ဘားရက်အိုဘားမား သမ္မတတာဝန် ထမ်းဆောင်စဉ် ကာလအတွင်း အပန်းဖြေခဲ့သော စံအိမ် ကန်ဒေါ်လာ ၁၇ ဒသမ ၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘားရက်အိုဘားမား သမ္မတတာဝန် ထမ်းဆောင်စဉ် ကာလအတွင်း အပန်းဖြေခဲ့သော စံအိမ် ကန်ဒေါ်လာ ၁၇ ဒသမ ၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
31 Aug 2023 10:12 am တွင် တင်ခဲ့သည်
790 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဘားရက်အိုဘားမား သမ္မတတာဝန် ထမ်းဆောင်စဉ် ကာလအတွင်း အပန်းဖြေခဲ့သော Martha’s Vineyard ကျွန်းပေါ်မှစံအိမ် ကန်ဒေါ်လာ ၁၇ ဒသမ ၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
Martha’s Vineyard ကျွန်းသည် မက်ဆာချူးဆက်ပြည်နယ် ၊ Cape Cod ကျွန်းဆွယ်၏ တောင်ဘက် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း တည်ရှိသည်။
အသက် ၆၂ နှစ်အရွယ်ရှိပြီဖြစ်သော အိုဘားမားသည် ဒုတိယအကြိမ် သမ္မတသက်တမ်း တာဝန်ထမ်းဆောင် နေစဉ် ကာလဖြစ်သော ၂၀၁၃ ခုနှစ်အတွင်း ယခုစံအိမ်ကို ငှားရမ်း အပန်းဖြေခဲ့ခြင်း ဖြစ်သည်။
အဆိုပါစံအိမ်သည် ၂၀၁၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၅ သန်းဖြင့် နောက်ဆုံးအရောင်းအဝယ် ဖြစ်ထားသည်။
အတ္တလန္တိတ်သမုဒ္ဒရာနှင့် မက်ဆာချူးဆက်ပြည်နယ်မှ နာမည်ကျော် ရေကန်ကြီးဖြစ်သော Chilmark Pond တို့၏ အပြောကျယ်သော ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။
စံအိမ်ကို ဆီယက်တဲအခြေစိုက် ဗိသုကာပညာရှင် Sundberg က ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင် အင်ဒရူးဖလိတ်က ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။
Chilmark စံအိမ်ဟု လူသိများပြီး စံအိမ်အကျယ် ၇၁၀၀ စတုရန်းပေရှိကာ အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၇ ခန်း ပါဝင်သည်။
“အိမ်ရှေ့တံခါးဆီ လျှောက်လာတဲ့အချိန်မှာ ကြီးမားတဲ့ ကျောက်တုံးကြီးတစ်ခု တွေ့ရပါလိမ့်မယ်။ ဒီကျောက်တုံးကြီးဟာ အိမ်ကနေ လက်မအနည်းငယ်သာ ကွာဝေးပါတယ်။ ပျောက်ကွယ်သွားပြီဖြစ်တဲ့ ရေခဲမြစ်ကြီးတစ်ခုက ကျောက်တုံးတစ်ခု ဖြစ်ပါတယ်။”ဟု ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြသည်။
ခြံဝန်းအကျယ် ၁၀ ဧကနီးပါးရှိပြီး စံအိမ်တွင် မှန်နံရံများစွာ ၊ မီးလင်းဖိုတစ်ခုပါသော ခေတ်မီမီးဖိုဆောင်နှင့် မိသားစုခန်းမတစ်ခုတို့ ပါဝင်သည်။
(စံအိမ်အကျယ်မှာ စတုရန်းပေ ၇၁၀၀ ရှိသည်။ ဓာတ်ပုံ-Compass)
(ခြံဝန်းအကျယ်မှာ ၉ ဒသမ ၅ ဧကရှိသည်။ ဓာတ်ပုံ-Compass)
(ပင်လယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ-Compass)
(ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသော ပြတင်းများနှင့် အခန်းဖွင့် အခင်းအကျင်း မြင်ကွင်း။ ဓာတ်ပုံ-Compass)
ပင်မလူနေခန်းတွင် မီးလင်းဖိုတစ်ခုပါသော သီးသန့် Study Room ၊ ရေချိုးခန်း ၂ ခုနှင့် အပူပေးစနစ်ပါသော ကြမ်းခင်းများ ရှိသည်။
စံအိမ်၏ ဒုတိယအဆောင်တွင် ဧည့်သည်များအတွက် အိပ်ခန်း ၃ ခန်းရှိပြီး ရေချိုးခန်း ၂ ခန်းနှင့် အဝတ်လဲခန်း ၁ ခုတို့ရှိသည်။
စံအိမ်ပြင်ပတွင်ကား အပူပေးစနစ်ပါ ရေကူးကန် ၊ သစ်သီးဝလံပင်များနှင့် ဘတ်စကက်ဘောကွင်း တစ်ခုတို့ ရှိသည်။
(အပူပေးစနစ်ပါ ရေကူးကန်။ ဓာတ်ပုံ-Compass)
အရောင်းဈေးကွက်တင်ပေးသည်မှာ Compass အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Jen O’Hanlon ဖြစ်သည်။
အိုဘားမားနှင့် ဇနီးဖြစ်သူ မီရှဲတို့သည် မက်ဆာချူးဆက်ပြည်နယ် Edgartown Great Pond ရေကန်ကြီးအနီးရှိ ၂၉ ဧကကျယ်သော စံအိမ်ဝန်းတစ်ခုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဝယ်ယူခဲ့သည်။
(ဆက်စပ်သတင်း)
https://www.imyanmarhouse.com/news/read/876452
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Barack Obama’s Martha’s Vineyard vacation home during presidency lists for $17.6M (nypost)
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service