အိမ်ခြံမြေအဝယ်မမှားရအောင် သိမှတ်စရာ ဥပဒေ အဖြာဖြာ...

အိမ်ခြံမြေအဝယ်မမှားရအောင် သိမှတ်စရာ ဥပဒေ အဖြာဖြာ... - Property Knowledge in Myanmar from iMyanmarHouse.com
3 Sep 2023 12:23 pm တွင် တင်ခဲ့သည်
982 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အိမ်ခြံမြေအမေးအဖြေကဏ္ဍကို စောင့်ကြည့်ဖတ်ရှုနေသူများအတွက် ဒီတစ်ပတ်မှာတော့ အိမ်ခြံမြေကို နှစ်ဦးဝယ်ယူနေခြင်း ဖြစ်ပါက မည်ကဲ့သို့ ဆောင်ရွက်နိုင်ပါသနည်း ... ဆိုတဲ့မေးခွန်းအပါအဝင် အမေးအဖြေသုံးခုကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ အိမ်ခြံမြေဥပဒေဗဟုသုတကြွယ်စေရန်အတွက် iMyanmarHouse.com မှ အပတ်စဉ် ဥပဒေအမေးအဖြေများအားတင်ဆက်ပေးလျှက်ရှိနေပါသည်။

 

မေးခွန်း (၁) - အိမ်ခြံမြေအား နှစ်ဦးဝယ်ယူနေခြင်းဖြစ်ပြီး အရောင်းအဝယ်ထပ်နေပါက မည်ကဲ့သို့ ဆောင်ရွက်နိုင်ပါသနည်း။

 

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ဝယ်ယူရန် ဝယ်ယူသူမှ စရန်ငွေပေးအပ်ကာ ပဋိဉာဉ်ပြုလုပ်ထား ပါက ပဋိဉာဉ် အတိုင်း အပြီးသတ်စာချုပ်ချုပ်ဆိုပေးရန် ရောင်းချသူမှာ တာဝန်ရှိသည်။ ရောင်းချသူမှာ အပြီး သတ် စာချုပ်ချုပ်ဆိုရန် ပျက်ကွက်ပါက ဝယ်ယူသူသည် အောက်ပါအတိုင်း တောင်းဆိုနိုင်သည့် အခွင့်အရေး များ ရှိပါသည်။

- ပဋိဉာဉ်အတိုင်း ရောင်းရန် သဘောတူထားသည့် ရောင်းဈေးတန်ဖိုးငွေအနက် ကျန်ငွေအား လက်ခံပြီး အချင်းဖြစ်အိမ်မြေ (သို့) တိုက်ခန်းအား လက်ရောက်ပေးအပ်ရန်။

- ပဋိဉာဉ်ကို ချိုးဖောက်သည့်အတွက် စရန်ငွေ၊ နစ်နာကြေးငွေ နှင့် တရားရုံးစရိတ်ငွေ အရပ်ရပ်အား ရောင်းချသူမှ ပေးအပ်ရန်။

- အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ချုပ်ဆို၍ လက်ရောက်ပေးအပ်ရန်။

- ကတိပဋိဉာဉ်ပါအတိုင်း ရောင်းချသူဘက်မှ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် တို့ဖြစ်ပါသည်။

(ဒေါ်နီနှင့်ဒေါ်အေး ၁၉၈၁ မတစ ၂၅၉)

ပထမစာချုပ်ချုပ်ဆိုဝယ်ယူသူမှ ပစ္စည်းအား ဦးစွာပေးရရှိနိုင်သည့် အခွင့်အရေးကိုရရှိသည်။

(ဦးစိုးအောင် ဒေါ်မြင့်(ခ) ဒေါ်စန်းရင်-၂)နှင့် ဦးစိုးအောင်၊ ဒေါ်ခင်အေးပါ-၂ စီရင်ထုံးတွင် တရားပြိုင် သည် တရားလိုကို မှတ်ပုံတင်သော စာချုပ်ဖြင့် ရောင်းသည်။ ၎င်းက ထပ်မံ၍ တရားပြိုင်-၂ကို မှတ်ပုံမတင် သောစာချုပ်ဖြင့် ထပ်ရောင်းသည်။

တရားလိုသည် ဦးစွာ ဝယ်ယူသူဖြစ်ရာ ပဋိဉာဉ်အတိုင်း ဆောင်ရွက်စေရန် အတည်ပြုခွင့်ရှိမည်ဖြစ်သည်။ မူလရုံးတရားပြိုင်(၂)သည် သီးခြား ၂၇(ခ)တွင် ခြွင်းချက်ပြုထားသည့် လွှဲပြောင်းရရှိသူမဟုတ်။ တရားပြိုင်(၁) ထံမှ မှတ်ပုံမတင်သော စာချုပ်ဖြင့် ဝယ်ယူသူတရားပြိုင်(၂)ထံ ပိုင်ဆိုင်မှု လွှဲပြောင်းရောက်ရှိသွားခြင်း မရှိ၍ ပဋိဉာဉ်အတိုင်း အတည်ပြုရန် လိုမည်မဟုတ်။

စာချုပ်တွင် ပေးလျော်ရန် စည်းကမ်းချက်မှာ အရောင်းအဝယ်ပဋိဉာဉ် မပျက်စေရန် အာမခံချက် တစ်ရပ်အဖြစ် ထည့်သွင်းထားခြင်းဖြစ်သည်။ ဝယ်ယူသူက အဖိုးစားနားဖြင့် လွှဲပြောင်းရောင်းချခြင်းသာဖြစ်ပြီး လျော်ကြေးငွေ တောင်းခံရန် ရည်ရွယ်ချက်ဖြင့် ချုပ်ဆိုခြင်းမရှိကြောင်း မြင်သာသည်။

သီးခြား ၁၂အရ ပဋိဉာဉ်ဖောက်ဖျက်သည့်အတွက် ငွေကြေးအားဖြင့် လျော်ကြေးပေးရန် လုံလောက်သည့် သက်သာခွင့်မရနိုင်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ဦးမြမောင်နှင့် ဦးတင်ဦးပါ-၈ ၁၉၉၅ မတစ ၁၁၅ ကိုညွှန်း၍ မူလ တရားရုံး၏ ရောင်းဖိုးကျန်ငွေ လက်ခံပြီး မှတ်ပုံတင်စာချုပ်ချုပ်၍ လက်ရောက်ပေးအပ်ရန် ချမှတ်သည့်ဒီဂရီ မှားယွင်းခြင်းမရှိဟု ဖော်ပြထားပါသည်။

 

မေးခွန်း (၂) - မြေငှါးစာချုပ်(ဂရန်)မိတ္တူမှန်ဖြင့်အရောင်းအဝယ်ပြုလုပ်လို့ရသလား။

 

လူနေထိုင်ရန်အတွက်ဖြစ်စေ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအတွက်ဖြစ်စေ မြို့မြေများ အား တနည်းနည်းဖြင့် အသုံးပြုလိုလျှင် စည်ပင်သာယာရေးကော်မတီ မြေယာစီမံခန့်ခွဲမှုဌာနသို့ မြေငှားရမ်း သုံးစွဲခွင့်ရန်၊ မြေငှားစာချုပ်ချုပ်ဆိုရန် လျှောက်ထားရပါမည်။

ထို့သို့လျှောက်ထားရာတွင် ...

- မြေပိုင်ဆိုင်မှုအထောက်အထား မူရင်းများ၊

- နိုင်ငံသားစီစစ်ရေးကတ်ပြား (သို့) အမျိုးသားမှတ်ပုံတင်ကတ်ပြား၊ -မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် (သို့) မြေငှားခနောက်ဆုံး ပေးဆောင်ပြီးကြောင်း ပြေစာတို့ လိုအပ်ပါတယ်။

မြေငှားစာချုပ်၊ မြေငှားရမ်းသုံးစွဲခွင့်အား လွှဲပြောင်းရောင်းချခြင်းပြုလိုသည့်အခါတိုင်း ဂရန်မြေငှား စာချုပ်မူရင်း ပြသကာ အရောင်းမြေပုံထုတ်ယူရပါသည်။ထို့နောက် သက်ဆိုင်ရာဌာနများတွင် ရာဖြတ်တင်ခြင်း၊ အခွန်ဆောင်ခြင်း၊ မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းများပြုပြီး မြေယာစီမံခန့်ခွဲမှုဌာနတွင် အမည်ပြောင်းလဲကာ တရားဝင်အမည်ပေါက် ပိုင်ဆိုင်နိုင်ရန် ဆောင်ရွက်ရပါသည်။

မြေငှားစာချုပ်တွင် အစိုးရမှ ငှားရမ်းခြင်းအား ခွင့်ပြုကာလသတ်မှတ်ထားပြီး သက်တမ်းကုန်ပါက ဂရန်သက်တမ်းတိုး ဆောင်ရွက်ရပါသည်။

ဂရန်မူရင်း ပျောက်ဆုံး/ပျက်စီးသွားလျှင်၊ သက်ဆိုင်ရာမြေယာစီမံခန့်ခွဲမှုဌာနသို့ ဥပဒေနဲ့အညီ မိတ္တူမှန် ထုတ်ပေးရန် ဂရန်အမည်ပေါက်မှ လျှောက်ထားနိုင်ပါသည်။ မြေငှားဂရန်စာချုပ်မှာ ပျက်စီးပါက အမှန်တ ကယ် ပျက်စီးကြောင်း ကျမ်းကျိန်လွှာ၊ ပျောက်ဆုံးလျှင် မြို့နယ်ထွေ/အုပ် ဦးစီး အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်၊ ရဲစခန်းတိုင်ကြားချက်၊ တရားရုံးအမိန့်ဖြင့် လျှောက်ထားခြင်းဖြစ်ပါက တရားရုံးအမိန့်ဒီဂရီ အထောက်အထားများ လိုအပ်ပါသည်။

ကန့်ကွက်ရန်ရှိမရှိ သတင်းစာကြေငြာခြင်းများပြုပြီး ကန့်ကွက်သူ မပေါ်ပေါက်ပါက အမည်ပြောင်းလဲခြင်း ဆက်လက်ဆောင်ရွက်စေပါသည်။

ထို့ပြင် မူလအမည်ပေါက် ဂရန်မိတ္တူမှန်ထုတ်ပေးခြင်း မပြုမီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ကန့်ကွက်ရန်မရှိသဖြင့် လုပ်ထုံးလုပ်နည်းနဲ့အညီ ဂရန်မိတ္တူမှန် ထုတ်ပေးမည်ဖြစ်ကြောင်းနှင့် မူလ မြေငှားဂရန်မူရင်းကို မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ပယ်ဖျက်ပြီးကြောင်း ကြေငြာစာအား နေ့စဉ် ထုတ်နိုင်ငံပိုင်သတင်းစာ တွင် ထည့်သွင်းကြေငြာပေးပါတယ်။

ထို့နောက် သတ်မှတ်ဝန်ဆောင်ခကို ပေးသွင်းစေ၍ မူလအမည်ပေါက် မြေငှားစာချုပ်မိတ္တူမှန် ထုတ်ပေးပြီး သက်ဆိုင်ရာဌာနမှ ထုတ်ပေးသော မိတ္တူမှန်ဖြစ်ပါက မူရင်းသကဲ့သို့ အသုံးပြုနိုင်သည့်အကြောင်း ဖြေဆိုရေးသား ပေးလိုက်ပါသည်။

 

မေးခွန်း (၃) - အပျောက်စနစ်ဖြင့် ဝယ်ထားသည့် တိုက်ခန်းများရှိသော မြေကို ဝယ်မည်ဆိုလျှင် ဘယ်လို ဆောင်ရွက်နိုင်ပါသလဲ။

တချို့မြေရှင်အမည်ပေါက်များမှာ မိမိပိုင်ဆိုင်သည့် အပျောက်စနစ်တိုက်ခန်းရောင်းချသည့်အခါ ၎င်းတို့ အမည်ပေါက်မြေပိုင်ဆိုင်မှု ဂရန်( မြေပိုင်ဆိုင်မှု)ကိုပါ ထည့်ရောင်းသည်များလဲရှိပါသည်။ မြေပိုင်ဆိုင်မှု ဂရန် ပါပါဝင်သည့်အတွက် တိုက်ခန်းတစ်ခန်းချင်း ဝယ်ယူခြင်း ဈေးနှုန်းထက်တော့ များစွာကွာခြားမှုရှိပါသည်။

ဝယ်ယူသူမှာ ၎င်းတို့အမည်ပေါက်မြေငှားဂရန်ဖြစ်စေရန် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတွင် အမည်ပြောင်းလဲခြင်းများ ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထပ်မံ၍ ကန်ထရိုက်နှင့် အထပ်မြင့် အဆောက်အအုံသစ် အကျိုးတူဆောက်လုပ်ပြီး မူလနေထိုင်သူရှိနှင့်ပြီး အခန်းများအား ပြန်လည်အပ်နှံပြီးပါက ဈေးကွက်အခြေအနေအရ ပိုသောအခန်းများအတွက် အမြတ်ရရှိမည်ဖြစ်သောကြောင့် ဝယ်ယူကြခြင်း ဖြစ်ပါသည်။

အဆောက်အအုံသစ် မဆောက်လုပ်ခင်တော့ မြေရှင်၊ ကန်ထရိုက်တာနှင့် မူလအပျောက်စနစ် တိုက်ခန်းဝယ်ယူထားသူများ ညီနှိုင်းမှုပြုလုပ်ရပါမည်။ ထို့သို့ဝယ်ယူခြင်းများတွင် အခွန်ဆောင်အမည်ပေါက် ပြောင်းလဲရာ၌ အဆောက်အအုံမပါ မြေသက်သက်သာ ဝယ်ယူခြင်းဖြစ်ကြောင်း အခွန်ရုံးအရာရှိထံ ရှင်းလင်း ပြောပြမှုပြုရန် လိုအပ်ပါသည်။

ပုံမှန်အတိုင်း ရာဖြတ်ရုံးတွင် ကာလတန်ဖိုးထွက်ရှိပါက ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရပါမည်။ စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေပုဒ်မ -၂၁ အရ ရက်ပေါင်း(၁၂၀)အတွင်း မဖြစ်မနေမှတ်ပုံတင် ဆောင်ရွက်ရပါမည်။

စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပုဒ်မ-၁၆(ခ)အရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုဖြစ်စေ၊ ယင်းပစ္စည်း နှင့် ဆက်စပ်နေသော တန်ဖိုးငွေကျပ် (၁)သိန်းနှင့် အထက်ရှိသော ပစ္စည်းများ‌ရောင်းချခြင်း၊ အကျိုး ခံစားမှုတစ်စုံတစ်ရာအား ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ စွန့်လွတ်ခြင်း၊ ဖျက်သိမ်းခြင်းများ ခိုင်မာစေရန်အတွက် မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းအဖြစ် သတ်မှတ်ထားသည်။

မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ခ ၀.၅% ပေးသွင်း၍ မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီးနောက် ဂရန်အမည် ပြောင်းလဲခြင်းအား စည်ပင်သာယာရေးကော်မတီ မြေယာစီမံခန့်ခွဲမှုဌာနတွင် ဆက်လက် ဆောင်ရွက်ရပါသည်။ တရားဝင်အမည်ပေါက် မြေငှားဂရန်ရရှိပါကအဆောက်အအုံတွင် နေထိုင်သူများအား မြေငှားခတိုက်ခန်း ငှားခနှင့် မြေရှင်အသိအမှတ်ပြု လက်မှတ်ရေးထိုးခြင်းများ တရားဝင်ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

အိမ္ျခံေျမအဝယ္မမွားရေအာင္ သိမွတ္စရာ ဥပေဒ အျဖာျဖာ...

အိမ္ျခံေျမအေမးအေျဖက႑ကို ေစာင့္ၾကည့္ဖတ္႐ႈေနသူမ်ားအတြက္ ဒီတစ္ပတ္မွာေတာ့ အိမ္ျခံေျမကို ႏွစ္ဦးဝယ္ယူေနျခင္း ျဖစ္ပါက မည္ကဲ့သို႔ ေဆာင္႐ြက္ႏိုင္ပါသနည္း ... ဆိုတဲ့ေမးခြန္းအပါအဝင္ အေမးအေျဖသုံးခုကို တင္ဆက္ေပးသြားမွာပဲျဖစ္ပါတယ္။ အိမ္ျခံေျမဥပေဒဗဟုသုတႂကြယ္ေစရန္အတြက္ iMyanmarHouse.com မွ အပတ္စဥ္ ဥပေဒအေမးအေျဖမ်ားအားတင္ဆက္ေပးလွ်က္႐ွိေနပါသည္။

 

ေမးခြန္း (၁) - အိမ္ျခံေျမအား ႏွစ္ဦးဝယ္ယူေနျခင္းျဖစ္ၿပီး အေရာင္းအဝယ္ထပ္ေနပါက မည္ကဲ့သို႔ ေဆာင္႐ြက္ႏိုင္ပါသနည္း။

 

မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းကို ဝယ္ယူရန္ ဝယ္ယူသူမွ စရန္ေငြေပးအပ္ကာ ပဋိဉာဥ္ျပဳလုပ္ထား ပါက ပဋိဉာဥ္ အတိုင္း အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ဆိုေပးရန္ ေရာင္းခ်သူမွာ တာဝန္႐ွိသည္။ ေရာင္းခ်သူမွာ အၿပီး သတ္ စာခ်ဳပ္ခ်ဳပ္ဆိုရန္ ပ်က္ကြက္ပါက ဝယ္ယူသူသည္ ေအာက္ပါအတိုင္း ေတာင္းဆိုႏိုင္သည့္ အခြင့္အေရး မ်ား ႐ွိပါသည္။

- ပဋိဉာဥ္အတိုင္း ေရာင္းရန္ သေဘာတူထားသည့္ ေရာင္းေဈးတန္ဖိုးေငြအနက္ က်န္ေငြအား လက္ခံၿပီး အခ်င္းျဖစ္အိမ္ေျမ (သို႔) တိုက္ခန္းအား လက္ေရာက္ေပးအပ္ရန္။

- ပဋိဉာဥ္ကို ခ်ိဳးေဖာက္သည့္အတြက္ စရန္ေငြ၊ နစ္နာေၾကးေငြ ႏွင့္ တရား႐ုံးစရိတ္ေငြ အရပ္ရပ္အား ေရာင္းခ်သူမွ ေပးအပ္ရန္။

- အေရာင္းအဝယ္မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆို၍ လက္ေရာက္ေပးအပ္ရန္။

- ကတိပဋိဉာဥ္ပါအတိုင္း ေရာင္းခ်သူဘက္မွ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေပးရန္ တို႔ျဖစ္ပါသည္။

(ေဒၚနီႏွင့္ေဒၚေအး ၁၉၈၁ မတစ ၂၅၉)

ပထမစာခ်ဳပ္ခ်ဳပ္ဆိုဝယ္ယူသူမွ ပစၥည္းအား ဦးစြာေပးရ႐ွိႏိုင္သည့္ အခြင့္အေရးကိုရ႐ွိသည္။

(ဦးစိုးေအာင္ ေဒၚျမင့္(ခ) ေဒၚစန္းရင္-၂)ႏွင့္ ဦးစိုးေအာင္၊ ေဒၚခင္ေအးပါ-၂ စီရင္ထုံးတြင္ တရားၿပိဳင္ သည္ တရားလိုကို မွတ္ပုံတင္ေသာ စာခ်ဳပ္ျဖင့္ ေရာင္းသည္။ ၎က ထပ္မံ၍ တရားၿပိဳင္-၂ကို မွတ္ပုံမတင္ ေသာစာခ်ဳပ္ျဖင့္ ထပ္ေရာင္းသည္။

တရားလိုသည္ ဦးစြာ ဝယ္ယူသူျဖစ္ရာ ပဋိဉာဥ္အတိုင္း ေဆာင္႐ြက္ေစရန္ အတည္ျပဳခြင့္႐ွိမည္ျဖစ္သည္။ မူလ႐ုံးတရားၿပိဳင္(၂)သည္ သီးျခား ၂၇(ခ)တြင္ ႁခြင္းခ်က္ျပဳထားသည့္ လႊဲေျပာင္းရ႐ွိသူမဟုတ္။ တရားၿပိဳင္(၁) ထံမွ မွတ္ပုံမတင္ေသာ စာခ်ဳပ္ျဖင့္ ဝယ္ယူသူတရားၿပိဳင္(၂)ထံ ပိုင္ဆိုင္မႈ လႊဲေျပာင္းေရာက္႐ွိသြားျခင္း မ႐ွိ၍ ပဋိဉာဥ္အတိုင္း အတည္ျပဳရန္ လိုမည္မဟုတ္။

စာခ်ဳပ္တြင္ ေပးေလ်ာ္ရန္ စည္းကမ္းခ်က္မွာ အေရာင္းအဝယ္ပဋိဉာဥ္ မပ်က္ေစရန္ အာမခံခ်က္ တစ္ရပ္အျဖစ္ ထည့္သြင္းထားျခင္းျဖစ္သည္။ ဝယ္ယူသူက အဖိုးစားနားျဖင့္ လႊဲေျပာင္းေရာင္းခ်ျခင္းသာျဖစ္ၿပီး ေလ်ာ္ေၾကးေငြ ေတာင္းခံရန္ ရည္႐ြယ္ခ်က္ျဖင့္ ခ်ဳပ္ဆိုျခင္းမ႐ွိေၾကာင္း ျမင္သာသည္။

သီးျခား ၁၂အရ ပဋိဉာဥ္ေဖာက္ဖ်က္သည့္အတြက္ ေငြေၾကးအားျဖင့္ ေလ်ာ္ေၾကးေပးရန္ လုံေလာက္သည့္ သက္သာခြင့္မရႏိုင္ဟု မွတ္ယူရမည္ျဖစ္ေၾကာင္း ဦးျမေမာင္ႏွင့္ ဦးတင္ဦးပါ-၈ ၁၉၉၅ မတစ ၁၁၅ ကိုၫႊန္း၍ မူလ တရား႐ုံး၏ ေရာင္းဖိုးက်န္ေငြ လက္ခံၿပီး မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္၍ လက္ေရာက္ေပးအပ္ရန္ ခ်မွတ္သည့္ဒီဂရီ မွားယြင္းျခင္းမ႐ွိဟု ေဖာ္ျပထားပါသည္။

 

ေမးခြန္း (၂) - ေျမငွါးစာခ်ဳပ္(ဂရန္)မိတၱဴမွန္ျဖင့္အေရာင္းအဝယ္ျပဳလုပ္လို႔ရသလား။

လူေနထိုင္ရန္အတြက္ျဖစ္ေစ၊ စီးပြားေရး၊ လူမႈေရး၊ ပညာေရး၊ က်န္းမာေရးအတြက္ျဖစ္ေစ ၿမိဳ႕ေျမမ်ား အား တနည္းနည္းျဖင့္ အသုံးျပဳလိုလွ်င္ စည္ပင္သာယာေရးေကာ္မတီ ေျမယာစီမံခန္႔ခြဲမႈဌာနသို႔ ေျမငွားရမ္း သုံးစြဲခြင့္ရန္၊ ေျမငွားစာခ်ဳပ္ခ်ဳပ္ဆိုရန္ ေလွ်ာက္ထားရပါမည္။

ထို႔သို႔ေလွ်ာက္ထားရာတြင္ ...

- ေျမပိုင္ဆိုင္မႈအေထာက္အထား မူရင္းမ်ား၊

- ႏိုင္ငံသားစီစစ္ေရးကတ္ျပား (သို႔) အမ်ိဳးသားမွတ္ပုံတင္ကတ္ျပား၊ -ေျမငွားခေႂကြးက်န္ကင္း႐ွင္းေၾကာင္း ေထာက္ခံခ်က္ (သို႔) ေျမငွားခေနာက္ဆုံး ေပးေဆာင္ၿပီးေၾကာင္း ေျပစာတို႔ လိုအပ္ပါတယ္။

ေျမငွားစာခ်ဳပ္၊ ေျမငွားရမ္းသုံးစြဲခြင့္အား လႊဲေျပာင္းေရာင္းခ်ျခင္းျပဳလိုသည့္အခါတိုင္း ဂရန္ေျမငွား စာခ်ဳပ္မူရင္း ျပသကာ အေရာင္းေျမပုံထုတ္ယူရပါသည္။ထို႔ေနာက္ သက္ဆိုင္ရာဌာနမ်ားတြင္ ရာျဖတ္တင္ျခင္း၊ အခြန္ေဆာင္ျခင္း၊ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုျခင္းမ်ားျပဳၿပီး ေျမယာစီမံခန္႔ခြဲမႈဌာနတြင္ အမည္ေျပာင္းလဲကာ တရားဝင္အမည္ေပါက္ ပိုင္ဆိုင္ႏိုင္ရန္ ေဆာင္႐ြက္ရပါသည္။

ေျမငွားစာခ်ဳပ္တြင္ အစိုးရမွ ငွားရမ္းျခင္းအား ခြင့္ျပဳကာလသတ္မွတ္ထားၿပီး သက္တမ္းကုန္ပါက ဂရန္သက္တမ္းတိုး ေဆာင္႐ြက္ရပါသည္။

ဂရန္မူရင္း ေပ်ာက္ဆုံး/ပ်က္စီးသြားလွ်င္၊ သက္ဆိုင္ရာေျမယာစီမံခန္႔ခြဲမႈဌာနသို႔ ဥပေဒနဲ႔အညီ မိတၱဴမွန္ ထုတ္ေပးရန္ ဂရန္အမည္ေပါက္မွ ေလွ်ာက္ထားႏိုင္ပါသည္။ ေျမငွားဂရန္စာခ်ဳပ္မွာ ပ်က္စီးပါက အမွန္တ ကယ္ ပ်က္စီးေၾကာင္း က်မ္းက်ိန္လႊာ၊ ေပ်ာက္ဆုံးလွ်င္ ၿမိဳ႕နယ္ေထြ/အုပ္ ဦးစီး အုပ္ခ်ဳပ္ေရးမႉး႐ုံး ေထာက္ခံခ်က္၊ ရဲစခန္းတိုင္ၾကားခ်က္၊ တရား႐ုံးအမိန္႔ျဖင့္ ေလွ်ာက္ထားျခင္းျဖစ္ပါက တရား႐ုံးအမိန္႔ဒီဂရီ အေထာက္အထားမ်ား လိုအပ္ပါသည္။ ကန္႔ကြက္ရန္႐ွိမ႐ွိ သတင္းစာေၾကျငာျခင္းမ်ားျပဳၿပီး ကန္႔ကြက္သူ မေပၚေပါက္ပါက အမည္ေျပာင္းလဲျခင္း ဆက္လက္ေဆာင္႐ြက္ေစပါသည္။

ထို႔ျပင္ မူလအမည္ေပါက္ ဂရန္မိတၱဴမွန္ထုတ္ေပးျခင္း မျပဳမီ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနမွ ကန္႔ကြက္ရန္မ႐ွိသျဖင့္ လုပ္ထုံးလုပ္နည္းနဲ႔အညီ ဂရန္မိတၱဴမွန္ ထုတ္ေပးမည္ျဖစ္ေၾကာင္းႏွင့္ မူလ ေျမငွားဂရန္မူရင္းကို ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနမွ ပယ္ဖ်က္ၿပီးေၾကာင္း ေၾကျငာစာအား ေန႔စဥ္ ထုတ္ႏိုင္ငံပိုင္သတင္းစာ တြင္ ထည့္သြင္းေၾကျငာေပးပါတယ္။

ထို႔ေနာက္ သတ္မွတ္ဝန္ေဆာင္ခကို ေပးသြင္းေစ၍ မူလအမည္ေပါက္ ေျမငွားစာခ်ဳပ္မိတၱဴမွန္ ထုတ္ေပးၿပီး သက္ဆိုင္ရာဌာနမွ ထုတ္ေပးေသာ မိတၱဴမွန္ျဖစ္ပါက မူရင္းသကဲ့သို႔ အသုံးျပဳႏိုင္သည့္အေၾကာင္း ေျဖဆိုေရးသား ေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - အေပ်ာက္စနစ္ျဖင့္ ဝယ္ထားသည့္ တိုက္ခန္းမ်ား႐ွိေသာ ေျမကို ဝယ္မည္ဆိုလွ်င္ ဘယ္လို ေဆာင္႐ြက္ႏိုင္ပါသလဲ။

တခ်ိဳ႕ေျမ႐ွင္အမည္ေပါက္မ်ားမွာ မိမိပိုင္ဆိုင္သည့္ အေပ်ာက္စနစ္တိုက္ခန္းေရာင္းခ်သည့္အခါ ၎တို႔ အမည္ေပါက္ေျမပိုင္ဆိုင္မႈ ဂရန္( ေျမပိုင္ဆိုင္မႈ)ကိုပါ ထည့္ေရာင္းသည္မ်ားလဲ႐ွိပါသည္။ ေျမပိုင္ဆိုင္မႈ ဂရန္ ပါပါဝင္သည့္အတြက္ တိုက္ခန္းတစ္ခန္းခ်င္း ဝယ္ယူျခင္း ေဈးႏႈန္းထက္ေတာ့ မ်ားစြာကြာျခားမႈ႐ွိပါသည္။

ဝယ္ယူသူမွာ ၎တို႔အမည္ေပါက္ေျမငွားဂရန္ျဖစ္ေစရန္ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနတြင္ အမည္ေျပာင္းလဲျခင္းမ်ား ဆက္လက္ေဆာင္႐ြက္ရန္ လိုအပ္ပါသည္။ ထပ္မံ၍ ကန္ထ႐ိုက္ႏွင့္ အထပ္ျမင့္ အေဆာက္အအုံသစ္ အက်ိဳးတူေဆာက္လုပ္ၿပီး မူလေနထိုင္သူ႐ွိႏွင့္ၿပီး အခန္းမ်ားအား ျပန္လည္အပ္ႏွံၿပီးပါက ေဈးကြက္အေျခအေနအရ ပိုေသာအခန္းမ်ားအတြက္ အျမတ္ရ႐ွိမည္ျဖစ္ေသာေၾကာင့္ ဝယ္ယူၾကျခင္း ျဖစ္ပါသည္။

အေဆာက္အအုံသစ္ မေဆာက္လုပ္ခင္ေတာ့ ေျမ႐ွင္၊ ကန္ထ႐ိုက္တာႏွင့္ မူလအေပ်ာက္စနစ္ တိုက္ခန္းဝယ္ယူထားသူမ်ား ညီႏိႈင္းမႈျပဳလုပ္ရပါမည္။ ထို႔သို႔ဝယ္ယူျခင္းမ်ားတြင္ အခြန္ေဆာင္အမည္ေပါက္ ေျပာင္းလဲရာ၌ အေဆာက္အအုံမပါ ေျမသက္သက္သာ ဝယ္ယူျခင္းျဖစ္ေၾကာင္း အခြန္႐ုံးအရာ႐ွိထံ ႐ွင္းလင္း ေျပာျပမႈျပဳရန္ လိုအပ္ပါသည္။

ပုံမွန္အတိုင္း ရာျဖတ္႐ုံးတြင္ ကာလတန္ဖိုးထြက္႐ွိပါက ဝင္ေငြခြန္၊ တံဆိပ္ေခါင္းခြန္ ထမ္းေဆာင္ရပါမည္။ စာခ်ဳပ္စာတမ္းမ်ား မွတ္ပုံတင္ဥပေဒပုဒ္မ -၂၁ အရ ရက္ေပါင္း(၁၂၀)အတြင္း မျဖစ္မေနမွတ္ပုံတင္ ေဆာင္႐ြက္ရပါမည္။

စာခ်ဳပ္စာတမ္းမွတ္ပုံတင္ဥပေဒပုဒ္မ-၁၆(ခ)အရ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းကိုျဖစ္ေစ၊ ယင္းပစၥည္း ႏွင့္ ဆက္စပ္ေနေသာ တန္ဖိုးေငြက်ပ္ (၁)သိန္းႏွင့္ အထက္႐ွိေသာ ပစၥည္းမ်ား‌ေရာင္းခ်ျခင္း၊ အက်ိဳး ခံစားမႈတစ္စုံတစ္ရာအား ေၾကညာျခင္း၊ လႊဲအပ္ျခင္း၊ ကန္႔သတ္ျခင္း၊ စြန္႔လြတ္ျခင္း၊ ဖ်က္သိမ္းျခင္းမ်ား ခိုင္မာေစရန္အတြက္ မွတ္ပုံမတင္မေနရ စာခ်ဳပ္စာတမ္းအျဖစ္ သတ္မွတ္ထားသည္။

မွတ္ပုံတင္႐ုံးတြင္ မွတ္ပုံတင္ခ ၀.၅% ေပးသြင္း၍ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးေနာက္ ဂရန္အမည္ ေျပာင္းလဲျခင္းအား စည္ပင္သာယာေရးေကာ္မတီ ေျမယာစီမံခန္႔ခြဲမႈဌာနတြင္ ဆက္လက္ ေဆာင္႐ြက္ရပါသည္။ တရားဝင္အမည္ေပါက္ ေျမငွားဂရန္ရ႐ွိပါကအေဆာက္အအုံတြင္ ေနထိုင္သူမ်ားအား ေျမငွားခတိုက္ခန္း ငွားခႏွင့္ ေျမ႐ွင္အသိအမွတ္ျပဳ လက္မွတ္ေရးထိုးျခင္းမ်ား တရားဝင္ဆက္လက္ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း ေဖာ္ျပေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
7Mile Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service