တင်ပြသည့် ပူးတွဲပါ အထောက်အထားများ၊ ကန့်ကွက်သူ အရှုပ်အရှင်းကင်းကြောင်း မှတ်တမ်းများဖြင့် ဌာနအတွင်း အစည်းအဝေး ဆုံးဖြတ်ပြီးမှသာ ဂရန်အမည်ပေါက်၊ မြေပုံမြေရာဇဝင် သတ်ပုံလွှဲမှားခြင်းအား စာရင်းမှတ်တမ်းတွင် ပြန်လည် ပြင်ဆင်ကာ စာရင်းပြုစုပြီး အမှားပြင်ဆင်ပေးမည် ဖြစ်ပါသည်။

 

မေးခွန်း (၃) - အိမ်ခြံမြေ ဝယ်ယူရာတွင် ရောင်းချသူ၏ နိုင်ငံသားစိစစ်ရေးကတ်ကို တိုက်ဆိုင်စိစစ်ရန်လိုအပ်ပါသလား။

 

အိမ်ခြံမြေ ဝယ်ယူရာတွင် အရောင်းအဝယ်မပြုမီ စရန်ငွေမချခင် စာရွက်စာတမ်းမူရင်းများအား ကြည့်ရှု စစ်ဆေးရမည်ဖြစ်ကာ စည်ပင်သာယာရေးမြေယာကော်မတီဌာနတွင် မိမိအရောင်းအဝယ်ပြုလိုသော မြေကွက် အား မှတ်တမ်းနှင့် မှန်မမှန် စုံစမ်းစစ်ဆေးမှုပြုရပါမည်။ ထိုမှသာ မြေကွက်မှာ ကန့်ကွက်သူရှိမရှိ၊ အရှုပ်အရှင်း ကင်းမကင်း သိရှိနိုင်မည် ဖြစ်ပါသည်။

ထိုသို့စစ်ဆေးရာတွင် မြေကွက်၏ စာရွက်စာတမ်း အဆက်အစပ်များအား တိုက်ဆိုင်မေးမြန်း မှုပြုရန်လိုအပ်ပြီး မြေကွက်၏ သမိုင်းကြောင်းအား သိရှိထားရပါမည်။ ထို့အပြင် ယခုမြေကွက်မှာ အမည်ပေါက် သူမှ ရောင်းချခြင်းမဟုတ်ပါက အမွေဆက်ခံခွင့် တရားရုံးအမိန့်ဖြင့် ရောင်းချခြင်းလား။ မိသားစုစီမံမှု မှတ်ပုံတင် စာချုပ်အရ ရောင်းချခြင်းလား တတ်ကျွမ်းနားလည်သူများအား စာရွက်စာတမ်းများပြသ တိုင်ပင် ဆွေးနွေးကာ ဝယ်ယူသင့်ပါသည်။

စရန်ပေးစာချုပ်ချုပ်ဆိုပြီးပါကလဲ ယခုအရောင်းအဝယ်နှင့်ပတ်သတ်၍ ကန့်ကွက်ရန်ရှိမရှိ နိုင်ငံပိုင် နေ့စဉ်ထုတ်သတင်းစာတွင် ကြေငြာခြင်းများ ပြုရပါမည်။ ကန့်ကွက်သူမရှိမှသာ အပြီးသတ်ငွေချေခြင်း ဆက် လက် ဆောင်ရွက်ရပါမည်။

အရောင်းအဝယ်မှားယွင်းမှု မဖြစ်စေရန်အတွက် ရောင်းချသူ နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စု စာရင်းများပါ ပူးတွဲတိုက်ဆိုင် စစ်ဆေးမှုပြုရန် မမေ့သင့်ပေ။ စာရွက်စာတမ်းများ အတုဖန်တီးတတ်သလို၊ အမည်ပေါက်ပိုင်ရှင်နေရာအား ဟန်ဆောင် သဏ္ဟာန်တူ သရုပ်ဆောင် ရောင်းချခြင်းများလဲ ရှိနိုင်သည့်အတွက် အရောင်းမြေပုံတစ်စောင်သာ သတ်မှတ်ကာလအတွင်း ချက်ခြင်း ထုတ်ခိုင်းလိုက်ပါ။ မိမိအနေနဲ့ကတော့ ရောင်းမှားဝယ်မှားမဖြစ်စေရေးအတွက် ထိုက်သင့်တဲ့ စေ့စပ်သေချာမှုရှိရန် လိုအပ်ပါကြောင်း ဖြေဆိုရေးသား ပေးလိုက်ပါတယ်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဥပေဒေရးရာ သိမွတ္ဖြယ္အျဖာျဖာ

အိမ္ျခံေျမနဲ႔ပတ္သတ္ၿပီး iMyanmarHouse.com ဆီသို႔ အိမ္ျခံေျမခ်စ္သူမ်ား ေပးပို႔လာတဲ့ ဥပေဒေရးရာေမးခြန္းမ်ားထဲမွ သုံးခုကို ဒီတစ္ပတ္အတြက္ ေျဖၾကားေပးလိုက္ပါတယ္။ ဥပေဒအသိႂကြယ္ေစဖို႔ရာ အိမ္ျခံေျမဥပေဒဆိုင္ရာ အေမးအေျဖမ်ားကို iMyanmarHouse.com မွ အပတ္စဥ္ တင္ဆက္ေပးလ်က္႐ွိပါတယ္။

 

ေမးခြန္း (၁) - အမည္ငွားစနစ္ျဖင့္ ဝယ္ယူျခင္း (Benami) ဘီနာမီစနစ္အရ အမည္ငွားတြင္ပိုင္ဆိုင္မႈခိုင္မာျခင္း႐ွိပါသလား။

 

ဘီနာမီ(ခ)အမည္ခံစနစ္ျဖင့္ဝယ္ယူျခင္း ဥပေဒသသည္ The Trusts Act ပုဒ္မ-၈၂ ျပဌာန္းခ်က္မ်ားႏွင့္ သက္ဆိုင္ၿပီး ေငြ႐ွင္သည္ပိုင္႐ွင္ျဖစ္သည္ဟု ေကာက္ယူရန္ မသင့္ေပ။ မိဘက သားသမီးမ်ားအတြက္ ရည္စူး၍ ဝယ္ယူျခင္းမ်ားလဲ႐ွိၿပီး ျမန္မာဓေလ့ထုံးတမ္းစဥ္လာအရလဲ ထိုသို႔ဝယ္ယူႏိုင္သည္။

ေငြ႐ွင္က အမည္ခံ၊အမည္ငွားစနစ္ျဖင့္ ဝယ္ယူေပးသူအား အပိုင္ေပးေစလိုေသာ ရည္႐ြယ္ခ်က္႐ွိ မ႐ွိလဲ ၾကည့္႐ႈရသည္။ သားသမီးမ်ားႏွင့္မိဘ အမည္ငွားစနစ္ျဖင့္ ဝယ္ေစလိုျခင္းတြင္ အပိုင္ေပးလို၍ ေငြထုတ္ေပး ျခင္းသက္သက္ပင္ ျဖစ္သည္။

ပစၥည္းတစ္ခုကိုဝယ္ယူရာတြင္ အမွန္တကယ္အမည္ငွားျဖင့္ ဝယ္ယူျခင္းဟုတ္မဟုတ္မွာ အေၾကာင္းအျခင္းရာျပႆနာတစ္ခုပင္ျဖစ္ပါသည္။ အမႈျဖစ္စဥ္ေပၚမူတည္ကာ အမည္ငွားျဖင့္ပစၥည္းအား ဝယ္ယူျခင္းဟုတ္ မဟုတ္ ဆုံးျဖတ္ရမည္ျဖစ္ေၾကာင္း ေဒၚေအးတင္ပါ-၂ ႏွင့္ ဦးေခးဝွက္(ခ)ဦးစိန္တင္အမႈ (၁၉၉၃ခုႏွစ္၊ျမန္မာႏိုင္ငံ တရားစီရင္ထုံး၊စာ-၈၁)တြင္ ထုံးဖြဲ႕ထားပါသည္။

ပစၥည္းအား အမည္ငွား၏ အက်ိဳးအတြက္ ေငြစိုက္ထုတ္ေပးသူက ဝယ္ယူျခင္းမဟုတ္လွ်င္ အမည္ငွားမွ ထိုပစၥည္းအား ေခတၱလက္႐ွိထားျခင္းပင္ျဖစ္ၿပီး အမွန္တကယ္ ေငြေပးေခ်သူအား ျပန္လည္ေပးအပ္ရန္ တာဝန္႐ွိပါသည္။ အမည္ငွားအမည္ျဖင့္ စာခ်ဳပ္ခ်ဳပ္ဆိုပါက ေငြေပးေခ်သူ၏ အမည္ကို စာခ်ဳပ္တြင္ ေဖာ္ျပရန္ အေၾကာင္းမ႐ွိေပ။ (ေဒၚၾကည္ခင္ႏွင့္ ဦးမင္းေငြဝင္းပါ-၂) အဆိုပါအမႈတြင္ တရားလိုမ်ား အက်ိဳးငွာ တရား ၿပိဳင္က အခ်င္းျဖစ္အိမ္အား အမည္ငွားစနစ္ျဖင့္ ဝယ္ယူသည္ဆိုေသာ္လည္း စာခ်ဳပ္တြင္ တရားလိုမ်ားမွာပါ ဝယ္ယူသူအေနျဖင့္ အမည္ပါဝင္ရန္ မသင့္ေၾကာင္း ဆုံးျဖတ္ထားသည္။

ဘီနာမီစနစ္ျဖင့္ ပစၥည္းအား ဝယ္ယူေၾကာင္း သက္ေသခံခ်က္မ်ား ထင္႐ွားပါက တရားမမႈျဖစ္ေပၚ လာသည့္အခါ အမည္ခံ၊ အမည္ငွားစနစ္ျဖင့္ ဝယ္ယူျခင္းျဖစ္ေၾကာင္း ႁမြက္ဟဒီကရီ အမိန္႔ကို တရား႐ုံးမွ ခ်မွတ္ ေပးမည္ျဖစ္ပါသည္။

ဘီနာမီ(ခ)အမည္ငွားျဖင့္ အရာင္းအဝယ္ျပဳလုပ္ျခင္းဟုတ္မဟုတ္ ဆုံးျဖတ္ျခင္းကို ေဒၚအစူရာဘီ(ခ) ေဒၚခ်စ္တီးယား ႏွင့္ ေဒၚဖာတူး(ခ)ေဒၚျမျမဝင္းအမႈ (၁၉၆၉ခုႏွစ္၊ ျမန္မာႏိုင္ငံတရားစီရင္ထုံး၊ စာ-၁၄၈)ပါ အမႈတြင္ ေတြ႕႐ွိႏိုင္ပါသည္။

ထို႔ေၾကာင့္ အမည္ငွားစနစ္ျဖင့္ ဝယ္ယူျခင္း မွန္ပါက အမည္ငွားမွာ ပစၥည္းအား ပိုင္ဆိုင္မႈ( မခိုင္မာပါ) ပိုင္႐ွင္ ျဖစ္မလာေပ။ ေငြထုတ္ေပးသူ ဝယ္ယူသူမွာလဲ ခိုင္လုံေသာအေၾကာင္းျပခ်က္ျဖင့္ အမည္ငွားစနစ္ျဖင့္ ဝယ္ယူျခင္းျဖစ္ေၾကာင္း သက္ေသခံျဖစ္ေစမည့္ အေထာက္အထားမ်ား ရယူထားသင့္သည့္အျပင္ ပစၥည္း ပိုင္ဆိုင္မႈ အား မိမိလက္ဝယ္တြင္သာထား႐ွိရမည္။ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းအား အမည္ငွားစနစ္ျဖင့္ ဝယ္ယူျခင္းျဖစ္ပါက ပိုမို၍ သတိထား ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

 

ေမးခြန္း (၂) - ၀ယ္ယူမည့္ေျမ၏ ဂရန္အမည္ေပါက္ႏွင့္ ေျမပုံရာဇဝင္မွတ္တမ္းတြင္ အမည္သတ္ပုံ လြဲမွားေနပါက မည္သို႔ေဆာင္႐ြက္ႏိုင္ပါသလဲ။

ေျမကြက္မ်ား အေရာင္းအဝယ္ျပဳလုပ္မည္ဆိုပါက ေျမကြက္ေရာင္းခ်လိုသူ အမည္ေပါက္ပိုင္႐ွင္မွ (၁)ႏွစ္အတြင္း အေရာင္းေျမပုံထုတ္ယူထား႐ွိရန္ လိုအပ္ပါတယ္။ ထိုသို႔အေရာင္းေျမပုံထုတ္ယူရာတြင္ ဂရန္အမည္ေပါက္ႏွင့္ ေျမပုံရာဇဝင္မွတ္တမ္းမွာ ေရာင္းခ်သူ၏ မွတ္ပုံတင္ပါ အမည္ႏွင့္ အမည္သတ္ပုံ လြဲမွား ေနေၾကာင္း ဝယ္ယူသူမွ ေတြ႕႐ွိပါက ျပဳျပင္ထုတ္ယူေပးရန္ ေတာင္းဆိုရပါမည္။

အမည္ေပါက္ ဂရန္သတ္ပုံမွားယြင္းသည့္အတိုင္း အေရာင္းအဝယ္ျပဳမိပါက မိမိဂရန္အမည္ေျပာင္း ေဆာင္႐ြက္သည့္အခ်ိန္တြင္ ၾကန္႔ၾကာကာ သတ္ပုံမွားယြင္းမႈအတြက္ပါ ေျဖ႐ွင္းေဆာင္႐ြက္ရမည္ျဖစ္ပါသည္။

တခ်ိဳ႕မွာ အိမ္ေထာင္စုစာရင္းႏွင့္ မွတ္ပုံတင္လႊဲမွားသည့္အတြက္ ဂရန္တြင္ သတ္ပုံလႊဲမွားျခင္း၊ အေၾကာင္းေၾကာင္းေၾကာင့္ ဂရန္မွာ အမည္မွန္ႏွင့္ လႊဲျခင္းမ်ား ျဖစ္ေပၚေနပါက အမည္ေပါက္ေလွ်ာက္ထား သူမွာ က်မ္းက်ိန္လႊာျဖင့္ ေျဖ႐ွင္းေဆာင္႐ြက္ရမည္။

ထို႔အျပင္ က်မ္းက်ိန္လႊာႏွင့္အတူ ႏိုင္ငံသားမွတ္ပုံတင္အမွတ္မွာ ဥပမာ ဦးမိုးမဟုတ္ဘဲ ဦးစိုး ျဖစ္ေၾကာင္း၊ အမည္သတ္ပုံ လႊဲမွားမႈအတြက္ သက္ဆိုင္ရာရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ေထာက္ခံစာႏွင့္ လဝက ေထာက္ခံခ်က္ ပူးတြဲတင္ျပရန္ လိုအပ္သည္။ ဌာနမွ အဆိုပါဂရန္ေျမကြက္အား ကြင္းဆင္း စစ္ေဆးျခင္း မ်ားျပဳၿပီး ကန္႔ကြက္သူ႐ွိမ႐ွိ သတင္းစာေၾကျငာကာ ကန္႔ကြက္သူမ႐ွိမွ ဆက္လက္ ေဆာင္႐ြက္ပါတယ္။

ၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီ ၊ ေျမယာဌာနမွ အမည္ေပါက္ပိုင္႐ွင္တင္ျပသည့္ ပူးတြဲပါ အေထာက္အထားမ်ား၊ ကန္႔ကြက္သူ အ႐ႈပ္အ႐ွင္းကင္းေၾကာင္း မွတ္တမ္းမ်ားျဖင့္ ဌာနအတြင္း အစည္းအေဝး ဆုံးျဖတ္ၿပီးမွသာ ဂရန္အမည္ေပါက္၊ ေျမပုံေျမရာဇဝင္ သတ္ပုံလႊဲမွားျခင္းအား စာရင္းမွတ္တမ္းတြင္ ျပန္လည္ ျပင္ဆင္ကာ စာရင္းျပဳစုၿပီး အမွားျပင္ဆင္ေပးမည္ ျဖစ္ပါသည္။

 

 

ေမးခြန္း (၃) - အိမ္ျခံေျမ ဝယ္ယူရာတြင္ ေရာင္းခ်သူ၏ ႏိုင္ငံသားစိစစ္ေရးကတ္ကို တိုက္ဆိုင္စိစစ္ရန္လိုအပ္ပါသလား။

အိမ္ျခံေျမ ဝယ္ယူရာတြင္ အေရာင္းအဝယ္မျပဳမီ စရန္ေငြမခ်ခင္ စာ႐ြက္စာတမ္းမူရင္းမ်ားအား ၾကည့္႐ႈ စစ္ေဆးရမည္ျဖစ္ကာ စည္ပင္သာယာေရးေျမယာေကာ္မတီဌာနတြင္ မိမိအေရာင္းအဝယ္ျပဳလိုေသာ ေျမကြက္ အား မွတ္တမ္းႏွင့္ မွန္မမွန္ စုံစမ္းစစ္ေဆးမႈျပဳရပါမည္။ ထိုမွသာ ေျမကြက္မွာ ကန္႔ကြက္သူ႐ွိမ႐ွိ၊ အ႐ႈပ္အ႐ွင္း ကင္းမကင္း သိ႐ွိႏိုင္မည္ ျဖစ္ပါသည္။

ထိုသို႔စစ္ေဆးရာတြင္ ေျမကြက္၏ စာ႐ြက္စာတမ္း အဆက္အစပ္မ်ားအား တိုက္ဆိုင္ေမးျမန္း မႈျပဳရန္လိုအပ္ၿပီး ေျမကြက္၏ သမိုင္းေၾကာင္းအား သိ႐ွိထားရပါမည္။ ထို႔အျပင္ ယခုေျမကြက္မွာ အမည္ေပါက္ သူမွ ေရာင္းခ်ျခင္းမဟုတ္ပါက အေမြဆက္ခံခြင့္ တရား႐ုံးအမိန္႔ျဖင့္ ေရာင္းခ်ျခင္းလား။ မိသားစုစီမံမႈ မွတ္ပုံတင္ စာခ်ဳပ္အရ ေရာင္းခ်ျခင္းလား တတ္ကြၽမ္းနားလည္သူမ်ားအား စာ႐ြက္စာတမ္းမ်ားျပသ တိုင္ပင္ ေဆြးေႏြးကာ ဝယ္ယူသင့္ပါသည္။

စရန္ေပးစာခ်ဳပ္ခ်ဳပ္ဆိုၿပီးပါကလဲ ယခုအေရာင္းအဝယ္ႏွင့္ပတ္သတ္၍ ကန္႔ကြက္ရန္႐ွိမ႐ွိ ႏိုင္ငံပိုင္ ေန႔စဥ္ထုတ္သတင္းစာတြင္ ေၾကျငာျခင္းမ်ား ျပဳရပါမည္။ ကန္႔ကြက္သူမ႐ွိမွသာ အၿပီးသတ္ေငြေခ်ျခင္း ဆက္ လက္ ေဆာင္႐ြက္ရပါမည္။

အေရာင္းအဝယ္မွားယြင္းမႈ မျဖစ္ေစရန္အတြက္ ေရာင္းခ်သူ ႏိုင္ငံသားစိစစ္ေရးကတ္၊ အိမ္ေထာင္စု စာရင္းမ်ားပါ ပူးတြဲတိုက္ဆိုင္ စစ္ေဆးမႈျပဳရန္ မေမ့သင့္ေပ။ စာ႐ြက္စာတမ္းမ်ား အတုဖန္တီးတတ္သလို၊ အမည္ေပါက္ပိုင္႐ွင္ေနရာအား ဟန္ေဆာင္ သဏ္ဟာန္တူ သ႐ုပ္ေဆာင္ ေရာင္းခ်ျခင္းမ်ားလဲ ႐ွိႏိုင္သည့္အတြက္ အေရာင္းေျမပုံတစ္ေစာင္သာ သတ္မွတ္ကာလအတြင္း ခ်က္ျခင္း ထုတ္ခိုင္းလိုက္ပါ။ မိမိအေနနဲ႔ကေတာ့ ေရာင္းမွားဝယ္မွားမျဖစ္ေစေရးအတြက္ ထိုက္သင့္တဲ့ ေစ့စပ္ေသခ်ာမႈ႐ွိရန္ လိုအပ္ပါေၾကာင္း ေျဖဆိုေရးသား ေပးလိုက္ပါတယ္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
7Mile Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service