သီးနှံပြောင်းလဲ စိုက်ပျိုးမှုပြုခြင်း ၊ အခြားနည်းသုံးစွဲရန် အသုံးပြုခွင့် လျှောက်ထားခြင်းနှင့် မြေနုကျွန်းများအား ငှားရမ်းခြင်းအကြောင်း

သီးနှံပြောင်းလဲ စိုက်ပျိုးမှုပြုခြင်း ၊ အခြားနည်းသုံးစွဲရန် အသုံးပြုခွင့် လျှောက်ထားခြင်းနှင့် မြေနုကျွန်းများအား ငှားရမ်းခြင်းအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
3 Sep 2023 12:04 pm တွင် တင်ခဲ့သည်
595 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

၂၀၁၂ ခုနှစ်၊မတ်လ၊(၃၀)ရက်နေ့တွင် ထွက်ရှိသော လယ်ယာမြေဥပဒေအရ လယ်ယာမြေဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင် စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီး ဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့် ခြံမြေ၊ မြေနုကျွန်းမြေ လည်းကောင်း ဆိုလိုကြောင်း ဖော်ပြထားပြီး အသုံးပြုလုပ်ကိုင်သူများက လျှောက်ထားပါက လယ်ယာမြေဥပဒေအရ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ထုတ်ပေးပါသည်။

လယ်ယာမြေဥပဒေ ပုဒ်မ-၂၄(က)(ခ)အရ လွှဲပြောင်းရောင်းချမှု၊ လဲလှယ်မှု၊ ပေးကမ်းမှုပြုတိုင်း အဆိုပါ မြေများအား ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ တင်ပြကာ တံဆိပ်ခေါင်းခွန် ထမ်းဆောင်၍ ရက်ပေါင်း (၁၂၀) အတွင်း မြို့နယ်ဦးစီးဌာနတွင် မှတ်ပုံတင်ရပါမည်။

လယ်ယာမြေနည်းဥပဒေပုဒ်မ-၇၆(ခ)အရ သီးနှံပြောင်းလဲ စိုက်ပျိုးခြင်းများပြုလိုပါကခွင့်ပြုမိန့် ပုံစံ-၁၃ ထုတ်ပေးရန်အတွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်။ အဆိုပါမြေများအား ရေရှည် အမျိုးသားရေး အကျိုးစီးပွားအတွက် စီမံကိန်းလုပ်ငန်းကြီးများ လုပ်ဆောင်မှုပြုပါက တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူရန် တင်ပြရပါသည်။

စာသင်ကျောင်း၊ ကျန်းမာရေး၊ ဘာသာရေး အဆောက်အအုံနှင့် အခြားကိစ္စရပ်များအတွက် လယ်ယာမြေကို အခြားနည်းအသုံးပြုလိုပါက သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ လုပ်ငန်းဆိုင်ရာ ခွင့်ပြုချက် ပါရှိရပါမည်။

အထက်ဖော်ပြပါ စိုက်ပျိုးလုပ်ကိုင်နေသည့်မြေများထဲမှ ဥယျာဉ်မြေအမျိုးအစားအား အခြားနည်း သုံးစွဲရန် ခွင့်ပြုချက်ရယူလိုပါကလဲ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ သဘောထားမှတ်ချက်ရယူကာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ လျှောက်ထားတင်ပြရပါမည်။

လယ်ယာမြေဥပဒေပုဒ်မ- ၃၀ အရ အခြားနည်းသုံးစွဲရန် ခွင့်ပြုပါက ပုံစံ ၁၅(က) ရရှိမည်ဖြစ်ကာ သတ်မှတ်ခွင့်ပြုလုပ်ငန်းအတိုင်း (၆)လအတွင်း လုပ်ငန်းစတင်အကောင်အထည် ဖော်ရပါမည်။ သတ်မှတ်ခွင့်ပြု လုပ်ငန်းအား အကောင်အထည်ဖော်ခြင်း မရှိပါက ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့သည် အဆိုပါလယ်ယာမြေကို ပြန်လည်သိမ်းယူနိုင်သည်။

မြေနုကျွန်းမြေ လုပ်ပိုင်ခွင့်ရယူလိုသူအား နှစ်စဉ်ပြောင်းလဲသည့် မြေနုကျွန်း အနေအထားအရ တစ်ရာသီ၊ နှစ်ရာသီအတွက်သာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ခွင့်ပြုအငှားချ ထားပေးပါသည်။ တစ်ရာသီစီသာ လုပ်ကိုင်ခွင့်ရရှိသဖြင့် မှတ်ပုံတင်ကြေး ပေးဆောင်ရန်မလိုဘဲ မြေခွန်သာ ထမ်းဆောင်ရပါမည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 


 













နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service