အင်္ဂလန်နိုင်ငံ၊ ချက်စ်ရှိုင်းယားခရိုင်ရှိ အိမ်ရာဝန်းအတွင်း အဆိပ်ဓာတ်များ တွေ့ရမှုကြောင့် နေအိမ်သစ်ပေါင်း ၂၆၃ လုံးမှာ ဖျက်သိမ်းခံရမည့် အလားအလာနှင့် ရင်ဆိုင်ရ

အင်္ဂလန်နိုင်ငံ၊ ချက်စ်ရှိုင်းယားခရိုင်ရှိ အိမ်ရာဝန်းအတွင်း အဆိပ်ဓာတ်များ တွေ့ရမှုကြောင့် နေအိမ်သစ်ပေါင်း ၂၆၃ လုံးမှာ ဖျက်သိမ်းခံရမည့် အလားအလာနှင့် ရင်ဆိုင်ရ - Property News in Myanmar from iMyanmarHouse.com
6 Sep 2023 10:50 am တွင် တင်ခဲ့သည်
445 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်တွင် ရာနှင့်ချီသော နေအိမ်များ၏ အိမ်ရှင်တို့သည် ၎င်းတို့၏ နေအိမ်များ ဖျက်သိမ်းခံရဖွယ် အလားအလာနှင့် ရင်ဆိုင်ရလျက်ရှိသည်။

ချက်စ်ရှိုင်းယားခရိုင်၊ Crewe မြို့တွင် ဆောက်လုပ်ခဲ့သော နေအိမ်သစ်ပေါင်း ၂၆၃ လုံးရှိသည်။

(ဖျက်သိမ်းခံရမည့် အလားအလာနှင့် ရင်ဆိုင်နေရသော နေအိမ်များ။ ဓာတ်ပုံ-Google)

၁၇ ဧကကျယ်သော မြေနေရာတွင် အိပ်ခန်း ၃ ခန်းမှ ၄ ခန်းပါသော အိမ် ၂၃၉ လုံးနှင့် လူနေခန်း ၂၄ ခန်း ဆောက်လုပ်ရန် Countryside Partnerships ဆောက်လုပ်ရေးကုမ္ပဏီက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ၌ ခွင့်ပြုချက် ရရှိခဲ့သည်။

Coppenhall Place ဟု အမည်ပေးထားသော အိမ်ရာစီမံကိန်းနေရာသည် ယခင်က Bombardier ရထားစက်ရုံဖြစ်သော Crewe Works တည်ရှိခဲ့သော နေရာ ဖြစ်သည်။

သို့သော် ထိုဒေသဝန်းကျင်မြေနေရာတွင် အဆိပ်ဓာတ်များတွေ့လာရမှုကြောင့် မြို့ကောင်စီအဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် ကျောက်ဂွမ်း၊ ခဲ၊ ဆိုင်ယာနိုက်နှင့် စိန်ဆိပ်များ တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ဆောက်လုပ်သော Developer တို့သည် စီမံကိန်းမစတင်မီ မြေနေရာစစ်ဆေးမှု အသေအချာ မပြုလုပ်ခဲ့ကြောင်း ဒေသအာဏာပိုင်အဖွဲ့က စွပ်စွဲခဲ့သည်။

Countryside Partnerships ဆောက်လုပ်ရေးကုမ္ပဏီက ပြောသည်မှာမူ သင့်တော်သော စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးမှ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာပြောသည်။

Developer တို့သည် အဆိပ်သင့်မြေနှင့် ပတ်သက်ပြီး ဖြေရှင်းမပေးနိုင်သောကြောင့် ပြီးခဲ့သောနှစ်တွင် စီမံကိန်းခွင့်ပြုချက် ဆိုင်းငံ့ခံခဲ့ရသည်။

ထို့ကြောင့် နေထိုင်သူ ရာနှင့်ချီ၍ ရှိနေပြီဖြစ်သော နေအိမ် ၂၆၃ လုံးမှာ ဖြိုဖျက်ခံရမည့် အလားအလာနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

ဤအိမ်ရာတွင် ဇနီးဖြစ်သူ ရေချယ် (၃၆ နှစ်) ၊ ၈ နှစ်အရွယ်သားငယ်တို့နှင့်အတူ နေထိုင်သူ Tamzin Caiger (၃၅ နှစ်) က MailOnline သတင်းဌာနသို့ ပြောခဲ့သည်မှာ “တကယ်ဝမ်းနည်းဖို့ ကောင်းပါတယ်။ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ တကယ်မသိရဘူးလို့ ခံစားရပါတယ်။”ဟု ပြောသည်။

လက်တွဲဖော် လော်ရာ ကားတစ် (၃၇ နှစ်) နှင့် အတူနေထိုင်သော ကားအာမခံကုမ္ပဏီ မန်နေဂျာ ဒေးဗစ် အင်ဒရူးစ် (၅၀ နှစ်) က “ဒါက မဖြေရှင်းနိုင်ဘူးဆိုရင် အိမ်တွေက ဖြိုချခံရမှာပါ။ ကျွန်တော်တို့အတွက် ဘာတွေ ဖြစ်လာမလဲ” ဟု ပြောသည်။

အိမ်ရာ၏ စီမံကိန်းခွင့်ပြုချက် ဆိုင်းငံ့ရွှေ့ဆိုင်းထားခံရသည်မှာ ၅ လကျော်ခဲ့ပြီဖြစ်ပြီး ယခုလအတွင်း အပြီးသတ် ဆုံးဖြတ်ချက်ချမည် ဖြစ်သည်။

ချက်စ်ရှိုင်းယားအရှေ့ကောင်စီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က CheshireLive သို့ “ဒီအိမ်ရာရဲ့ စီမံကိန်း ခွင့်ပြုချက်ကို စီမံကိန်းမဟာဗျူဟာဘုတ်အဖွဲ့ထံ စက်တင်ဘာလအတွင်း ပြန်လည်တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

စီမံကိန်းခွင့်ပြုချက် ပယ်ဖျက်ခံရပါက နေအိမ်များ ဖြိုဖျက်ခံရမည် ဖြစ်သည်။

Coppenhall Place အိမ်ရာအရေးကို အောက်လွှတ်တော်တွင် တင်ပြထားသည်။ လွှတ်တော်အမတ် Penny Mourdaunt က ယခုဖြစ်ရပ်မှာ ကျက်သရေမရှိသော အခြေအနေဖြစ်ကြောင်း ပြောသည်။

“ဒီအိမ်တွေကို ယုံယုံကြည်ကြည်နဲ့ ဝယ်ခဲ့ကြသူတွေကို ဆောက်လုပ်တဲ့ Developer နဲ့ ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ရှေ့ထွက်လာပြီး တာဝန်ယူဖို့ လိုပါတယ်”ဟု သူမက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Homeowners on newbuild estate where all 263 homes face being DEMOLISHED due to council blunder to learn fate in weeks (the-sun)

[Zawgyi]

အဂၤလန္ႏိုင္ငံ၊ ခ်က္စ္ရႈိင္းယားခရိုင္ရွိ အိမ္ရာဝန္းအတြင္း အဆိပ္ဓာတ္မ်ား ေတြ႔ရမႈေၾကာင့္ ေနအိမ္သစ္ေပါင္း ၂၆၃ လံုးမွာ ဖ်က္သိမ္းခံရမည့္ အလားအလာႏွင့္ ရင္ဆိုင္ရ

အဂၤလန္တြင္ ရာႏွင့္ခ်ီေသာ ေနအိမ္မ်ား၏ အိမ္ရွင္တို႔သည္ ၎တို႔၏ ေနအိမ္မ်ား ဖ်က္သိမ္းခံရဖြယ္ အလားအလာႏွင့္ ရင္ဆိုင္ရလ်က္ရွိသည္။

ခ်က္စ္ရႈိင္းယားခရိုင္၊ Crewe ျမိဳ႕တြင္ ေဆာက္လုပ္ခဲ့ေသာ ေနအိမ္သစ္ေပါင္း ၂၆၃ လံုးရွိသည္။

(ဖ်က္သိမ္းခံရမည့္ အလားအလာႏွင့္ ရင္ဆိုင္ေနရေသာ ေနအိမ္မ်ား။ ဓာတ္ပံု-Google)

၁၇ ဧကက်ယ္ေသာ ေျမေနရာတြင္ အိပ္ခန္း ၃ ခန္းမွ ၄ ခန္းပါေသာ အိမ္ ၂၃၉ လံုးႏွင့္ လူေနခန္း ၂၄ ခန္း ေဆာက္လုပ္ရန္ Countryside Partnerships ေဆာက္လုပ္ေရးကုမၸဏီက ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ၌ ခြင့္ျပဳခ်က္ ရရွိခဲ့သည္။

Coppenhall Place ဟု အမည္ေပးထားေသာ အိမ္ရာစီမံကိန္းေနရာသည္ ယခင္က Bombardier ရထားစက္ရံုျဖစ္ေသာ Crewe Works တည္ရွိခဲ့ေသာ ေနရာ ျဖစ္သည္။

သို႔ေသာ္ ထိုေဒသဝန္းက်င္ေျမေနရာတြင္ အဆိပ္ဓာတ္မ်ားေတြ႔လာရမႈေၾကာင့္ ျမိဳ႕ေကာင္စီအဖြဲ႔က စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့သည္။ ထိုသို႔ စစ္ေဆးရာတြင္ ေက်ာက္ဂြမ္း၊ ခဲ၊ ဆိုင္ယာႏိုက္ႏွင့္ စိန္ဆိပ္မ်ား ေတြ႔ရွိခဲ့သည္ဟု ဆိုသည္။

ေဆာက္လုပ္ေသာ Developer တို႔သည္ စီမံကိန္းမစတင္မီ ေျမေနရာစစ္ေဆးမႈ အေသအခ်ာ မျပဳလုပ္ခဲ့ေၾကာင္း ေဒသအာဏာပိုင္အဖြဲ႔က စြပ္စြဲခဲ့သည္။

Countryside Partnerships ေဆာက္လုပ္ေရးကုမၸဏီက ေျပာသည္မွာမူ သင့္ေတာ္ေသာ စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ျပီးမွ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း အခိုင္အမာေျပာသည္။

Developer တို႔သည္ အဆိပ္သင့္ေျမႏွင့္ ပတ္သက္ျပီး ေျဖရွင္းမေပးႏိုင္ေသာေၾကာင့္ ျပီးခဲ့ေသာႏွစ္တြင္ စီမံကိန္းခြင့္ျပဳခ်က္ ဆိုင္းငံ့ခံခဲ့ရသည္။

ထို႔ေၾကာင့္ ေနထိုင္သူ ရာႏွင့္ခ်ီ၍ ရွိေနျပီျဖစ္ေသာ ေနအိမ္ ၂၆၃ လံုးမွာ ျဖိဳဖ်က္ခံရမည့္ အလားအလာႏွင့္ ရင္ဆိုင္ေနရျပီ ျဖစ္သည္။

ဤအိမ္ရာတြင္ ဇနီးျဖစ္သူ ေရခ်ယ္ (၃၆ ႏွစ္) ၊ ၈ ႏွစ္အရြယ္သားငယ္တို႔ႏွင့္အတူ ေနထိုင္သူ Tamzin Caiger (၃၅ ႏွစ္) က MailOnline သတင္းဌာနသို႔ ေျပာခဲ့သည္မွာ “တကယ္ဝမ္းနည္းဖို႔ ေကာင္းပါတယ္။ ဘာေတြျဖစ္ေနတယ္ဆိုတာ ကၽြန္ေတာ္တို႔ တကယ္မသိရဘူးလို႔ ခံစားရပါတယ္။”ဟု ေျပာသည္။

လက္တြဲေဖာ္ ေလာ္ရာ ကားတစ္ (၃၇ ႏွစ္) ႏွင့္ အတူေနထိုင္ေသာ ကားအာမခံကုမၸဏီ မန္ေနဂ်ာ ေဒးဗစ္ အင္ဒရူးစ္ (၅၀ ႏွစ္) က “ဒါက မေျဖရွင္းႏိုင္ဘူးဆိုရင္ အိမ္ေတြက ျဖိဳခ်ခံရမွာပါ။ ကၽြန္ေတာ္တို႔အတြက္ ဘာေတြ ျဖစ္လာမလဲ” ဟု ေျပာသည္။

အိမ္ရာ၏ စီမံကိန္းခြင့္ျပဳခ်က္ ဆိုင္းငံ့ေရႊ႕ဆိုင္းထားခံရသည္မွာ ၅ လေက်ာ္ခဲ့ျပီျဖစ္ျပီး ယခုလအတြင္း အျပီးသတ္ ဆံုးျဖတ္ခ်က္ခ်မည္ ျဖစ္သည္။

ခ်က္စ္ရိႈင္းယားအေရွ႕ေကာင္စီ၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္က CheshireLive သို႔ “ဒီအိမ္ရာရဲ႕ စီမံကိန္း ခြင့္ျပဳခ်က္ကို စီမံကိန္းမဟာဗ်ဴဟာဘုတ္အဖြဲ႔ထံ စက္တင္ဘာလအတြင္း ျပန္လည္တင္ျပသြားမွာ ျဖစ္ပါတယ္” ဟု ေျပာသည္။

စီမံကိန္းခြင့္ျပဳခ်က္ ပယ္ဖ်က္ခံရပါက ေနအိမ္မ်ား ျဖိဳဖ်က္ခံရမည္ ျဖစ္သည္။

Coppenhall Place အိမ္ရာအေရးကို ေအာက္လႊတ္ေတာ္တြင္ တင္ျပထားသည္။ လႊတ္ေတာ္အမတ္ Penny Mourdaunt က ယခုျဖစ္ရပ္မွာ က်က္သေရမရွိေသာ အေျခအေနျဖစ္ေၾကာင္း ေျပာသည္။

“ဒီအိမ္ေတြကို ယံုယံုၾကည္ၾကည္နဲ႔ ဝယ္ခဲ့ၾကသူေတြကို ေဆာက္လုပ္တဲ့ Developer နဲ႔ ေဒသတြင္း အုပ္ခ်ဳပ္ေရးအဖြဲ႔အေနနဲ႔ ေရွ႕ထြက္လာျပီး တာဝန္ယူဖို႔ လိုပါတယ္”ဟု သူမက ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Homeowners on newbuild estate where all 263 homes face being DEMOLISHED due to council blunder to learn fate in weeks (the-sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...

ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...

ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Neighbourhood
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service