ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
သြစတေးလျနိုင်ငံတွင် Temple Island အမည်ရှိ ကျွန်းတစ်ကျွန်း နေအိမ်တစ်လုံး၏ ဈေးနှုန်းအောက် နည်းပါးသောဈေးဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
ကွင်းစလန်ပြည်နယ် ၊ Central Queensland ဒေသ ၊ Cape Palmerston အမျိုးသားဥယျာဉ်၏ ကမ်းလွန် ၃ ကီလိုမီတာအကွာတွင် တည်ရှိပြီး ကျွန်း၏ အကျယ်အဝန်းမှာ ၁၂၃ ဧက ရှိသည်။
(အိမ်တစ်လုံး၏ ဈေးနှုန်းအောက် နည်းပါးသော ဈေးနှုန်းဖြင့် ရောင်းချမည့် Temple Island ။ ဓာတ်ပုံ-Private Island Online)
(ကျွန်းပေါ်တွင် အိပ်ခန်း ၄ ခန်းပါ နေအိမ်တစ်လုံး ပါဝင်သည်။ ဓာတ်ပုံ-Private Island Online)
မီတာ ၁၁၀၀ ရှည်လျားသော လေယာဉ်ပြေးလမ်း ၊ ကျွန်း၏ အမြင့်ဆုံးနေရာတွင် အိပ်ခန်း ၄ ခန်းပါ အိမ်တစ်လုံး ၊ ထရပ်ကားသစ်တစ်စီး ၊ buggy တစ်စီး ၊ Range Rover နှင့် လေးဘီးဆိုင်ကယ်တစ်စီးတို့ ပါဝင်သည်။
နေအိမ်တွင် အပေါ်ထပ်၌ အိပ်ခန်း ၃ ခန်း ၊ အောက်ထပ်တွင် အလုပ်သမား (သို့မဟုတ်) ဧည့်သည်များအတွက် အခန်းတစ်ခန်း ၊ မီးဖိုဆောင် ၊ ရေချိုးခန်း ၊ နားနေခန်း ၊ ကြီးမားသော ဝရန်တာ ၊ ဆိုလာပြားနှင့် ဘက်ထရီတို့ ပါဝင်သည်။
အဆိုပါကျွန်းကို ကန်ဒေါ်လာ ၁ ဒသမ ၇၅ သန်းဈေးခေါ်ထားသည်။ ကျွန်းပေါ်တွင် အံ့သြမှင်တက်ဖွယ် ကမ်းခြေများ ၊ မိုးသစ်တောငယ်များ ၊ ကျောက်တောင်ခုံးများ ၊ သစ်ခွများနှင့် ထူးခြားဆန်းကြယ်သော အပင်များစွာ ရှိသည်။
Private Island Online Australia ၏ ဖော်ပြချက်အရ ဤကျွန်းတွင် ထူးခြားသော ရှုခင်းများ ပိုင်ဆိုင်ထားပြီး ဖြူလွလွ သဲသောင်ကမ်းခြေများစွာရှိကာ သန္တာကောင်များနှင့် ကမာကောင်များ ပေါများသည်ဟု ဆိုသည်။
ကျွန်းပေါ်တွင် ပင်လယ်လိပ်ကြီးများ ကျက်စားနေထိုင်ပြီး ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် ပင်လယ်လိပ်များ ဥချခြင်းကို တွေ့ရနိုင်သည်။
ဝေလငါးများသည်လည်း တစ်နှစ်လျှင် ၂ ကြိမ် သြဂုတ်နှင့် စက်တင်ဘာလများတွင် ဤကျွန်းဘေးမှ ဖြတ်သန်း သွားလာလေ့ရှိသည်။
ယခုနှစ်အစောပိုင်းကလည်း သြစတေးလျတွင်ပင် ကျွန်းတစ်ကျွန်းကို ပေါင် ၅၃၉၈၄၇ ဖြင့် ရောင်းချခဲ့ဖူးသည်။
ထိုကျွန်းတွင် နေအိမ် ၂ လုံး ၊ ဆားရေ ရေကူးကန်တစ်ခုနှင့် ရဟတ်ယာဉ်ကွင်းတို့ ပါဝင်သည်။
ဗဟို အမေရိကတွင်လည်း ကျွန်းတစ်ကျွန်းကို လန်ဒန်မှ တိုက်ခန်းတစ်ခန်းဈေးနှုန်းအောက် နည်းပါးသော ဈေးနှုန်းဖြင့် အရောင်းဈေးကွက်တင်ထားသည်။
ထို့အပြင် နီကာရာဂွါနိုင်ငံတွင်လည်း ၅ ဧက ကျယ်သော မီးတောင်ကျွန်းတစ်ခုကို ပေါင် ၃၇၆၆၂၇ ဖြင့် အရောင်းဈေးကွက် တင်ထားသည်။
(ဤကျွန်းပေါ်တွင် ပင်လယ်လိပ်ကြီးများနှင့် ထူးခြားဆန်းပြားသော အပင်များစွာ ရှိသည်။ ဓာတ်ပုံ-Private Island Online)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Entire island for sale with a four-bed home and stunning private beaches – and it will cost you less than a house (the-sun)
[Zawgyi]
ဩစေတးလ်တြင္ ကြၽန္းတစ္ကြၽန္းလုံးကို အိမ္တစ္လုံးေဈးႏႈန္းေအာက္ ေခၚေဈးျဖင့္ အေရာင္းေဈးကြက္တင္လာ
ၾသစေတးလ်ႏိုင္ငံတြင္ Temple Island အမည္ရွိ ကၽြန္းတစ္ကၽြန္း ေနအိမ္တစ္လံုး၏ ေစ်းႏႈန္းေအာက္ နည္းပါးေသာေစ်းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။
ကြင္းစလန္ျပည္နယ္ ၊ Central Queensland ေဒသ ၊ Cape Palmerston အမ်ိဳးသားဥယ်ာဥ္၏ ကမ္းလြန္ ၃ ကီလိုမီတာအကြာတြင္ တည္ရွိျပီး ကၽြန္း၏ အက်ယ္အဝန္းမွာ ၁၂၃ ဧက ရွိသည္။
(အိမ္တစ္လံုး၏ ေစ်းႏႈန္းေအာက္ နည္းပါးေသာ ေစ်းႏႈန္းျဖင့္ ေရာင္းခ်မည့္ Temple Island ။ ဓာတ္ပံု-Private Island Online)
(ကၽြန္းေပၚတြင္ အိပ္ခန္း ၄ ခန္းပါ ေနအိမ္တစ္လံုး ပါဝင္သည္။ ဓာတ္ပံု-Private Island Online)
မီတာ ၁၁၀၀ ရွည္လ်ားေသာ ေလယာဥ္ေျပးလမ္း ၊ ကၽြန္း၏ အျမင့္ဆံုးေနရာတြင္ အိပ္ခန္း ၄ ခန္းပါ အိမ္တစ္လံုး ၊ ထရပ္ကားသစ္တစ္စီး ၊ buggy တစ္စီး ၊ Range Rover ႏွင့္ ေလးဘီးဆိုင္ကယ္တစ္စီးတုိ႔ ပါဝင္သည္။
ေနအိမ္တြင္ အေပၚထပ္၌ အိပ္ခန္း ၃ ခန္း ၊ ေအာက္ထပ္တြင္ အလုပ္သမား (သို႔မဟုတ္) ဧည့္သည္မ်ားအတြက္ အခန္းတစ္ခန္း ၊ မီးဖိုေဆာင္ ၊ ေရခ်ိဳးခန္း ၊ နားေနခန္း ၊ ႀကီးမားေသာ ဝရန္တာ ၊ ဆိုလာျပားႏွင့္ ဘက္ထရီတို႔ ပါဝင္သည္။
အဆိုပါကြၽန္းကို ကန္ေဒၚလာ ၁ ဒသမ ၇၅ သန္းေဈးေခၚထားသည္။ ကြၽန္းေပၚတြင္ အံ့ၾသမွင္တက္ဖြယ္ ကမ္းေျခမ်ား ၊ မိုးသစ္ေတာငယ္မ်ား ၊ ေက်ာက္ေတာင္ခုံးမ်ား ၊ သစ္ခြမ်ားႏွင့္ ထူးျခားဆန္းၾကယ္ေသာ အပင္မ်ားစြာ ႐ွိသည္။
Private Island Online Australia ၏ ေဖာ္ျပခ်က္အရ ဤကၽြန္းတြင္ ထူးျခားေသာ ရႈခင္းမ်ား ပိုင္ဆိုင္ထားျပီး ျဖဴလြလြ သဲေသာင္ကမ္းေျခမ်ားစြာရွိကာ သႏၱာေကာင္မ်ားႏွင့္ ကမာေကာင္မ်ား ေပါမ်ားသည္ဟု ဆိုသည္။
ကၽြန္းေပၚတြင္ ပင္လယ္လိပ္ၾကီးမ်ား က်က္စားေနထုိင္ျပီး ဇန္နဝါရီႏွင့္ ေဖေဖာ္ဝါရီလမ်ားတြင္ ပင္လယ္လိပ္မ်ား ဥခ်ျခင္းကို ေတြ႔ရႏိုင္သည္။
ေဝလငါးမ်ားသည္လည္း တစ္ႏွစ္လွ်င္ ၂ ၾကိမ္ ၾသဂုတ္ႏွင့္ စက္တင္ဘာလမ်ားတြင္ ဤကၽြန္းေဘးမွ ျဖတ္သန္း သြားလာေလ့ရွိသည္။
ယခုႏွစ္အေစာပိုင္းကလည္း ၾသစေတးလ်တြင္ပင္ ကၽြန္းတစ္ကၽြန္းကို ေပါင္ ၅၃၉၈၄၇ ျဖင့္ ေရာင္းခ်ခဲ့ဖူးသည္။
ထုိကၽြန္းတြင္ ေနအိမ္ ၂ လံုး ၊ ဆားေရ ေရကူးကန္တစ္ခုႏွင့္ ရဟတ္ယာဥ္ကြင္းတုိ႔ ပါဝင္သည္။
ဗဟို အေမရိကတြင္လည္း ကၽြန္းတစ္ကၽြန္းကို လန္ဒန္မွ တုိက္ခန္းတစ္ခန္းေစ်းႏႈန္းေအာက္ နည္းပါးေသာ ေစ်းႏႈန္းျဖင့္ အေရာင္းေစ်းကြက္တင္ထားသည္။
ထို႔အျပင္ နီကာရာဂြါႏိုင္ငံတြင္လည္း ၅ ဧက က်ယ္ေသာ မီးေတာင္ကၽြန္းတစ္ခုကို ေပါင္ ၃၇၆၆၂၇ ျဖင့္ အေရာင္းေစ်းကြက္ တင္ထားသည္။
(ဤကၽြန္းေပၚတြင္ ပင္လယ္လိပ္ၾကီးမ်ားႏွင့္ ထူးျခားဆန္းျပားေသာ အပင္မ်ားစြာ ရွိသည္။ ဓာတ္ပံု-Private Island Online)
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Entire island for sale with a four-bed home and stunning private beaches – and it will cost you less than a house (the-sun)