Toyata ၏ ဂျပန်ရှိ စက်ရုံအားလုံး ထုတ်လုပ်မှုစနစ်ချွတ်ယွင်းမှုကြောင့် ရပ်တန့်ထားရတော့မည်၊ Toyata ၏ ရှယ်ယာဈေးများကျဆင်းသွား

Toyata ၏ ဂျပန်ရှိ စက်ရုံအားလုံး ထုတ်လုပ်မှုစနစ်ချွတ်ယွင်းမှုကြောင့် ရပ်တန့်ထားရတော့မည်၊ Toyata ၏ ရှယ်ယာဈေးများကျဆင်းသွား - Property Knowledge in Myanmar from iMyanmarHouse.com
30 Aug 2023 11:16 am တွင် တင်ခဲ့သည်
474 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

Toyota Motor Corp သည် ထုတ်လုပ်မှုစနစ် ချွတ်ယွင်းမှုကြောင့် အင်္ဂါနေ့ မွန်းလွဲအချိန်မှစပြီး ဂျပန်ရှိ တပ်ဆင်မှု စက်ရုံအားလုံး ရပ်ဆိုင်းထားရမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်သည်ဟု ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီကြီး၏ ပြည်တွင်းစက်ရုံများမှ ထုတ်လုပ်မှုအားလုံး လုံးဝရပ်ဆိုင်းသွားတော့မည့် အခြေအနေလည်း ဖြစ်သည်။

Toyota ကုမ္ပဏီ၏ ပြဿနာ၏ အကြောင်းရင်းကို ရှာဖွေနေကြောင်း ၊ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဖြစ်တန်ရာချေ မရှိကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

 

 

ချွတ်ယွင်းမှုဟူသည်မှာ စက်အစိတ်အပိုင်းများအား ထိန်းချုပ်နိုင်စွမ်းမရှိခြင်းကို ဆိုလိုကြောင်း ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။

Toyota သည် ၎င်း၏ စက်ရုံများအနက် ၁၂ ခုကို အင်္ဂါနေ့မနက်မှစပြီး လုပ်ငန်းရပ်ဆိုင်းထားရမည် ဖြစ်ပြီး ကျန်စက်ရုံ ၂ ခုမှာ ရပ်တန့်ရမည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်။

ယင်း စက်ရုံ ၁၄ ခုလုံးသည် အင်္ဂါနေ့ ဒုတိယအလုပ်ဆိုင်းမှ စတင်ပြီး ထုတ်လုပ်မှု ရပ်တန့် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။

ယခုကဲ့သို့ စက်ရုံများ ရပ်တန့်ထားရမှုကြောင့် ထိခိုက်သွားရသည့် ကားအစင်းရေ ထုတ်လုပ်နိုင်မည့် ပမာဏကို မသိရချေ။

ရိုက်တာသတင်းဌာန၏ တွက်ချက်ထားမှုအရ ထိုစက်ရုံ ၁၄ ခု၏ စုစုပေါင်း ထုတ်လုပ်နိုင်မှုမှာ Toyota ၏ ကမ္ဘာတစ်ဝန်းထုတ်လုပ်မှုအနက် ၃ ပုံ ၁ ပုံခန့်ရှိကြောင်း ဖော်ပြသည်။

Toyota သည် ရောင်းအားအရ ကမ္ဘာ့အကြီးမားဆုံး ကားထုတ်လုပ်သူ ဖြစ်သည်။

Toyota သည် semiconductor ရရှိခြင်း နည်းပါးမှုကြောင့် ထုတ်လုပ်နိုင်မှု ကျဆင်းခဲ့ရပြီးနောက် ထုတ်လုပ်အား ပြန်လည်မြင့်တက်လာချိန်တွင်ပင် ယခုကဲ့သို့ ဆိုင်းငံ့ရပ်ဆိုင်းရမှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

 

 

ယခုနှစ် ပထမနှစ်ဝက်အတွင်း Toyota ၏ ဂျပန်တွင် ထုတ်လုပ်အား ၂၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂ နှစ်တာအတွင်း ပထမဆုံးလည်း ဖြစ်သည်။

ဂျပန်တွင် Toyota ၏ အမှတ်တံဆိပ်များ ထုတ်လုပ်မှုမှာ ယခုနှစ် ပထမနှစ်ဝက်အတွင်း ပျမ်းမျှအားဖြင့် နေ့စဉ် ကားအစင်းရေ ၁၃၅၀၀ ခန့်ရှိခဲ့သည်။

 

(မှတ်ချက်။ Daihatsu နှင့် Hino မပါ။)

ထိုအချက်အလက်မှာ ရုံးပိတ်ရက်များ မပါဘဲ ရုံးတက်ရက်များအပေါ် အခြေခံကာ ရိုက်တာသတင်းဌာန၏ တွက်ချက်ထားမှု ဖြစ်သည်။

ပြီးခဲ့သောနှစ်အတွင်းကလည်း supplier ကုမ္ပဏီတစ်ခု ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရသောကြောင့် Toyota ၏ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခဲ့ရဖူးသည်။

အဆိုပါ တစ်ရက်တာ ရပ်ဆိုင်းခဲ့ရမှုမှာ ကားထုတ်လုပ်နိုင်မှု အစင်းရေ ၁၃၀၀၀ ခန့် ထိခိုက်ခဲ့သည်။

 

 

မကြာသေးမီရက်များအတွင်း ဂျပန်တွင် စီးပွားရေးလုပ်ငန်းအချို့နှင့် အစိုးရရုံးများသို့ အနှောင့်အယှက်ပေးသည့် ဖုန်းခေါ်ဆိုမှု များစွာရှိခဲ့ရာ ဂျပန်တစ်ဝန်းရှိ ကုမ္ပဏီကြီးများမှာ သတိအနေအထားရှိနေခဲ့ကြသည်။

ဂျပန်အစိုးရက ပြောသည်မှာ အဆိုပါ ဖုန်းခေါ်ဆိုမှုများမှာ တရုတ်ပြည်မှ ဖြစ်နိုင်ကြောင်း ၊ ဖူကူရှီးမား အနုမြူဓာတ်ပေါင်းဖိုမှ ရေဒီယိုသတ္တိကြွ ရေဆိုးများကို ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ စွန့်ပစ်ခဲ့မှုနှင့် ဆက်နွယ်နေကြောင်း ပြောသည်။

တိုကျိုရှယ်ယာ ဈေးကွက်တွင် Toyota ၏ ရှယ်ယာများမှာ ၀ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Toyota to halt operations at all Japan assembly plants due to system failure (reuters)

 

 

 

[Zawgyi]

 

Toyata ၏ ဂ်ပန္ရွိ စက္ရံုအားလံုး ထုတ္လုပ္မႈစနစ္ခၽြတ္ယြင္းမႈေၾကာင့္ ရပ္တန္႔ထားရေတာ့မည္၊ Toyata ၏ ရွယ္ယာေစ်းမ်ားက်ဆင္းသြား

 

Toyota Motor Corp သည္ ထုတ္လုပ္မႈစနစ္ ခၽြတ္ယြင္းမႈေၾကာင့္ အဂၤါေန႔ မြန္းလြဲအခ်ိန္မွစျပီး ဂ်ပန္ရွိ တပ္ဆင္မႈ စက္ရံုအားလံုး ရပ္ဆိုင္းထားရမည္ျဖစ္ေၾကာင္း ယင္းကုမၸဏီက ထုတ္ျပန္သည္ဟု ရိုက္တာ သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ကမၻာ့ထိပ္တန္း ကားကုမၸဏီၾကီး၏ ျပည္တြင္းစက္ရံုမ်ားမွ ထုတ္လုပ္မႈအားလံုး လံုးဝရပ္ဆိုင္းသြားေတာ့မည့္ အေျခအေနလည္း ျဖစ္သည္။

Toyota ကုမၸဏီ၏ ျပႆနာ၏ အေၾကာင္းရင္းကို ရွာေဖြေနေၾကာင္း ၊ ဆိုက္ဘာတိုက္ခိုက္မႈေၾကာင့္ ျဖစ္တန္ရာေခ် မရွိေၾကာင္း ကုမၸဏီ၏ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္တစ္ဦးက ေျပာသည္။

ခၽြတ္ယြင္းမႈဟူသည္မွာ စက္အစိတ္အပိုင္းမ်ားအား ထိန္းခ်ဳပ္ႏိုင္စြမ္းမရွိျခင္းကို ဆိုလိုေၾကာင္း ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္က ေျပာသည္။ Toyota သည္ ၎၏ စက္ရံုမ်ားအနက္ ၁၂ ခုကို အဂၤါေန႔မနက္မွစျပီး လုပ္ငန္းရပ္ဆိုင္းထားရမည္ ျဖစ္ျပီး က်န္စက္ရံု ၂ ခုမွာ ရပ္တန္႔ရမည့္ လမ္းေၾကာင္းေပၚတြင္ ရွိေနသည္။

ယင္း စက္ရံု ၁၄ ခုလံုးသည္ အဂၤါေန႔ ဒုတိယအလုပ္ဆိုင္းမွ စတင္ျပီး ထုတ္လုပ္မႈ ရပ္တန္႔ ဆိုင္းငံ့ထားမည္ ျဖစ္ေၾကာင္း ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္က ေျပာသည္။

ယခုကဲ့သို႔ စက္ရံုမ်ား ရပ္တန္႔ထားရမႈေၾကာင့္ ထိခိုက္သြားရသည့္ ကားအစင္းေရ ထုတ္လုပ္ႏိုင္မည့္ ပမာဏကို မသိရေခ်။

ရိုက္တာသတင္းဌာန၏ တြက္ခ်က္ထားမႈအရ ထိုစက္ရံု ၁၄ ခု၏ စုစုေပါင္း ထုတ္လုပ္ႏိုင္မႈမွာ Toyota ၏ ကမၻာတစ္ဝန္းထုတ္လုပ္မႈအနက္ ၃ ပံု ၁ ပံုခန္႔ရွိေၾကာင္း ေဖာ္ျပသည္။

Toyota သည္ ေရာင္းအားအရ ကမၻာ့အၾကီးမားဆံုး ကားထုတ္လုပ္သူ ျဖစ္သည္။

Toyota သည္ semiconductor ရရွိျခင္း နည္းပါးမႈေၾကာင့္ ထုတ္လုပ္ႏိုင္မႈ က်ဆင္းခဲ့ရျပီးေနာက္ ထုတ္လုပ္အား ျပန္လည္ျမင့္တက္လာခ်ိန္တြင္ပင္ ယခုကဲ့သို႔ ဆိုင္းငံ့ရပ္ဆိုင္းရမႈ ေပၚေပါက္လာျခင္းလည္း ျဖစ္သည္။

ယခုႏွစ္ ပထမႏွစ္ဝက္အတြင္း Toyota ၏ ဂ်ပန္တြင္ ထုတ္လုပ္အား ၂၉ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ျပီး ၂ ႏွစ္တာအတြင္း ပထမဆံုးလည္း ျဖစ္သည္။

ဂ်ပန္တြင္ Toyota ၏ အမွတ္တံဆိပ္မ်ား ထုတ္လုပ္မႈမွာ ယခုႏွစ္ ပထမႏွစ္ဝက္အတြင္း ပ်မ္းမွ်အားျဖင့္ ေန႔စဥ္ ကားအစင္းေရ ၁၃၅၀၀ ခန္႔ရွိခဲ့သည္။

(မွတ္ခ်က္။ Daihatsu ႏွင့္ Hino မပါ။)

ထိုအခ်က္အလက္မွာ ရံုးပိတ္ရက္မ်ား မပါဘဲ ရံုးတက္ရက္မ်ားအေပၚ အေျခခံကာ ရိုက္တာသတင္းဌာန၏ တြက္ခ်က္ထားမႈ ျဖစ္သည္။

ျပီးခဲ့ေသာႏွစ္အတြင္းကလည္း supplier ကုမၸဏီတစ္ခု ဆုိက္ဘာတိုက္ခိုက္မႈ ခံခဲ့ရေသာေၾကာင့္ Toyota ၏ လုပ္ငန္းလည္ပတ္မႈ ရပ္ဆိုင္းခဲ့ရဖူးသည္။

အဆုိပါ တစ္ရက္တာ ရပ္ဆိုင္းခဲ့ရမႈမွာ ကားထုတ္လုပ္ႏိုင္မႈ အစင္းေရ ၁၃၀၀၀ ခန္႔ ထိခုိက္ခဲ့သည္။

မၾကာေသးမီရက္မ်ားအတြင္း ဂ်ပန္တြင္ စီးပြားေရးလုပ္ငန္းအခ်ဳိ႕ႏွင့္ အစိုးရရံုးမ်ားသို႔ အေႏွာင့္အယွက္ေပးသည့္ ဖုန္းေခၚဆိုမႈ မ်ားစြာရွိခဲ့ရာ ဂ်ပန္တစ္ဝန္းရွိ ကုမၸဏီၾကီးမ်ားမွာ သတိအေနအထားရွိေနခဲ့ၾကသည္။

ဂ်ပန္အစိုးရက ေျပာသည္မွာ အဆုိပါ ဖုန္းေခၚဆိုမႈမ်ားမွာ တရုတ္ျပည္မွ ျဖစ္ႏိုင္ေၾကာင္း ၊ ဖူကူရွီးမား အႏုျမဴဓာတ္ေပါင္းဖိုမွ ေရဒီယိုသတၱိၾကြ ေရဆိုးမ်ားကို ပစိဖိတ္သမုဒၵရာအတြင္းသို႔ စြန္႔ပစ္ခဲ့မႈႏွင့္ ဆက္ႏြယ္ေနေၾကာင္း ေျပာသည္။

တိုက်ဳိရွယ္ယာ ေစ်းကြက္တြင္ Toyota ၏ ရွယ္ယာမ်ားမွာ ၀ ဒသမ ၃ ရာခုိင္ႏႈန္း က်ဆင္းသြားခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Toyota to halt operations at all Japan assembly plants due to system failure (reuters)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service