ဆန်ဖရန်စ္စကိုမြို့အတွင်းတွင် မြို့သစ်တစ်ခု တည်ထောင်ရန်အတွက် ကုမ္ပဏီတစ်ခုက ဒေါ်လာ သန်း ၈၀၀ ကျော်ဖိုး မြေဧက ထောင်ပေါင်းများစွာ ဝယ်ယူ

ဆန်ဖရန်စ္စကိုမြို့အတွင်းတွင် မြို့သစ်တစ်ခု တည်ထောင်ရန်အတွက် ကုမ္ပဏီတစ်ခုက ဒေါ်လာ သန်း ၈၀၀ ကျော်ဖိုး မြေဧက ထောင်ပေါင်းများစွာ ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
1 Sep 2023 11:17 am တွင် တင်ခဲ့သည်
579 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းခရိုင်တစ်ခုတွင် ဆီလီကွန်တောင်ကြား ဘီလျံနာကြီးများ ကျောထောက်နောက်ခံပြုသည့် ကုမ္ပဏီတစ်ခုက မြို့သစ်ကြီးတစ်ခု ဆောက်လုပ်ရန် မြေဧက ထောင်ပေါင်းများစွာ ဝယ်ယူလျက်ရှိနေသည်။

နယူးယောက်တိုင်းမ် သတင်းစာ၏ ဖော်ပြချက်အရ ထိုကုမ္ပဏီ၏ ရင်းနှီးမြှပ်နှံမှုများတွင် ဆီလီကွန်တောင်ကြား ၏ အထင်ကရ ပုဂ္ဂိုလ်များဖြစ်သော Marc Andreessen မှသည် Laurene Powell Jobs တို့အထိ ပါဝင်သည်ဟု ဆိုသည်။

မြေများ ဝယ်ယူသော ကုမ္ပဏီ၏ အမည်မှာ Flannery Associates ဖြစ်ပြီး ဆန်ဖရန်စစ္စကို၏ အရှေ့မြောက် ဘက် ဆိုလာနိုခရိုင်မှ ယာမြေဧက ထောင်ပေါင်းများစွာကို ကန်ဒေါ်လာ သန်း ၈၀၀ ခန့် သုံးစွဲကာ ဝယ်ယူ ခဲ့ကြောင်း Insider သတင်းဌာနက ရရှိခဲ့သော စာရွက်စာတမ်းများတွင် ဖော်ပြသည်ဟု ဆိုသည်။

ဝေါစထရိဂျာနယ်၏ ဖော်ပြချက်အရ Flannery သည်၂၀၁၈ ခုနှစ်ကတည်းက Travis လေတပ်အခြေစိုက်စခန်း ဝန်းကျင်ရှိ ယာမြေ ဧက ၅၂၀၀၀ ခန့်ကို ဝယ်ယူခဲ့ကြောင်း ဖော်ပြသည်။

ထိုကုမ္ပဏီ၏ နောက်ကွယ်တွင် ပြည်ပနိုင်ငံများ၏ အကျိုးစီးပွားများ ရှိနေမည်ကို ရတက်မအေးဖြစ်ကာ အစိုးရ အရာရှိများက မြေဝယ်ယူမှုများအပေါ် စတင်စုံစမ်းစစ်ဆေးလျက် ရှိသည်ဟု ဆိုသည်။

(Travis လေတပ်အခြေစိုက်စခန်း။ ဓာတ်ပုံ-Google Maps)

“လေတပ်အခြေစိုက်စခန်းတစ်ခုလုံးဟာ ယခုအခါ ဝန်းပတ်ခံထားရပါပြီ။ Flannery ရဲ့ မြေတွေနဲ့ မထိစပ်တဲ့ နေရာဆိုလို့ မရှိတော့ပါဘူး။” ဟု Fairfield မြို့တော်ဝန် Catherine Moy က ABC 7 News သို့ ပြောသည်။

Flannery Associates ကုမ္ပဏီအကြောင်းနှင့် ၎င်းတို့ အကောင်အထည်ဖော်မည့် မြို့စီမံကိန်းအကြောင်းကို အနည်းငယ်သာ သိရှိရသည်။

နယူးယောက်တိုင်းမ်၏ ဖော်ပြချက်အရ ထိုကုမ္ပဏီကို Goldman Sachs မှ ကုန်သည်ဟောင်း တစ်ဦးဖြစ်သူ အသက် ၃၆ နှစ်အရွယ်ရှိ Jan Sramek က ဦးဆောင်သည်ဟု ဆိုသည်။

Flannery အား ကျောထောက်နောက်ခံပြုပေးသူများတွင် Andreessen, Powell Jobs, Sequoia Capital ပိုင်ရှင် Michael Moritz ၊ LinkedIn ပူးတွဲတည်ထောင်သူ Reid Hoffman နှင့် အခြားပုဂ္ဂိုလ်များ ပါဝင်သည်ဟု ဆိုသည်။

၎င်းတို့ မည်မျှ ရင်းနှီးမြှုပ်နှံထားကြသည်ကိုမူ မသိရချေ။

(မြို့တော်သစ်နေရာဖြစ်ဖွယ်ရှိသော ဆိုလာနိုခရိုင်နေရာ။ ဓာတ်ပုံ-Google Maps

)

Flannery Associates သည် ဆိုလာနိုခရိုင်မှာ မြေနေရာများတွင် clean energy ဖြင့် စွမ်းအင်ပေးမည့် မြို့သစ်ကြီးတစ်ခု တည်ထောင်ရန်နှင့် လူထောင်ပေါင်းများစွာ အခြေချနေထိုင်နိုင်ရေး ဆောက်လုပ်သွားရန် ၂၀၁၇ ခုနှစ်ကတည်းက ရည်မှန်းခဲ့သည်။

အိမ်ခြံမြေအချက်အလက်များအရ အဆိုပါခရိုင်တွင် အလယ်အလတ်တန်း နေအိမ်တစ်လုံး၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၅၈၅၀၀၀ ခန့်ရှိသည်။

နယူးယောက်တိုင်းမ်သတင်းစာထံသို့ Moritz က ပေးပို့ခဲ့သော အီးမေးတစ်စောင်တွင် ဖော်ပြချက်အရ Flannery သည် မြေဧကပေါင်း ၁၄၀၀ ခန့်ကို တစ်ဧကလျှင် ဒေါ်လာ ၅၀၀၀ အောက်နည်းပါးသော ဈေးနှုန်းဖြင့် ဝယ်ယူခဲ့ကြောင်း ဖော်ပြသည်။

နောက်ပိုင်းတွင်မူ တစ်ဧကလျှင် ဒေါ်လာ ၁၅၀၀၀ အထက် သုံးစွဲကာ ဝယ်ယူခဲ့ရသည်ဟု ဆိုသည်။

နည်းပညာနယ်ပယ်မှ ဘီလျံနာကြီးများဖြစ်သော ဘီလ်ဂိတ်နှင့် Elon Musk တို့သည်လည်း ကိုယ်ပိုင်မြို့များ တည်ထောင်ရန် ရည်မှန်းချက်များ ရှိခဲ့ကြသည်။

Elon Musk သည် တက္ကဆပ်ပြည်နယ်၊ သြစတင်မြို့တွင် Snailbrook အမည်ရှိ ကိုယ်ပိုင်မြို့တစ်မြို့ တည်ထောင်ရန် သြစတင်မြို့ပြင်တွင် မြေဧကပေါင်း ၃၅၀၀ ခန့်ကို မကြာသေးမီက ဝယ်ယူခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A mystery company backed by Silicon Valley billionaires has purchased tens of thousands of acres of land for more than $800 million to build a new city near San Francisco (businessinsider)

[Zawgyi]

ဆန္ဖရန္စၥကိုျမဳိ႕အတြင္းတြင္ ျမဳိ႕သစ္တစ္ခု တည္ေထာင္ရန္အတြက္ ကုမၸဏီတစ္ခုက ေဒၚလာ သန္း ၈၀၀ ေက်ာ္ဖုိး ေျမဧက ေထာင္ေပါင္းမ်ားစြာ ဝယ္ယူ

အေမရိကန္ျပည္ေထာင္စု ကယ္လီဖုိးနီးယားျပည္နယ္ ေျမာက္ပိုင္းခရုိင္တစ္ခုတြင္ ဆီလီကြန္ေတာင္ၾကား ဘီလ်ံနာၾကီးမ်ား ေက်ာေထာက္ေနာက္ခံျပဳသည့္ ကုမၸဏီတစ္ခုက ျမဳိ႕သစ္ၾကီးတစ္ခု ေဆာက္လုပ္ရန္ ေျမဧက ေထာင္ေပါင္းမ်ားစြာ ဝယ္ယူလ်က္ရွိေနသည္။

နယူးေယာက္တုိင္းမ္ သတင္းစာ၏ ေဖာ္ျပခ်က္အရ ထုိကုမၸဏီ၏ ရင္းႏွီးျမွပ္ႏွံမႈမ်ားတြင္ ဆီလီကြန္ေတာင္ၾကား ၏ အထင္ကရ ပုဂၢိဳလ္မ်ားျဖစ္ေသာ Marc Andreessen မွသည္ Laurene Powell Jobs တို႔အထိ ပါဝင္သည္ဟု ဆိုသည္။

ေျမမ်ား ဝယ္ယူေသာ ကုမၸဏီ၏ အမည္မွာ Flannery Associates ျဖစ္ျပီး ဆန္ဖရန္စစၥကို၏ အေရွ႕ေျမာက္ ဘက္ ဆိုလာႏိုခရုိင္မွ ယာေျမဧက ေထာင္ေပါင္းမ်ားစြာကို ကန္ေဒၚလာ သန္း ၈၀၀ ခန္႔ သံုးစြဲကာ ဝယ္ယူ ခဲ့ေၾကာင္း Insider သတင္းဌာနက ရရွိခဲ့ေသာ စာရြက္စာတမ္းမ်ားတြင္ ေဖာ္ျပသည္ဟု ဆိုသည္။

ေဝါစထရိဂ်ာနယ္၏ ေဖာ္ျပခ်က္အရ Flannery သည္၂၀၁၈ ခုႏွစ္ကတည္းက Travis ေလတပ္အေျခစိုက္စခန္း ဝန္းက်င္ရွိ ယာေျမ ဧက ၅၂၀၀၀ ခန္႔ကို ဝယ္ယူခဲ့ေၾကာင္း ေဖာ္ျပသည္။

ထိုကုမၸဏီ၏ ေနာက္ကြယ္တြင္ ျပည္ပႏိုင္ငံမ်ား၏ အက်ဳိးစီးပြားမ်ား ရွိေနမည္ကုိ ရတက္မေအးျဖစ္ကာ အစိုးရ အရာရွိမ်ားက ေျမဝယ္ယူမႈမ်ားအေပၚ စတင္စံုစမ္းစစ္ေဆးလ်က္ ရွိသည္ဟု ဆိုသည္။

(Travis ေလတပ္အေျခစိုက္စခန္း။ ဓာတ္ပံု-Google Maps) “ေလတပ္အေျခစိုက္စခန္းတစ္ခုလံုးဟာ ယခုအခါ ဝန္းပတ္ခံထားရပါျပီ။ Flannery ရဲ႕ ေျမေတြနဲ႔ မထိစပ္တဲ့ ေနရာဆိုလို႔ မရွိေတာ့ပါဘူး။” ဟု Fairfield ျမဳိ႕ေတာ္ဝန္ Catherine Moy က ABC 7 News သုိ႔ ေျပာသည္။

Flannery Associates ကုမၸဏီအေၾကာင္းႏွင့္ ၎တို႔ အေကာင္အထည္ေဖာ္မည့္ ျမဳိ႕စီမံကိန္းအေၾကာင္းကို အနည္းငယ္သာ သိရွိရသည္။

နယူးေယာက္တုိင္းမ္၏ ေဖာ္ျပခ်က္အရ ထိုကုမၸဏီကို Goldman Sachs မွ ကုန္သည္ေဟာင္း တစ္ဦးျဖစ္သူ အသက္ ၃၆ ႏွစ္အရြယ္ရွိ Jan Sramek က ဦးေဆာင္သည္ဟု ဆိုသည္။

Flannery အား ေက်ာေထာက္ေနာက္ခံျပဳေပးသူမ်ားတြင္ Andreessen, Powell Jobs, Sequoia Capital ပိုင္ရွင္ Michael Moritz ၊ LinkedIn ပူးတြဲတည္ေထာင္သူ Reid Hoffman ႏွင့္ အျခားပုဂၢိဳလ္မ်ား ပါဝင္သည္ဟု ဆိုသည္။

၎တို႔ မည္မွ် ရင္းႏွီးျမွဳပ္ႏွံထားၾကသည္ကိုမူ မသိရေခ်။

(ျမိဳ႕ေတာ္သစ္ေနရာျဖစ္ဖြယ္ရွိေသာ ဆိုလာႏိုခရိုင္ေနရာ။ ဓာတ္ပံု-Google Maps)

Flannery Associates သည္ ဆိုလာႏိုခရိုင္မွာ ေျမေနရာမ်ားတြင္ clean energy ျဖင့္ စြမ္းအင္ေပးမည့္ ျမိဳ႕သစ္ၾကီးတစ္ခု တည္ေထာင္ရန္ႏွင့္ လူေထာင္ေပါင္းမ်ားစြာ အေျခခ်ေနထိုင္ႏိုင္ေရး ေဆာက္လုပ္သြားရန္ ၂၀၁၇ ခုႏွစ္ကတည္းက ရည္မွန္းခဲ့သည္။

အိမ္ျခံေျမအခ်က္အလက္မ်ားအရ အဆိုပါခရိုင္တြင္ အလယ္အလတ္တန္း ေနအိမ္တစ္လံုး၏ ေစ်းႏႈန္းမွာ ကန္ေဒၚလာ ၅၈၅၀၀၀ ခန္႔ရွိသည္။

နယူးေယာက္တိုင္းမ္သတင္းစာထံသို႔ Moritz က ေပးပို႔ခဲ့ေသာ အီးေမးတစ္ေစာင္တြင္ ေဖာ္ျပခ်က္အရ Flannery သည္ ေျမဧကေပါင္း ၁၄၀၀ ခန္႔ကို တစ္ဧကလွ်င္ ေဒၚလာ ၅၀၀၀ ေအာက္နည္းပါးေသာ ေစ်းႏႈန္းျဖင့္ ဝယ္ယူခဲ့ေၾကာင္း ေဖာ္ျပသည္။

ေနာက္ပိုင္းတြင္မူ တစ္ဧကလွ်င္ ေဒၚလာ ၁၅၀၀၀ အထက္ သံုးစြဲကာ ဝယ္ယူခဲ့ရသည္ဟု ဆိုသည္။

နည္းပညာနယ္ပယ္မွ ဘီလ်ံနာၾကီးမ်ားျဖစ္ေသာ ဘီလ္ဂိတ္ႏွင့္ Elon Musk တို႔သည္လည္း ကိုယ္ပိုင္ျမိဳ႕မ်ား တည္ေထာင္ရန္ ရည္မွန္းခ်က္မ်ား ရွိခဲ့ၾကသည္။

Elon Musk သည္ တကၠဆပ္ျပည္နယ္၊ ၾသစတင္ျမိဳ႕တြင္ Snailbrook အမည္ရွိ ကိုယ္ပိုင္ျမိဳ႕တစ္ျမိဳ႕ တည္ေထာင္ရန္ ၾသစတင္ျမိဳ႕ျပင္တြင္ ေျမဧကေပါင္း ၃၅၀၀ ခန္႔ကို မၾကာေသးမီက ဝယ္ယူခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref:A mystery company backed by Silicon Valley billionaires has purchased tens of thousands of acres of land for more than $800 million to build a new city near San Francisco (businessinsider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service