ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုး သရဲဖြစ်ကာ ခြောက်လှန့်နေသော စံအိမ် (ကမ္ဘာကျော်တို့ မကျွတ်မလွတ်ဖြစ်ကာ ခြောက်လှန့်နေသော နေအိမ်များ)
ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုး သရဲဖြစ်ကာ ခြောက်လှန့်နေသော စံအိမ် (ကမ္ဘာကျော်တို့ မကျွတ်မလွတ်ဖြစ်ကာ ခြောက်လှန့်နေသော နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
30 Aug 2023 10:40 am တွင် တင်ခဲ့သည်
808 ကြိမ် ကြည့်ရှု့ပြီး
[Unicode]  
ယေဘုယျအားဖြင့် ထိပ်သီးအကျော်အမော်တို့သည် ၎င်းတို့ အထွတ်အထိပ်ရောက်ခဲ့စဉ် ကာလအတွင်း အထက်တန်းကျ ၊ သြဇာကြီးကာ အများ၏ မျက်နှာသာပေးခံရသော ဘဝတွင် နေထိုင်ဖြတ်သန်းခဲ့ကြရသည်။
သို့အတွက် ၎င်းတို့ကွယ်လွန် ပြီးချိန်တွင်လည်း နေထိုင်ကျင်လည်ခဲ့ဖူးရာ နေရာများမှ မခွာလိုသည်မှာ မဆန်းလှ။
နာမည်ကြီးအကျော်အမော်များ သရဲဖြစ်ကာ ခြောက်လှန့်နေသည့် တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်များအကြား စုစည်းဖော်ပြသွားပါမည်။
((မာရီလင်မွန်ရိုး၏ စံအိမ်))
(ကယ်လီဖိုးနီးယားပြည်နယ် ၊ လော့စ်အိန်ဂျလိမြို့ ၊ အမှတ် ၅ Helena Dr လမ်း ၊ အမှတ် ၁၂၃၀၅ ။ တန်ကြေး ကန်ဒေါ်လာ ၃ ဒသမ ၉ သန်းခန့်)
မာရီလင်မွန်ရိုး (မွေး ၁၉၂၆ -ကွယ်လွန် ၁၉၆၂) သည် အမေရိကန်ရုပ်ရှင်မင်းသမီး ၊ မော်ဒယ် ၊ အဆိုတော်တစ်ဦးဖြစ်သည်။
၁၉၅၀ နှင့် ၁၉၆၀ ပြည့်လွန်ကာလများတွင် လိင်ဆွဲဆောင်မှုကောင်းသော အမျိုးသမီးများတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။
သူမကွယ်လွန်ချိန် ၁၉၆၂ ခုနှစ်တွင် သူမ၏ ရုပ်ရှင်များမှ ဝင်ငွေ ဒေါ်လာ သန်း၂၀၀ (ယနေ့ခေတ်ငွေတန်ဖိုးအရ ကန်ဒေါ်လာ ၂ ဘီလီယံခန့်နှင့်ညီမျှ ) ရရှိနေပြီ ဖြစ်သည်။
ကွယ်လွန်ပြီး နှစ်ပေါင်းများစွာကြာသည့်တိုင် မွန်ရိုးမှာ Pop Culture ၏ ပြယုဂ်အဖြစ် ရပ်တည်ခဲ့သည်။
အမေရိကန် ရုပ်ရှင် အင်စတီကျူ့က မာရီလင်မွန်ရိုးကို ဟောလိဝုဒ် ရွှေခေတ်၏ ဆဌမမြောက် အကြီးမြတ်ဆုံး အမျိုးသမီးရုပ်ရှင်ကြယ်ပွင့်အဖြစ် သတ်မှတ်ခဲ့သည်။
အသက် ၃၆ နှစ်အရွယ်ဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်သွားသူ မွန်ရိုးကို ဟောလိဝုဒ်တလွှားရှိ နေရာများစွာတွင် တစ္ဆေသရဲအဖြစ် တွေ့မြင်ခဲ့သူ များစွာရှိလာသည်။
မွန်ရိုးသည် သူမနေထိုင်ခဲ့ရာ လော့စ်အိန်ဂျလိမြို့ ၊ ဘရန့်ဝုဒ်အရပ်ရှိ နေအိမ် (ပုံတွင် ဖော်ပြထားသောအိမ်။) တွင် ခြောက်လှန့်နေသည်ဟု ဆိုသည်။
မွန်ရိုးသည် ထိုအိမ်တွင် ၁၉၆၂ ခုနှစ်အတွင်း အဆုံးစီရင်သွားခြင်း ဖြစ်သည်။
မွန်ရိုး ကွယ်လွန်ပြီးနောက်ပိုင်း Hollywood Roosevelt ဟိုတယ်တွင် တွေ့မြင်သူများရှိခဲ့သည်။
မွန်ရိုးသည် ထိုဟိုတယ်တွင် ၁၉၅၀ ပြည့်လွန်ကာလများအတွင်း မကြာခဏ တည်းခိုနေထိုင်ခဲ့ဖူးသည်။
မွန်ရိုးက ထိုဟိုတယ်တွင် ရေကူးကန်ကို စီးမိုးတွေ့မြင်နေရသော အခန်းနံပါတ် ၂၄၆ ကို အလွန် သဘောကျခဲ့သည်။
ထိုအခန်းထဲတွင် လွန်စွာကြီးမားသော မှန်ကြီးတစ်ချပ် ရှိသည်။
တစ်နေ့တွင် ဟိုတယ်ဝန်ထမ်းတစ်ဦးက မှန်ကြီးကို ဖုန်သုတ်နေစဉ် မှန်ထဲတွင် ဆံပင်ရွှေရောင်နှင့် အမျိုးသမီးတစ်ဦးကို တွေ့ခဲ့သည်ဟု ဆိုသည်။
နောက်လှည့်၍ ကြည့်လိုက်သောအခါ မည်သည်မျှ မတွေ့ရချေ။
ထိုမှန်ကြီးကို ယခုအခါ ဟိုတယ်၏ Lobby တွင် ထားရှိရာ မွန်ရိုး၏ ပုံရိပ်ကို မှန်ထဲတွင် တွေ့ရနိုင်မည့် အခွင့်အရေး လူတိုင်းတွင် ရှိနေသည်။
ထိုဟိုတယ်တွင် နာမည်ကြီး ရုပ်ရှင်မင်းသားတစ်ဦးဖြစ်သော မောင်ဂိုမာရီ ကလစ်ဖ်သည်လည်း သရဲဖြစ်ကာ ခြောက်လှန့်နေသည်ဟု ဆိုသည်။
သူသည် ၁၉၆၆ ခုနှစ်တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၄၄ နှစ်သာ ရှိသေးသည်။
မွန်ဂိုမာရီသည် ထိုဟိုတယ်၏ ၉ လွှာ စင်္ကြန်လမ်းတွင် တက်လိုက်ဆင်းလိုက်လုပ်ကာ ခြောက်လှန့်နေသည်ဟု ဆိုသည်။
မွန်ရိုး၏ တစ္ဆေကို သူမအား မြှပ်နှံခဲ့ရာ Pierce Brothers Westwood Village Memorial Park တွင်လည်း မြင်တွေ့သူများ ရှိခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Homes That Are Haunted By Dead Celebrities (businessinsider)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service