လုပ်ကြံခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီ စီးခဲ့သော မော်တော်ကားနှင့် ပရလောက ဖြစ်ရပ်ဆန်း

လုပ်ကြံခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီ စီးခဲ့သော မော်တော်ကားနှင့် ပရလောက ဖြစ်ရပ်ဆန်း - Property Knowledge in Myanmar from iMyanmarHouse.com
7 Sep 2023 12:11 pm တွင် တင်ခဲ့သည်
933 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

ဂျွန်အက်ဖ် ကနေဒီ (မွေး ၁၉၁၇ - ကွယ်လွန် ၁၉၆၃) ကို အတိုကောက်အားဖြင့် JFK ဟု လူသိများသည်။

အမေရိကန်ပြည်ထောင်စု၏ ၃၅ ဆက်မြောက် သမ္မတအဖြစ် ၁၉၆၁ ခုနှစ်မှသည် လုပ်ကြံသတ်ဖြတ်ခံရချိန် ၁၉၆၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

 

 

 

(လုပ်ကြံသတ်ဖြတ်ခံရခြင်း)

 

သမ္မတကနေဒီသည် တက္ကဆပ်ပြည်နယ် ၊ ဒါးလက်စ်မြို့သို့ ခရီးထွက်စဉ် ဒါးလက်စ်မြို့လယ်သို့ သမ္မတ မော်တော်ယာဉ်တန်းနှင့် နေ့လည် ၁၂း၃၀ အချိန်တွင် ရောက်ရှိခဲ့ချိန်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။

နောက်ကျောသို့ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ကျည်ဆံမှာ လည်ပင်းမှ ဖောက်ထွက်သွားခဲ့သည်။

သမ္မတ ကနေဒီကို အရေးပေါ်ကုသမှုပေးရန် Parkland ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း မိနစ် ၃၀ အကြာ မွန်းလွဲ ၁ နာရီတွင် သေဆုံးသွားခဲ့သည်။

ကနေဒီသည် သမ္မတအဖြစ် ၁၀၃၆ ရက် တာဝန်ထမ်းဆောင်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၄၆ နှစ်သာ ရှိသေးသည်။

 

 

 

(သရဲခြောက်သော မော်တော်ကား)

 

ဒါးလက်စ်မြို့တွင် လုပ်ကြံခံရစဉ် သမ္မတကနေဒီ စီးခဲ့သောကားမှာ Lincoln Limousine ဖြစ်သည်။

သမ္မတကနေဒီ လုပ်ကြံခံရပြီးနောက် အဆိုပါကားကို နှစ်ပေါင်းများစွာ ဆက်လက်အသုံးပြုခဲ့သည်။

ထူးခြားသည့်အချက်မှာ ထိုကားကို အနားပေးပြီး မီချီဂန်ပြည်နယ်ရှိ ဟင်နရီဖို့ဒ် ပြတိုက်တွင် ပြသခဲ့ချိန်၌ ပြတိုက်သို့ လာရောက်လည်ပတ်သူများက ထိုကားတွင် ခြောက်ခြားဖွယ်ရာ ပရလောက ဖြစ်ရပ်များနှင့် ကြုံတွေ့ခဲ့ရသည်။

ထိုကားဝန်းကျင်တွင် ပရလောကသားတစ်ဦး ရှိနေကြောင်း ပြတိုက်သို့ လည်ပတ်ဖူးသူများစွာက ပြောကြသည်။

ကားဘေးတွင် မီးခိုရောင်ဝတ်စုံဖြင့် အမျိုးသားတစ်ဦးရပ်နေသည်ကို တွေ့ရကြောင်း ကောလာဟလများစွာ ရှိသည်။

 

 

အချို့သူတို့ကမူ ရိုးရိုးအရိပ်တစ်ခု (သို့မဟုတ်) အလင်းရောင်၏ လှည့်စားမှု ဖြစ်နိုင်ကြောင်း ပြောကြသည်။

သို့သော် သမ္မတ ကနေဒီ လုပ်ကြံခံခဲ့ရသည့် နိုဝင်ဘာလသို့ ရောက်လျှင် အဆိုပါ မီးခိုးရောင် တစ္ဆေကို မြင်တွေ့ရသူ ပိုမိုများပြားလာလေ့ရှိသည်။

သမ္မတ ကနေဒီ လုပ်ကြံခံခဲ့ရသည်မှာ နိုဝင်ဘာလ ၂၂ ရက်နေ့ဖြစ်သည်။

 

(သမ္မတ ဂျွန်အက်ဖ် ကနေဒီ စီးခဲ့သော Lincoln Continental Limousine ကားကို ၁၉၆၁ ခုနှစ် ဇွန်လက ရိုက်ကူးခဲ့သော ဓာတ်ပုံ။ ဓာတ်ပုံ-AP)

သမ္မတ ကနေဒီ နောက်ဆုံးစီးခဲ့သောကားကို သတင်းမီဒီယာတို့က မရဏကားဟု အမည်ပေးခဲ့ကြသည်။

Four-door convertible ဖြစ်ပြီး မီချီဂန်ပြည်နယ် Wixom မြို့ရှိ ဖို့ဒ်ကုမ္ပဏီ၏ စက်ရုံတွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

သမ္မတအိမ်ဖြူတော်က ဤကားကို ဖို့ဒ်ကုမ္ပဏီထံမှ တစ်နှစ်လျှင် ဒေါ်လာ ၅၀၀ ဖြင့် ငှားရမ်းခဲ့ပြီးနောက် ဒေါ်လာ ၂၀၀၀၀၀ သုံးစွဲကာ အိုဟိုင်းအိုးပြည်နယ် ၊ စင်စင်နတီမြို့ရှိ Hess and Eisenhardt စက်ရုံတွင် အထူးပြန်လည် မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

ထိုစက်ရုံသည် အင်္ဂလန်ဘုရင်မကြီးအပါအဝင် ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်များ၏ မော်တော်ကားများကို အထူးပြန်လည် မွမ်းမံပေးခဲ့ဖူးသည်။

သမ္မတ ကနေဒီ၏ ယခုကားကို Secret Service အဖွဲ့က SS-100-X နှင့် X-100 ဟူ၍ လျှို့ဝှက်အမည်များ ပေးထားသည်။

 

(Specification )

Colour-Black အမြင့်-5.083 ft အကျယ်-6.667ft အလျား-21ft အလေးချိန်-ပေါင် ၉၈၀၀ လိုင်စင်နံပါတ်-၁၇၇၆

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: President Kennedy’s Lincoln Limousine

 

 

 

[Zawgyi]

လုပ္ၾကံခံခဲ့ရေသာ အေမရိကန္သမၼတ ဂၽြန္အက္ဖ္ ကေနဒီ စီးခဲ့ေသာ ေမာ္ေတာ္ကားႏွင့္ ပရေလာက ျဖစ္ရပ္ဆန္း

ဂၽြန္အက္ဖ္ ကေနဒီ (ေမြး ၁၉၁၇ - ကြယ္လြန္ ၁၉၆၃) ကို အတိုေကာက္အားျဖင့္ JFK ဟု လူသိမ်ားသည္။

အေမရိကန္ျပည္ေထာင္စု၏ ၃၅ ဆက္ေျမာက္ သမၼတအျဖစ္ ၁၉၆၁ ခုႏွစ္မွသည္ လုပ္ၾကံသတ္ျဖတ္ခံရခ်ိန္ ၁၉၆၃ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့သည္။

(လုပ္ၾကံသတ္ျဖတ္ခံရျခင္း)

သမၼတကေနဒီသည္ တကၠဆပ္ျပည္နယ္ ၊ ဒါးလက္စ္ျမိဳ႕သို႔ ခရီးထြက္စဥ္ ဒါးလက္စ္ျမိဳ႕လယ္သို႔ သမၼတ ေမာ္ေတာ္ယာဥ္တန္းႏွင့္ ေန႔လည္ ၁၂း၃၀ အခ်ိန္တြင္ ေရာက္ရွိခဲ့ခ်ိန္၌ ေသနတ္ျဖင့္ ပစ္ခတ္လုပ္ၾကံခံခဲ့ရျခင္း ျဖစ္သည္။

ေနာက္ေက်ာသို႔ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ျပီး က်ည္ဆံမွာ လည္ပင္းမွ ေဖာက္ထြက္သြားခဲ့သည္။

သမၼတ ကေနဒီကို အေရးေပၚကုသမႈေပးရန္ Parkland ေဆးရံုသို႔ ပို႔ေဆာင္ခဲ့ေသာ္လည္း မိနစ္ ၃၀ အၾကာ မြန္းလြဲ ၁ နာရီတြင္ ေသဆံုးသြားခဲ့သည္။ ကေနဒီသည္ သမၼတအျဖစ္ ၁၀၃၆ ရက္ တာဝန္ထမ္းေဆာင္ခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၄၆ ႏွစ္သာ ရွိေသးသည္။

(သရဲေျခာက္ေသာ ေမာ္ေတာ္ကား)

ဒါးလက္စ္ျမိဳ႕တြင္ လုပ္ၾကံခံရစဥ္ သမၼတကေနဒီ စီးခဲ့ေသာကားမွာ Lincoln Limousine ျဖစ္သည္။

သမၼတကေနဒီ လုပ္ၾကံခံရျပီးေနာက္ အဆိုပါကားကို ႏွစ္ေပါင္းမ်ားစြာ ဆက္လက္အသံုးျပဳခဲ့သည္။

ထူးျခားသည့္အခ်က္မွာ ထိုကားကို အနားေပးျပီး မီခ်ီဂန္ျပည္နယ္ရွိ ဟင္နရီဖို႔ဒ္ ျပတုိက္တြင္ ျပသခဲ့ခ်ိန္၌ ျပတိုက္သို႔ လာေရာက္လည္ပတ္သူမ်ားက ထိုကားတြင္ ေျခာက္ျခားဖြယ္ရာ ပရေလာက ျဖစ္ရပ္မ်ားႏွင့္ ၾကံဳေတြ႔ခဲ့ရသည္။

ထိုကားဝန္းက်င္တြင္ ပရေလာကသားတစ္ဦး ရွိေနေၾကာင္း ျပတိုက္သို႔ လည္ပတ္ဖူးသူမ်ားစြာက ေျပာၾကသည္။

ကားေဘးတြင္ မီးခိုေရာင္ဝတ္စံုျဖင့္ အမ်ဳိးသားတစ္ဦးရပ္ေနသည္ကို ေတြ႔ရေၾကာင္း ေကာလာဟလမ်ားစြာ ရွိသည္။

အခ်ဳိ႕သူတို႔ကမူ ရိုးရိုးအရိပ္တစ္ခု (သုိ႔မဟုတ္) အလင္းေရာင္၏ လွည့္စားမႈ ျဖစ္ႏိုင္ေၾကာင္း ေျပာၾကသည္။

သို႔ေသာ္ သမၼတ ကေနဒီ လုပ္ၾကံခံခဲ့ရသည့္ ႏိုဝင္ဘာလသို႔ ေရာက္လွ်င္ အဆုိပါ မီးခိုးေရာင္ တေစၦကို ျမင္ေတြ႔ရသူ ပိုမိုမ်ားျပားလာေလ့ရွိသည္။

သမၼတ ကေနဒီ လုပ္ၾကံခံခဲ့ရသည္မွာ ႏိုဝင္ဘာလ ၂၂ ရက္ေန႔ျဖစ္သည္။

(သမၼတ ဂၽြန္အက္ဖ္ ကေနဒီ စီးခ့ဲေသာ Lincoln Continental Limousine ကားကုိ ၁၉၆၁ ခုႏွစ္ ဇြန္လက ရုိက္ကူးခဲ့ေသာ ဓာတ္ပံု။ ဓာတ္ပံု-AP) သမၼတ ကေနဒီ ေနာက္ဆံုးစီးခဲ့ေသာကားကို သတင္းမီဒီယာတို႔က မရဏကားဟု အမည္ေပးခဲ့ၾကသည္။

Four-door convertible ျဖစ္ျပီး မီခ်ီဂန္ျပည္နယ္ Wixom ျမိဳ႕ရွိ ဖုိ႔ဒ္ကုမၸဏီ၏ စက္ရံုတြင္ ထုတ္လုပ္ခဲ့ျခင္း ျဖစ္သည္။

သမၼတအိမ္ျဖဴေတာ္က ဤကားကို ဖုိ႔ဒ္ကုမၸဏီထံမွ တစ္ႏွစ္လွ်င္ ေဒၚလာ ၅၀၀ ျဖင့္ ငွားရမ္းခဲ့ျပီးေနာက္ ေဒၚလာ ၂၀၀၀၀၀ သံုးစြဲကာ အိုဟိုင္းအိုးျပည္နယ္ ၊ စင္စင္နတီျမဳိ႕ရွိ Hess and Eisenhardt စက္ရံုတြင္ အထူးျပန္လည္ မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

ထိုစက္ရံုသည္ အဂၤလန္ဘုရင္မၾကီးအပါအဝင္ ကမၻာ့ထိပ္တန္းပုဂၢိဳလ္မ်ား၏ ေမာ္ေတာ္ကားမ်ားကို အထူးျပန္လည္ မြမ္းမံေပးခဲ့ဖူးသည္။ သမၼတ ကေနဒီ၏ ယခုကားကို Secret Service အဖြဲ႔က SS-100-X ႏွင့္ X-100 ဟူ၍ လွ်ိဳ႕ဝွက္အမည္မ်ား ေပးထားသည္။

(Specification )

Colour-Black အျမင့္-5.083 ft အက်ယ္-6.667ft အလ်ား-21ft အေလးခ်ိန္-ေပါင္ ၉၈၀၀ လိုင္စင္နံပါတ္-၁၇၇၆

 

Ref: President Kennedy’s Lincoln Limousine

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
7Mile Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service