အင်္ဂလိပ်စကားမပြောတတ်သောကြောင့် မိမိအားအလုပ်မခန့်သော ကုမ္ပဏီကို နောင်အခါတွင် ဝယ်ပြလိုက်သည့် အိမ်ခြံမြေသူဌေးကြီး၏ IOI ကုမ္ပဏီက ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံသုံးစွဲကာ ဆောက်လုပ်ခဲ့သော စင်္ကာပူမှ Marina View Residences ကွန်ဒိုအဆောက်အအုံကြီး၏ လူနေခန်းများ စတင်ရောင်းချ

အင်္ဂလိပ်စကားမပြောတတ်သောကြောင့် မိမိအားအလုပ်မခန့်သော ကုမ္ပဏီကို နောင်အခါတွင် ဝယ်ပြလိုက်သည့် အိမ်ခြံမြေသူဌေးကြီး၏ IOI ကုမ္ပဏီက ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံသုံးစွဲကာ ဆောက်လုပ်ခဲ့သော စင်္ကာပူမှ Marina View Residences ကွန်ဒိုအဆောက်အအုံကြီး၏ လူနေခန်းများ စတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
7 Sep 2023 10:20 am တွင် တင်ခဲ့သည်
439 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မလေးရှားဘီလျံနာညီအစ်ကိုဖြစ်သော လီယောင်ချောနှင့် လီယောင်ဆန်းတို့ ညီအစ်ကို တည်ထောင်သော IOI Properties Group မှ ဆောက်လုပ်သော စင်္ကာပူဘဏ္ဍာရေးခရိုင် Marina Bay ရှိ လူနေကွန်ဒို အဆောက်အအုံကြီး၏ ကွန်ဒိုခန်းများ စတင်ရောင်းချရန် စီစဉ်လျက်ရှိသည်။

Marina View Residences ကွန်ဒိုအဆောက်အအုံကြီးတွင် အခန်းပေါင်း ၆၈၃ ခန်း ပါဝင်ပြီး ဆောက်လုပ်မှု ကုန်ကျစရိတ်မှာ မလေးရှားရင်းဂစ် ၈ ဒသမ ၅၆ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ) ခန့် ကုန်ကျ ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်တွင် အဆုံးသတ်မည့် လက်ရှိဘဏ္ဍာရေးနှစ်တွင် အဆိုပါကွန်ဒိုခန်းများကို ရောင်းချမည်ဖြစ်ကြောင်း IOI က ယခုရက်သတ္တပတ်အတွင်း ထုတ်ပြန်သည်။

IOI ကုမ္ပဏီသည် စင်္ကာပူအစိုးရက ၂၀၂၁ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် လေလံပွဲတစ်ခုတွင် စတုရန်းမီတာ ၇၈၁၇ ကျယ်ဝန်းသော မြေနေရာကို စင်္ကာပူဒေါ်လာ ၁ ဒသမ ၅၁ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ) ဖြင့် ဝယ်ယူခဲ့ကာ Marina View Residences ကွန်ဒိုကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

(Marina View Residences Condo))

စင်္ကာပူ၏ စီးပွားရေးကောင်းမွန်မှုကြောင့် သုံးစွဲနိုင်စွမ်းရှိကာ Purchasing power အားကောင်းသော စင်္ကာပူ ဝယ်လက်တို့ကို ဆွဲဆောင်ရန် ရည်ရွယ်ထားသည်ဟု IOI က ထုတ်ပြန်သည်။

စင်္ကာပူအစိုးရက အိမ်ခြံမြေဈေးကွက် အေးစေရန် ရည်ရွယ်ကာ နိုင်ငံခြားဝယ်လက်အများစုအပေါ် တံဆိပ်ခေါင်းခွန် ၂ ဆ မြှင့်တင်ခဲ့ပြီးနောက်ပိုင်း ယခုနှစ် ဒုတိယ ၃ လပတ် ကာလအတွင်း စင်္ကာပူ အိမ်ခြံမြေဈေးနှုန်းများ စတင်ကျဆင်းလာခဲ့သည်။

ထိုသို့ ကျဆင်းမှုမှာ ၂ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

ယင်းသို့ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းလာနေချိန်တွင်ပင် IOI က Marina View Residences ကွန်ဒိုခန်းများ ရောင်းချရန် စီစဉ်လာခြင်းလည်း ဖြစ်သည်။

“ချမ်းသာကြွယ်ဝတဲ့ စင်္ကာပူဝယ်လက်တွေနဲ့ အမြဲနေထိုင်သူတွေကြားမှာ Luxury အိမ်ခြံမြေတွေ ဝယ်လိုအား ကောင်းနေဆဲပါပဲ။” ဟု Orange Tee & Tie အိမ်ခြံမြေအတိုင်ပင်ခံ ကုမ္ပဏီမှ သုတေသနဆိုင်ရာ ဒုတိယ ဥက္ကဌ ခရစ္စတင်းဆန်းက ပြောသည်။

IOI သည် မကြာသေးမီနှစ်များအတွင်း စင်္ကာပူတွင် ရင်းနှီးမြှပ်နှံမှုများ တိုးမြှင့်လာလျက် ရှိသည်။

ဟိုတယ်တစ်ခုလည်း ပါဝင်မည့် Marina View Residences ကွန်ဒိုအဆောက်အအုံကြီးအပြင် IOI Central Boulevard ရုံးခန်းတာဝါများကိုလည်း ယခုနှစ်ကုန်တွင် အပြီးသတ်ဆောက်လုပ်ရန် ရည်မှန်းထားသည်။အဆိုပါ ရုံးခန်းတာဝါကြီးတွင် ကမ္ဘာကျော် ကုမ္ပဏီများဖြစ်သော Amazon နှင့် Morgan Stanley တို့အပါအဝင် အထင်ကရ ကုမ္ပဏီကြီးများ ရုံးခန်းငှားရမ်းထားကြပြီးဖြစ်ကြောင်း စင်္ကာပူအခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြသည်။

IOI သည် စင်္ကာပူတွင် အခြားပိုင်ဆိုင်မှုများလည်းရှိရာ Marina Bay ရှိ ဟိုတယ်နှင့် ရုံးခန်း စီမံကိန်းဖြစ်သော South Beach Development ၊ Sentosa Island ရှိ ကွန်ဒိုမီနီယံ စီမံကိန်းဖြစ်သော Cape Royal တို့လည်း ပါဝင်သည်။

IOI ၏ စီအီးအို လီယောင်ဆန်းနှင့် သူ၏ညီ လီယောင်ချောတို့သည် ဖခင်ဖြစ်သူ လီရှင်းချန်ထံမှ ဆီအုန်းနှင့် အိမ်ခြံမြေ အင်ပါယာကြီးကို အမွေဆက်ခံခဲ့သည်။

လီရှင်းချန်သည် ၂၀၁၉ ခုနှစ် ဇွန်လတွင် ကွယ်လွန်သွားခဲ့သည်။

လီယောင်ဆန်းတို့ ညီအစ်ကိုသည် ကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ ကြွယ်ဝပြီး ယခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော မလေးရှား အချမ်းသာဆုံးပုဂ္ဂိုလ် ၅၀ ဦး စာရင်းတွင် နံပါတ် ၆ နေရာ၌ ဖော်ပြခံခဲ့ရသည်။

၎င်းတို့၏ ဖခင်ကြီး လီရှင်းချန်သည် ရာဘာစိုက်ခင်းတစ်ခုအတွင်း ဆင်းဆင်းရဲရဲ ကြီးပြင်းခဲ့ရကာ ကိုယ့်ထူးကိုယ်ချွန် ကြိုးစားပြီး ချမ်းသာကြွယ်ဝလာသူ ဖြစ်သည်။

(မှတ်ချက်။ လီရှင်းချန်၏ ဘဝဇာတ်ကြောင်းကို ၂၀၁၉ ခုနှစ်အတွင်း iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)

(ဆက်စပ်သတင်း)

ဆင်းရဲလွန်းသော မိဘများကို ကူညီရန် စက်ဘီးတစ်စီးဖြင့် ရေခဲမုန့်ရောင်းခဲ့ရသူ ၊ အင်္ဂလိပ်စကား မပြောတတ်လို့ဆိုကာ အလုပ်မခန့်သော ကုမ္ပဏီကို နောင်အခါတွင် ဝယ်ပြလိုက်သူ မလေးရှား၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် ပါဝင်သော အိမ်ခြံမြေသူဌေးကြီး လီရှင်းချန်

https://www.imyanmarhouse.com/news/read/853669

ငယ်စဉ်က စက်ဘီးတစ်စီးဖြင့် ရေခဲမုန့်ရောင်းခဲ့ရကာ မလေးရှားနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးဖြစ်လာသူ အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီး လီရှင်းချန် အသက် ၇၉ နှစ်အရွယ်တွင် ကွယ်လွန်ရှာ

https://www.imyanmarhouse.com/news/read/832928

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Malaysian Billionaire Brothers’ IOI To Launch $1.8 Billion Residential Tower In Singapore’s Marina Bay (forbes)

[Zawgyi]

အဂၤလိပ္စကားမေျပာတတ္ေသာေၾကာင့္ မိမိအားအလုပ္မခန္႔ေသာ ကုမၸဏီကို ေနာင္အခါတြင္ ဝယ္ျပလိုက္သည့္ အိမ္ျခံေျမသူေဌးၾကီး၏ IOI ကုမၸဏီက ေဒၚလာ ၁ ဒသမ ၈ ဘီလီယံသံုးစြဲကာ ေဆာက္လုပ္ခဲ့ေသာ စကၤာပူမွ Marina View Residences ကြန္ဒိုအေဆာက္အအံုၾကီး၏ လူေနခန္းမ်ား စတင္ေရာင္းခ်

မေလးရွားဘီလ်ံနာညီအစ္ကိုျဖစ္ေသာ လီေယာင္ေခ်ာႏွင့္ လီေယာင္ဆန္းတို႔ ညီအစ္ကို တည္ေထာင္ေသာ IOI Properties Group မွ ေဆာက္လုပ္ေသာ စကၤာပူဘ႑ာေရးခရိုင္ Marina Bay ရွိ လူေနကြန္ဒို အေဆာက္အအံုၾကီး၏ ကြန္ဒိုခန္းမ်ား စတင္ေရာင္းခ်ရန္ စီစဥ္လ်က္ရွိသည္။

Marina View Residences ကြန္ဒိုအေဆာက္အအံုၾကီးတြင္ အခန္းေပါင္း ၆၈၃ ခန္း ပါဝင္ျပီး ေဆာက္လုပ္မႈ ကုန္က်စရိတ္မွာ မေလးရွားရင္းဂစ္ ၈ ဒသမ ၅၆ ဘီလီယံ (ကန္ေဒၚလာ ၁ ဒသမ ၈ ဘီလီယံ) ခန္႔ ကုန္က် ခဲ့သည္။

၂၀၂၄ ခုႏွစ္၊ ဇြန္လ ၃၀ ရက္တြင္ အဆံုးသတ္မည့္ လက္ရွိဘ႑ာေရးႏွစ္တြင္ အဆိုပါကြန္ဒိုခန္းမ်ားကို ေရာင္းခ်မည္ျဖစ္ေၾကာင္း IOI က ယခုရက္သတၱပတ္အတြင္း ထုတ္ျပန္သည္။

IOI ကုမၸဏီသည္ စကၤာပူအစိုးရက ၂၀၂၁ ခုႏွစ္အတြင္း ျပဳလုပ္ခဲ့သည့္ ေလလံပြဲတစ္ခုတြင္ စတုရန္းမီတာ ၇၈၁၇ က်ယ္ဝန္းေသာ ေျမေနရာကို စကၤာပူေဒၚလာ ၁ ဒသမ ၅၁ ဘီလီယံ (ကန္ေဒၚလာ ၁ ဒသမ ၁ ဘီလီယံ) ျဖင့္ ဝယ္ယူခဲ့ကာ Marina View Residences ကြန္ဒိုကို ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

စကၤာပူ၏ စီးပြားေရးေကာင္းမြန္မႈေၾကာင့္ သံုးစြဲႏိုင္စြမ္းရွိကာ Purchasing power အားေကာင္းေသာ စကၤာပူ ဝယ္လက္တို႔ကို ဆြဲေဆာင္ရန္ ရည္ရြယ္ထားသည္ဟု IOI က ထုတ္ျပန္သည္။

စကၤာပူအစိုးရက အိမ္ျခံေျမေစ်းကြက္ ေအးေစရန္ ရည္ရြယ္ကာ ႏိုင္ငံျခားဝယ္လက္အမ်ားစုအေပၚ တံဆိပ္ေခါင္းခြန္ ၂ ဆ ျမွင့္တင္ခဲ့ျပီးေနာက္ပုိင္း ယခုႏွစ္ ဒုတိယ ၃ လပတ္ ကာလအတြင္း စကၤာပူ အိမ္ျခံေျမေစ်းႏႈန္းမ်ား စတင္က်ဆင္းလာခဲ့သည္။

ထိုသို႔ က်ဆင္းမႈမွာ ၂ ႏွစ္တာကာလအတြင္း ပထမဆံုးအၾကိမ္လည္း ျဖစ္သည္။

ယင္းသို႔ အိမ္ျခံေျမေစ်းႏႈန္းမ်ား က်ဆင္းလာေနခ်ိန္တြင္ပင္ IOI က Marina View Residences ကြန္ဒိုခန္းမ်ား ေရာင္းခ်ရန္ စီစဥ္လာျခင္းလည္း ျဖစ္သည္။

“ခ်မ္းသာၾကြယ္ဝတဲ့ စကၤာပူဝယ္လက္ေတြနဲ႔ အျမဲေနထုိင္သူေတြၾကားမွာ Luxury အိမ္ျခံေျမေတြ ဝယ္လုိအား ေကာင္းေနဆဲပါပဲ။” ဟု Orange Tee & Tie အိမ္ျခံေျမအတုိင္ပင္ခံ ကုမၸဏီမွ သုေတသနဆုိင္ရာ ဒုတိယ ဥကၠဌ ခရစၥတင္းဆန္းက ေျပာသည္။

IOI သည္ မၾကာေသးမီႏွစ္မ်ားအတြင္း စကၤာပူတြင္ ရင္းႏွီးျမွပ္ႏွံမႈမ်ား တုိးျမွင့္လာလ်က္ ရွိသည္။

ဟိုတယ္တစ္ခုလည္း ပါဝင္မည့္ Marina View Residences ကြန္ဒိုအေဆာက္အအံုၾကီးအျပင္ IOI Central Boulevard ရံုးခန္းတာဝါမ်ားကိုလည္း ယခုႏွစ္ကုန္တြင္ အျပီးသတ္ေဆာက္လုပ္ရန္ ရည္မွန္းထားသည္။

အဆိုပါ ရံုးခန္းတာဝါၾကီးတြင္ ကမၻာေက်ာ္ ကုမၸဏီမ်ားျဖစ္ေသာ Amazon ႏွင့္ Morgan Stanley တို႔အပါအဝင္ အထင္ကရ ကုမၸဏီၾကီးမ်ား ရံုးခန္းငွားရမ္းထားၾကျပီးျဖစ္ေၾကာင္း စကၤာပူအေျခစိုက္ သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပသည္။

IOI သည္ စကၤာပူတြင္ အျခားပိုင္ဆုိင္မႈမ်ားလည္းရွိရာ Marina Bay ရွိ ဟိုတယ္ႏွင့္ ရံုးခန္း စီမံကိန္းျဖစ္ေသာ South Beach Development ၊ Sentosa Island ရွိ ကြန္ဒိုမီနီယံ စီမံကိန္းျဖစ္ေသာ Cape Royal တို႔လည္း ပါဝင္သည္။

IOI ၏ စီအီးအို လီေယာင္ဆန္းႏွင့္ သူ၏ညီ လီေယာင္ေခ်ာတို႔သည္ ဖခင္ျဖစ္သူ လီရွင္းခ်န္ထံမွ ဆီအုန္းႏွင့္ အိမ္ျခံေျမ အင္ပါယာၾကီးကို အေမြဆက္ခံခဲ့သည္။

လီရွင္းခ်န္သည္ ၂၀၁၉ ခုႏွစ္ ဇြန္လတြင္ ကြယ္လြန္သြားခဲ့သည္။ လီေယာင္ဆန္းတို႔ ညီအစ္ကိုသည္ ကန္ေဒၚလာ ၄ ဒသမ ၆ ဘီလီယံ ၾကြယ္ဝျပီး ယခုႏွစ္အတြင္း ထုတ္ျပန္ခဲ့ေသာ မေလးရွား အခ်မ္းသာဆံုးပုဂၢိဳလ္ ၅၀ ဦး စာရင္းတြင္ နံပါတ္ ၆ ေနရာ၌ ေဖာ္ျပခံခဲ့ရသည္။

၎တို႔၏ ဖခင္ၾကီး လီရွင္းခ်န္သည္ ရာဘာစိုက္ခင္းတစ္ခုအတြင္း ဆင္းဆင္းရဲရဲ ၾကီးျပင္းခဲ့ရကာ ကုိယ့္ထူးကိုယ္ခၽြန္ ၾကိဳးစားျပီး ခ်မ္းသာၾကြယ္ဝလာသူ ျဖစ္သည္။

(မွတ္ခ်က္။ လီရွင္းခ်န္၏ ဘဝဇာတ္ေၾကာင္းကို ၂၀၁၉ ခုႏွစ္အတြင္း iMyanmarHouse.com ဝက္ဘ္ဆုိက္ၾကီးတြင္ ေရးသားေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္။)

(ဆက္စပ္သတင္း)

ဆင္းရဲလြန္းေသာ မိဘမ်ားကို ကူညီရန္ စက္ဘီးတစ္စီးျဖင့္ ေရခဲမုန႔္ေရာင္းခဲ့ရသူ ၊ အဂၤလိပ္စကား မေျပာတတ္လို႔ဆိုကာ အလုပ္မခန္႔ေသာ ကုမၸဏီကို ေနာင္အခါတြင္ ဝယ္ျပလိုက္သူ မေလးရွား၏ အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားတြင္ ပါဝင္ေသာ အိမ္ျခံေျမသူေဌးၾကီး လီရွင္းခ်န္

https://www.imyanmarhouse.com/news/read/853669

ငယ္စဥ္က စက္ဘီးတစ္စီးျဖင့္ ေရခဲမုန္႔ေရာင္းခဲ့ရကာ မေလးရွားႏိုင္ငံ၏ အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားတြင္ တစ္ဦးျဖစ္လာသူ အိမ္ျခံေျမလုပ္ငန္းရွင္ သူေဌးၾကီး လီရွင္းခ်န္ အသက္ ၇၉ ႏွစ္အရြယ္တြင္ ကြယ္လြန္ရွာ

https://www.imyanmarhouse.com/news/read/832928

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Malaysian Billionaire Brothers’ IOI To Launch $1.8 Billion Residential Tower In Singapore’s Marina Bay (forbes)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service