အိမ်ရှင်နှင့် စကားများပြီး ရထားပေါ်တွင်သာ အခြေချနေထိုင်လျက်ရှိသော ဂျာမနီက မိန်းကလေး

အိမ်ရှင်နှင့် စကားများပြီး ရထားပေါ်တွင်သာ အခြေချနေထိုင်လျက်ရှိသော ဂျာမနီက မိန်းကလေး - Property News in Myanmar from iMyanmarHouse.com
7 Sep 2023 11:34 am တွင် တင်ခဲ့သည်
688 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရထားများပေါ်တွင်သာ နေထိုင်ရန် ရွေးချယ်ခဲ့သော မိန်းကလေးတစ်ဦးက သူမသည် အမြဲတမ်း အားလပ်ရက် အပန်းဖြေနေသကဲ့သို့ ခံစားရကြောင်း ထုတ်ဖော်ပြောကြားသည်။

ဂျာမနီနိုင်ငံသူ လီယိုနီ မူးလာ (Leonie Muller ) သည် အိမ်ရှင်နှင့် စကားများပြီး ငှားရမ်းထားသော တိုက်ခန်းကို ကျောခိုင်းကာ ဂျာမနီတစ်နိုင်ငံလုံးရှိ ရထားအားလုံး စီးခွင့်ရှိသော ပေါင် ၃၀၀ တန် လက်မှတ်ကို ဝယ်ယူခဲ့သည်။

(အိမ်ရှင်နှင့် စကားများပြီး လီယိုနီက ရထားပေါ်တွင် နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ဓာတ်ပုံ-Instagram/ Leonie Muller.Work/)

(နာမည်ကြီးမိန်းကလေး လီယိုနီက ပြောသည်မှာ ရထားပေါ်တွင် နေထိုင်ရခြင်းသည် တစ်ချိန်လုံး အပန်းဖြေ နေသကဲ့သို့ ဖြစ်ကြောင်း ပြောသည်။ ဓာတ်ပုံ-Instagram/ Leonie Muller.Work/)

(လီယိုနီက တိုက်ခန်းပြန်အပ်ကာ ပေါင် ၃၀၀ တန် ရထားလက်မှတ် ဝယ်ခဲ့သည်။ ဓာတ်ပုံ-Instagram/ Leonie Muller.Work/)

ယခုကဲ့သို့ ရထားပေါ်တွင် နေထိုင်မှုကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က သူမမှာ ကျောင်းသူ တစ်ဦး ဖြစ်သည်။

တစ်နာရီလျှင် မိုင် ၁၉၀ အမြန်နှုန်းဖြင့် မောင်းနှင်နေသော ရထားများပေါ်တွင် လီယိုနီက ကျောင်းစာလေ့လာမှု များ ပြုလုပ်သည်။

ရထားပေါ်ရှိ ရေချိုးခန်းများတွင် ခေါင်းလျှော်လေ့ရှိပြီး ရထားပေါ်တွင် လွတ်လပ်မှုရှိကြောင်း သူမကပြောသည်။

လီယိုနီက ဝါရှင်တန်ပို့စ် သတင်းစာသို့ ပြောသည်မှာ “ရထားတွေပေါ်မှာ ကျွန်မဟာ အိမ်မှာရှိနေသလို တကယ်ခံစားရပါတယ်။ သူငယ်ချင်းတွေနဲ့ မြို့တွေ အများကြီးကို အလည်သွားနိုင်ပါတယ်။ တစ်ချိန်လုံး အပန်းဖြေခရီးထွက်နေရသလိုပါပဲ”ဟု ပြောသည်။

အိမ်ရှင်နှင့် စကားများခဲ့ပြီးနောက် မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့ပုံကို လီယိုနီက အောက်ပါအတိုင်း ရှင်းပြသည်။

“အဲဒီတိုက်ခန်းမှာ မနေတော့ဘူးလို့ ချက်ချင်းပဲ ဆုံးဖြတ်လိုက်တယ်။ အဲဒီနောက်မှာလည်း ကျွန်မ ဆက်တွေးမိတယ်။ တကယ်တော့ ကျွန်မ ဘယ်တိုက်ခန်းမှာမှ မနေချင်တော့ဘူး။”

လီယိုနီသည် ရထားပေါ်နေထိုင်ရာတွင် ပစ္စည်းပစ္စယများစွာ မယူဆောင်ဘဲ ပေါ့ပါးစွာ နေထိုင်သွားလာသည်။

အဝတ်အစား ၊ တက်ဘလက်ကွန်ပြူတာ ၊ သန့်စင်ခန်းသုံး ပစ္စည်းအိတ်တစ်ခုကဲ့သို့ မရှိမဖြစ် လိုအပ်သော ပစ္စည်းများ ထည့်သွင်းထားသော ကျောပိုးအိတ်ငယ်တစ်လုံးသာ ထားရှိသည်။

ဂျာမန်ရုပ်သံဌာန SWR သို့ လီယိုနီက “ရထားပေါ်မှာ ကျွန်မ စာဖတ်တယ် ၊ စာရေးတယ် ၊ ပြတင်းပေါက်ကနေ အပြင်ကို ကြည့်တယ် ၊ ရထားပေါ်မှာ လူကောင်းတွေနဲ့ တစ်ချိန်လုံးတွေ့ပါတယ်။ ”ဟု ပြောသည်။

“ကျွန်မ သူငယ်ချင်းအများစုက ဒီစိတ်ကူးကို ကြိုက်ကြတယ်။ တချို့ကတော့ ဒါက တော်တော်လေး စွန့်စားရာ ကျတယ်လို့ ထင်ကြတယ်။” လီယိုနီသည် ၂၀၂၀ ပြည့်နှစ်တွင် ကျောင်းပြီးခဲ့ပြီး လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်ခဲ့သည်။

ထိုအချိန်တွင် သူမက ရထားပေါ် နေထိုင်သည့်ဘဝမှ ကားအိမ်ပေါ်တွင် နေထိုင်သည့် ဘဝသို့ ကူးပြောင်းခဲ့သည်။

မိဘများ၏ အိမ်နီးချင်းများ၏ အကူအညီဖြင့် 2015 VW Crafter ကားတစ်စင်း ဝယ်ခဲ့ပြီး နေအိမ်ငယ်တစ်ခု အဖြစ် ပြောင်းလဲခဲ့သည်။

Spiegel သတင်းဌာနသို့ သူမကပြောသည်မှာ “ကျွန်မ ဒီလိုဘဝမှာ ပျော်သလောက် နေပါမယ်။ နောင်ကျရင် ဘာလုပ်မယ်ဆိုတာ အစီအစဉ် မရှိသေးပါဘူး။ တိုက်ခန်းမှာ အိပ်ရတာက ပိုပြီး သက်တောင့်သက်သာ ဖြစ်မယ်လို့ တစ်ခါမှ မတွေးဖူးပါဘူး။”ဟု ပြောသည်။

(လွတ်လပ်မှုကို ချစ်မြတ်နိုးသူ လီယိုနီ။ ဓာတ်ပုံ-Instagram/ Leonie Muller.Work/)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I chose to live on TRAINS rather than pay rent after a fight with my landlord – it’s like permanently being on holiday (thesun)

[Zawgyi]

အိမ္ရွင္ႏွင့္ စကားမ်ားျပီး ရထားေပၚတြင္သာ အေျခခ်ေနထိုင္လ်က္ရွိေသာ ဂ်ာမနီက မိန္းကေလး

ရထားမ်ားေပၚတြင္သာ ေနထုိင္ရန္ ေရြးခ်ယ္ခဲ့ေသာ မိန္းကေလးတစ္ဦးက သူမသည္ အျမဲတမ္း အားလပ္ရက္ အပန္းေျဖေနသကဲ့သုိ႔ ခံစားရေၾကာင္း ထုတ္ေဖာ္ေျပာၾကားသည္။

ဂ်ာမနီႏိုင္ငံသူ လီယိုနီ မူးလာ (Leonie Muller ) သည္ အိမ္ရွင္ႏွင့္ စကားမ်ားျပီး ငွားရမ္းထားေသာ တုိက္ခန္းကို ေက်ာခိုင္းကာ ဂ်ာမနီတစ္ႏိုင္ငံလံုးရွိ ရထားအားလံုး စီးခြင့္ရွိေသာ ေပါင္ ၃၀၀ တန္ လက္မွတ္ကို ဝယ္ယူခဲ့သည္။

(အိမ္ရွင္ႏွင့္ စကားမ်ားျပီး လီယိုနီက ရထားေပၚတြင္ ေနထုိင္ရန္ ဆံုးျဖတ္ခဲ့သည္။ ဓာတ္ပံု-Instagram/ Leonie Muller.Work/)

(နာမည္ၾကီးမိန္းကေလး လီယိုနီက ေျပာသည္မွာ ရထားေပၚတြင္ ေနထိုင္ရျခင္းသည္ တစ္ခ်ိန္လံုး အပန္းေျဖ ေနသကဲ့သို႔ ျဖစ္ေၾကာင္း ေျပာသည္။ ဓာတ္ပံု-Instagram/ Leonie Muller.Work/)

(လီယိုနီက တိုက္ခန္းျပန္အပ္ကာ ေပါင္ ၃၀၀ တန္ ရထားလက္မွတ္ ဝယ္ခဲ့သည္။ ဓာတ္ပံု-Instagram/ Leonie Muller.Work/)

ယခုကဲ့သို႔ ရထားေပၚတြင္ ေနထိုင္မႈကို ၂၀၁၅ ခုႏွစ္တြင္ စတင္ခဲ့ျခင္းျဖစ္ျပီး ထိုအခ်ိန္က သူမမွာ ေက်ာင္းသူ တစ္ဦး ျဖစ္သည္။

တစ္နာရီလွ်င္ မိုင္ ၁၉၀ အျမန္ႏႈန္းျဖင့္ ေမာင္းႏွင္ေနေသာ ရထားမ်ားေပၚတြင္ လီယိုနီက ေက်ာင္းစာေလ့လာမႈ မ်ား ျပဳလုပ္သည္။

ရထားေပၚရွိ ေရခ်ဳိးခန္းမ်ားတြင္ ေခါင္းေလွ်ာ္ေလ့ရွိျပီး ရထားေပၚတြင္ လြတ္လပ္မႈရွိေၾကာင္း သူမကေျပာသည္။

လီယိုနီက ဝါရွင္တန္ပို႔စ္ သတင္းစာသို႔ ေျပာသည္မွာ “ရထားေတြေပၚမွာ ကၽြန္မဟာ အိမ္မွာရိွေနသလုိ တကယ္ခံစားရပါတယ္။ သူငယ္ခ်င္းေတြနဲ႔ ျမဳိ႕ေတြ အမ်ားၾကီးကို အလည္သြားႏိုင္ပါတယ္။ တစ္ခ်ိန္လံုး အပန္းေျဖခရီးထြက္ေနရသလိုပါပဲ”ဟု ေျပာသည္။

အိမ္ရွင္ႏွင့္ စကားမ်ားခဲ့ျပီးေနာက္ မည္သုိ႔မည္ပံု ျဖစ္ပ်က္ခဲ့ပံုကို လီယိုနီက ေအာက္ပါအတုိင္း ရွင္းျပသည္။

“အဲဒီတိုက္ခန္းမွာ မေနေတာ့ဘူးလို႔ ခ်က္ခ်င္းပဲ ဆံုးျဖတ္လုိက္တယ္။ အဲဒီေနာက္မွာလည္း ကၽြန္မ ဆက္ေတြးမိတယ္။ တကယ္ေတာ့ ကၽြန္မ ဘယ္တုိက္ခန္းမွာမွ မေနခ်င္ေတာ့ဘူး။”

လီယိုနီသည္ ရထားေပၚေနထုိင္ရာတြင္ ပစၥည္းပစၥယမ်ားစြာ မယူေဆာင္ဘဲ ေပ့ါပါးစြာ ေနထုိင္သြားလာသည္။

အဝတ္အစား ၊ တက္ဘလက္ကြန္ျပဴတာ ၊ သန္႔စင္ခန္းသံုး ပစၥည္းအိတ္တစ္ခုကဲ့သို႔ မရွိမျဖစ္ လုိအပ္ေသာ ပစၥည္းမ်ား ထည့္သြင္းထားေသာ ေက်ာပိုးအိတ္ငယ္တစ္လံုးသာ ထားရွိသည္။

ဂ်ာမန္ရုပ္သံဌာန SWR သုိ႔ လီယိုနီက “ရထားေပၚမွာ ကၽြန္မ စာဖတ္တယ္ ၊ စာေရးတယ္ ၊ ျပတင္းေပါက္ကေန အျပင္ကို ၾကည့္တယ္ ၊ ရထားေပၚမွာ လူေကာင္းေတြနဲ႔ တစ္ခ်ိန္လံုးေတြ႔ပါတယ္။ ”ဟု ေျပာသည္။

“ကၽြန္မ သူငယ္ခ်င္းအမ်ားစုက ဒီစိတ္ကူးကို ၾကိဳက္ၾကတယ္။ တခ်ဳိ႕ကေတာ့ ဒါက ေတာ္ေတာ္ေလး စြန္႔စားရာ က်တယ္လို႔ ထင္ၾကတယ္။” လီယိုနီသည္ ၂၀၂၀ ျပည့္ႏွစ္တြင္ ေက်ာင္းျပီးခဲ့ျပီး လုပ္ငန္းခြင္သို႔ စတင္ဝင္ေရာက္ခဲ့သည္။

ထုိအခ်ိန္တြင္ သူမက ရထားေပၚ ေနထိုင္သည့္ဘဝမွ ကားအိမ္ေပၚတြင္ ေနထိုင္သည့္ ဘဝသုိ႔ ကူးေျပာင္းခဲ့သည္။

မိဘမ်ား၏ အိမ္နီးခ်င္းမ်ား၏ အကူအညီျဖင့္ 2015 VW Crafter ကားတစ္စင္း ဝယ္ခဲ့ျပီး ေနအိမ္ငယ္တစ္ခု အျဖစ္ ေျပာင္းလဲခဲ့သည္။

Spiegel သတင္းဌာနသို႔ သူမကေျပာသည္မွာ “ကၽြန္မ ဒီလုိဘဝမွာ ေပ်ာ္သေလာက္ ေနပါမယ္။ ေနာင္က်ရင္ ဘာလုပ္မယ္ဆိုတာ အစီအစဥ္ မရွိေသးပါဘူး။ တုိက္ခန္းမွာ အိပ္ရတာက ပိုျပီး သက္ေတာင့္သက္သာ ျဖစ္မယ္လို႔ တစ္ခါမွ မေတြးဖူးပါဘူး။”ဟု ေျပာသည္။

(လြတ္လပ္မႈကို ခ်စ္ျမတ္ႏိုးသူ လီယိုနီ။ ဓာတ္ပံု-Instagram/ Leonie Muller.Work/)

Ref: I chose to live on TRAINS rather than pay rent after a fight with my landlord – it’s like permanently being on holiday (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service